ဆရာဝန်ကြီးမရှိဘူး
တစ်ခါက အသံဝင်နေတဲ့လူနာတစ်ယောက်ရှိသတဲ့။ လူနာက ဆရာဝန်ကြီးဆီမှာ အသံဝင်လို့ပြနေရတုန်း ဆရာဝန်ကြီးကအရေးတကြီးခရီးထွက်သွားရတဲ့ အချိန်မှာပေါ့။
လူနာက ဆရာဝန်ကြီးဆီကို နောက်တစ်ခေါက်လာပြပါလေရော။ အိမ်ရှေ့ကနေ ခြံစည်းရိုးလေးကိုင်ပြီး ဆရာဝန်ကြီး ရှိလားဆိုတာကို အသံမထွက်တော့ လေသံလေးနဲ့မေးတာပေါ့။ အဲဒီတော့
ဆရာဝန်ကတော်က ပြာပြာသလဲထွက်လာပြီး
ဆရာဝန်ကြီးမရှိဘူး မြန်မြန်လာဆိုပြီး ခေါ်သွားရော……….
ခြေနှစ်ချောင်းနဲ့အသည်းလေး
ဆူညံလွန်းတဲ့အတန်းတစ်ခုမှာပေါ့။ ဆရာမက ကျောင်းသားတွေကို ဒဏ်ပေးပါလေရော။ ဆရာမကကျောင်းသားတွေကို အတန်းရှေ့က ကျောက်သင်ပုန်းမှာ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့ ပုံတွေ ထွက်ဆွဲခိုင်းတယ်။ တစ်ယောက်က စက်ဝိုင်း တစ်ယောက်က စတုရန်း တစ်ယောက်က တြိဂံ ရှိသမျှပုံစံတွေ ကုန်သလောက်ရှိအောင် ဆွဲကြတော့တာပါပဲ။ အဲ့ဒီအချိန်ကျောင်းသားလေးတစ်ယောက်က အသည်းပုံလေးမှာ ခြေထောက်လေးနှစ်ချောင်း ထည့်ပြီးဆွဲသတဲ့။ အဲ့ဒါနဲ့ဆရာမက ဘယ့်နဲ့အသည်းမှာ ခြေထောက်နှစ်ချောင်း ရှိရမှာလဲလို့ မေးတော့ ကျောင်းသားက ကျနော့ဖေဖေ ပြောတာ အသည်းမှာခြေထောက်နှစ်ချောင်းရှိတယ်လို့ ပြန်ဖြေလိုက်တာပေါ့။ ဆရာမက ဘယ်ကနေဘယ်လို အသည်းမှာခြေနှစ်ချောင်းရှိလာတာပါလိမ့် ဇာတ်စုံခင်းခိုင်းပါလေရော။
တစ်ရက်သား ကျောင်းသားလေးအမေ ခရီးသွားတဲ့အခိုက်မှာ။ အဖေ့အိပ်ခန်းနားကိုသွားတော့ အသည်းလေးခြေထောက်နှစ်ချောင်း,မလို့ သူ့အဖေက ပြောတာကို သူသေချာကြားလိုက်တယ်တဲ့။ ဒါကြောင့် အသည်းလေးမှာ ခြေနှစ်ချောင်းရှိတာပါတဲ့ဗျား။
ဒီပုံလေးတွေကို တောင်ကြီးခရီးစဉ်မှာ ဆရာဒေါက်တာအောင်စံဖြိုးက ဝေမျှပေးခဲ့တာပါ
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
2 months ago