အချစ်ဆိုတာ
နှုတ်ဖျားကဖွင့်ဟမှလား ကောင်မလေးရေ
ငါ့ရင်တွင်းက ချစ်ခြင်းတွေမင်း မသိနိုင်ဘူးပေါ့လေ
အချစ်ဆိုတာ
ရေးပြရမှာလား ကောင်မလေးရေ
ငါရေးထားတဲ့ အကြမ်းစာရွက်တွေ မင်းမှမမြင်နိုင်ဘဲလေ
အချစ်ဆိုတာ
ထိတွေ့ရမှာလားကောင်မလေးရေ
ငါအိပ်မက်ထဲမှာ နမ်းခဲ့လို့ အရာထင်ခဲ့တဲ့ ပါးပြင်လေး မင်းမှနိုးခဲ့ဘဲလေ
အချစ်ဆို
အကောင်အထည်မှမဟုတ်တာ ကောင်မလေးရာ
မင်းမြင်အောင် ရင်ခွဲပြတောင်
မင်းမသိချင်ယောင်နေအုံးမှာပါ......
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 weeks ago
5 comments:
အခ်စ္ဆို
အကောင်အထည်မှမဟုတ်တာ ကောင်မလေးရာ
မင်းမြင်အောင် ရင်ခွဲပြတောင်
မင်းမသိချင်ယောင်နေအုံးမှာပါ......
ဂွတ်တယ်.....ရင်တော့မခွဲပြပါနဲ့လေ...ဟဲ ဟဲ
နောက်တာနော်..သူသိပါစေလို့ဆုတောင်းပေးမယ်..ရင်မခွဲပြရဘဲနဲ့
ငါရေးထားတဲ့ အကြမ်းစာရွက်တွေတဲ့ ....
အချောရောပြီး ပေးမှပေါ့ ရွာသားရ ... ငါ နဲ့များ ကွာပ....။ နောက်တာပါကွာ။
မင်းက သရုပ်ဖော်တင်မဟုတ်ဘူး။ ကဗျာရေးပါကောင်းလာပြီ။ ရွှေပြည်သူ ပြောသလို မင်းဦးဏှောက်က သိပ်ထွက်တာပဲ။ Blog သက်တမ်းတိုတိုလေးမှာ ရေးတာက ရသ ပေါင်းစုံနေပြီ။ ချီးကျူးပါတယ်ကွာ။
ငါ့အစ်ကိုက အဲဒါခက်တာ။ ရင်ခွဲပြဖို့ မလိုပါဘူး။ အစ်ကိုရုပ်ဆိုးပြောသလို အချောသာရေးပေးလိုက်ပါ။ အကြမ်းစာရွက်တွေနဲ့ သူ့ခမျာ ဘယ်လိုဖတ်မလဲ။ ကဗျာကတော့ အရမ်းကောင်း။ ကိုရွာသားလေးက ဒီလိုမျိုးလည်း ကဗျာဆန်တတ်တာပဲကိုးး))
Love is just like the WInD, we can't sEE it but we can FEel it
အဲဒီစာသားလေးကို သတိရသွားတယ်။
ခံစားပြီးတော့ ရေးထားတဲ့ကဗျာလေးထင်တယ်
ဒါပေမယ့်
အချစ်
အချစ်ဆိုတာ ဘာပါလိမ့်နော်
လို့  မေးဘူးသလားလို့ 
Post a Comment