ရှိနေရင်ခံစားရမည်
ခံစားစေချင်သူတွေရှိမည်
ခံစားစေခဲ့သူတွေရှိမည်
ခံစားဖို့တွန်းပို့သူတွေရှိမည်
တနုန်.နုန်.နဲ့ ခံစားရသည်
ကာလကြာသည်လည်းရှိသည်
ကာလတို သည်လည်းရှိသည်
မည်သို.ဆိုစေ ကာယကံရှင်အတွက်မကောင်း
မထောင်းတာလှ.....
မရှိရင်
လွတ်လပ်မည်
မည်သည့် ဖမ်းစားမှုတွင်မှ
မငြိတွယ်နိုင်
အာရုံမှာ မတည်တံ့နိုင်
ခံစားမှုများမှ လွတ်မြောက်နိုင်ရာ
ဆရာမ ၀င်းဝင်းလတ်မှ
အူအတက်ဟူသည်
ယောက်ျားနဲ့တူသည်
အချိန်မရွေး ဒုက္ခပေးနိုင်သည်
စောစောထုတ်ထားတာကောင်းသည်တဲ့
ဆရာမကျနော်လည်း
အသည်းဟူသည်
ကျနော်တို့အတွက်
သတ်ကွင်း
အချိန်မရွေး သေမိန့်ပေးနိုင်သည်
စောစော လှူတော့မည်........
ကိုငြိမ်းဇေဦး အစ်ကို ကျနော်လှူလိုက်ပြီဗျာ.......
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
-
ငယ်ကတည်းက အယူအဆတွေ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ပတ်သက်ရင် အလွယ်တကူ လက်မခံဘဲ
သေချာ စဉ်းစားပြီး ကိုယ်တကယ်ယုံနိုင်မှပဲ လက်ခံတတ်တဲ့ ဉာဉ်ရှိသူမို့ ..
ဘာ...
4 weeks ago
3 comments:
ကိုရွာသားလေးက လှူလိုက်ပြီပေါ့။ အင်း... မရှိတော့လည်း တမျိုးအေးချမ်းတာပါပဲ။ ဆရာမ ၀င်းဝင်းလတ် စကားကိုတော့ သဘောကျတတး))
အောင်မလေးဗျာ။ အသည်းက လှူထားပီးဘီ ဆိုပါလား။ ခုကျ ချစ်သူကို ဘာနဲ့ ချစ်တုန်း။ အော် ကျန်သေးတယ်။ နှလုံး နှလုံးးးးးးး
ကဗျာလေးကို သဘောကျမိတယ်
ဒီ့အတွက် အသည်းကိုလှူလိုက်တာလား
အင်း ဒီအရွယ်ဆို ဦးဏှောက်နဲ့ ဆုံးဖြတ်မယ်လို့ 
ထင်ထားတာ
Post a Comment