31 July 2008

သက်သေ

ချစ်ခဲ့တယ်ဆိုတဲ့ နောက်မှာ
အကြောင်းပြချက်လို လို့လား
ရူးရူးမူးမူးချစ်ပြမှ
အချစ်စစ်ဖြစ်တော့မလား
မိုက်ကန်းမိုက်ကန်းချစ်တော့မှ
အချစ်စစ်ဖြစ်တော့မလား
အရမ်းချစ်တယ်ဆိုတာကို
သက်သေလိုတယ်ဆိုရင်တော့
ဆောရီး..........

5 comments:

ကိုရင်ညိန်း said...

ကျွန်တော်လည်း ဒီကဗျာထဲက အတွေးကို သဘောကျတယ် ။ ရိုးသလိုလိုနဲ့ မိုက်တယ်
ကောင်းတယ်ဗျို့ အားပေးနေတယ်

Pan Chit Thu said...

အင်း ....ကိုရွာသားတစ်ယောက်တော့ ....

Anonymous said...

ဟုတ်တော့ ဟုတ်နေပါပြီးး အခုရက်ပိုင်း ထူးခြားနေပါတယ်လို့  :P

ရွှေပြည်သူ (ShwePyiThu) said...

ဒီကဗျာကို စာရွက်အလွတ်ပေါ်မှာ ချရေးလိုက်တာပေါ့နော်?း))

Unknown said...

စိတ်လည်းကြီးလိုက်တာ
နည်းနည်းတောင် လန့် လာသလိုပဲ
ကြည့်ရတာ နည်းနည်းလေးဆိုးကြည့်တာနေမှာပါ
ဆောရီးတော့ မလုပ်လိုက်ပါနဲ့ ဆရာ
သနားစရာ