06 July 2008

လွမ်းရက်တွေအကြောင်း

ကိုအဲလက်စ်ရဲ့ သီချင်းခေါင်းစဉ်လေးပါ။ လွမ်းစရာတွေက အများသား။ တစ်နေ့တစ်နေ့ ထိုင်လွမ်းနေရတာပါပဲ။ အလွမ်းသမားလို့ပြောရင်လည်း ပြောတော့ လွမ်းနေဆဲ လွမ်းနေအုန်းမှာ…………..

မနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ကို အကြောင်းပြုပြီး ကျနော်တို့ သူငယ်ချင်းတွေ ဆုံဖြစ်ကြတယ်။ ဒီနေရာကို ကျနော်ရောက်ပြီး ဒုတိယ အကြိမ်မြောက် ပြန်လည်ဆုံတွေ့ကြခြင်း။ ပထမတစ်ခေါက်နဲ့ မကွာတာက ပထမတစ်ခေါက်ကလို နှစ်ယောက်မပါဝင်ခဲ့ခြင်းပါ။ လပေါင်းများစွာ မဆုံခဲ့လေသမျှ ဝုန်းဒိုင်းကို ကြဲနေကြတာပေါ့။ ဆာလှပြီမြန်မြန်လုပ်ပါ ဟင်းခါးဟင်ခါး ဒီနေ့စားမှာနော်တို့ ငါကသိပ်စိတ်ကြီးတာ အစာမစားရရင်ခေါင်းမူးရောတို့ နံနံပင်ပေးပါ ငါ့ကျတော့ ဘဲဥမပါဘူးတို့ နည်းနည်းလေးပဲထည့်ပေးတာ မမျှတဘူးတို့ လိုက်ပွဲမြန်မြန်တို့ အဖြူစားမယ် အဝါစားမယ်တို့ သူပုန်ဝင်တဲ့အတိုင်း ပွက်ပွက်ညံအောင် သူထက်ငါဦးအောင် ပြောကြတာပါပဲ။ စားလို့လည်းပြီးသွားရော ဟယ်ကြည့်စမ်း နင်ဝလာလိုက်တာ ဒီလောက်စားတော့ ဒီလောက်ဝလာမှပေါ့တို့ ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်မှပေါ့တို့ ဟိုနှစ်ယောက်က ဘာလို့မလာတာလဲတို့ ဟိုလူက ဘာဖြစ်သွားပြီတို့ သူတို့တွေတော့ ယူသွားကြပြီတို့စုံစီနဖာ ဆွေးနွေးခန်းဖွင့်ကြတာပေါ့။ ပြောမဆုံးပေါင်တောသုံးတောင် မမောမပန်း အအေးဗူးကိုင်ပြီးပြောကြတာပေါ့။

မွေးနေ့ ကိတ်ကြီးထုတ်ပြီး ဖယောင်းတိုင်စိုက်ရင်းငြင်းခုန်ကြပြန်ရော အကြီးသုံးတိုင်ထွန်းမယ်တို့ ဆယ်တိုင်ပဲထွန်းထားလို့ဘယ်ဖြစ်မလဲတို့ အို ရှုပ်ယှက်ခပ်အောင်ကို ပြောကြပြန်ရော။ ဓာတ်ပုံဆရာမြန်မြန်ရိုက် တံခါးပိတ်ပါဗျို့ ဖယောင်းတိုင်တွေ ငြိမ်းကုန်ပြီတို့ ဟာတံခါးပိတ်တော့ အိုက်လာပြီ အဲယားကွန်းဖွင့်ပါဗျို့ နဲ့ ကွန်ပလိန့်ပေါင်းမျိုးစုံတက်ကြပြန်ရော။

အားလုံးလည်းပြီးရော ကွန်ပြူတာကိုရှေ့ချပြီး နင့် Friendster ထဲက Private photo ကြည့်ချင်တယ် ပြရမယ်ဖြစ်ကြပြန်ရော။ မဟုတ်ဘူး ငါကဘာရယ်မဟုတ်ဘူး ဓာတ်ပုံ တင်ရင်းကနေ မှားနှိပ်ပြီး private photo ဖြစ်သွားတာ ဟီးဟီးနဲ့ ပြောသူကပြော။ အကောင်းဆုံဓာတ်ပုံတွေ တင်ထားတဲ့သူတွေကတော့ သူ့အကောင့်ကလုံးဝမထွက်တော့။ မရှိသေးတဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်း နင်လုပ်မှဖြစ်မယ်တို့ မလုပ်ရင်ခေတ်နောက်ကျတော့မယ့်အတိုင်း လိုက်ပြောလိုပြော။

ပြီးတော့ ပြောယုံနဲ့အားမရသေး ဝိတ်ချိန်တဲ့စက်ကလေးထုတ်လာပြီး တက်တက်နဲ့ အတင်းတွန်းဘယ်သူ အဝဆုံးလဲ ရီကြမောကြ ပြောင်ကြလှောင်ကြ။ ပိန်တဲ့လူတွေကတော့ ဝမ်းသာအားရ တက်သွားကြပြီး အောင်မြင်တဲ့မျက်နှာနဲ့ ပြန်ဆင်းလာကြပြီး မတက်ဘူးဆိုပြီးခြေကန်အော်တဲ့လူကို စက်ပေါ်မတက်တက်အောင်ပြော ရှုံ့မဲ့ပြီးဆင်းလာတော့ အော်ရယ်ကြနဲ့ လွန်ခဲ့လေသော ကျောင်းကာလတွေဆီကို ပြန်ရောက်နေသလိုလို။

နောက်ထပ်မရပ်သေးဘဲ အရှေ့ဘက်ကမ်းခြေဆီကို ခြေဦးလှည့်ကြပြန်ရော။ emotion ဓာတ်ပုံတွေရိုက်ကြမယ်ဆိုပြီး ခုန်လိုက်ကြတာ ကလေးတွေလို ပြန်ဖြစ်နေရော။ လုပ်ငန်းခွင်တင်းကြပ်မှုတွေကို မေ့ထားပြီး လွတ်လပ်စွာ ကမ်းခြေက သဲနုနု ကို ခြေဗလာနဲ့နင်းလျှောက်ကြပြန်ရော။ လှိုင်းတွေအလာ ရေစို မယ်မှန်းသိရက်နဲ့ ရေစပ်ကိုဆင်း အော်ပြီးပြန်ပြေးလာနဲ့ အဲဒီလွမ်းရက်တွေက တစ်နှစ်မှတစ်ခါပေ့ါ…………..

5 comments:

ကိုရုပ်ဆိုး said...

နာ့ကျတော့ ခေါ်ဘူး။
သိမယ် ... မင်းလည်း သိမယ်။
ငါ့ မွေးနေ့ကျရင် မကျွေးဘူး။

Unknown said...

oh..ayay athar kaung mha kaung..but u left to mention about the princess on that day...hote tae hote... :)

ရွှေပြည်သူ (ShwePyiThu) said...

အနည်းဆုံး တစ်နှစ်မှာ တစ်ခါ အဲဒီလိုရက်တွေ ရှိသေးတာက လုံးဝမရှိတဲ့လူတွေထက် စာရင်တော့ အများကြီး ပိုကံကောင်းပါတယ် ကိုရွာသားလေးရေ။ ဘာပဲပြောပြော အဲဒီလို ပျော်စရာရက်တွေ တစ်နှစ်မှာ တစ်ခါ မကဘဲ အကြိမ်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ။

Sai Hein Latt Than + A Thwe Kyawt said...

I have already read this post. I have so many questions for you. Actually not questions, there are some complaints for u.

Mogok Thar said...

တစ်နှစ်မှတခါ။ ဒါပေမဲ့ နှစ်များစွာတိုင် အမှတ်တရ ကျန်ရစ်ခဲ့တာတွေက ဘ၀မှာ အသင်္ချေ