15 July 2008

SMS လေးတစ်ခု ၌ ငြိတွယ်ခြင်း

တကယ်တမ်းတော့ SMS ဆိုတာ ဘာမှဆန်းလှတာမဟုတ်။ အမျိုးမျိုးသော SMS တွေဖတ်ခဲ့ဖူးပေမယ့် ဒီတစ်ခါတော့ ဟတ်ထိသွားတာအမှန်။ သူ့ ရဲ့ SMS က

Sir, Infront of UR mind, my thing is nothing. Thanks 4 u n thanks 4 GOD. Very small meeting also I always remember U. Thanks a lot. ပါတဲ့……..

မနေ့ညက တနင်္ဂနွေ ထုံးစံအတိုင်း စျေးတစ်ပတ်စာ ဝယ်ပြီးအပြန် လေးလိုက်တဲ့ အထုပ်တွေ။ မရောက်ဘူးတဲ့ အနားက ရှော့ပင်းမောတစ်ခုကို တစ်ယောက်ထဲ ရှည်ကြောပြီးဝင်လိုက်မိတယ်။ အထွက်ကြ ဘယ်ဘက်က ပြန်ရမလဲ မသိတော့ဘူး။ သွားနေကြသူငယ်ချင်းကို ဖုံးဆက်တော့လည်း သူက မကိုင်အား။ အပေါ်ကို လမ်းမှားပြီး ပြန်သွားသေးတယ်။ ပြီးမှ ခက်တည်တည်နဲ့ ပြန်ဆင်းလာတာ။ မသိရင်တော့ ဆာဗေးသွားကြည့်သလိုလို။ မြေပုံကိုလည်း အကြိမ်တရာလက်ထောက် ပြီးမှ မစ္စတာဘင်းလို လက်နဲ့တိုင်းပြီးပြန်လာခဲ့တာပေါ့။ လမ်းတစ်လျှောက်ကြောက်ကြောက်နဲ့ သီချင်းတွေဆိုလို့ လူကြောက်တာပါ သရဲတော့မကြောက်။ အိမ်နားရောက်တော့ အားကစားခုံလေးတွေပေါ် ဝမ်းသာအားရ ပြေးပြီး ပစ္စည်းလေးတွေတင်ရတယ်။ လမ်းတလျှောက်ဆွဲလာရလို့ လက်အံသေနေပြီလေ။ တင်လိုက်မယ်ဆိုရင်ပဲ အညိုရောင်လေးတစ်ခုကို ပြတ်ပြတ်သားသား တွေ့လိုက်ရတယ်။ ပိုက်ဆံအိတ်နဲ့တူသလိုပဲ။ အနားကပ်ကြည့်တော့ ဟုတ်တယ် ပိုက်ဆံအိတ်လေးပါ။ ဟာ ဒီက အထာတွေဘာတွေရှိလားမသိဘူးဆိုပြီး အိမ်ကိုတန်းပြန်ဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် ဖြတ်ခနဲ အတွေးတခုပေါ်လာတယ်။ ပိုက်ဆံအိတ်ရှင်ဘယ်လိုခံစားရမလဲပေါ့။ ပြန်မပေးတဲ့ လူနဲ့တွေ့ရင်ကော ငါ့အပြစ်ကင်းပါ့မလား ချီတုံချတုံစိတ်နဲ့ အဲဒီပိုက်ဆံအိတ်လေးရှေ့ မှာ ဗိုလ်ကျားသေနတ်ဆွဲနေမိတယ်။ နောက်ဆုံးတော့ အားတင်းပြီး ပိုက်ဆံအိတ်ကို ဖွင့်ကြည့်မိတယ်။ ပိုင်ရှင်ရဲ့ work permit ကဒ်လေး။ ဟာ ဒါသိပ်အရေးကြီးတဲ့ကဒ်ပဲ ဒီမှာအဲကဒ်မရှိရင် အလုပ်လုပ်ဖို့မလွယ်။ အိတ်ထဲမှာ ပိုက်ဆံက ၅ ဒေါ်လာထဲ စာရွက်ပိုင်းလေးတွေနဲ့ Bank ကဒ်ကတစ်ခု ခရီးသွားရတဲ့ ကဒ်က တစ်ခု။ အနီးအနားကိုကြည့်တော့ ဘယ်သူမှမရှိ။ ဘယ်လိုလုပ်ရပါ့။

နောက်ဆုံးတော့ကြံရာမရ အိမ်ကိုပဲ ပြန်တက်ခဲ့တယ်။ အိမ်မှာအထုတ်ချပြီး အိတ်ထဲက ဆက်သွယ်ရန်ဖုန်းနံပါတ်ကိုရှာနေမိတယ်။ မပါ လုံးဝကို မပါခဲ့။ နောက်ဆုံးတော့ နောက်နေ့ ရုံးဖွင့်မှပဲ ရုံးကိုဆက်သွယ်ရုံမှတစ်ပါး အခြားမရှိ။ စာနာစိတ်နဲ့ အိပ်ခဲ့ရပေမယ့် ကိုယ်ကိုတိုင်ဆို ငါးရံ့ပြာလူး တီဆားပက်သလို မီးခဲဖင်ထိုင်မိ သလို တောင်ပြေးလိုက်မြောက်ပြေးလိုက်ဖြစ်နေမှာ မြင်ယောင်သေး။

နောက်နေ့တော့ သူ့ရုံးဆက်သွယ်ဖို့အင်တာနက်ကနေ ရှာ ဖုံးဆက်တော့ သူ့ရုံးက ဘာအကြောင်းလဲပဲမေးနေတာနဲ့ သူ့ကို ဆက်သွယ်ဖို့ဖုန်းနံပါတ်လေး လိုချင်လို့ပါလို့။ သူ့ပိုက်ဆံအိတ်လေး ကောက်ရထားလို့ပြန်ပေးချင်လို့ပါဆိုတော့။ သူကကျနော့ ဖုံးနံပါတ်ကို ယူထားလိုက်ပြီးပြန်ဆက်သွယ်ခိုင်းလိုက်ပါမယ်တဲ့။ မကြာပါဘူး သူဖုံးဆက်လာပါတယ်။ ကူးမားပါတဲ့။ ကျနော့ကိုလည်း သူ့လိုပဲ Indian ပဲလားတဲ့။ကျနော်ဝင့်ကြွားစွာ ပြောလိုက်မိတယ်ထင်တယ် ငါ ဗမာပါလို့ လာယူမယ်ဆိုရင် ရုံးဆင်းချိန်လာယူပါလို့။

၇:၃၀မှာသူလာယူပါတယ် ကျေးဇူးဆိုတဲ့စကားကို တဖွဖွရေရွတ်လို့ပေါ့။ ပြီးတော့ သူပြန်သွားပြီး ၃မိနစ်လောက်အကြာမှာ အဲဒီ SMS လေးကိုပို့လိုက်တာပါ။ တကယ်ဆိုမသိချင်ယောင်ဆောင်သွားလည်း ရပြီဖြစ်ပေမယ့် ပို့လိုက်တယ်ဆိုတော့။ ကျနော်ကလည်း take care လို့ပြန်ပို့လိုက်ပါတယ်။ အဲဒီတော့မှ သူက
Thanks. Yesterday I don’t sleep. So 2day early sleep ready GN လို့ပြန်ပို့လာပါတယ်။

မနေ့ကအိပ်လိုက်မိတဲ့ကျနော့အတွက် ကျျနော်ကိုယ်ကျနော််မကျေနပ်ဖြစ်သွားမိပါတယ် အခုညတော့ ကျနော်အိပ်သင့်လားမသင့်လားစဉ်းစားနေဆဲ…………

10 comments:

May Moe said...

သာဓု@၃ ပါ ကိုရွာသားလေးရေ ။ အခုညတော့ ပိတိတွေနဲ့ တဝကြီး အိပ်ပေတော့ :)

Pan Chit Thu said...

ပျော်ရွင်မှုဆိုတဲ့ ပီတိကို ထပ်တူထပ်မျှခံစားရပါတယ်.. ကိုရွာသားရေ. ....။

RePublic said...

ကိုယ့်အတွက် သာမာန် အကြောင်းအရာတစ်ခုဟာ တစ်ခါတစ်ရံ တစ်ပါးသူအတွက် အရမ်းအဓိကကျနေတယ်ပါတယ် ၊၊ vice-versa ပါပဲ၊၊
ကောင်းတဲ့လုပ်ရပ်လေးပါဗျာ ၊၊

Anonymous said...

အစ်ကိုကတော်လိုက်တာ ဒီလိုစိတ်ကောင်းစေတနာရှိတယ် ကိုယ့်ကိုလည်း တစ်နေ့ အကျိုးပြန်ပေးမှာပါ ။ ၂ ရက်တောင် အိပ်မပျော်ဘူးဆိုတော့ တော်တော် စိတ်ပူနေမှာပဲ ကံကောင်းလို့  ပေါ့ ပီတိစားလိုက်ရတဲ့ အရသာက တစ်နေ့  ငါးခွက်လောက်သောက်နေတဲ့ ကော်ဖီထပ် ကောင်းတယ်ဟုတ်....ဒါကြောင့်ပြောတာပေါ့ မြန်မာ့စိတ်ရင်းကူညီခြင်းတဲ့ :)

ကိုရုပ်ဆိုး said...

I am so proud of you, my friend.

Anonymous said...

သာဓုခေါ်ဆိုသွားပါတယ်ရှင်။မနေ့ညကအိပ်လိုက်မိတဲ့အတွက်
တော့ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့နော်။ဒီညလဲပျော်ရွှင်စွာ
နဲ့ပဲပီတိစားပြီးအိပ်လိုက်ပါ။မြန်မာနိုင်ငံသားတစ်ယောက်အ
နေနဲ့ဂုဏ်ယူလေးစားမိပါတယ်ရှင်။

Taungoo said...

တကယ်တော့ ဘာမှမဆိုင်ဘူး (လျှာဝင်ရှည်လိုက်ဦးမယ်)
၁- သူ့ဟာသူ ပေါ့ဆလို့ ကျန်ခဲ့တာ
၂- သူငယ်ချင်းက ဖုန်းနံပါတ်ရှာသားပဲ ညတွင်းချင်း ဆက်ရအောင် သူတို့ရုံးက phone operator တွေက တစ်ညလုံးအလုပ်လုပ်လား
၃- WP ကတ်တော့ မသိဘူး S-pass ကတ်ကတော့ ပြန်လျှောက်လို့လွယ်သားပဲ (ရုံး၊ ရဲစခန်း ထောက်ခံစာနဲ့ MOM သွားလိုက်ရုံပဲ)နည်းနည်းတော့အလုပ်ရှုပ်တာပေါ့
၎- ဒီကုလားကလဲ ကုလားချင်းမှပဲ ဒီလိုပိုင်ရှင်ပြန်ပေးလေ့ရှိတယ် ထင်သလားမသိဘူး။ ကောင်းတယ် “ဗမာဟေ့“ လို့ပြောခဲ့တာ
5- နောက်ဆုံး reply ကတော့ အမှန်ဆုံးပဲ take care ဆိုတာ yourself ထည့်ရင် ပိုတောင် ကောင်းဦးမယ်
(ဟုတ်တယ်လေ နောက်တစ်ခါ ပျောက်ရင်တော့ မတော်တဆမဟုတ်တော့ဘူး ပေါ့ဆမှုပဲ)

Mogok Thar said...

ခုညတော့ အိပ်နိုင်မယ်မထင်ဘူး။ ပျောက်သွားတဲ့ ပိုက်ဆံအိပ်လေး သတိရတွားရို့။
အဲတုန်းက ကောက်ရသူဟာ ရွာစား ဆို အနော် ပြန်ရမှာဏော်။
(ရွာစား စိတ်ဓာတ်ကို လေးစား ပီးသားမို့ အထူး ပြော မသွားတော့ဘူးဏော)

Unknown said...

ဂုဏ်ယူပီတိဖြစ်ရပါတယ် ဗမာပြည်က ရွာသားလေး
စိတ်ကောင်းစေတနာကောင်းရှိတဲ့သူအတွက် ကံကောင်းခြင်းတွေ ပိုင်ဆိုင်မှာပါ
အင်း မစ္စတာဘင်းရဲ့  ပုံစံကိုလည်းမြင်ယောင်မိပြီး
ပြုံးမိတယ်

ကြည်ဖြူပိုင် said...

:)