27 February 2009

ရေ……….ရေ




ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းတို့ ချစ်စရာကောင်းတဲ့ မြေမှာ အထင်ကရကို စီးဆင်းနေခဲ့တာ။ သုံးရေသောက်ရေအတွက် သူများနိုင်ငံတွေလို ၀ယ်ယူသုံးစွဲရတယ်ဆိုတာ မရှိခဲ့ဘူး။ အနှစ်နှစ်ဆယ်ကျော်နေလာခဲ့တဲ့ စက်ရုံမြေမှာ ရေသန့်ဌာနက ဖြန့်ဝေပေးတဲ့ ကျောက်ချဉ်ရေဖွေးဖွေးလေးတွေနဲ့ မပူမပင် မကြောင့်မကျ မတောင့်မတ သုံးစွဲခဲ့ရတာ ကြာပြီ။ ခုတော့ကမ္ဘာကြီးပူနွေးခြင်းကြောင့်လား ကျနော်တို့တွေရဲ့ လက်လွတ်စပယ်နိုင်မှု တွေကြောင့်လား မိခင်ဧရာဝတီကို ဟိုတစ်ကွက်ဒီတစ်ကွက်သောင်ပြင်တွေနဲ့ ထိပ်ကွက်နေတဲ့ အမယ်အိုတစ်ယောက်လို မြင်တွေ့ခံစားနေရပြီ။

ဒီတစ်ခေါက်အိမ်အပြန်မှာ ပထမဆုံးစကြားဖူးတာက ရေလွှတ်ချိန်မမှန်တော့ဘူးဆိုတာရယ် ရေလာတုန်းရေခံဖို့ဆိုတဲ့ စကားလုံးတွေလေ။ အရင်ကဆို မနက် ၉နာရီကနေ၁၀နာရီကို တစ်ကြိမ်၊ ညနေ ၅နာရီကနေ ၆နာရီတစ်ကြိမ် တစ်နေ့နှစ်ကြိမ်ပုံမှန် အချိန်မှန်ပေးဝေနေကြ။ ဘုံဘိုင်ခေါင်းလေးဖွင့်လိုက်ရင် တဝေါဝေါနဲ့စီးကြတဲ့ ရေအရှိန်က တိုင်ကီတစ်လုံး အုတ်ကန်တစ်ကန်တော့ ချက်တစ်ဖြုတ်ရယ်။ အခုတော့ လက်သန်းလုံးလောက်ရေက တစ်ချက်ရပ် တစ်ချက်ကျနဲ့ ရေပုံးတစ်ပုံးရဖို့ နာရီနဲ့ချီကြာနေခဲ့ပြီ။

ကျနော်တို့ဝန်ထမ်းရပ်ကွက်တွေက မြေပြန့်တွေမှာရှိသလို တောင်ကုန်းလေးတွေ ပေါ်မှာလည်း အလျိုအလျှို။ တောင်ကုန်းပေါ်က ရပ်ကွက်လေးတွေမှာတော့ ရေမတက်လို့ သုံးရေအတွက် ခက်ခဲ ချိုးရေကမရှိ သောက်ရေအတွက် အပြေးအလွှား။ အိမ်မှာ လူစောင့်ရယ်လို့မကျန်ခဲ့လေတဲ့ ၀န်ထမ်းအိမ်တွေကော။ ဘယ်လိုလုပ်ကြမလဲ။

ညနေတိုင်လို့ လမ်းမထက်မှာ အ၀တ်ထုတ်လေးတွေကိုယ်စီပိုက်ပြီး ရေချိုးဖို့လှုပ်ရှားနေကြတာ တွေ့နေရပြီ။ ခင်ရာခင်ရာ ရေရတဲ့ ရပ်ကွက်က မိတ်ဆွေတွေ အိမ်ကို ရေမရတဲ့ ရပ်ကွက်က ရေချိုးဖို့အတွက် သွားလာနေကြသတဲ့လေ။ မရှိမဖြစ်သုံးဖို့စွဲဖို့လောက်ငရအောင် အိမ်မှာမနည်းခြစ်ခြုပ် ရေခံကြရတာကိုး။ ရွှေကိုမလို ရေကိုသာလိုသည်လို့ အော်ဟစ်နေကြပြီထင်သည်။

မိခင်ဧရာဝတီကိုလည်းကြည့်ပါဦး။ အရင်ကကျယ်ပြောလှတဲ့ မြစ်ပြင်ကျယ်။ နောင်ဆိုရင် ဟိုဘက်သောင် ဒီဘက်သောင် လက်တစ်တောင်လောက်နဲ့တောင် ထိစပ်နိုင်ကောင်းတော့မယ်။ ရေတစ်ခါ ချိုးဖို့ ခပ်ဖို့အရေး သောင်ဖြတ်နေရတာနဲ့တင် အချိန်ကုန်လူပန်း နွမ်းလျနေတော့တာ။

အသိပညာရှင် အတတ်ပညာရှင်များ ထိန်းသိမ်းနိုင်ရင်တော့ ဧရာဝတီကို အရင်အတိုင်း စိမ်းလျက် နေခြည်အလာရွှေရည်ဖြန်းလျက် မြင်တွေ့ရမှာပါ။ ပညာရှင်တွေ ထိန်းသိမ်းစောင့်ရှောက်နေပြီလည်း ဖြစ်ကောင်းဖြစ်မယ်။ (ဗဟုသုတနည်းတဲ့ ကျနော်မသိလိုက်တာဖြစ်ပါလိမ့်မယ်)။ သူတို့တွင်ပဲလားဆိုတော့ မဟုတ်လောက်ဘူးထင်တယ်။ ပြည်သူပြည်သားဖြစ်တဲ့ ဧရာဝတီကိုချစ်တဲ့ ကျနော်တို့ကိုယ်တိုင်လည်း ပါဝင်စောင့်ရှောက်သင့်တယ်ထင်လို့ နှိုးဆော်ခြင်းဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ။

26 February 2009

မိုနိုပိုလီကစားပွဲအဆုံးသတ်

ကစားပွဲအဆုံးသတ်ရတော့မယ်။ နားချိန်ရယ်လို့ လုံးဝမချန်ခဲ့ပါဘူး။ ပြန်လာတဲ့ သူငယ်ချင်းတိုင်းက ပြန်လာတိုင်း အမြဲလွမ်းဆွတ်တမ်းတ ဖြစ်တတ်ကြတာတဲ့(မိခင်မြေနဲ့ကျန်ခဲ့တဲ့ မိသားစုကို ချစ်ကြတာကိုး)။ ဟင့်အင်းအဲဒီအလွမ်းတွေကို မလိုချင်ဘူး။ ခံစားချိန်ကိုမရှိအောင် တနင်္ဂနွေနေ့ ညနေ ဖလိုက်ကိုရွေးခဲ့တာ။ အထုတ်တွေချ လူကြုံလာယူတဲ့လူတွေယူ ပြီးတော့ နောက်နေ့မနက်မိုးလင်း ရုံးတက်၊ ပျက်ကွက်ခဲ့သမျှအတွက် တန်းစီနေတဲ့ အလုပ်ပေါင်းများစွာနဲ့ လွမ်းဖို့ အချိန်မရှိအောင်ကို လုပ်ပစ်ခဲ့တာပါ။

ဒီကစားပွဲမှာမြင်ခဲ့သမျှလေးတွေဝေမျှရရင်…

လေယာဉ်ချိန် နှစ်နာရီခွဲ၊ ပြည်ဝင်ခွင့် တန်းစီချိန်က တစ်နာရီခွဲ အပြင်ရောက်တော့ ဗိုက်တွေဆာနေခဲ့ပြီ (အရမ်းဗိုက်ဆာတတ်ရင် မုန့်ဆောင်ထားဖို့ပါ)

ရန်ကုန်က အရင်လိုပါပဲ (အရင်အတိုင်းရန်ကုန်ပေါ့ - ပြည်သူ့ရင်ပြင်နဲ့ တက္ကသိုလ်ထဲက သစ်ပင်တွေမပါဘူးဗျ)

ကျနော်နေခဲ့တဲ့ နှစ်နေရာလုံးက မီးမပျက်ဘူးဗျ 

နောက်ထပ်ထူးခြားတာက ကျနော်တို့တစ်နိုင်ငံလုံး ကိုရီးယားနိုင်ငံဖြစ်တော့မှာ။ ငှားစီးမိတဲ့ တက္ကစီဆရာက ညည်းတယ် ကိုရီးယားတစ်ခေါက်လောက်ရောက်ဖူးချင်တယ်တဲ့ ချန်ဂင်ချက်တဲ့ ဟင်းစားချင်တယ်ဆိုပဲ။ မင်းသာလေးကလေ ဟိုဟာလေ မနေ့ကဇာတ်ကားက ဘယ်လို၊ ဂျူမုံသူရဲကောင်းလေနဲ့ ကိုရီးယားတွေ အောင်မြင်နေတာကို မြင်ရကြားရခဲ့ပါတယ်။ ဆွေးနွေးကြတာတောင်မှ မနေ့ညကဘယ်လို ဘယ်အပိုင်းရောက်ရင် ဘာဖြစ်မယ်ဆိုတာမျိုး။ ကိုရီးယားအစားအစာတဲ့ ကိုရီးယားဒီဇိုင်း အဝတ်အစားတဲ့ ဘုရားကဆုပေးတဲ့သူတွေတောင် ကိုရီးယားမင်းသားမင်းသမီးလိုချောပါစေလို့ အပ်ဒိတ်လုပ်ထားပြီးပြီဗျ။ အဲလို…

လျှပ်စစ်ပစ္စည်းများစျေးကျနေတယ်လို့သိရတယ်

ကန်တော်ကြီးက ကုန်စည်ပြပွဲ ရောက်ဖြစ်ခဲ့တဲ့အမှတ်တရပါ

ကောင်မလေးချောလို့လည်းရိုက်တာပါ


အိုင်တီပြပွဲကိုလည်း ဖျတ်ခနဲ



တကယ်တမ်းတော့ အဲဒီအိမ်လေးမှာပဲ ဝါဂွမ်းတွေ ခြွေရင်း သစ်ပင်တွေစိုက်ရင်း လေတွေတိုက်ချင်သလောက်တိုက်ပါစေ လွင့်လာတဲ့ မြေနံ့ကို ရှူရင်း ဒါငါ့မြေလို့ ရွတ်နေချင်တာပါ။



မိုနိုပိုလီကစားပွဲကိုပဲ ဒီမှာပဲ ရပ်လိုက်ရပါပြီခင်ဗျာ…….

25 February 2009

အိမ်အပြန်အရွှေ့နဲ့ အိမ်နားတ၀ိုက် အရွှေ့

မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါ့မယ် ဗျိုင်းရှေ့က ပျံကာ ပျံကာရယ်




ဂွေးချိုက ပန်းမြိုင်လယ်က ဥယျဉ်မှူးရိုက်ကွင်းတစ်နေရာ အမှတ်တရ



ပင်းချောင်းတံတားပေါ်မှ


ဒေါင်းသေချောင်း


မေကြးတံတား ညအလွ


အထက်မင်းလှ





မျိုးချစ်စိတ်နဲ့ခုခံခဲ့တဲ့ ရာဇဝင်ထဲက မင်းလှခံတပ်





တစ်ဝက်ကတော့ ပြိုကျ ပျက်စီးနေခဲ့ပြီ


ခရီးက ပြန်အရောက်တော့ ထီပေါက်တယ်ဆိုတဲ့ အသံကြားရတယ်။ မေထိုးခဲ့တဲ့ ဘုရားလှူရန်ဆိုတဲ့ ထီအုပ်က ၁သိန်းဆုပေါက်တာပါ။ ဓမ္မိကဆရာတော်ဘုရားတည်မယ့် ဘုရားအတွက် လှူမယ်ဆိုပြီးထိုးခဲ့တာမို့ ဆရာတော် သီတင်းသုံးတဲ့ မြကင်းတောင်ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ မြကင်းတောင်က မင်းလှ-သရက်လမ်းအပိုင်းမှာ ရှိပါတယ်။

ဘုရားစူးကတ္တရာလမ်း (မြေပဲယိုလမ်း)

ဖုန်ကြောက်သူများ မလာရ


ပန်ထွာဘုရင်မ တည်ထားခဲ့သော ဆုတောင်းပြည့်စေတီ



ဘုရားဖူးချင်တယ်လို့ ညတိုင်းအိပ်မက်ပေးလို့ မြကင်းတောင်ရောက် ကျောက်လိပ်


ဆရာတော်များတရား အားထုတ်ရာ ဂူသို့


ကသစ်ပန်း


မလွန်ပတ်ဝန်းကျင်









သမိုင်းထဲက စစ်သူကြီး



ထမနဲရာသီမို့ ထမနဲလေးတော့ ဆွဲခဲ့သေးတယ်


မြူနှင်းကြားက စက်ရုံမြေ



စထွက်ကွက်ကို တစ်ပတ်ပြန်ဖြတ်ရတော့မယ်။ စက်ရုပ်ဆန်တဲ့မြို့ပြမှာ မြို့ပြလရောင်တမ်းချင်းတွေ တသီချည်းနဲ့ ဘဝဆိုတဲ့ အရသာကို ပြန်လည်ရင်ဆိုင်ရတော့မယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့။ မဆွေးဘယ်သူရှိနိုင်မလဲ မလွမ်းဘယ်သူရှိနိုင်မလဲ ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေးနေပြန်တော့ ခက်တယ်.....

မင်းကွန်း စစ်ကိုင်းနဲ့ မန္တလေးကို အရွှေ့

မုံရွာမြို့ အာရုဏ်ပျို့ရင် အိမ်ပြန်ဖို့ပြင်ကြရပြီ။

ညောင်ပင်ဝန်းက ကျနော့အကြိုက် နွားနို့ခဲကြော်ဗန်း

ပြီးတော့ ဗန်းကလေးနဲ့ ထမင်းသည်


ငှက်ပျောသီးခွံစိမ်း




စစ်ကိုင်းကောင်းမှုတော်


ငွေထည်လက်ရာထွန်းကားမှုအဖြစ် ဘုရားဆီမီးခုံနဲ့သောက်တော်ရေခွက်များ


ကောင်းမှုတော်စျေးတန်း






မိုးမိတ်ကုန်းမြေ



ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားအလွမ်းပြေ



ပုထိုးတော်ကြီး


ပုထိုးတော်ကြီးပေါ်မှ ဧရာဝတီ


ပုထိုးတော်ကြီးပေါ်မှ မြသိန်းတန်စေတီ


တစ်ပိုင်းကျန် ခြင်္သေ့

မြသိန်းတန်စေတီအလှ


သီတာခုနှစ်တန်

ရှေးဟောင်းတံခါး

မင်းဖြူမှန်မှန်ပြော


မင်းကွန်းလူအိုရုံမှ အဖွားအိုအမှတ်တရ


အင်က အော်အာဆောက်လုပ်ခါ နဲ့ အင်းကအော်ညီးဆောက်လုပ်ပြီးဆိုတဲ့ ဦးပိန်တံတား ညနေဆည်းဆာ






မြူနှင်းကြားက ဦးပိန် (နေလုံးကျတာနဲ့ ဦးပိန်တံတားကို မြင်ရဖို့လုံးဝမလွယ်ကူ)





နောက်ဆုံးတိုင်အမှတ်


ရွှန်းမီအတွက်ရေတံလျှောက်များ (ညဘက်ဘုရားကြီးကပုံများ သိပ်မကြည်ပါ)





လာရာလမ်းကို ပြန်ခဲ့ရပါပြီ.....