15 July 2008

စွဲလမ်းမှုရဲ့ အခြားတစ်ဖက်

နှုတ်ခမ်းတစ်ဖက်
ရမ္မက်အပြည့်နဲ့နမ်းခဲ့ဖူးတယ်
ဆံညိုညို နေအပြိုမှာ
မွှေးကြူခဲ့ဖူးတယ်
လွမ်းဖို့ကောင်းတဲ့
ပါးနှစ်ဖက်က
အရင်လိုပန်းရောင်
ဆွဲဖက်ဖူးတဲ့
တွဲလက်နှစ်ဖက်က
နူးညံ့နွေးလျက်
ဖ၀ါးနှစ်ဖက်
လှမ်းလိုက်တိုင်း
ပန်းပွင့်တွေ
စီလျက်
သာယာတဲ့
ဆည်းလည်းသံက
စမ်းချောင်းဘေးက
တေးချိုချို
..................

4 comments:

ကိုရုပ်ဆိုး said...

စမ်းချောင်းဘေးက
တေးချိုချို

အတွေးပိုမို ကွန့်ရရင်ဖြင့်
အိုဘယ့် ရွာသား
နင်ရေးတာ အပျံစား ...။

ရွှေပြည်သူ (ShwePyiThu) said...

အဟွတ် အဟွတ် (ချောင်းဆိုးတာပါ)း))) ကဗျာလေးက အရမ်းကို ကောင်းတယ် ကိုရွာသားလေးရေ။ ဖွဲ့ထားတာ တကယ်ကို နူးနူးညံ့ညံ့လေး။း)

Mogok Thar said...

လှပ နုရွ
စမ်းချောင်းလေးဘေးးး
ထိုင်ငေးခဲ့တယ်

Unknown said...

ချစ်နေမှန်းမသိအောင် ချစ်တတ်တဲ့စိတ်ကလေးရှိလို့ 
ထင်တယ် နူးညံ့တဲ့ အရေးအသားလေးဖြစ်လာတာ