07 July 2008

ပင်လယ်


နင်ဟာပင်လယ်နဲ့တူတယ်
တကယ်
လှိုင်းပုတ်သလိုဆော့ကစားတတ်တယ်
လှိုင်းသံ တဝေါဝေါနဲ့ ဒေါသကြီးတတ်ပြန်ရော
အပြောကျယ်သလို
အပြောင်းအလဲမြန်တတ်တဲ့နင်ဟာ
မုန်တိုင်းတွေကိုလည်းဖန်တီးတတ်တယ်
ဝမ်းစာရှာနေတဲ့ တံငါသည်တွေလည်း
နင်မသနား
ခရီးသွားဆိုပြီးလည်းမစာနာ
နင့်ရဲ့ လှိုင်းတချက်အပုတ်မှာ
အားလုံးရဲ့အသက်ပေါင်းများစွာ
သောင်ပြင်မှာ
ငါနင်းခဲ့ တဲ့ ခပ်ဖွဖွခြေရာ
နင်လှိုင်းတချက်အရွေ့မှာ
ဖျက်ပစ်ခဲ့တာ
ငါ့အသည်းကနာ
တကယ်တမ်းတော့
နင်ဟာမာယာများတဲ့
တကယ့်ပင်လယ်............

3 comments:

Anonymous said...

ပင်လယ်ပါဆိုမှ မာယာများမှာပေါ့ဗျာ ဝေးဝေးမကြည့်နဲ့  နာဂစ်ဝင်မွှေသွားတာပဲကြည့် :)

Mogok Thar said...

ပင်လယ်ဟာ
အပြောကျယ် မာယာများပေမဲ့
အကောင်းအဆိုးး ဒွန်တွဲနေတာ
ဓမ္မတာ...။

Unknown said...

ဒါကြောင့်လည်း ဆရာမ ဂျူးက
ပင်လယ်နဲ့ တူသောမိန်းမများလို့  ရေးတာနဲ့ တူတယ်
(တကယ်တော့ ခေါင်းစဉ်လေးပဲကြည့်ပြီးပြောတာနော် ဆရာမဆိုလိုတာနဲ့ ကွဲချင်ကွဲလိမ့်မယ်)
သေချာတာတော့ ဒီကဗျာထဲက ပင်လယ်ကတော့ မိန်းမတယောက်ဆိုတာပဲ