30 June 2010

ဆေးရေးစုံတာ စူဠာမဏိ


















Revenge Post

http://khinoomay77.blogspot.com/2010/06/blog-post_30.html

ဓါတ်ပုံကိုကြည့်ပြီးမှ စာကိုဖတ်ပါ
ဒါမှ မဟုတ် စာကိုဖတ်ပြီးမှ ဓါတ်ပုံကိုကြည့်ပါ
(စာလုံးပေါင်း အမှားတွေနဲ့ ရေးထားပေမယ့် စာဖတ်သူတွေက အမှန်အဖြစ် အလိုလိုတည့်ဖတ်နေတယ်ဆိုတာ ယုံကြည်ပါတယ်လေ ယုံကြည်ပါတယ်)

ခတ္တာတွေကိုတွေ့တယ် ဒါပေမယ့် ဓါတ်ပုံက၀ါးနေတယ်

ခတ္တာတွေကို တွေ့တော့ မတူးမာကို သတိရတယ်။ မတူးမာနဲ့ခတ္တာတွေက ဘာဆိုင်လို့လဲ။ ဆိုင်ပါသကောလား။ မတူးမာတို့အိမ်ရှေ့မှာ မြေစိုက်သစ်ခွတွေနဲ့ ခတ္တာအနီတွေ ပွင့်တတ်တယ်လေ။

မတူးမာကို မသိရင် သူ့အဖေကိုတော့ သိမယ်ထင်တယ်။ သူ့အဖေက ဂေါ်ဘားချော့။ ဟားဟား ဆိုဗီယက်က မဟုတ်ပါဘူး။ နဖူးပြောင်တာရယ် အမာရွတ်ပါတာရယ်ကြောင့်ပါ။ မော်တော်ယာဉ်ဌာနမှူးပေါ့။ ကားသုံးလိုသူတွေအတွက် ဒီလူကြီး လက်မှတ်က အဓိကဆိုတော့ သူ့ကိုမသိဘူးဆိုတဲ့သူ လိမ်ညာတဲ့သူပါပဲ။

ထားပါလေ မတူးမာအကြောင်းပြောရင် ကိုပြည့်အကြောင်းပါမှ ဖြစ်မယ်။ ကိုပြည့်က ကျောင်းမှာ စာသိပ်တော်တဲ့ ကျောင်းသားပေါ့။ မတူးမာ ကျောင်းကိုပြောင်းလာတော့ ခုနှစ်တန်း။ ကျောင်းကိုရောက်ကာစ ကျောင်းသူအသစ်ကလည်း ဖြစ်ပြန်၊ ကျောင်းက ပွဲတွေမှာ သီချင်းလေးဆို ဒိုးဒိုးဒန့်ဒန့်လည်း ဖြစ်ပြန်ဆိုတော့ ဟိုကဒီက အားလုံးနီးပါးလောက်က စိတ်ဝင်စားကြတော့တာ။ ဒီကြားထဲကမှ အောင်ပွဲခံဖလားပိုင်ရှင်က ကိုပြည့်။ မတူးမာဆီက အဖြေကို သူရခဲ့သတဲ့လေ။

ဒါပေမယ့် သူတို့ ကံမကောင်းကြဘူး။ ဖူးစာဆိုတာ ဒီလိုပါပဲ။ ကိုပြည့်ဆယ်တန်းဖြေအပြီး မြစ်ထဲရေဆင်းအကူးမှာ ရေနံတွဲတွေကြားထဲက ပြန်မလာနိုင်တော့ဘူး။ ဒီသတင်းကြားတော့ တမြို့လုံး အုံးအုံးကြွက်ကြွက်။ အောင်စာရင်းထွက်လာတော့ လေးဘာသာဂုဏ်ထူးရှင်တဲ့။ ကဲ ဘာတတ်နိုင်မှာလဲ ကြွေတလှည့် ကြက်တခုန်ဆိုတာကိုး။

မတူးမာ သတင်းတွေ နောက်ထပ်ကြားရသေးတယ်။ ဆယ်တန်းကို ရန်ကုန်မှာ ဖြေတယ်တဲ့။ ဂုဏ်ထူးတခုပဲ ပါတယ်တဲ့။ ဆယ်တန်းဖြေပြီး ပြန်လာတယ်။ မတူးမာကို ကျောင်းမှာ တွေ့သလိုပဲ။ သူငယ်တန်းကို အကူဝင်သင်ပေးတယ်တဲ့လေ။ နှုတ်ခမ်းက မှဲ့လေးနဲ့ ယဉ်စစ ပြုံးနေတဲ့ မတူးမာကို ခလေးတွေ ချစ်ကြမှာပါပဲ။

သိပ်မကြာလိုက်ဖူးထင်တယ် နွေရာသီကျောင်းပိတ်ထားတုန်း မတူးမာတို့ အိမ်ရှေ့မှာ ဆလွန်းကား အဖြူတစင်း ဆိုက်လာတယ်တဲ့။ ကားပိုင်ရှင်ကြောင့် မတူးမာနဲ့ မတူးမာအမေ အန်တီမိတို့ စကားတွေ များကြတယ်ဆိုပဲ။ ကားကလည်း တော်တော်နဲ့ မပြန်ဘူး။ မတူးမာကို ကျောင်းမှာလည်း မတွေ့ဘူး။ ဆေးရုံမှာတွေ့တယ်လို့ ပြောတဲ့သူပြောတယ်။ ရင်ကြပ်ပြန်ပြီလို့ သူ့အိမ်က တစွန်းတစ လွှင့်ကြတယ်။ တကယ်က မဟုတ်ဘူးတဲ့။

ကားအဖြူလေးနဲ့ မတူးမာ ပါသွားတယ်။ မတူးမာကို ပြန်မတွေ့တော့တာ နှစ်တွေ အတော်ကြာ။ ပြန်တွေ့တော့ သားလေး တယောက်နဲ့။ မတူးမာကော ခတ္တာတွေကို သတိရပါ့မလား။

ကျနော်လည်း မတူးမာကို မေ့သွားတာ နှစ်တွေကြာနေပြီလေ

ပြောသားပဲ ဓါတ်ပုံက ၀ါးပါတယ်လို့ ဒါပေမယ့် အဲ့ဒါ ခတ္တာပန်းတွေပါ………………

(စာလုံးပေါင်းအမှားကို တစုံတယောက်ရှာဖွေတွေ့ရှိသွားပါတယ် ပြန်ပြင်ထားပြီးဖြစ်ပါကြောင်း)

29 June 2010

ဉာဏ်မှာ သဗ္ဗညု













ဒီဘုရားကိုရောက်ရင် ဟိုးအထက်ထိ တက်ခဲ့ဖူးတဲ့ ငယ်စဉ်အချိန်တွေကို သတိရမိတယ်။ အတက်လှေကားတွေနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံကို ပြန်ပြန် ကြည့်မိတတ်တယ်...

28 June 2010

အနုမှာ အာနန္ဒာ






















တကယ့် တကယ်က ခြူသံ ခလောက်သံတွေနဲ့ ဆူသံ ဘဝဂ်လျှံနေတဲ့ အာနန္ဒာ ဘုရားပွဲ သပိတ်လုံးပွဲတွေကို မျက်လုံးထဲက မြင်ယောင်နေမိတာ

27 June 2010

ထုမွာ ဓမၼာရံ























လိမ္မော်ရောင်တွေကြားက မီးတိုင်


မကြာခင်မှာ

လိမ္မော်ရောင် ပျောက်ဆုံးပြီး

အ၀ိဇ္ဇာအမှောင်ထုကို ရောက်တော့မယ်

မီးတိုင်ငယ် လင်းဖို့

လင်းဖို့ရယ်

မမေ့နဲ့

ပထမ၀ါဆိုလပြည့်



အချိန်တွေ မြန်မြန်ကုန်ချင်နေပုံပါပဲ။ ပထမ၀ါဆိုနဲ့ ဒုတိယ၀ါဆိုကို ကျော်ချမိတာ မခင်ဦးမေစီပုံးက ဧည့်သည်အမှားပြင်ဆင်ပေးမှုကြောင့် မှားမှန်းသိရပါတယ်။ ပထမ၀ါဆိုကို ပြင်ဆင်ပြီးဖြစ်ကြောင်းနှင့် အမှားပြင်ဆင်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်းခင်ဗျာ..

26 June 2010

ပုဂံ

သရပါ



မနှိုးထသေးတဲ့ ပုဂံ



နေရောင်ခြည်တွေနဲ့ မင်္ဂလာပုဂံနံနက်ခင်း




ဆည်းဆာအလှ ပုဂံ








ဓါတ်ပုံအက်ဆေးကို အမ မခင်ဦးမေမှ ရေးသားထားပါသည်။ အမ မခင်ဦးမေ ကျေးဇူးကမ္ဘာပါခင်ဗျာ

ပုဂံဘုရားဓါတ်ပုံများကို တူရာတူရာစု၍ အလျဉ်းသင့်သလို တင်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ စာဖတ်ပရိတ်သတ်များ အနှောင့်အယှက်ဖြစ်သွားမယ်ဆိုရင် ကျော်ပြီးကြည့်နိုင်ပါတယ်...