ညာဘက်ကပြောတယ်
သူကအဓိကတဲ့
သူဆွဲတဲ့ဘက်ကို သွားရတာတဲ့
ဘယ်ဘက်ကပြောတယ်
သူကပဲ့ကိုင်တဲ့
သူသာလေကြောင်းကို အကျွမ်းကျင်ဆုံးတဲ့
ညာဘက်ကပြန်ပြောတယ်
ညာသန်တဲ့အတွက်
ညာဘက်ကပိုခတ်နိုင်သတဲ့
ဘယ်ဘက်ကလည်းအားကျမခံ
မင်းခတ်ချင်သလောက်ခတ်တဲ့
မင်းသွားချင်တဲ့နေရာ
ငါထိန်းကြောင်းမှရောက်မှာတဲ့
တောင်ပံတွေငြင်းရင်းနဲ့
အတောင်ညောင်းလို့
ပြုတ်ကျတဲ့ငှက်တွေ
ဘယ်နှစ်ကောင်ရှိပြီလဲမသိ.....
ရာသီမိုး (၂၀၁၆)
-
ဇာတ်လမ်းအကျဉ်း - မြန်မာ့လူ့အဖွဲ့အစည်းအတွင်းဝယ် မိန်းကလေးငယ်တစ်ဦးသည်
မိဘများ၏ ဖိနှိပ်မှုတို့ဖြင့် အရွယ်ရောက်ခဲ့ရသည်။
မူရင်းဝတ္ထု - ကြည်အေး
ထုတ်လုပ်သူ - မေ...
1 week ago
4 comments:
ဟင်...ပြုတ်ကျမှာတောင် ကြောက်လာပြီ...
ပြုတ်ကျခဲ့ဖူးတဲ့ ငှက်လေးတွေထဲမှာ ကျနော်လည်းပါတယ်ထင်တယ်း)
ဒီငှက်က မိုးပေါ်မှာတော့ ရှိတုန်းပါပဲ။ ဒါပေမယ့် သစ်ကိုင်းကြားမှာ ညိနေတား))) အတောင်ပံတွေလည်း မငြင်းကြတော့ပါဘူး။
ကဗျာလေး အရမ်းကောင်းတာပဲ ကိုရွာသားလေးရေ...
တွေးစရာလေးတခုရသွားတယ်
ဖတ်ရင်းနဲ့  ယောနသံဇင်ယော်စာအုပ်လေးကို သတိယသွားတယ် အဲ့စာအုပ်လေးကို သဘောကျလို့  ပရင့်ထုတ်ပြီး အားရင်ဖတ်ဖြစ်တယ်
Post a Comment