02 July 2008

အမေ့ဆီသို့

ငါ့သား
အားမလျော့နဲ့
ကိုယ့်ထက်နိမ့်ကျတာကိုပဲ ကြည့်
ကိုယ့်ထက်မြင့်တာတွေကို မကြည့်နဲ့တဲ့
အမေပြောနေကြစကား
သားနားထဲမှာကြားနေတယ် အမေ...

အခုသူများအိမ်တွေ
အပြိုင်အရိုင်းနဲ့
ထင်တိုင်းကြဲနေကြပြီ အမေ
လေယာဉ်ခရီးဆိုလည်းဟုတ်
စက်မှုဆိုလည်းထိပ်
ယုတ်စွအဆုံး
ထိုင်စရာခုံတောင်
ရိုက်စရာသစ်မရှိတဲ့
ဘေးအိမ်ကျဉ်းကျဉ်းလေးတောင်
ရောင်းဝယ်ဖောက်ကား
စည်ပင်ဖွံ့ဖြိုးလို့
အမေ့သားငယ် သမီးငယ်တွေ
သားရေတမြားမြားနဲ့
သွားချင်နေကြတယ်အမေ.....

အမေ့ရင်စုန်ကန်လို့
ဟိုတစ်ဖက်ခြမ်းလှမ်းခဲ့တဲ့
သားသမီးတွေ
အမေ့ကိုမေ့မရပါဘူးအမေ
အခွင့်သာရင်အမေ့ရင်ခွင်
ပြန်လာချင်ပါသတဲ့ အမေ...

နွေးထွေးတဲ့အရိပ်
အေးမြတဲ့ အရိပ်ဆိုတာ
သိပေမယ့်
ဘ၀တိုးတက်ရေး
စီးပွားရေး
အရေးပေါင်းထောင်သောင်းနဲ့
အမေ့သားသမီးတွေ
အမေနဲ့ဝေးရာမှာနေရပါတယ်

အမေ့ထမင်း
အမေ့ဟင်းနဲ့
အမေ့လက်ရာ
ငပိထောင်းတို့
စားဖို့
သားတို့တစ်နေ့
မရောက်ရောက်အောင်
ပြန်လာမယ်
အမေ.................

6 comments:

Anonymous said...

အဝေးရောက်နေတဲ့ သားသမီးတိုင်း ခံစားနိုင်တဲ့ ပို့ စ်လေးပါပဲ အစ်ကိုရေ့ တကယ်ကောင်းတယ် ဖတ်ပြီူးတော့ အမေ့ကိုလည်း ပိုသတိရသွားမယ် အောက်ဆုံးအပိုဒ်လေးကို ပိုကြိုက်တယ် ဈေးးကြီးအစားစာတွေမဟုတ်ပေမယ့် စားလို့ ကောင်းတဲ့ အမေ့ထမင်းဟင်း သွားရည်ကျသွားတယ်။

ကိုရုပ်ဆိုး said...

ွရွာသားရေ ... တကယ်ကောင်းတဲ့ ကဗျာလေးပါ။ အနေမဝေးပေမယ့် သိပ်မရောက်ဖြစ်တဲ့အမေ့အိမ်နဲ့၊ အမေ့ရင်ခွင်ကို ...............

Anonymous said...

တစ်ကယ်ကောင်းတဲ့ကဗျာလေးပါ။အိမ်ကိုပြန်သွားနိုင်ပြီး
အမေ့လက်ရာလေးတွေစားနိုင်ပါစေ

ရွှေပြည်သူ (ShwePyiThu) said...

အမေ့ရင်ခွင်ကိုတော့ နေ့တိုင်းလွမ်းနေရတာပါပဲ ကိုရွာသားလေးရေ။ မျှော်လင့်ချက်နဲ့ အသက်ဆက်တဲ့ လူပီပီ တနေ့နေ့တော့ ဘေးအိမ်တွေလို အမေ့အိမ်ကလေး အလှဆုံး အသာယာဆုံး ဖြစ်လာမယ့်နေ့ကို မျှော်လင့်နေပါတယ်။ တခါတုန်းက လိုပေါ့...

Mogok Thar said...

ခုတော့လဲ အမေ့ရင်ခွင် တပါး.. ချစ်သူ ရင်ခွင် ကြားမှာ ပျော်မွေ့နေတယ် မဟုတ်လား သားရယ်

Unknown said...

အမေ့ဆီသို့  တဲ့လား
အရေးအသားလေးက သိပ်အဓိပ္ပါယ်ရှိသလို
မျက်ရည်ဝဲအောင် ခံစားမိတယ်
သတိယသွားပြီ
ရောက်အောင်မသွားနိုင်ခဲ့ရင် ဒီကိုရောက်အောင်
ခေါ်မယ်