ကျနော်မှတ်မိပါသေးသည်။ ကျောင်းစဖွင့်တဲ့ဆောင်းတွင်းတစ်ခု ရဲ့ ရက်ကြွင်းများအတွင်းမှာပေါ့။ အဲဒီနေ.က chemical lab ၀င်ရတဲ့နေ. Chemical lab ကကျောင်းအုပ်ကြီး ရုံခန်းအောက်ထပ်မှာ။ ကျနော်နဲ. ကွန်ပြူတာသင်တန်းက သူငယ်ချင်းနှစ်ယောက် ကျောင်းဆောင်တွေ အကူးလမ်းကနေဖြတ်လျှောက်လာပြီးပြန်အလာ။ ဒီကျောင်းပြီးရင် ကျနော်တို.နှစ်ယောက်လုံး နောက်သင်တန်းကိုတက်ရမှာမို. နှစ်ယောက်လုံးမှာ ဖတ်စာအုပ်တွေ မှတ်စုစာအုပ်မျိုးစုံ အပြင် Drawing အချိန်ပါတာမို. T တွေရော Drawing လိပ်တွေရော ရှုပ်ယှက်ခတ်နေခဲ့တာပါ။ အဲဒီနေ.က ကျနော်လွယ်တဲ့ ကျောပိုးအိတ်လေးက အညိုရောင်ဖျော့ဖျော့လေးမှာ အတွင်းကရှုံ့ ကြိုး အပေါ်က သားရေဖုံးလေး။ ဆိုလိုတာကရှုံ့ကြိုးနဲ့မို့ ပုံတွေမကျိုးတန်ကောင်းဘူး ဆိုပြီးအကျထည့်ထားတာ။ လမ်းလည်းရောက်ရော နောက်မှာ အသေအချာပိုးထားတဲ့ Drawingလိပ်က မရှိတော့ဘူးလေ။ လမ်းကိုနောက်ပြန်လျှောက်ပြီး ပြန်လာတော့ လမ်းမှာ မချောနှစ်ယောက်ဗျာ တစ်ယောက်လက်ထဲမှာ ကျနော့ Drawingလိပ်လေးနဲ.။ မချိုမချဉ်မျက်နှာပေးနဲ့ အဲဒီကစလို. ကျနော့ သူငယ်ချင်းမတစ်ယောက်ဖြစ်လာခဲ့တာ ဒီနေ.အထိ။
ဆံပင်တိုတို၊ အသားဖြူဖြူ ထက်ထက်မြက်မြက် သွက်သွက်လက်လက် အားလုံးက သတ်မှတ်ကြတဲ့ ယောက်ျားလေးဆန်ပါလေသော ကျနော့သူငယ်ချင်း။ သူရဲ့ထူးခြားချက် စကားတော်တော်ပြောနိုင်တာပါပဲ။ နင် ကျပမ်းပြိုင်ပွဲ ပြိုင်ရင်နိုင်မှာ သူငယ်ချင်း။ ကျောင်းတက်ခဲ့တဲ့ နှစ်ဦးကာလများမှာ ကျောင်းပြေးကြသည်။ ကမ်းကုန်အောင်ဆော့ကြသည်။ ပြိုင်ဆိုင်ကြသည်။ ရန်ဖြစ်ကြသည်။ မြန်မာစာ စကားပြေတစ်ပုဒ်ကို ကလေးတွေလို အပြိုင်အဆိုင်အော်ကျက်ခဲ့ဘူးသည့် ညနေတစ်ခုကို အမှတ်ရမြဲ။ ကျောင်းရဲ့ ရှပ်အဖြူ ပင်နီဝတ်ပြီး သပိတ်မှောက်ကြသည့်ပွဲတွင်လည်း ရဲရဲတောက်သည့် သူငယ်ချင်းမက ရှေ့ဆုံးက။
မနက်မနက် လိုင်းကားပေါ်မှာ သူငယ်ချင်းတွေအတွက် နေရာဦးတော့လည်း သွက်လက်တဲ့ သူငယ်ချင်းက ဘယ်နှေးလိမ့် မလဲ။ မှတ်မိနေသေးသည့် နောက်တချက်က တစ်ရက် ကားပေါ်မှာ လူကြီးတစ်ဦးနေရာလုနေတော့ သူငယ်ချင်းမကို ဒီတစ်ပတ်ပြတဲ့ ရုပ်ရှင်ဆိုတော့ ချက်ချင်း ရှင်းပြစရာမလိုပဲ နားလည်သဘောပေါက် ခဲ့တယ်လေ။ ရုပ်ရှင်နာမည်က “ အားနွဲ့သူပါရှင်” တဲ့။ အဲလိုမျိုး…
အမြဲတမ်းဆိုးသွမ်းနေကြ ကျနော် နဲ့ သူငယ်ချင်းတို့ စစိတ်ဆိုးကြတဲ့ နေ.။ သူလိုက်တောင်းပန်တဲ့ နေရာက ၄၈ ကားလေး နောက်ဖျားမှာ ထိုင်နေတဲ့ ကျနော့ကို လှည်းတန်း မီးပွိုင့် ကားအရပ်မှာ ဆင်းလာဖို. အခေါ်။ ထုံးစံအတိုင်း စိတ်ဆိုးရင်ချက်ချင်းမပြေတတ်တဲ့ ကျနော်က မဆင်းခဲ့။ နောက်မှစဉ်းစားမိတာက ကားပေါ်မှာလူတွေ အများကြီးနဲ. ကျနော်လိုက်သွားသင့်တာပါ။ အဲလောက်ကိုဆိုးတာ။ နောက်တော့ ပြောမနာဆိုမနာ သူငယ်ချင်းတွေဆိုတော့ ရန်ဖြစ်တဲ့အရေအတွက်က မရေမတွက်နိုင်အောင်ပါပဲ။ ကျောင်းက ပြန်ချိန်အမြဲစောပေမယ့် ကျနော်တို့ သူငယ်ချင်းတွေက အိမ်ပြန်နောက်ကျမြဲ လှည်းတန်း က ရှောက်သီးသုပ်၊ ဆကာကြီးမုန့်ဟင်းခါး ကို ပဲသွေးနဲ့ ဘဲဥ၊ ကြက်တောင်ပံကင်နဲ့ ကြံရည်၊လှည်းကလေးနဲ.ဒိန်ချဉ်သည်ဆိုတာ တစ်ရက်မှမထပ်စေရဘူး။ အင်းလျားဆိုလည်း မရောက်မရှိစေရ။ မအောင်မြင်ခဲ့ပါသော ချောင်းသာ ခရီးစဉ် အိပ်မက်ကိုလည်းတူတူ မက်ခဲ့ကြဘူးသည်။ သိမ်ငယ်ကြောက်ရွံ့မှု အပြည့်နဲ. ထိုင်ခဲ့ရသော ဧည့်ခန်းကိုလည်းမမေ့နိုင်ခဲ့ပြန်။
နောက်နှစ်များမှာတော့ ခရီးတွေထွက် အပြတ်အသတ်ကိုကဲခဲ့ကြတာပေါ့။ ပုဂံဆိုလည်းပါ ငပလီဆိုလည်းလိုက်နဲ. ကျောင်းမှာ အပျော်အပါးဆို မမေးနဲ. အမှတ်စဉ် ၁ နဲ. ၂ မှာနာမည်ကောက်သာရေးလိုက်စိတ်ချ မပျက်ကွက်စေရ။ စာမေးပွဲချိန် မမေးနဲ. ပုဇွန်ကော်ပြန်. သီးစုံ ကော်ပြန့် ငှက်ပျောကော်ပြန့် မချက်ဘူးတဲ့ ဟင်းမျိုးစုံ ကုန်အောင်မီးဖိုထဲမှာ ချက်ကြမယ်။ စာကြည့်စားပွဲဆိုတာ တီဗီက လာတဲ့ ကိုရီးယားရေသန့်ကားလောက် စိတ်ဝင်စားစရာမကောင်းခဲ့။ ထွက်လာတဲ့အောင်စာရင်းမှာ ဘယ်တုန်းကမှ ကျနော်တို့ ထိပ်ဆုံးကမပါခဲ့။ ဒီနှစ်သင်ခန်းစာယူ ပြီး နောက်နှစ်ကြိုးစားမယ်ထင်သလား သူငယ်ချင်းရယ်င့ါကို စိတ်ချမ်းသာအောင်ထားပါ ဆိုပြီး မတွက်ပဲထားခဲ့တဲ့ စာတွေက အများကြီး။ မှတ်မိသေးလား device စာအုပ်ကို မဖတ်ချင်ပါဆိုပြီး ဂျစ်ကျတဲ့ သူငယ်ချင်းရယ်ပါ။ အိမ်အလုပ်ကူမလုပ်လို. ငြိုငြင်တဲ့ နင့်အမေမသိအောင် ကျနော် စာအုပ်ဝယ်ဖတ်တိုင်း ခိုးငှားခဲ့ရတာတွေကလည်းအမှတ်တရ။ စာအုပ်ကို ငှားရင်ကျနော့စာအုပ်တွေ ခေါက်မှာစိုးလို့ ပြောပြန်တော့ တသက်တာမှတ်စရာ အဖြစ်ပြောမဆုံးပေါင်တောသုံးတောင်လုပ်ခဲ့တဲ့ သူငယ်ချင်းပါ။
ကျောင်းပြီးမှသွားဖြစ်ခဲ့တဲ့ခရီးက ကျိုက်ထီးရိုးဘုရားခရီးပေါ့။ အလုပ်တွေကိုယ်စီဝင် ဆက်သွယ်ကြတိုင်ပင်ကြမြဲ လုပ်ငန်းခွင်အခက်အခဲတွေကို ဆွေးနွေးကြမြဲ။ လုပ်ငန်းခွင်က လွှတ်တဲ့ ပြည်ပခရီးစဉ်မှာ လဲ တရုတ်တန်းက အိမ်မပြန်တတ်သော၊ လှည်းတန်းကနေ ဆူးလေကို ၄၅ ကားစီးတာ စွန်.စားခန်းကြီးလိုဖြစ်နေခဲ့သော၊ ၂၀၄ကားပေါ်မှာ ကားကြပ်တယ်ဆိုပြီးငိုခဲ့ဖူးသော သူငယ်ချင်းတစ်ယောက် ဘယ်လောက်အားငယ်မယ်ဆိုတာ ငါနားလည်ပါတယ်။
နောက်တော့လည်း စွန့်စားခန်းခရီးရှည်ကြီးတစ်ခုကို နင်စလုပ်ခဲ့တယ်။ သွားပါလို. တိုက်တွန်းမိခဲ့တယ် ထင်ပါတယ်။ ပုံစံအမျိုးမျိုးသောလူတွေကြားထဲမှာ မိဘအိမ်လိုမျိုး အခန်.သင့် ခြင်ထောင်ထောင်ပေးမယ့်လူမရှိ၊ အ၀တ်လျှော်ပေးမယ့်လူမရှိဘူးလေနော်။ နင်ကြုံခဲ့ရတာတွေ ကြုံတွေ.နေရတာတွေ က နင့်ကိုပိုရင့်ကျက်စေခဲ့မှာပါ။
အခုတော့ ဘ၀အတွက်လက်တွဲဖော်ကိုပါ ရယူပိုင်နိုင်သွားပြီဆိုတော့
သူငယ်ချင်းရေ ၀ိုင်တစ်ခွက်နင်မတိုက်ပင်မယ့်
Cheers!!!!!!!!
တိမ်တောက်ချိန်ရောက်မှ ဓာတ်ပုံရိုက်ရင် လှမယ့် နင့်ရဲ့ဆိုးဖော်ပေဖော်တေဖော် သူငယ်ချင်းတစ်ယောက်မှ နင့်ရဲ့ ပြီးပြည့်စုံတော့မယ့် ဘ၀ပန်းချီကားတစ်ချပ်အတွက် အမှတ်တရ……..
7 comments:
ကျောင်းတုန်းက အမှတ်တ၇တွေရေးတာ ရည်းစားထားတဲ့အကြောင်းတော့ မပါဘူးလား အစ်ကိုရး) ဟားဟား သူငယ်ချင်းမ ကတော့ စွံသွားပြီးး ဒီအစ်ကိုကြီးပဲ ဒုံရင်ဟာ ဒုံရင် :P စိတ်ဆိုးတာဝန်မယူ ရပ်ကွက်လူကြီးထံတိုင်နိုင်ပါသည်။
အဲဒီလို သူငယ်ချင်းမျိုးတော့ရှိတယ် ရွာသားရ။ အခုတော့ ငါ့ရဲ့ ကြင်သူသက်ထားဖြစ်နေပြီ :)
ဖတ်ပြီးသူငယ်ချင်းတွေတောင်သတိရသွားပြီ...
ရွာစားလေး စိတ်ဆိုးတ်တ၊ စိတ်ကြီးတတ်တာ ခု ဒါလေး ဖတ်မှ သိတော့တယ်။ ဟေဟေ့။
အင်း ပြောသေးးး။ တိမ်တောက်ချိန်ရောက်မှ ဓာတ့်ုံ ရိုက်တာ လှမဲ့ ရုပ်တဲ့။ မထင် မထင်။ ဘီလူးချောလေး မမြင်ဖူးလို့ အဲ့အချိန်လေး ဓ်ာတ်ပုံ့ ရိုက်ပေးဦးမှ.. ဟာဟ
ညီလေးရဲ့ ချစ်သူငယ်ချင်းလဲ ဘ၀လမ်းမှာ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ။
ညီလေးလဲ ဘ၀ အမောမှာ လက်တွဲ အဖော်မွန်နဲ့ အတူ အမော အပန်း ပြေပါစေဗျားးးးး
စိတ်ကလေးကို နည်းနည်းဖတ်မိလာပြီ
ပျော်စရာကောင်းခဲ့တဲ့ ကျောင်းသားဘ၀လေးကို အားကျသွားတယ်(ကိုယ်တိုင်မရခဲ့လို့ ) သတိယဆုံးကတော့ လည်းတန်းက ဆကာကြီးမုန့် ဟင်းခါးကို ပဲသွေး ဘဲဥနဲ့ ဆိုတာကိုပဲ
အဲသလိုသူငယ်ချင်းရှိတယ်လား။ကောင်းပ။
တစ်ချို့ အမှတ်တရတွေ တူတယ်
Post a Comment