30 June 2008

တို.ဘုရား


အဲဒီစကားကို အဖွားရှိတုန်းက ခဏခဏကြားနေရတယ်။ သူငယ်ပြန် ချိန်ရောက်ပင်မယ့် သူတည်ခဲ့တဲ့ ဘုရားကို အမြဲမပြတ်ပြင်ချင်စိတ်ဖြစ်နေတာကိုက သူ.ရဲ့ကုသိုလ်စိတ်ပေါ့။
အဲဒီမြစ်ကမ်းဘေးကရွာလေးမယ် ဒို့များမွေးခဲ့တာပေါ့။ ဘွားမယ်တူတဲ့ တို.အမေ့နာမယ်က။ တစ်ဦးတည်းသောသမီး။ ကမ်းဘေးက လယ်ကွင်းတောက်လျှောက်ဟာ ဖွားတို.ပိုင်တဲ့လယ်တွေပဲလေ။ ခုတော့လား လယ်လုပ်သူလယ်ပိုင်စေဖြစ်လိုက်ဆိုတော့ သူရင်းငှားတွေလက်ထဲရောက်ရပြီပေါ့။ ဒီလယ်တွေပိုင်ဖို. မျိုးစဉ်ဘောင်ဆက်ကြိုးစားခဲ့တာပေါ့။ ဘာတွေလုပ်ခဲ့ဘူးလို.လဲ စာရင်းနဲ့အင်းနဲ့တော်ရေ မမယ်ရင်တို.က။ စောင်လည်းရက်တက်တာပဲ၊ ရက်ကန်းဆိုတာ မြို.ပေါ်ရောက်တဲ့ထိ ရက်တုန်းတော်။ အမွေသိမ်းထားတဲ့စောင်လေးထုတ်လိုက်ပါအုံး နွေးဆိုမှနွေး။ မြန်မာမုန်.အမျိုး မျိုး လုပ်သမှသိပ်လုပ်တတ်။ အိမ်မှာ ရှိတဲ့မုန့်ဘန်းတွေကိုက မုန်.ဆိုင်ဖွင့်လို့ရရဲ့။ ရွာကိုက မုန့်ရောင်းတဲ့ရွာမဟုတ်လား သုံးထပ်သင်္ဘောတွေများလာရင် အို.....ုကိုယ့်ခတ်တတ်ကိုခတ်ပြီးလှေငယ်လေးကိုလှော်ပြီး မကြောက်မရွံ့ အတင်းကပ်။ အတင်းရောင်း။ မြေပဲပေါ်ချိန် နှုတ်ဖို.မနက်စောစောထ ဒွေးလေးတို.လှည်းပေါ် အခန်.သားပေါ့တော်။ အကြမ်းအိုးလေး ပုဆိုးစုတ်လေး ခေါင်းပေါ်တင်ပြီး ရွက်သွားလိုက်တာများအကျ။ နေကြာပန်းများ ခူးရုံဘယ်ကမလဲ နေကြာစေ့ကို တုတ်နဲ့ ကို ရိုက်ပြီးတပြည်ဘယ်လောက်ပေးမလဲ ပိုပေးတဲ့ဆီ ဖင်မြဲရုံပဲပေါ့။ အမလေး နေကြာတွေကိုင်လို.ယားလားလို့မမေးနဲ့တော်ရေ. ရိုက်ပြီးလို.ကတော့ သောင်ပြင်အပြေးပဲ။ မြစ်ထဲခုန်ဆင်း ထမီကို ဘူဘောင်းလုပ်လှိုင်းစီးပြီးမှ အိမ်ပြန်ရုံပဲ။
ကိုညွန်.နဲ့တွေ.ကြတာလား။ သူကအထက်ကတော်ရေ.အထက်က။ သူကလည်းတစ်ဦးတည်းသောသား။ တွေ့မယ့်တွေ့တော့လဲ အဲလို။ နှစ်ဘက်လုံးက သဘောမတူဘူးလေ။ ခိုးရာလိုက်ပြေးတာတောင် ဟိုး…….ဘက်ရွာကိုလှေနဲ. ကိုညွန်.မြန်မြန်လှော်ပါတော့ဆိုတော့ အေးပါမမယ်ရင်ရ မင်းမလဲ ပူတတ်ရန်ကောနဲ.။မတည့်ပါဘူးအေ ညည်းတို.ဘိုးအေ။ ကလေးသာ ၁၂ ယောက်ရရော ကြည့်လို့ကိုမရဘူး။ ၁၂ယောက်သာမွေးလိုက်ရတာပါ။ အဖတ်တင်တာက ၅ရောက်ထဲရယ်။ ရှားရှားပါးပါး သားကတစ်ယောက်ထဲရယ်။ ထူးချွန်ချက်တော့ ဆရာဝန်လောင်းပ။ သူနဲ့ရတော့ စီးပွားတော့ အဖြစ်သားလား သူက ဆီစက်တစ်စက် ကိုယ်ကဆီစက်တစ်စက် နှစ်စက်ပြိုင်လိုက်တာပ။ ကမ္ဘာ ချစ် ဆီစက်ဆို မသိတဲ့လူမရှိဘူး။ ဆံပင်ကောင်းတိုင်းလည်းကောင်းတာမဟုတ်ဘူးတော်ရေ။ တစ်ရက်သား လည်နေတဲ့တာလပတ်ကြားဆံပင်ပါသွားလို ပေါင်တစ်ခြမ်းနဲ့ ဦးရေပြားပါသွားသေးသဟဲ့။ ကံကောင်းလို.အသက်မပါတယ်။ စီးပွားရေးကောင်းလို. အလှူအတန်းမလုပ်တန်ကောင်းရဲ့လို. မတွေးလိုက်ပါနဲ့အေ။ ကျုပ်တို.က အလှူရေစက်လက်နဲ့မကွာပါ။ မြို.ပေါ်ကစာသင်တိုက်မှာလဲ ရှင်ရဟန်းတွေကို မောင်ပဇင်းတက်ပေးတာ ၅ပါးရှိပါရဲ့။ အိမ်မလည်း ဆွမ်းခံကိုယ်တော်က ၁၀ပါး။ အမြတ်ဆုံးက ကျုပ်တို့ ရွာကဘုရားကိုပြင်လိုက်ရတာပါ။ ရွှေသင်္ကန်းလုံးတော်ပြည့် ကပ် ထီးတော်အလှူလဲပါပေါ့။ ရွာလုံးကျွတ် ၀န်ကြီးလေးပါးနဲ့ ကျွေးတာတော့ ကျုပ်ရွာသားတွေမယ်အားရပါးရ စားပုံများမြင်ရင် ထပ်လှူချင်စိတ်ပေါက်ရဲ့။ အဲဒီဘုရား ကျုပ်တစ်သက်လုံး ရာသက်ပန်လှူမယ် ပြုပြင်မယ်လို.ကို တစ်ထိုင်တည်း ဆုံးဖြတ်ဖြစ်သွားတာ။ ကျုပ်သိပ်ချစ်တဲ့ရွာက ရွေ.ဖြစ်တာလား။ ဓါးပြပေါ့တော်။ ပစ္စည်းယူရုံဘယ်ကမလဲ လူကလည်းအရိုက်ခံရသေး။ နည်းနည်းပါးပါးမဟုတ်ဘူး ဆန်ပြုတ်ကို ၂ ရက် ၃ရက်အသာလေးသောက်ရတာပေါ့။ ကြီးလာတော့ အိမ်မှာရှိရှိသမျှတံခါးတွေကို မှောင်ရင်ပိတ်ရမှဆိုတဲ့ အထိကိုလွှမ်းမိုးခဲ့တာသာကြည့်တော့။ှ ပြီးတော့ ကျုပ်တို.လင်မယားပိုင်ဆီစက်ကလေးတွေ ပြည်သူပိုင်တဲ့တော်။ နီးစပ်ရာမြို.ကိုတက်ရတာပေါ့။ ကလေးတွေလက်ဆွဲပြီး အပြေးအလွှားတက်ခဲ့ရတာပေါ့။
တက်သာလာခဲ့ရတယ်။ တစ်ရက်မှမေ့မရပါဘူးတော်။ ရွာပြန်ချင်တာပါပဲ မတတ်သာလို.သာ။ ရွာဦးကဘုရားကြီးဆိုတာ ပြန်မပြင်ရတာကြာလာပါပကော။ ဒီခေတ်ကြီးမှာ ပြန်ပြင်နိုင်ဖို.ကလည်းခက်သားလား။ အဲဒီတော့ ရွာကဘုရားကြီးပြင်ချင်တယ်ဆိုတာကိုသာ ရွတ်နေရတာပါပဲ။ သို.ပေမယ့်လည်း……


အစိန္တေယျအစချီဘုရားရှိခိုးကို ဌာန်ကရိုဏ်းကျကျရွတ်တတ်သော၊ တပြည်လုံးက ဘုရားတွေကုန်အောင်ရှိခိုးတတ်သော၊ ကော်ဖီသိပ်ကြိုက်သော၊ စည်းကမ်းကြီးသော၊ သင်္ကြန်ဆိုပိတောက်ပန်းတွေတခေါင်းလုံးဝေအောင်ပန်တတ်သော၊ သရက်သီးတွေကို ပေါက်တတ်သော၊ ထညက်ကြိုက်သော သော့တွေမျက်မှန်တွေ ခဏခဏပျောက်တတ်သော ကျနော့ရဲအဖွားကိုအမှတ်တရ

picture is copy from http://www.scottpix.com/gallery/travel/myanmar/4608.html

ယနေ.

ပုံမှန်မဟုတ်တဲ့
ရင်ခုန်သံ
တဖွဖွတိုးတဲ့
အဲဒီရင်ခုန်သံ
ကျနော်မကြုံဘူးတဲ့
ရင်ခုန်သံ
ကော်ဖီတစ်ခွက်ကြောင့်တဲ့လား
ဒီနေ.ထိလစာမရသေးလို့လား
အဖြေကိုသေချာသိပင်မယ့်
မသိချင်ယောင်ဆောင်နေမိမှတော့........

29 June 2008

တနင်္ဂနွေညရဲ့ သောကြာအလွမ်း

ဒီနေ. တနင်္ဂနွေ။ ပြီးတော့ တနင်္ဂနွေည။ အဲဒီတော့ ကျနော်လွမ်းရတတ်သော သောကြာည ကိုသာမျှော်မှန်းတမ်းတရသည်ချည်း။ သြော် ဒီနေ.ည သောကြာညများ ဖြစ်ခဲ့ရင်ဆိုပြီးလေ။ ဖြစ်မှမဖြစ်နိုင်ပဲနော်……
ကျနော့အလုပ်က တနင်္လာကနေ သောကြာအထိ ငါးရက်ထဲသာ။ နှစ်ရက်ပိတ်ခြင်းကို အခွင့်အရေးထူးတစ်ရပ်လို ပဲ အများကသတ်မှတ်ကြတာကိုး။ ဒါပေမယ့်နှစ်ရက်သာပိတ်တယ် ပိတ်တဲ့နှစ်ရက်က ဘယ်တော့မှ မလောက်ငှ။ ဖြစ်နိုင်ရင် လေး ငါးဆယ်ရက်ပိတ်လိုက်ချင်ပါတယ်။ ဒါပေမယ့် တရုတ်နှစ်ကူး လေးရက်ပိတ်တော့ လည်းမလောက်ပြန်ဘူး။ လူ.အလို တကယ်ကို ဘာမှလိုက်နိုင်မှာ မဟုတ်ဘူးလေနော့။
ကျနော့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းဟောင်းကတော့ အမြဲ happy Friday ဆိုတဲ့ sms ဒါမှမဟုတ် သူရွတ်နေကျ ဒန်တန်တန်ဆိုပြီး ပျော်နေတဲ့ ပုံအမြဲ ပြနေကြ။ အခုတော့ သူက ပို.စရာမလိုတော့ဘူးလေ။ ပြီးခဲ့တဲ့ သောကြာက ကျနော်က အဲဒီ sms လေးကိုပို.တော့ တချို. ကပျော်တယ်လို.ပြန်ကြသလို စနေဆင်းရတဲ့လူတွေကတော့ :( လို.ပြန်ကြပါတယ်။ ဟုတ်မှာပါ ကျနော် စနေဆင်းရတုန်းကလည်း အဲလိုပါပဲ။
ရုံးမှာတစ်ခေါက်ဆွေးနွေးကြတုန်းကလည်း တနင်္ဂနွေညရဲ့ သောကြာအလွမ်း ကိုကျနော်သာမက အစ်ကိုကြီးများကလည်း လွမ်းကြပါတယ်တဲ့။ အားလုံးလွမ်းကြတဲ့ အလွမ်းလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မကြာခင်မိနစ်ပိုင်းမှာ တနင်္လာနေ.ကို ကူးပြောင်းတော့မှာပါ။ နေ.သစ်မှာ စိတ်သစ်ခွန်အားသစ်နဲ. လုပ်ငန်းခွင်ကို ၀င်ပြီး နောက်တပတ်ရဲ့ တနင်္ဂနွေညရဲ့ သောကြာအလွမ်းကို လွမ်းဖြစ်အောင်ကိုလွမ်းနေမှာ…..

ခဏတာ

တကယ်ကို ခဏတာလေးပါ။ ဒါပေမယ့် အဲဒီခဏတာလေး ဟာ ကျွန်တော်တို. အတွက်ပျော်ရွှင်ခဲ့ကြမယ်ဆိုရင် ခဏတာပေါင်းများစွာကို လောဘကြီးစွာလိုချင်နေခဲ့မိပါတယ်။
မနေ.က ကျနော့ သူငယ်ချင်းတစ်ယောက်နဲ. Gtalk ထဲမှာစကားပြောဖြစ်ကြပါတယ်။ သူနဲ.ကိုနဲ. က အမိမြေရဲ.ဝေးတဲ့တစ်နေရာဆီမှာ ကိုယ်စီကိုယ်ငှ ရောက်နေကြပြီး တစ်လတစ်ခါလောက်တောင်တွေ.ဆုံဖို.ခက်ခဲနေကြလေ။ သူ.ဆီက အချိန်ရယ် ကို့ဆီက အချိန်ရယ် ကွာခြားတာကတစ်ကြောင်း သူအားတဲ့အချိန်ရယ် ကိုယ်အားတဲ့အချိန်ရယ် ကလည်းတူညီနိုင်ဖို.ခက်ခဲ။
ဒီသူငယ်ချင်းက သင်တန်းတစ်ခုမှာ ဆုံခဲ့ရပြီး ပြောမနာဆိုမနာ ငယ်သူငယ်ချင်းလို။ ကိုယ် အားငယ်ရင်ကို.ကို အားပေး သူအားငယ်ရင်သူ.ကို အားပေးခဲ့မြဲ။ သူတို.နိုင်ငံရပ်ခြားသွားတော့မယ်ဆိုတော့ ကို.ကို သတိတရလာရောက်တိုင်ပင် ခေါ်ကြတာကို ကိုယ်သတိရမိတယ်။ အဲဒီအချိန်က ညနေခင်းတစ်ခုမှာပေါ့။ သင်တန်းပြီးဆုံးရင် ရတဲ့အခွင့်အလမ်းနဲ. သွားချင်တယ် ကိုယ့်ကိုလည်း လိုက်ခဲ့စေချင်တယ်ပေါ့။ သူငယ်ချင်းရယ် ဘ၀တက်လမ်းအတွက်ကိုယ်ကိုတိုင်လည်း လိုက်ချင်ခဲ့ပါတယ်။ ဒါပေမယ့် အခွင့်မသာခဲ့ဘူးလေ။ မင်းတို.ပြောတဲ့ သိန်းငါးဆယ်ဆိုတာ ကိုယ့်အတွက်အလှမ်းကွာဝေးလှပါတယ်။ အဲလိုနဲ. မင်းတို.နှစ်ယောက် မရောက်ဘူးတဲ့ အရပ်ဒေသမှာ ဆွေမျိုးမရှိ အပေါင်းအသင်းမရှိ ရဲရင့်ခြင်းကို ပိုက်ပြီးရောက်အောင်သွားခဲ့ကြတယ်။ ဂုဏ်ယူပါတယ်သူငယ်ချင်း။ မင်းတို.နှစ်ယောက်အခက်အခဲတွေ ပေါင်းများစွာကို ခါးသီးမျက်ရည်စတွေနဲ. ဖြတ်ကျော်ခဲ့ရမယ်ဆိုတာ ကိုယ်သိပါတယ်။ အဲဒါကြောင့်ဂုဏ်ယူမိတာပါ။
မင်းတို.နဲ.ကိုယ် အဆက်အသွယ်တော်တော်ပြတ်ခဲ့ကြတယ်။ အမိမြေရဲ့ ဆက်သွယ်ရေးက တံတိုင်းကြီးလိုကာဆီးထားတယ်လေ။ ဆက်သွယ်ရေးကောင်းလာတဲ့တစ်နေ.မှာ မင်းတို.နဲ. အဆက်အသွယ်ရတယ်။ မင်းတို.ကိုယ်.ဆီ ဖုံးတွေအားရပါးရပြောခဲ့ကြတယ်။ ပြောလို.လဲမကုန်နိုင်ဘူးနော်။ နေကောင်းလား အဆင်ပြေရဲ့လားဆိုတာ လောက်ထပ်မကပေါ့နော်။
ကိုယ်လည်းအပြင်ရောက်လာတော့ ပိုပြီးဆက်သွယ်ဖြစ်ကြပါတယ်။ အရင်ထက်စာရင် တစ်လ တစ်ခါလောက်တွေ., ပြောဖြစ်ကြတယ်။ မှတ်မိသေးတယ်ကိုယ်စရောက်ပြီး မကြာခင်မှာ မင်းတို.ဖုံးဆက်ကြလို. နာရီပေါင်းများစွာ ပြောဖြစ်ခဲ့ကြတယ်။ ပြောလက်စတွေမကုန်ပင်မယ့် တကယ့်လက်တွေ.ဘ၀ကို ပြန်လည်ဝင်ရဖို. တစ်ယောက်နဲ.တစ်ယောက် အားပေးရင် အိပ်ပျော်သွားကြတာချည်း။
သူငယ်ချင်းရယ် အဲဒီခဏတာအချိန်လေးတွေဟာရှားပါးပင်မယ် တကယ့်ကိုတန်ဖိုးရှိပြီး ခဏတာပေါင်းများစွာကို ကိုယ်တို.တွေပိုင်ဆိုင်နိုင်ကြရင်ကောင်းမယ်ကွာ………..

27 June 2008

လင်းယုန်ပုံပြင်




ဒီစာလေးကို ထုံးစံအတိုင်း forward email ကနေ ဒီနေ.ရလိုက်ပါတယ်။ ဖတ်ကြည့်ရင်းနဲ. အားလုံးနဲ. ကိုက်ညီမယ်ထင်လို. တင်ပေးလိုက်တာပါ။ စာရေးသူက ပန်းအိမိုးပါတဲ့။ ဘယ်မှာပါမှန်းလည်းမသိသလို စာရေးသူဆီက ခွင့်တောင်းဖို.လည်း ဆက်သွယ်စရာ လည်းမသိပြန်ဆိုတော့ ကျနော့ရဲ့ကူးယူဖြန်.ဝေမှုကို စာရေးသူသိရင်ခွင့်လွှတ်တန်ကောင်းပါတယ်။ သိပ်ကောင်းတဲ့စာလေးဆိုတာ အားလုံးသိစေချင်လို.ပါဗျာ။

ဒီနေ. သူငယ်ချင်းတစ်ယောက်ရဲ့ ရုံးခန်းမှာ video clip လေးတစ်ခု ကြည့်ခဲ့ရတယ်။
The Story Of Eagle “လင်းယုန်ပုံပြင်” တဲ့။
လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈နှစ်ဝန်းကျင်အသက်ရှင်နေထိုင်နိုင်ပါတယ်။ လင်းယုန်ဆိုတာ ကောင်းကင်မှာ သတ္တိရှိရှိ၊ အင်အားပြင်းပြင်းပျံနိုင်တဲ့ ငှက်မျိုး။
လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၄၀ လောက်ရလာတဲ့အခါမှာ အဲဒီလင်းယုန်ဟာ ကောင်းကောင်းမပျံနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူ.ရဲ့ နှုတ်သီးဟာ ကွေးလာပြီး ရင်ဘတ်ထိအောင် စိုက်ကျလာတယ်။ အတောင်ပံတွေဟာ မခတ်နိုင်တော့လောက်အောင် လေးလာတယ်။ လက်သည်းတွေဟာ ရှည်လျားလာပြီး အစာရှာဖို.ခက်လာမယ်။ အဲဒါဟာ လင်းယုန်တိုင်းပါပဲ။
အဲဒီမှာ ရွေးချယ်စရာ လမ်းနှစ်ခု ရှိတယ်။
တစ်ခုက ကောင်းကောင်းမပျံတော့ဘဲ သေပွဲဝင်ရမယ့် နေ.ကိုထိုင်စောင့်ဖို.။
နောက်တစ်ခုကတော့ ကျန်တဲ့သက်တမ်း ၃၈နှစ်ကို ကောင်းစွာပျံသန်းရင်း အသက်ဆက်ရှင်သန်ဖို.။ အဲဆက်ပြီးရှင်သန်ဖို.ဆိုရင်တော့ ဖြစ်စဉ်တစ်ခုကို အဖြစ်မနေဖြတ်သန်းရမယ်။ အဲဒီဖြစ်စဉ်နာမည်က Pain and Difficulites “နာကျင်မှု နဲ့ အခက်အခဲ” ။
ပထမဆုံး ကျောက်တောင်ထိပ်ကြီးတွေပေါ်ကို ပျံသန်းသွားရမယ်။ အဲဒီ ကျောက်တောင်ထိပ်ပေါ်ရောက်ရင် နှုတ်သီးကို ကျောက်သားနဲ.ဖဲ့ချိုးပစ်ရမယ်။ တစ်ခါနှုတ်သီး နဲ. လက်သည်းတွေကို ဆွဲခွာပြီးနှုတ်ပစ်ရမယ်။
ဘယ်လောက်များနာကျင်လိုက်လေမလဲ။ ဘယ်လောက်များ ခက်ခဲလိုက်လေမလဲ။ ကိုယ်တိုင်လုပ်ရတာ။ အသက်ရှင်ချင်သူကိုယ်တိုင်လုပ်မှရတာမျိုးပါ။
ပြီးရင်တော့ ရက်အနည်းငယ်ကြာကြာ တောင်ထိပ်မှာနေပြီး လက်သည်းတွေ နှုတ်သီးတွေ ပြန်အသစ်ထွက်ပြီး အသားကျလာတဲ့ အထိစောင့်ရတယ်။ ပြီးရင်တော့ အဲဒီလင်းယုန်ဟာ ကျန်တဲ့သက်တမ်း ၃၈ နှစ်ကို ရှင်သန်ခွင့်ရသွားပြီ။
ဒုတိယလမ်းကို ရွေးချယ်ကြတဲ့လင်းယုန်တွေအများကြီးရှိပါတယ်။ ကျွန်မတို.ကလူသားတွေပါ။ ငှက်တွေတောင် အကျိုးစီးပွား တစ်ခုအတွက်နာကျင်မှုနဲ့ အခက်အခဲဆိုတဲ့ဖြစ်စဉ်တစ်ခုကို ကျော်နိုင်သေးရင် ကျွန်မတို.လို လူသားတွေက ရည်မှန်းချက်ပန်းတိုင်တွေ အရောက်သွားဖို. ဆက်လက်ရှင်သန်နေဖို. “နာကျင်မှု နဲ့ အခက်အခဲ” ဆိုတဲ့ဖြစ်စဉ်ကို မဖြစ်မနေ ရင်ဆိုင်ရဲရမှာပေါ့။
ကျွန်မတို. လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားဖို. တစ်ခါတစ်ရံ ကျွန်မတို.တစ်တွေ အရမ်းနာကျင် ကြရမယ်။ အခက်အခဲတွေ မရေမတွက်နိုင်အောင်ကျော်ဖြတ်ကြရမယ်။ ကျွန်မတို. ကျော်ဖြတ်ကြမယ်လေ။ အဲဒီ “နာကျင်မှု နဲ့ အခက်အခဲ” ဆိုတဲ့ဖြစ်စဉ်ကို ကျွန်မတို. အတူတူဖြတ်ကျော်ကြရအောင်ပါလေ။
ဘာလို့လဲဆိုတော့ ကျွန်မတို့အားလုံးကျန်တဲ့သက်တမ်းတွေကို အဓိပ္ပာယ်ရှိရှိ ရှင်သန်ရဦးမှာမို့ပေါ့။ ကျွန်မတို့တွေဟာ လက်မြှောက်အရှုံးပေးကြမယ့်သူတွေ မဟုတ်လို့ပေါ့။


ပြီးခဲ့တဲ့အပတ်က စိတ်ဓာတ်အကြီးအကျယ်ကျနေတဲ့ ကျနော် ဒီစာကိုဖတ်ပြီးခွန်အားတွေရရှိခဲ့ပါတယ်။ ကျနော့မိတ်ဆွေတွေ အားလုံးပဲ ကျနော့လို ခွန်အား ရရှိပါစေဗျာ။ ကျနော်စိတ်ဓာတ်ကျရင် အမြဲဖတ်တဲ့ စာအုပ်သုံး အုပ်ရှိပါတယ်။ တစ်အုပ်က ဘာသာပြန် ပါပီလွန်နဲ့ဗင်ကို ဖြစ်ပြီး တစ်အုပ်က ဘာသာရေး တစ်ယောက်တည်းပျော်အောင်နေ နဲ. နောက်တစ်အုပ်က မြကြာဖြူ တို့ပါပဲ။


26 June 2008

ရုပ်ရှင်




သေချာတယ်

ရုပ်ရှင်ကြည့်ဘူးမှာပါ

ဒါပေမယ့်ဗျာ

စကတည်းကငိုတယ်ဗျာ

တခါတခါရီတယ်

ပျော်စရာတွေလည်းပါတယ်

စိတ်ဓာတ်ကျစရာတွေလည်းပါသလို

ဇာတ်ဆောင်တွေကလည်းအမျိုးမျိုး

နေရာဒေသကလည်းအဖုံဖုံ

အားလုံးကပုံသေမရှိ

တက်လိုက်ကျလိုက်

အချိုးအကွေ.

အတိုးအဝှေ.

အတိုက်အခိုက်

စရိုက်ကလည်းစုံ

ဇာတ်ညွှန်းကလည်းများ

ဒါပေမယ့်ဗျာ

နောက်ပြန်ရစ်လို.လည်းမရပြန်ဘူး

သေချာသာကြည့်ထားပေတော့

အဲဒီရုပ်ရှင်.......

ကျနော်ပိုင်ဆိုင်သော မျက်နှာဖုံးများ


မယုံမရှိနဲ.ဗျ။ ကျနော်ပိုင်တဲ့ မျက်နှာဖုံးတွေ အားကြီးရှိတာ။ ဘုရားပွဲက ၀ယ်တာလား။ လုံးဝမဟုတ်ဘူး။ ကျနော်ကိုယ်တိုင် သေသေချာချာလုပ်ထားတာ။ ပေါ့သေးသေးတော့မထင်လိုက်ပါနဲ.။ တကယ်ကို အသုံးဝင်ပါတယ်…….
ငယ်ငယ်မွေးတုန်းကတည်းက မျက်နှာဖုံးပါတယ်လို. ပြောပါတယ်။ အခုတော့မရှိတော့ဘူးပေါ့ဗျာ။ အသက်ကြီးလာတာနဲ.အမျှ မျက်နှာဖုံးတွေက တိုးလာတာပေါ့ဗျာ။ ဘယ့်နဲ.ပြောရမလဲ။ အလှူမင်္ဂလာ ပွဲတက်တာကတစ်မျိုး၊ ဘုရားသွားကျောင်းတက်က တစ်သွယ်၊ စည်းရုံးရေးအတွက်က တစ်ဖုံ စုံအောင်စီစဉ်ထားရတာဗျ။ အဲဒါတွေက အထူးစပယ်ရှယ်နော့။ နေ.စဉ်ရိုးရိုးအတွက်လား မပူပါနဲ. ကိုယ်နဲ.မကွာဆောင်ထားတာက အမျိုး ခြောက်ဆယ်လောက်ပါပဲ။ ဗျာ နည်းသေးတယ်ထင်လို.လား လျှပ်တပျက် အတွက်လက်တကမ်းအကွာလောက်မှာ သုံးလေးဆယ်လောက်ရှိပါသေးတယ်။ အော် မိဘဘိုးဘွားပိုင်တွေလို.ထင်လို.လား ကျနော့ကိုများ အထင်သေးလိုက်တာဗျာ။ ကိုယ်ပိုင်ဗျ ကိုယ်ပိုင်။ ကျနော်သေသွားရင်ကော သားစဉ်မျိုးဆက် အမွေပေးရမယ်။ မဖြစ်နိုင်လိုက်တာများဗျာ ကိုယ်ဒူးကိုယ်ချွန် ကိုယ့် ဟာကိုယ်ထွင်မှပေါ့ဗျ။ လုပ်နည်းကိုင်နည်း ဟာ... အဲဒါ အဓိက သော့ချက်။ မိဘရှာဖွေတာကို အလိုက်သင့် နို.သက်ခံစို.တာမျိုး ကျနော်က အားမပေးဘူးဗျ။ ဘယ်အချိန်မှာ ဘယ်လိုပြောင်းရမလဲ ငှက်ပျောသီးအခွံနွှာသလောက်ကို လွယ်လွယ်လေး။ အလိုက်သင့်လေးပြောင်းသွားတာပါပဲ။ သူ.အရပ်နဲ.သူ.ဇာတ်ကတော့ ကွက်တိ။ လေ့ကျင့်မှု ဟား…ဟား…..ဟား…..တော်တော်ရီရတဲ့စကားလုံးဗျာ လုံးဝကိုမလိုအပ်တဲ့အရာပဲ။
ခင်ဗျားတို.ကစိတ်ဝင်စားတယ်။ ဟုတ်မှလဲလုပ်ပါဗျာ တော်တော်ကြာ အမြင်မတော်ဆင်တော်နဲ.ခလောက်ဖြစ်နေပါအုံးမယ်။ တစ်ခြားမဟုတ်ပါဘူးဗျာ ခင်ဗျားတို. ရဲ့ မျက်နှာဖုံးကို ခွာဖို.မေ့နေအုံးမယ်လို.ပြောမလို.ပါ……………..

25 June 2008

လွတ်မြောက်ခွင့်




ကိုယ်အကြိုက်ဆုံးစကားလုံးက
FREEDOM
ရပ်နေတဲ့နေရာ
ရောက်တဲ့နေရာ
ဘ၀ရည်မှန်းချက်
ပတ်ဝန်းကျင်
စေတနာ
အချစ်
.............
တုပ်နှောင်မှုအားလုံးရဲ့
အဓိကတရားခံက
ငါ့ရဲ့စိတ်
ဘယ်တော့များမှ
လွတ်မြောက်နိုင်မှာလဲ.......
္တ္တ္တ
္တ္တ္တ္တ္တ္တ္တ

ဘုရားကို နှလုံးသားနဲ့ ထိထိမိမိ ဖူးကြမယ်




နိုင်ငံခြားတွင် ကျောင်းတက်ရင်း လူမျိုးပေါင်းစုံ၊ ဘာသာတရား ကိုးကွယ်မှု ပေါင်းစုံသော လူများနှင့် အလိုက်အထိုက် နေထိုင်ပြောဆို ဆက်ဆံရသည်မှာ ဒေသန္တရ ဗဟုသုတ တိုးသည်သာမက လူမှု ဆက်ဆံရေး စွမ်းရည် ပါ စိတ်ညစ်စရာ ကောင်းလောက်အောင် မတိုးချင်ဘဲ တိုးခဲ့ရပါသည်။ အထူးသဖြင့် အိန္ဒိယတောင်ပိုင်းမှ ကျောင်းသားတစ်ဦးရဲ့ ဂုဏ်ပြိုင်ချင်လွန်းသော အပြုအမူမှာ နေရာ တော်တော်များများ တွင် စော်ကားလိုသော အနက် အဓိပ္ပာယ် သက်ရောက်လာသောကြောင့် စကားဝိုင်းမှာ မကြာခဏ စကားရည်လုပွဲ အသွင်ဆောင် လာလေ့ရှိပါသည်။
တရက်မှာ ဆောက်လုပ်ရေး လုပ်ငန်း အကြောင်း ဆွေးနွေးခိုက် ဘုရားများ၊ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာများ အကြောင်းကို သမိုင်းကြောင်းနှင့် ယှဉ်ပြီး ဆွေးနွေးစဉ် မောင်မင်းကြီးသားက တစခန်းထ လာပါတော့သည်။ ဂျာမန်လူမျိုး ဆရာက ရွှေတိဂုံ ဘုရား၏ တည်ထားပုံကို ကမ္ဘာ့အံ့ဖွယ် စာရင်း သွင်းရပုံကို ချီးကျူးပြောဆိုရာ သူက ဟိန္ဒူ ဘုရားကျောင်းများရဲ့ ရှေးကျပုံ၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀မှ ၅၀၀၀ အလွန် ကပင် ဟိန္ဒူ ဘုရားစေတီများ တည်ထားခဲ့ပြီး ဖြစ်ပုံ၊ နောက်ပိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များမှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်သာ ကြာသေးပုံ တို့ကို ပြောပြီး ရွှေတိဂုံဘုရားသည် ဟိန္ဒူ ဘုရားစေတီ တည်ထားပုံကို နမူနာယူ အတုခိုးပြီး တည်ထားခြင်း မျှသာ ဖြစ်သည်ဟု ပြောပါလေတော့သည်။
စကားရည်ပြိုင်လုရန် စိတ်မပါလှသော ကျွန်မလည်း သည်နေရာ တွင်တော့ ငုံ့မခံနိုင်တော့ပါ။ ထို့ကြောင့် ဟိန္ဒူ ဘုရားစေတီများသည် အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း အဆောက်အဦကို ဖြစ်စေ အ၀ိုင်းပုံနှင့် အခုံးပုံကို အခြေခံပြီး ဆောက်လုပ်ထားကြောင်း လေ့လာတွေ့ရှိဖူးပါသည်။ မှန်သလားလို့ အရင်ချည် လိုက်ပါတော့သည်။ မှန်ကြောင်းနှင့် မြန်မာများသည် သူတို့ဟိန္ဒူစေတီတည်ပုံကို လေ့လာထား သည်ကို ချီးကျူးပါကြောင်း အချွန်နဲ့ မလေသည်။ ထိုအခါမှ ကျွန်မလည်း၁. ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားကြောင်း၂. ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာ သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို ဆဌဂံ မှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲ တည်ဆောက်ထားကြောင်း၊ ရည်ရွယ်ချက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိ ပသာဒ ဖြစ်ဖွယ် ပြေပြေလေး ပြောင်းလဲယူခြင်း ဖြစ်ကြောင်း၃. ပစ္စယာ သုံးဆင့် ပေါ်တွင် အမျှဝေခြင်း အထိမ်းအမှတ် ခေါင်းလောင်း မှောက်ကို တည်ထားရာ ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်း စည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ကြောင်း၊ အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့ အမြင်တွင် သဟဇာတဖြစ်အောင် ဆက်ထားပုံကို ပညာယူနိုင်ကြောင်း၎. ခေါင်းလောင်းမှောက်ရဲ့ အထက်တွင် ကြာမှောက် ကြာလှန်ကို တည်ထားပုံမှာလည်း သည်သဘော တရား ပင် ဖြစ်ကြောင်း၅. ငှက်ပျောဖူးတွင် အထက်သို့ ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့ ပြန်အုပ်ထားသော ဒီဇိုင်းမှာ လည်း ဖူးမြော်သူရဲ့စိတ်ကို ထိပ်ဆုံးသို့ အာရုံစုစည်းစေပြီးမှ ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင် သော ဗိသုကာဖြစ်ကြောင်း၆. ပုထိုးတော် ဒီဇိုင်းဖြစ်သော အာနန္ဒာ ဘုရားသည် ထိပ်ပိုင်းက ဟိန္ဒူ ဒီဇိုင်းဟု ထင်ရသယောင်၊ ဆင်သ ယောင် ရှိသော်လည်း လိုဏ်သုံးထပ် လုပ်ထားပုံမှာ လုံးဝမတူ ခြားနားခြင်းရဲ့ သက်သေဖြစ်ကြောင်း၊ ရွှေတိဂုံ ကဲ့သို့ မတည်ရခြင်းမှာ အပူပိုင်းဒေသ ရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကို ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့ တည်ခြင်း ဖြစ်နိုင်ကြောင်း၊ လိုဏ်နံရံများရှိ ကျောက်ပန်း ဇကာများသည် အကောင်းဆုံး သက်သေ ဖြစ်ကြောင်း၊ အပြင်ဘက်ဆုံး ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိ ကျောက်ပန်း ဇကာသည် နေရောင်စစ်ရန် ဖြစ်ပြီး အတွင်းဘက်ဆုံး ရုပ်ပွားတော်များ တည်ထားရာ ဂန္ဓကုဋီ၏ နံရံရှိ ကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်း ဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ကြောင်း။ ရည်ရွယ်ချက်မှာ ဘုရားဖူး လာသူသည် နေပူ၊ လေပူ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး ဘုရားဖူး လာရာတွင် ပုထိုးတော် ထဲသို့ ရောက်သည်နှင့် လူရော စိတ်ပါ အေးချမ်း တည်ငြိမ် သွားစေရန် ရည်ရွယ်ကြောင်း၊ နေပူထဲမှ လာသော စိတ်ပျံ့လွင့် နေသော ဘုရားဖူးသူကို အလင်းရောင် စစ်ထား သောကြောင့် မှောင်သယောင် အလင်းမှိန်သော ပုထိုးတော်ထဲတွင် စိတ်ကို တည်ငြိမ် စေပြီးမှ ရုပ်ပွားတော် ပေါ်တွင်သာ အလင်းကျ ရောက်နေ စေရန် စီစဉ်ထားသော ဗိသုကာ လက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကို ဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေ ကြောင်း၊ စိတ်ပညာကိုပါ အသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ဆောက်လုပ်သော ဗိသုကာလက်ရာကို အရှေ့တောင် အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံး တွင်ပါ မမြင်ဖူး သေး သောကြောင့် ရှိလျှင် လမ်းညွှန်ပါရန်နှင့်ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ ဖြစ်ကြောင်း အပြတ် ဖြတ်ချရလေသည်။ ထိုအခါ ထိုအိန္ဒိယကျောင်းသားမှအပ ကျန် နားထောင်နေသူများ အားလုံးက လက်ခံ ခေါင်းညိတ်ကြပြီး ဂျာမန် ဆရာကမူ လက်ခုပ်တီး အားပေးလေ သည်။ သည်စကားရည် လုသလို ဖြစ်သွားသော အတန်းတွင်း စာဆွေးနွေးပိုင်းတွင် အမှတ်များစွာ ရလိုက်ပြီး ထိုဘာသာတွင် ဂုဏ်ထူးထွက် ခဲ့ပါသည်။သို့သော် ကျွန်မကမူ ကျွန်မ အဖြေကို လုံးဝ မကျေနပ် ခဲ့သေးပါ။ သည်မျှလောက် မကသေး ဟု ယုံကြည် လက်ခံ ထားမိပြီး မိမိကိုယ်ကို လုံးဝမကျေနပ်ပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဘုရားစေတီ ပုထိုးများ သို့ ပုံမှန် မဟုတ်တောင် မကြာခဏ သွားလာ ဖူးမြော် ကြသည်။ အထူးသဖြင့် နေ့ကြီးရက်ကြီးများတွင် လူငယ် လူကြီးမရွေး ဘုရားဖူး သွားကြလေသည်။ သူလိုကိုယ်လို ဘုရားဖူးနေကျ ဖြစ်သောကြောင့် ဖူးမယ့် သာ ဖူးလိုက်သည်။ ဘုရားကို ဘာလို့ သည်လို တည်ထား သလဲ ဆိုတာ၊ ဘုရားမှာ ဘာလို့ သည်လိုနေရာ တွေ ထည့်ထားသလဲ ဆိုတာ တခါမှ မစဉ်းစားဖူးခဲ့ပါ။ စပ်စုတတ် လွန်းသည်ဟု သတ်မှတ်ခံရသော ကျွန်မ လိုက်မေးသမျှ၊ လိုက် စုံစမ်းသမျှ အထက်မှာ ပြောဆိုခဲ့သလောက်သာ သိခဲ့ရ၊ မှတ်သားခဲ့ရ ဖူးလေသည်။ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံ တည်ထားရသလဲ။ ဘာကြောင့် ပစ္စယာ ကို ၃ဆင့် ထားရ သလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာ ဘာကြောင့် ကြောက်စရာ ဘီလူးပန်းဆွဲ ဆိုတဲ့ပုံနဲ့ ဗိသုကာ လက်ရာ ပါနေရသလဲ။ ဖောင်းရစ်က ဘာလို့ ခုနှစ်ရစ် ဖြစ်နေရသလဲ။ ကြာကို ဘာကြောင့် မှောက်လိုက် လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့် ကြာပန်းကိုမှ ရွေးထည့်ရသလဲ.. စသည် စသည်ဖြင့်ယနေ့တော့ စိတ်နည်းနည်း ပါသဖြင့် တရားနာရန် အခွေရွေးရာ ဓမ္မစေတီဆရာတော် ဦးကောသလ ဟော သော နှလုံးသားဝယ် ဘုရားတည် ဆိုသော တရားခွေကို ရွေးလိုက်သည်။ မမျှော်လင့်ဘဲ ဆရာတော် ဟော သော တရားတော်ထဲမှာ ကျွန်မသိချင်လှသော ဘုရားတည်ရခြင်း အကြောင်းရင်းများကို နာလိုက်ရသဖြင့် မျက်ရည်လည်အောင် ၀မ်းသာမိရပါသည်။၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊ ဘုရားကို ပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံ ဆောက်လုပ်ပေးထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း၊ ယင်းတို့မှာ ဘ၀မရှိမှုကို လိုချင်ခြင်း (နိဗ္ဗာန်ကို လိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံး သူ့သဘောနဲ့ သူ ဖြစ်ပျက်မှုကို သိပြီး အစွဲကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ပါသည်။ ထို့ကြောင့် အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကို လိုချင်ခြင်းသည် ဒိဌိ တမျိုးသာဖြစ်သည်။)၊ ဘ၀ကိုလိုချင်ခြင်း၊ ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) တို့ကို လိုချင်ခြင်း ဟူသော လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့် ထားရခြင်း၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ လက်မခံ ဟူသော အဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း ၄. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း၊ ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင် ဘီလူးပန်းဆွဲကို ထားခြင်းမှာ ဥာဏ်စဉ် ၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့် သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း၊ (အထက် မြန်မာပြည်တွင် ဘီလူးကို ပါအောင်ထည့်ပြီး အောက်မြန်မာပြည် တွင်မူ ဘီလူး ထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း ဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ ထည့်လေ့ရှိသည်ကို သီးခြား မှတ်သား နိုင်ပါသည်။ ) သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင် အဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် မရခင် အခြေခံ ဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း
၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း
၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း
၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကို ထားခြင်းသည် တရားအားထုတ်နေသော ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် ရခါနီး ဥာဏ်စဉ် ၁၄ဆင့်မြောက် ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ ထိုအချိန်တွင် မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာ လုပ်မိနိုင်သေးကြောင်း၊ ထိုသို့လုပ်မိပါက အောက်သံသရာ အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း
၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿန နယ်ကို ပြဆိုပြီး ဥာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း
၉. ကြာလှန်သည် ထို ဥာဏ်စဉ် ၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန် ဖြစ်ပြီ ဖြစ်ပြီး အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက် မဂ်ဖိုလ်များကို ရရှိကာ အလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ ၀င်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း၁၀. သင်္ကေတ၀ါဒ အရ ကြာပန်းကို ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသော ကြာပန်းကဲ့သို့ လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင် ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်း တို့တွင် အဓိပ္ပာယ် ဆင်တူသော ဂုဏ်ရည်ချင်းကို ဥပမာ ခိုင်းနှိုင်း လိုသောကြောင့် ကြာပန်းကို သုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ ခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း၁၂. ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ နိဗ္ဗာန်သို့ မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ နားနေရာအချိန်အခိုက်အတန့်ကို ပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ ထို ဟင်္သာအမြီးပုံ ငှက်မြတ်နားတွင် ပတ္တမြားကို ထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကို မြုပ်နှံဌာပနာ ထားခြင်းသည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နား ဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူငါ တွေးထင်သလို ငှက်မြီးပုံကို ငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာ တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသော ဟင်္သာပုံ နက္ခတ်ကို ယူကာ သည်စေတီကို တည်ထားကိုးကွယ်သော မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊ ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ် သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း၊၁၃. စိန်ဖူးတော် သည် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့် သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ ပြန်လည် ပြုပြင် ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း(က) ကာဗွန်ဒြပ်စင် သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည် အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တ မဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာ တို့တွင် ထိပ်ဆုံးအဆင့် ဘုရားသည် ကိလေသာ လုံးဝစင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို ပြဆိုခြင်း၊(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပမာပေးထားခြင်းသည်နေရာတွင် ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ် ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသော မေးခွန်းရှိလာပါသည်။ ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင် ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင် သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနား ကြသော်လည်း နိဗ္ဗာန်သို့ ၀င်စံတော်မူကြသည့် အခါတွင်ကား တူညီသော တခုတည်းသော အသင်္ခတဓာတ်သို့သာ သက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း ထားခြင်းဖြစ်လေသည်။၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာ သတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ ဆောက်လုပ် တည်ထား ကိုးကွယ်သော စေတီဖြစ်ပြီး စေတီ တည်ရခြင်း အကြောင်း အနှစ်တရား များကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးတရားများ ခံစားကြ ရမည် ဖြစ်လေသည်။ သို့သော် အထက်ပါ အချက်များနဲ့ မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။ ထိုစေတီ များကို ဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့ စိတ်စေတနာ အလိုက်သာ အကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည် ထင်ပါသည်။ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန် တံခွန်တိုင်အကြောင်းကိုလည်း ရှာရှာဖွေဖွေ သိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချ ခဲ့ရန် သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့ လာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှ စတင် ကာ မာနချသည့်အနေဖြင့်ရော အရိုအသေ ပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊ မာနခံနေပါက တရားမရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများ ဖြစ်သောကြောင့် ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည် တရားရဖို့ ခဲယဉ်းကြောင်း၊ ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့် အနေဖြင့် တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း သိရလေသည်။ထိုမျှမကသေးပါ.. စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်သူ ဖြစ်ပါက ဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ဆရာတော်က ဆက်ဟောပါသည်။ ဖြစ်နိုင်လောက်ပါသည်။ ဒါကြောင့်လည်းဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက်လှူသူ၊ ဖူးသူ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက် ဟု လင်္ကာလေး ထားခဲ့ခြင်း ဖြစ်တန်ရာပါသည်။သည်လောက်တောင် စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ။ ထို အဟောင်းများရဲ့ အနှစ်များကို မသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ ငါက အသစ်ထွင်တယ် ဆိုသော စကားကို လက်ကိုင်ပြုပြီး အဟောင်းကို ဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ်ကို ရောခြင်းများကို ပညာမဲ့ပီပီ ပြုလုပ်နေကြသူ တချို့ကို တွေ့တိုင်း စိတ်မကောင်း ဖြစ်ရပါသည်။ သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလို ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့ အ၀ီစိကျမည့် သမိုင်းတရားခံများ ဟု သာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့ အနှစ်သာရ ကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကို ထွင်နိုင်ပါမှ တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျ လှသော အစုတ်ပလုတ်များနှင့် သည်လို လျှောက်လုပ်ရင် အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ် ဟု ဥပမာ ပြစရာများသာ ကျန်ခဲ့မည် ကိုလည်း သတိတရား ရလိုက်ပါသည်။ကျေနပ်သွားသော စိတ်ကို ပြန်လည် သတိထားရင်း တရားတော်ကို ဟောပြသော ဆရာတော်ကို လည်းကောင်း တရားဆုံးအောင် နာလိုက်ခွင့်ရသော မိမိရဲ့ ကုသိုလ်ကံကို ကျေးဇူးတင်လိုက်မိသည်။ ခုလို သူငယ်ချင်းများနဲ့ စာဖတ်သူ များကိုပါ ဝေငှခွင့်ရမှုကို ပိုလို့ပင် ကျေးဇူး တင်မိသည်။ ကျွန်မ အတွက် ကတော့ သည်နေ့ကစပြီး ဘုရားကို အနှစ်ပါပါ နှလုံးသားနှင့် ဖူးတတ်ပါပြီ ဟုသာ ပြောချင်ပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး စာဖတ်သူ များလည်း သိပြီးသား ဆိုလျှင်ဖြင့် အဖော်ရသည်မို့ ၀မ်းသာစွာ လက်ဆင့်ကမ်း ကြိုဆိုလိုက်ပါသည်။ မသိသေးသူများ ဘုရားကို နှလုံးသားဖြင့် အနှစ်ပါပါ အသိတရား အပြည့်ဖြင့် ဖူးမြော် နိုင်ကြအောင် သည်ဆောင်းပါးကို ရေးသား ဝေမျှရသော ကုသိုလ်ရဲ့ အဖို့ဘာဂ ကို စာဖတ် သူ ပရိသတ်ကို လည်း ကောင်း၊ သည်လို မြန်မာစာ၊ ယဉ်ကျေးမှု၊ သာသနာတို့ အဓွန့်ရှည် တည်တံ့ ကျန်ရစ်အောင် မြန်မာ့ ယဉ်ကျေးမှုတွေ ပပျောက် မသွားအောင် ထိန်းသိမ်းခွင့်ကို အသက် ပေးကာ လွတ်လပ်ရေး အတွက် တိုက်ယူ ပေးခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီး ၉ဦး အပါအ၀င် အာဇာနည်များ အားလုံးကို လည်းကောင်း၊ ၃၁ဘုံတွင် ကျင်လည်ကုန်သော ဝေနယျ သတ္တ၀ါများ အားလုံးကို လည်းကောင်း အမျှ ပေးဝေပါသည်။ အမျှရပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြု နိုင်ကြပါစေ။




( ရေးသားသူ=ခွန်မြလှိုင် ( http://www.ainmat.com/) ) မှ ကူးယူပါသည်။




Photo copy




Anada Pagoda photo from http://www.myanmars.net/

24 June 2008

အချစ် = သစ်ပင် ???????


အချစ်ဆိုတာ
သစ်ပင်တစ်ပင်နဲ.တူပါသလား?
အခြေအနေတစ်ခု အချိန်တစ်ခါတစ်ခုမှာ
ရှင်သန်နိုးထလာတတ်ပါသလား?
အခြေအနေတစ်ခု အချိန်တစ်ခါတစ်ခုမှာ
ဖူးပွင့်ဝေဆာတတ်ပါသလား?
အခြေအနေတစ်ခု အချိန်တစ်ခါတစ်ခုမှာ
ညှိုးနွမ်းခြောက်သွေ.တတ်ပါသလား?
အခြေအနေတစ်ခု အချိန်တစ်ခါတစ်ခုမှာ
ရွက်တွေ ကြွေသလိုကြေကွဲရပါသလား?
အခြေအနေတစ်ခု အချိန်တစ်ခါတစ်ခုမှာ
ရွက်နုတွေဝေသလို တက်ကြွတတ်ပါသလား?
အခြေအနေတစ်ခု အချိန်တစ်ခါတစ်ခုမှာ
အကိုင်းအခက်တွေချိုးဖဲ့ ခံရတတ်ပါသလား?
အခြေအနေတစ်ခု အချိန်တစ်ခါတစ်ခုမှာ
ပြန်လည်ရှင်သန်တတ်ပါသလား?
နှင်းဆီတွေလို ကိုင်းကူးလို.ရပါသလား?
ရွက်ကျပင်ပေါက်လိုရောဖြစ်တတ်ပါသလား?
ညောင်ပင်ကြီးလိုရော အရိပ်ပေးတတ်ပါသလား?
Bio မှာသင်ရတဲ့ သားစားပင်တွေလိုရော လုပ်တတ်ပါသလား?
???????????????

23 June 2008

ဂျုန်းဂျုန်းကျသို.မတော်တဆ

ခရီးသွားခြင်း ကျနော်အလွန်ကြိုက်တဲ့ အလေ့အထတစ်ခုပါပဲ။ မရောက်ဘူးတဲ့ဒေသတွေကို အလည်သွားရတာ ပင်ပန်းပင်မယ့် ပျော်ရွှင်စရာများနှင့် နောက်တခေါက်သွားဖို. ဘယ်တော့မှနောက်မတွန်.ခဲ့။ ခရီးတွေအမြောက်အမြားသွားခဲ့ ဘူးပေမယ့် အစီအစဉ်တကျ သွားခဲ့တာများပါတယ်။ အဲဒီအထဲကမှ ဒီဂျုန်းဂျုန်းကျ ခရီးက မစီစဉ်ပါပဲ မတော်တဆ ကမှောက်ကမှနိုင်လှစွာ ရောက်ရှိသွားခဲ့တာပါ။
ကျောင်းအပြီး နယ်အိမ်ကပြန်လာအပြီး အလုပ်ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ. ရန်ကုန်ကို ပြန်အလာမှာအိမ်ဘေးက အဒေါ်လိုခင်တဲ့အန်တီတို.မိသားစု ကျိုက်ထီးရိုးသွားမယ့် ခရီးစဉ်အကြောင်းကိုကြားရပါတယ်။ အလုပ်မရသေးခင် လိုက်ခဲ့ဖို.ခေါ်တာကို ဖိုးလိုက်ချင်ဖြစ်နေတဲ့ကိုယ်က ငြင်းမယ်ထင်လား။ ကားကညောင်တုန်းကကားနဲ.ပါ ကားပိုင်ရှင်ရယ် ညောင်တုန်းက ဧည့်သည်နှစ်ယောက်ရယ် ကားဆရာရဲ့တပည့်တစ်ယောက်ရယ် စက်ပြင်ဆရာ ကိုမိုးဇက် (သူက ခရစ်ယာန်ပါ) ပြီးတော့ ကျနော်တို.က ခြောက်ယောက်ပါ။ ကျိုက်ထီးရိုးက ညမှာရောက်ပင်မယ့် မနက်မှတက်ဖြစ်ပါတယ်။ တစ်ညအိပ်မယ်စီစဉ်ပင်မယ့် လည်စရာမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ. ပြန်ဆင်းလာရပါတယ်။ သူများနဲ.သွားရတာဆိုတော့ စိတ်သွားတိုင်းကိုယ်ဘယ်ပါနိုင်မှာလဲဗျာ။ ပြန်ဆိုလဲပြန်တာပေါ့။ ကင်ပွန်းစခန်းကပြန်ထွက််လာချိန်က ညနေစာစားပြီးချိန်ပါ။ ထူးဆန်းတာက ကားဆရာက ညနေစာကို ဥပုသ်စောင့်ပြီး ဘီယာသောက်လာတာ နှစ်အတော်ကြာပြီဆိုပဲ။ အတော်လည်းဟုတ်တဲ့ဘီယာဗျ။
ပြန်လာတဲ့လမ်းတစ်လျှောက်ပုံမှန်ပဲဗျ။ ဒါပေမယ့် ကျိုက်ထိုလမ်းခွဲကို လည်းဖြတ်ရော ကားဆရာရဲ့ညီမက ရုတ်တရက် ကျိုက်ခမီကို သွားချင်တယ်ဖြစ်သွားပါရော။ ကားကိုခဏရပ်ပြီး တိုင်ပင်ကြ ဆွေးနွေးကြပေါ့။ အစတည်းက သူများနောက်လိုက်ရပါတယ်ဆိုတော့ သူများဆုံးဖြတ်တဲ့အတိုင်းပေါ့။နောက်ဆုံးတော့ သွားချင်တဲ့လူကအနိုင်ရသွားတဲ့အနေနဲ.ကားကိုရောက်တဲ့နေရာကနေ နောက်ပြန်လှည့်လိုက်ကြပါတော့တယ်။ သွားချင်ပါတယ်ဆိုတဲ့လူက ခရီးကိုနီးနီးလေးနာရီပိုင်းနဲ.ရောက်မယ်ထင်ခဲ့တယ်ဆိုတာနောင်မှသိလိုက်ရတာပါပဲ။ ရက်တိုခရီးစဉ်အနေနဲ. စီစဉ်ခဲ့တာဆိုတော့ အခုလိုခရီးရှည်မယ်လို.မှမထင်ခဲ့တာ။ ပျော်ရွှင်စွာပဲ ဘုရင့်ညီဂူကို ဝင်လည်ပါသေးတယ် တောင်ပေါ်မှာပိုက်ဆံအိတ်ကျန်ခဲ့ပါသေးတယ်။ ရေပူရေအေးလားဘယ်နေမလဲဗျာ ချိုးခဲ့သေးတာပေါ့။ ဘားအံကိုဖြတ် ဇွဲကပင်ကိုငေးကြပါသေးတယ်။ ဝေးတယ်ဆိုပြီးမသွားကြတာ နို.မို.ဆို အဲဒီကို ရောက်အုံးမှာ။ သွားရင်လာရင်း မုဒုံနားအရောက်မှာတော့ တစ်လမ်းလုံးကောင်းလာတဲ့ကား စဖောက်ပါတော့တယ်။ ညနေမမှောင်ခင်လေးပါ။ ကားတစ်ကားရဲ့အကူအညီနဲ. မုဒုံက ဝပ်ရှော့ကို ရောက်လာရပါတယ်။ ကားလာပြင်တဲ့တစ်ခြားကားက အဖွဲ.အစည်းတစ်ခုရဲ့ကားပါ ကားပေါ်မှာ ဆေးလိပ်သောက်နေကြတာက ငယ်ရွယ်အုံးမယ်ထင်ပါတယ် လက်ထဲမှာလည်း လက်နက်နဲ.ပါ။နည်းနည်းတော့ ရှိန်တာပေါ့ဗျာ။ ကားပြင်အပြီး ညစာစားထွက်စားကြပါတယ်။ ညစာစားအပြီး ထမင်းဆိုင်က ကျနော်တို.ကို ညဘက်ခရီးမဆက်ဖို.တားပါတယ်။ နယ်မြေကြောင့်ရယ် မကြာသေးခင်က မှ အဲဒီလမ်းပေါ်မှာ နာမည်ကျော်မင်းသမီးကို ဓားပြတိုက်ထားတာတဲ့ဗျ။ အဲဒါနဲ. ကျနော်တို.တည်းဖို.လိုက်ရှာတော့ တည်းခိုခန်းမရှိဘူးတဲ့လေ။ မုဒုံကန်တော်ကြီးက ဘုရားဝင်းထဲမှာတည်းဖို. ကျောင်းကိုလျှောက်တော့ ဆရာတော်က ကျောင်းဝင်းပြင်နေတာမို. ဆရာတော်တို.ရဲ့စကြန်လျှောက်လမ်းမှာပဲတည်းခွင့်ပြုပါတယ်။ အမျိုးသမီးတွေကလည်းပါတာမို. ဟင်းလင်းပြင်မှာမဖြစ်ချေဘူးဆိုပြီး လျှောက်ရှာရပါတယ်။ ဆွမ်းခံရင်းငှက်သင့်တယ်ပဲပြောရမလား အဲဒီညက မုဒုံမှာ ဇာတ်ပွဲရှိလို. ဇာတ်ပွဲလာကြည့်တဲ့ကိုရင် နှစ်ပါးက သူတို.ကျောင်းမှတည်းလို.ရတယ်လို.ပြောပါတယ်။ မသွားတတ်တာမို. ကိုရင်နှစ်ပါးကို ပဲ လိုက်ပို.ခိုင်းရပါတယ်။ တောထဲကိုတော်တော်သွားရတယ်ဗျ။ ကိုယ်ဟာကိုဆိုကျောင်းကိုရောက်မယ်မထင်ပါဘူးဗျာ။ ကျောင်းရောက်တော့ ဆရာတော်က မီးစက်နိုးပြီး အဖူးခံပါတယ်။ ဆရာတော်ကိုလျှောက်ပြီး တစ်ညတည်းဖို.လျှောက်တော့ ဆရာတော်က ကြည်ဖြူစွာ ခွင့်ပြုပါတယ်။ တောကျောင်းဆိုပေမယ့် ရန်ကုန်က ကျောင်းတိုက်လောက်တော့အသာလေးပါ။ ကျွန်းပါကေးခင်း နဂါးရုပ်ကျွန်းသားထိုင်ခုံတွေနဲ. ခမ်းနားလှတဲ့ကျောင်းပါ။ အသေအချာစီစဉ်ပေးတာမို. ဗုဒ ္ဓဘာသာတွေရဲ့ ကူညီမှုက တခြားနိုင်ငံမှာရှာလို.တွေ.မယ်မထင်။ မနက်အိပ်ရာအထမှာတော့ မနက်စာစားဖို. ဟင်းချက်ကူတဲ့ အမေကြီးတွေက အတင်းလာခေါ်ကြပါတယ်။ ကောင်းမွန်လှတဲ့မနက်စာစားအပြီး လက်ရှိကျောင်းထိုင်ဆရာတော်ရယ် နာမည်ကျော်လှတဲ့ ဂျုန်းဂျုန်းကျဆရာတော်ဘုရားကိုဦးခိုက်ပြီး ခရီးဆက်ခဲ့ကြပါတယ်။ နောက်မှသိရတာက အရမ်းကိုလှတဲ့ ဂျုန်းဂျုန်းကျရေတံခွန်ကို မရောက်ဖြစ်ခဲ့တာပါ။ ရှိမှန်းလည်းမသိတာပါ။ နောက်တော့ ကျိုက်ခမီ စက်စဲကို ရောက်အောင်သွားဖြစ်ခဲ့ပါတယ်။ ငပလီကိုရောက်ဖူးတဲ့ကျနော့အတွက် စက်စဲကမ်းခြေက မဆွဲဆောင်နိုင်ဘူးဖြစ်နေပါတယ်။ အဲဒီနေ.မော်လမြိုင်ပြန်ရောက်တော့ ဖြတ်စရာတံတားက ပိတ်သွားပြီဖြစ်တာမို. မော်လမြိုင်မှာ တစ်ညထပ်အိပ်ရပြန်ပါတယ်။ ဘတ်ဂျက်ကအားလုံးကုန်နေပြီဖြစ်တာမို. ထမင်းစားဖို.ရယ် ဆီဝယ်ဖို.အတွက် ညောင်တုန်းက ဧည့်သည်တစ်ယောက်ရဲ့ ဆွဲကြိုးက မော်လမြိုင်မှာ နေရစ်ခဲ့ပါတော့တယ်။ ေနောက်နေ.ရန်ကုန်ကိုတောက်လျှောက်မောင်းပင်မယ့် အိမ်ကိုရောက်တော့ မနက်ငါးနာရီထိုးနေပါပြီ်။ ၂ ရက်လို.စခဲ့တဲ့ခရီးက တကယ်ကို ၅ ရက်လောက်ကြာခဲ့တာမို. ကျနော့ဘဝမှာ ကသောင်းကနင်းနိုင်လှတဲ့ ခရီးစဉ်အမှတ် ၂ ဖြစ်သွားပါတော့တယ်။ ပထမခရီးစဉ်ကတော့ အလောင်းတော်ကသပ ခရီးစဉ်ပါပဲ။ နောက်နေ. တနေ.လုံးအိပ်ပြီးနိုးလာတော့ အိမ်ကကျနော့ကို လတ်မှတ်လေးတစ်စောင်ထုတ်ပြပါတယ်။ နောက်နေ.ည ၁၀နာရီမှာထွက်မယ့် စိန်ဝင်းနဲ.ရောင်းရင်းများရဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ပါတဲ့။ ကျနော့ဆွေမျိုးများအလည်ရောက်နေတာမို.လိုက်ပို.ပေးဖို.ပါတဲ့ဗျာ။ ပင်ပန်းပါတယ်ဆိုပြီး ငြင်းခဲ့မယ်ထင်သလား………………………………………………

22 June 2008

မိုးနဲ.အတူ ကျတဲ့ ပီတိမျက်ရည်


ဒီနေ.မနက် ၅နာရီထဲက ထရပါတယ်။ လေတွေလည်းတအားတိုက်ပါတယ်။အဲလောက်မိုးရွာလိမ့််မယ်လို.လည်း ထင်မထားမိဘူးလေ။
အခန်းဖော်တစ်ယောက်ကိုနိုးပြီးတက်သုတ်ရိုက် လုပ်ကြရပါတယ်။ ဒီနေ. ကျေးဇူးတော်ရှင်ဖားအောက်တောရဆရာတော် ပြန်ကြွမယ့်နေ.ပါ။ အစ်မကြီးတွေရဲ့အကူအညီနဲ. သက်သက်လွတ်အာရုဏ်ဆွမ်းကပ်ဖို. ကျနော်စီစဉ်ထားတဲ့နေ.ပါ။ ကုသိုလ်ယူုဖို.သူငယ်ချင်းတွေကို ခေါ်ထားပင်မယ့် (အနည်းအကျဉ်းလောက်သာဖိတ်ခဲ့ပေမယ့်) ရှားရှားပါးပါးရုံးအားတဲ့ရက်မို. မလာနိုင်ပါဆိုတဲ့သူငယ်ချင်းတို.ကို မနက်စောစောထဖို.ကိုကိုယ်မတိုက်တွန်းရက်ခဲ့သလို မဖိတ်ဖြစ်တဲ့သူငယ်ချင်းတို.ကိုလဲ ဒီကနေပဲတောင်းပန်ပါတယ်ဗျာ။
ဒီအလှူကို စီစဉ်ပေးတဲ့အစ်မကြီးကပဲ ဆရာတော်ကြီး ဘုန်းပေးမယ့် ကြာဇံချက်ချက်ဖို.အကြံပြု လုပ်ဆောင်ပေးပါတယ်။ ကြာဇံချက်ကို ဘုန်းကြီးရဲ့ကျောင်း ကို သယ်ပေးဖို.သာ ကျနော်တာဝန်ယူပေးရပါတယ်။ (တကယ်ကို သယ်ပေးရုံလေးပါ) အိပ်ရေးပျက်ခံ ပင်ပန်းခံပြီး ကုသိုလ်ယူ ချက်ပြုတ်ပေးတဲ့ ကျနော့အစ်မကြီးများကို တစ်ကယ်ကို ကျေးဇူးတင်ဂုဏ်ပြုပါတယ်။ ကြာဇံချက်သယ်မယ့်နေရာရောက်တော့ မိုးက သည်းသည်းမည်းမည်းကိုရွာနေပါပြီ။ အိုးတွေတစ်ဖက် ထီးကတစ်ဖက်နဲ. Taxi ကို အပြေးအလွှားငှားရပါတော့တယ်။
နေရာရောက်တော့ ကြို တဲ့လူတွေကလည်း ကြာဇံချက်ကိုစောင့်နေတာဆိုတော့ သယ်လာရတဲ့လူတွေပီတီဖြစ်ရပါတယ်။ ဆရာတော်ကြွလာလို. အသီးသီးကပ်ဖွယ်ကပ်ရာတွေကို သူ.ထက်ငှာ ကပ်ကြရပါတယ်။ ကျနော် ပီတိဖြစ်ရတဲ့အချိန်ကတော့ ကျနော့ ဒါန ကြာဇံချက်ဆွမ်းကို ဆရာတော်ကပထမ ဦးဆုံးကုန်သည်အထိ ဘုန်းပေးတဲ့အချိန်ပါပ။ဲ ဖားအောက်ကို ဖြတ်သွားဘူးပင်မယ့် မရောက်ဘူးတာရယ် (ဂျုန်းဂျုန်းကျ ကျောင်းမှာတော့ တစ်ညအိပ်ခဲ့ဘူးပါတယ်) ဆရာတော် မြိန်ယှက်စွာဘုန်းပေးနေတာရယ်ကြည့်ကြည်ညိုရင်းမိဘနှစ်ပါးကို စိတ်ထဲက သတိရမိပါတယ်။ မိဘနှစ်ပါးနဲ.အတူ ကုံလုံကျောင်းမှာ အာရုဏ်ဆွမ်းကပ်ခဲ့တာကိုလည်းတွေးရင်း ပါးနှစ်ဖက်စိုလာတာကို သတိထားမိပါတယ်။ ကျနော်ငိုနေမိပါလား အလှူက ရတဲ့ပီတိရယ် မိဘနှစ်ပါးကို အနားမှာရှိချင်စိတ်ရယ် လှိုက်တက်လာတဲ့ကျနော့ခံစားမှုဟာမျက်ရည်အဖြစ်နဲ.အပြင်ကမိုးတွေနဲ.အပြိုင်ရွာနေမိပါတယ်။ ကံကောင်းတာက ကျနော်ရှေ.ဆုံးမှာထိုင်နေမိတာဆိုတော့ ကျနော့မျက်ရည်တွေကို ဘယ်သူမှ သတိထားမိမယ်မထင်ပါဘူး။ ဆရာတော်ဘုန်းပေးပြီးတော့လည်းဆရာတော်ရဲ့သပိတ်ကို ဆေးချင်လို.အပြေးအလွှားလိုက်ရပါတယ်။ ရေနွေးနဲ.ဆေးပေးတဲ့အခွင့်အရေးကုသိုလ်ကို ကျနော်ရလိုက်ပါတယ်။ ကျနော့ရဲ့ ရှိရှိသမျှသောမိတ်ဆွေအပေါင်းအသင်း တွေကို ကျနော်ဒီနေ. ရသမျှ ကုသိုလ်တွေ မျှဝေပေးလိုက်ပါတယ်။ အားလုံးကျနော်နဲ.အတူ တပ်တူထပ်မျှ အပြည့်အဝရကြပါစေဗျာ…………….

20 June 2008

ကျနော့လိုမဖြစ်ကြစေလိုပါ

ဒီခေတ်ကြီးကိုက ပညာခေတ်ကိုးဗျ။ နေရာတိုင်းမှာ အသိပညာ အတတ်ပညာ တွေ အပြိုင်အရိုင်းတိုးတက်နေကြလို.ပါ။ တောကလာတဲ့ ကိုယ်လို လူတစ်ယောက်အတွက်ကော နောက်ထပ်လာမယ့်လူတွေအတွက်ကော စိတ်မအေးဖြစ်ရပါတယ်။နဂိုကမှ အသိပညာ အတတ်ပညာချို.တဲ့ရတဲ့ ကြားထဲ ဆက်သွယ်ရေးလမ်းပန်းကလည်းမကောင်းပြန်ဆိုတော့ လူဖြစ်ရှုံးတယ်ပဲပြောရမှာပေါ့ဗျာ..
ကျနော်အခုရောက်နေတဲ့နေရာအထိ နောက်ပြန်ကြည့်မိတာလေးပါ။ ဆိုလိုတာက ရွာကကျနော်နဲ. အခု ကျနော်ကို ယှဉ်ကြည့်မိတယ်ပဲ ပြောကြပါစို.။ ကျနော်တို.တောမှာက ဖုန်းဆိုတာရှားမှရှား အခုပြောနေတဲ့ mobileဆိုတာ မြင်ဖူးဖို.ဝေးစွခြောက်ဖြာ။ ဖုံးဆက်ချင်ရင်အစိမ်းကိုနှိပ် ဖုံးပိတ်ချင်ရင်အနီကိုနှိပ်ဆိုပြီး မှတ်ထားလိုက်တယ်အေးရော။ message ပို.ခိုင်းမယ်လား ဘာလုပ်လို.ဘာကိုင်ရမှန်းကိုမသိတာ။ ရိုးချက်တော့ လို.ပြောကြအုံးမလား။ ရုပ်မြင်သံကြားဆိုတာ တစ်ရပ်ကွက်မှတစ်လုံးထားပေးထားလို.သာ တိုးဝှေ.ကြည့်ရပါတယ်။ကိုယ်ပိုင်ဝယ်ဖို. ဘယ်စိတ်ကူးရဲမှာလဲဗျာ။ ကွန်ပြူတာဆိုတာကရော ကျောင်းကအလှူခံလို.သာထည့်လိုက်ရတယ် မှန်ပေါင်းချောင်ထဲက ရွှေငါးလေးလို အလှကြည့်ယုံသက်သက်ပါ။ အဲဒီတော့ဗျာ ကွန်ပြူတာ တစ်လုံးရဲ့ပါဝင်တဲ့အစိတ်အပိုင်းတွေအသုံးချပုံတွေ ကိုမလေ့လာခင် power ခလုတ်ကဘယ်နားမှာ keyboard ပေါ်ကခလုတ်တွေကို သိဖို.အရင်ကြိုးစားနေရတာကအရင်ဆိုတော့ တွေးသာကြည့်ကြပါတော့ဗျာ။ဒီလိုတရွတ်တိုက်လိုက်နေရတဲ့ လူတစ်ယောက်ကို software တွေနဲ. နပန်းလုံးခိုင်းရင်တရားပါ့မလားဗျာ။ တရုတ်ကားထဲကလို မည်သို.လုပ်လိုက်သည်မသိက ခပ်များများရယ်ပါ။ နောက်ပြီးတော့ အားလုံးကိုချိတ်ဆက်ထားတဲ့ နပ်ဝပ်ဆိုလားပါဆိုလားဗျာ သူတို.ပြောတာက ဘယ် Drive ထဲမှာ ဘာရှိတယ်ယူလိုက်ပါတဲ့ ကိုယ်ကတော့ အဲဒီ Drive ဆိုတာကြီး ကိုဘယ်လို ရှာရမလဲ ပေါ့ ခေါင်းကိုကုတ်နေရုံနဲ.ထွက်မလာဘူးဆိုတာသိပါတယ် ဒါပေမယ့်ကုတ်နေမိတာပါပဲ။ ဒါတင်ပဲလားဆိုတော့ ရွာမှတစ်လုံးမှမရှိဘူးတဲ့ copier, scanner, printer, fax 4 in 1 ဆိုတာပါပဲ ဘယ်လိုနှိပ်ရမလဲ စက်ကိုလှည့်ပတ်ကြည့်နေတုန်း သူများတွေက screen လေးကိုပဲနှိပ်နှိပ်သွားကြတယ်ဗျ။ ထူးဆန်းပ။ Email ပို.ပို.ဆိုတော့ လည်း address ရိုက်ဖို. Attachment တွဲဖို.ဆိုတာ ပုစ္ဆာ ခက်ခက်ကြီးတွေပါဗျာ။ BCC နဲ.ပို.ဆိုတော့လည်း ကျီးကြည့်ကြောင်ကြည့် ကြည့်နေမိပြန်ရော ရွာမှာ Internet ဆိုတာမကြားဖူးပါ။ ဒီအကြောင်းအရာတွေက အစိမ်းဆိုမှ အစိမ်း။ တစ်ခြား Digital အသုံးအဆောင်တွေက လည်းလွတ်များတာကိုး။ လုပ်ငန်းသဘောကိုလည်းလေ့လာရ မိခင်ဘာသာမဟုတ်တဲ့ ဘာသာ ကို ပုံစုံအမျိုးမျိုး အသံထွက်အမျိုးမျိုးနဲ. ပြောနေကြတာကို နားရေလည်အောင်လုပ်ရ နဲ. ဗေဒါလေးကျနော့ဘ၀က ဘဲအုပ်တစ်ရာနှစ်ရာကြားထဲမှာပါ။
အဲဒီလိုကြုံရတိုင်း Theroey ကိုသာလေ့လာခဲ့ရပြီး (Theroey ကလည်း generalပါ) လက်တွေ.နည်းခဲ့ ရတဲ့ ကျနော့ဘ၀ နောက်ကျကျန်ခဲ့တဲ့ အသိပညာ အတတ်ပညာ (အခုထိလည်းနောက်ကျဆဲ) ဆင်းရဲပါတယ်ဆိုတဲ့ ကျနော့ ရွာကလူတွေနောက်ထပ်များလာကြမယ်ဆိုရင် ကျနော့လို.မခံစားစေချင်လို.ပါဗျာ………..

ဒီစာလေးကို Siemensရဲ့ Training သင်တန်းချိန်မှာ ခံစားရေးခဲ့တာပါ
၁၆. ၀၆. ၂၀၀၈

19 June 2008

ကောင်းကင်စစ်ပွဲ

မည်းနက်နေတဲ့ ပန်းချီကားတစ်ချပ်ပေါ်မှာ
စုတ်ချက်က တစ်ခါတစ်ခါ
ဝါတစ်လီ ညိုတစ်လှည့်
ဖြတ်ဖြတ်ခါ လင်းစေခဲ့
အသံဝါ ဒီတစ်ခါမကြား
ဝင်းဝင်းဝါ မြင်ကွင်းပေမို.
ထင်လင်းကာ ပိုမိုစွဲစေခဲ့
ကောင်းကင်စစ်ပွဲ.......

18 June 2008

ကြင်သူ

ကြင်သူမြင်လှည့်
ကျန်ခဲ့ရင်ခွင်
လွမ်းထင်လို.
ကမ်းမမြင်....

ကြင်သူမြင်လှည့်
ကျန်ခဲ့မြေပြင်
ခြောက်ခမ်းလို.
နွမ်းကြေချင်.....

ကြင်သူမြင်လှည့်
ကျန်ခဲ့ရေပြင်
ငိုခဲ့လို.
ကန်ပြည့်တယ်ပင်...

ကြင်သူမြင်လှည့်
ကျန်ခဲ့လေအလျဉ်
ပူနွေးလို.
ငြိမ်သက်တယ်ထင်....

ကြင်သူမြင်လှည့်
ကျန်ခဲ့ကောင်းကင်
အုံ.မှိုင်းလို.
ပြိုမယ့်ဟန်ပြင်.......

ကြင်သူပျော်လို.
မခေါ်ခဲ့လည်း
ကြင်သူချန်ခဲ့
လွမ်းမြေထက်မှာ
လွမ်းပင်ပျိုးလို.
လွမ်းနေမှာအစဉ်........

16 June 2008

ပွဲ

ပွဲတဲ့ဗျာ...
ပွဲဖြစ်သွားရင်
အမြတ်ရတာကသူဌေး
ရောင်းလိုက်ရတာကထုတ်လုပ်သူ
သုံးရတာက customer
ကြားထဲက အမြှုပ်ထွက်မတတ်
ပြောရောင်းရတာကအရောင်းသမား
customer ကလည်းKing
ှsupplier ကလည်းရှင်ဘုရင်
ရောင်းချင်တဲ့လူကလည်း သူဌေး
ပွဲပြီးလို. အသီးသီး
ကိုယ်ပိုင်ရာဆိုင်ရာ ဆွဲပြီးပြန်သွားလိုက်တာ
ကျန်နေတဲ့အမှိုက်ရှုပ်
ထုတ်သိမ်းရမှာက
အရောင်းသမား
ပွဲတဲ့များဗျာ...........

15 June 2008

ကျနော် ရထား ဘုရားပွဲ


ပထမဆုံးအဖလေိုကျပို.တဲ့ ဘုရားပှဲပါ။ မကွေးမြသလွန်ဘုရားပွဲပေါ. သူ.အရပ်မှာတော့ စည်ကားတာပေါ့ဗျာ။ ဝန်ထမ်းမိသားစုဘဝမှာ ခရီးတစ်ခုထွက်ဖို.ဆိုတာ ခက်ခဲလွန်းလို. ပိုက်ဆံကိုတွက်မနက်ဖြန်အတွက်ချန် သားသမီး ပညာရေးကလည်းရှိပြန်ဆိုတော့ ဘယ်လောက်အနေကျပ်လိုက်မလဲဗျာ။ အဲဒီကြားကမှ လိုက်ပို.တဲ့ပွဲပါ။တစ်ပွဲဆိုတစ်ပွဲ မှတ်လောက်သားလောက်ပါပေတယ်။
လူတွေကလည်းများ စျေးဆိုင်တန်းတွေကလည်း မြစ်ကမ်းပါးတစ်လျှောက်ဘုရားမရောက်ခင်အထိ တစ်မျှော်တစ်ခေါ် တောသားလေးတစ်ယောက်တော့ အဖေနဲ.အမေလက်ကိုကျစ်ကျစ်ပါအောင်ဆွဲ (လူကလည်းကြောက်၊ ကွဲသွားမှာလည်းစိုး) ဘေးဘီကိုလည်းမလပ်ရအောင်ငေးပြီးလိုက်လာတာပေါ့။
တစ်နေရာ ဆိုင်တမ်းလေးမှာ ပါ သံလမ်းအမဲရောင်လေးမှာ ရထားလေးတစ်စင်းသွားနေတဲ့မြင်ကွင်းက ကျနော့ခြေလှမ်းတွေကို ရုပ်သိမ်းလိုက်ပါတယ်။ တကယ်တော့ အဲဒီအချိန်ထိ ရထားဆိုတာဘာမှန်းမသိ စီးဖူးဖို.ဆို ဝေလာဝေး။ ခေါင်းတွဲလေးနောက်မှာ တန်းစီပြီးတော့ လိုက်နေကြတယ်ဗျ။ မြောင်းဖော်ထားတဲ့ လမ်းလေး ဘဲဥပုံလမ်းလေးပါ ကနေ ပြုတ်မကျအောင်မောင်းနေလိုက်တာ စိတ်ဝင်စားစရာကောင်းပါဘိတော့။ ခေါင်းတွဲလေးရဲ့ခြေထောက်နားမှာလည်း သံချောင်းလေးနှစ်ချောင်းကရှေ.တိုးနောက်ငင်လုပ်နေတာ ကြည့်လို.မဝနိုင်စရာ။ စားပွဲကိုကိုင်ပြီးငေးနေလိုက်တာ ခေါ်လို.ကိုမရတော့ဘူး။ ဝယ်မပေးရင်မရဘူးဆိုပြီးခုံကိုင်ပြီးငိုတာဗျ။ စျေးသည်အကွက်ပဲ အဖေအမေမျက်ဖြူဆိုက်တော့ စျေးသည်စိတ်ကြိုက်ပဲပေါ့။ ခေါ်တဲ့စျေးပေးရင်ပေး မပေးရင်မရောင်းဘူးတဲ့။ ဆိုးလိုက်တဲ့ကလေးကလည်း ဒါဆိုမှဒါ ခုဆိုမှခု (ခုချိန်ထိအဲဒီအတိုင်း)။ နောက်ဆုံးရှက်ရှာတယ်ထင်ပါတယ် မိဘနှစ်ပါးမှာ နောင်ခါလာနောင်ခါစျေး ရှေ.ရေးနောက်ရေးမေ့ ထားပြီး ဖြစ်နေတဲ့ ပြသနာမြန်မြန်ပြီးအောင်ဝယ်ပေးလိုက်ရတာပေါ့ဗျာ။
အခုချိန်ထိ ပျက်စီးနေလောက်ပြီဖြစ်ပေမယ့် သိမ်းထားဆဲရထားလေးက အဖေနဲ.အမေရဲ့လိုအပ်ချက်တွေကို သားတစ်ယောက်အနေနဲ. ပြန်လည်ပေးဆပ်နိုင်ပြီလားလို.မေးလာခဲ့ရင် ရထားလေးရေ ခုံကိုင်ပြီးပြန်ငိုပြ မှာနော် မမေးနဲ.

မနက်ဖြန်

ယနေ.ပြီးရင်
မနက်ဖြန်
မလွဲဧကန်
ရောက်မည်အမှန်
ဒါပေမယ့်
ဘာတွေဖြစ်လာအုန်းမလဲ
ဘာတွေကြုံရအုန်းမလဲ
ဘာတွေရင်ဆိုင်ရမလဲ
လောကကြီးရဲ့ လှိျု.၀ှက်ချက်တွေကများလွန်းလို...........

အိပ်ရာဝင် ပုံပြင်များအကြောင်း


အမေ့အကြောင်းကိုတစေ့တစောင်းဖော်ပြပြီးတဲ့ နောက်မှာ အဖေအကြောင်းလည်းဖော်ပြဖို.လိုအပ်မယ်ထင်ပါတယ်။ ခလေးဘဝထဲမှာ နူးညံ့တဲ့ အသိဉာဏ်ထဲကို လိုရာပုံသွင်းဖို. ကြိုးစားခဲ့တဲ့ အဖေပါ။ အလုပ်တစ်ဖက်နဲ.စာတွေဘယ်အချိန်ဖတ်လဲမသိပင်မယ့် အဖေ့ရဲ့ပုံပြင်တွေက တညနဲ.တညမထပ်ခဲ့ပါဘူး။ ကိုယ်တိုင်အလုပ်ထဲဝင်ရမှ အလုပ်ရဲ့ပင်ပန်းဆင်းရဲမှုတွေ၊ လူတွေရဲ့အမျိုးမျိုးသော စိတ်ဒုက္ခပေးမှုတွေ ကြားမှာ နှစ်ရှည်လများ လုပ်ကိုင်နိုင်တဲ့ အဖေ့ရဲ့ရပ်တည်မှုကို အံ့သြဘနန်းဖြစ်ရသလို အဲဒီကြားထဲမှာ ကလေးတစ်ယောက်ကို စိတ်ရှည်လက်ရှည်ပုံပြောပြတတ်တဲ့ အဖေ့ကို လေးစားကြည်ညိုမဆုံးဖြစ်ရပါတယ်။
အမေ့ရဲ့ တစ်ပုဒ်ထဲသောပုံပြင်က လောဘမရှိတဲ့သူရယ်၊ ဒေါသမရှိတဲ့သူရယ်၊ မောဟမရှိတဲ့သူရယ်ဆိုတာပါပဲ။ အခုချိန်ထိလည်း သူအပိုင်ဆုံး ပုံပြင်တစ်ပုဒ်အဖြစ်ရပ်တည်ဆဲပေါ့။
ကျနော့အဖေကတော့ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တွေ၊ ဘုရားအလောင်းပုံတွေ၊ နိုင်ငံတကာပုံပြင်တွေ တိုင်းရင်းသားရိုးရာပုံပြင်တွေနဲ. ပျင်းသွားရတယ်ဆိုတာ မရှိစေရပါဘူး။ ပုံပြင်တွေနဲ. ကြီးပြင်းခဲ့ရတဲ့ ကျနော့အတွက် စာပေကိုချစ်မြတ်နိုးတတ်တယ်ဆိုတာ ဆန်းမယ်မထင်ပါဘူး။ မှတ်သားနာယူထိုက်တာကို
နာယူဖို. အတုယူသင့်တာကို အတုယူဖို. စံထားဖို.စတာတွေကတော့ အဖေ့ရဲ့ အဆုံးသတ်နိဂုံးချုပ်များပါပဲ။ အဖေအိမ်မှာကပ်ထားတဲ့ဆောင်ပုဒ်ကလည်း “စိတ်ထားကောင်းဖို.ပထမ” တဲ့။
ဖျားနာနေတိုင်းမှာ ကျနော့ကိုချွေးသုတ်ဖို. အဖျားတိုင်းဖို.ဘယ်တော့မှတာဝန်မပျက်ခဲ့။ ညတိုင်း အမြဲအအိပ်ကြီးတဲ့ အမေနဲ.ကျနော့ကို တံခါးပိတ်ပေးဖို. စောင်ခြုံပေးဖို.လည်းမလစ်လပ်ခဲ့။
လူတကာကိုကူညီတတ်တာတွေ စကားနဲတာတွေ အလုပ်အကိုင်တိကျတာ စေ့စပ်တာ အဖေ့မှာ အလုပ်နဲ.ပတ်သတ်လို. နေ.စဉ်မှတ်တမ်းလေးထားရှိတာတွေ လောဘနည်းတာတွွေ စည်းကမ်းကြီးတာတွေ အမေ့ကိုစိတ်ရှည်တာတွေ က တော့ ကျနော်ဘယ်တော့မှ လိုက်မမှီတဲ့ အရာတွေပါ။
တောကနေမြို.ကိုကျောင်းသွားတက်မယ်ဆိုတော့ အဖေပြောလိုက်တဲ့စကားလေးက “ငါ့သားတဲ့ လိုတာကိုမှာပါတဲ့ ဒါပေမယ့်အသုံးကိုအဖြုန်းမဖြစ်စေနဲ.တဲ့” အဲလိုမျိုးထိထိရောက်ရောက်ကိုပြောလိုက်တာ။ တကယ်ကို ကျနော်ပိုက်ဆံမှာတိုင်း မညီးမညူ ပို.ပေးခဲ့ပါတယ်။
ကျောင်းပြီးတော့လည်းကျနော့ပုခုံးကိုဖတ်ပြီး “ငါ့သားကြီးအောင်မြင်ပါစေကွာတဲ့” အဲဒီစကားတစ်ခွန်းထဲနဲ.တင် ခွန်အားတွေအများကြီးဖြစ်စေခဲ့ပါတယ်။
ရပ်ဝေမြေခြားရောက်ပြန်တော့ အဖေဘာမှာမလဲဆိုတော့ “ကျန်းမာရေးဂရုစိုက်ပါကွာတဲ့” ။ ကဲ ကျနော့အဖေကအဲလိုဗျ ဒီနေ.တော့ အဖေများနေ.ပီပီ အဖေ့ကိုသတိတရနဲ. တခွန်းလောက်ပြောချင်တာက “ အဖေကျနော့ကို အရင်တုန်းကလိုပုံပြင်ပြောပြ……”လို.ပါ………………..

အဖေနေကောင်းဖို. စိတ်ချမ်းသာဖို. အဖေနေချင်တဲ့အေးချမ်းတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ဖို. ဆုတောင်းပေးပါတယ်အဖေ…….

11 June 2008

အတောင်ပံတွေအကြောင်း

ငါအပျံသင်ခါစကပေါ့
လေဟုန်စီးပြီး
စိတ်ကြီးဝင်ခဲ့ရတယ်
အားလုံးထက်အမြင့်
မိုးကောင်ကင်ရဲ့အောက်မှာ
ငါ့ရဲ့မာနခြေရာတွေအပြည့်
ထီမထင်နဲ.စိတ်နဲ.
လေဆန်ကိုပျံခဲ့ဘူးတယ်
မရောက်နိုင်လို.
နောက်ပြန်လှည့်ရတယ်ဆိုတာ
ငါ့ရာဇ၀င်မှာမရှိစေရဘူး
အားလုံးနဲ.ယှဉ်ပြိုင်
အနိုင်ယူဖို.လည်း
နောက်မတွန်.ဘူး
ဒါပေမယ့်
အပြင်းအထန်ပျံသန်းခဲ့ရတဲ့
အတောင်နှစ်ဖက်ညောင်းနေမှာကိုလဲ
ငါဂရုမစိုက်ခဲ့မိဘူး........

လသာဆောင်သို.တမ်းမက်သော

မနေ.ညက ဗြုန်းကနဲမိုးတွေရွာချ ရာကနေ ကျနော့ရဲ့ လသာဆောင်ရောဂါပြန်ထလာပါတော့တယ်။မိုးတွေရွာနေတာကို ပြတင်းပေါက်ကကြည့်ရင်း တကယ်ကို စိတ်ထဲက အပြင်းအထန်လိုချင်မိပါတော့တယ်။လသာဆောင်ရောဂါဆိုတာ…..
နွေဆိုရင် စာမေးပွဲတွေ ဖြေအပြီးပေါ့ ကျနော်တို.ဆွေမျိုးတွေ အဖိုးအဖွားရှိရာဇာတိမြို.ကိုပြန်ကြပါတယ်။ အနယ်နယ်အရပ်ရပ်က မိသားစုတွေပြန်လည်ဆုံတွေ.ကြမြဲ။ နှစ်ထပ်ရှိတဲ့အိမ်ကြီးမှာ ကျနော်တို.သားအမိနှစ်ယောက် အမြဲနေရာယူတတ်ကြတာက အပေါ်ထပ်က လသာဆောင်ပဲပေါ့။ ပူအိုက်တဲ့ရာသီဥတုမှာ သွပ်မိုးလသာဆောင်လေးက အသင့်တော်ဆုံးပါ။ အောက်ကသစ်တွေကိုလည်းအပြည့်မခင်းထားတော့ လေ၀င်လေထွက် အတွက်ပြောစရာမလိုတော့။ နောက်တစ်ခုက အောက်ကထမင်းစားခန်းနဲ. ကပ်လျက် သရက်ပင်ကြီး ဆီက ပန်းနံ. ၀ါဆိုသရက်ဖြစ်တာမို. အဲဒီအချိန်ဆို အပွင့်တချို.အသီးတချို.မြင်နေရပြီလေ။
တဖြုတ်ဖြုတ်ရောက်လာတဲ့ ဆွေမျိုးတွေရဲ့ တနှစ်တာမိမိမြို.ရွာက အဖြစ်အပျက်များ၊ လာတဲ့ လမ်းမှာ ကြုံရတဲ့ အဖြစ်အပျက်တွေ ကို မမောနိုင်မပမ်းနိုင် တစ်ယောက်အနားတစ်ယောက်အကြားနဲ. ပြောကြမြဲ မနက်၁နာရီ ၂နာရီရောက်သည်အထိကို ရီကြ မောကြမို. အိမ်နီး နားချင်းတွေပါ တရေးနိုး ပါဝင် ဆင်နွှဲနေကြ။အဲဒီက စကြိုက်သွားတယ်ထင်တယ်…
ကျနော်ဆုံးဖြတ်မိတာက ငါနေမယ့်အိမ်မှာလသာဆောင်ရှိကိုရှိရမယ်ပေါ့။ အဲဒီနေရာမှာကျနော် အိပ်ချင်လည်းအိပ်မယ်၊ ဂစ်တာတီးပြီး သီချင်းဆိုချင်လည်းဆိုမယ် (တကယ်က လုံးဝမတီးတတ်ပါ) လသာဆောင်မှာ အပေါက်လေးတွေရှိရင် ခြေထောက်နှစ်ချောင်းတွဲလောင်းချပြီးတွေးပစ်လိုက်မယ်ပေါ့..
ဒါပေမယ့်ဗျာ အဖိုးအဖွားအိမ်ကလွဲပြီး နောက်ပိုင်းနေရသမျှအိမ်တွေအားလုံး လသာဆောင်ဆိုတာ မပါဘူးဗျာ။ ကျနော်လသာဆောင်လိုချင်တယ် လသာဆောင်ပါတဲ့အိမ်လေး မှာနေပါရစေ……

10 June 2008

ဘေးရန်ကင်းဖို. ခါးပတ် ပတ်ကြစို.

Forward mail ကနေရတာပါ ပြုံးပျော်ရင်း အသိပညာရမယ်ထင်ပါတယ်........

သက်တန်.

အားလုံးစိုပြေသာယာတဲ့အချိန်မှာ
မင်းကိုမြင်လိုက်ရတယ်
မင်းသိပ်လှတယ်
အရောင်အသွေးနဲ.
မြင်သူတိုင်းငေးသွားရတယ်
တောင်တွေကိုလည်းမင်းကျော်နိုင်တယ်
ဝေးကွာတဲ့မြေပြင်နှစ်ခုကိုလည်းမင်းထိစပ်ပေးနိုင်တယ်
အမြင့်မှာရှိနေသလို အနိမ့်မှာလဲ မင်းရှိပြန်တယ်
ဒါပေမယ့်လည်း
အချိန်တန်ရင်တော့ မင်းပျောက်ကွယ်ရအုန်းမယ်.........

နှုတ်ခမ်းတစ်စုံ

တမ်းတမိသလား
ယောင်ယမ်းခေါ်မိခဲ့သလား
သိပ်လှတယ်တဲ့လား
ချစ်စရာကောင်းတဲ့ စကားချိုတွေ စီးဆင်စေခဲ့သလား
နှုတ်ခမ်းတစ်စုံရယ်.......

ထိခိုက်နာကျင်စေခဲ့သလား
ထိုးနှက်တိုက်ခိုက်တတ်သတဲ့လား
ပေါ့ပေါ့ပါးပါးပြောတတ်တယ်တဲ့လား
ခါးသက်တဲ့စကားတွေပြောထွက်ရက်တယ်လား
နှုတ်ခမ်းတစ်စုံရယ်.........

ဒီမြေပေါ်မှာ
မင်းကိုပိုင်ဆိုင်တဲ့လူအဖြစ် ရပ်တည်ရတာ
ငါရှက်တယ်........

09 June 2008

နားလည်မှု

သုံးလုံးထဲ နဲ.တော်တော်တာသွားတယ်ဗျာ။ နားလည်မှုဆိုတာဘာလဲကြိုးစားရင်းနားမလည်နိုင်အောင်ကို ဖြစ်ရပါတယ်။ ဘာလဲနားလည်မှုဆိုတာ………

မိဘနဲ.သားသမီးကြား မိဘဖြစ်စေချင်တာနဲ. သားသမီးဖြစ်ချင်တာ၊ အသက်အရွယ်အရရော ခေတ်ကာလမတူညီမှုအရရော နားလည်မှုရဖို.ခက်ခဲ၊
ဆရာနဲ. တပည့်တွေ ဖြစ်စေချင်တဲ့ စေတနာ မဖြစ်ဖြစ်အောင်ကြိုးစားနေရတဲ့ ဘ၀တွေ ထပ်တူကျမယ်ထင်သလား
သမီးရီးစားများကြား ဂရုစိုက်ခံချင်တာရယ် မနာလိုဝန်တိုတာရယ် လွတ်လပ်မှုကိုနှစ်သက်တာရယ်တကယ်ကိုအခက်အခဲတွေ
အိမ်ထောင်ဖက်များကြား အမျိုးသားတွေရဲ့ ၀ါသနာ စိတ်ဓာတ် အမျိုးသမီးတွေရဲ့ အမူအကျင့် အပြောအဆို နားလည်ဖို.လွယ်မယ်ထင်သလား
အလုပ်ရှင်နဲ.အလုပ်သမားကြား အမြတ်အစွန်းနဲ.တိုင်းတာသူနဲ. အလုပ်ပြီးမြောက်အောင်လုပ်ကိုင်နေသူများဆုံနိုင်မယ်တဲ့လား
လုပ်ဖော်ကိုင်ဖက်များကြား တာဝန်ယူမှု အပြိုင်အဆိုင် ယှဉ်ပြိုင်မှုများသာ
သူငယ်ချင်းတွေကြား ကိုယ်လိုချင်တာပဲသိတာနဲ. (ကျနော်လိုလူမျိုးပါ) အနစ်နာခံမှု ထာဝရ တွဲနေမှာလား
အခန်းဖော်တွေကြား အေးအေးချမ်းချမ်းနေချင်တာနဲ. မသိတတ်တာ မြဲနေမှာတဲ့လား
လား
လား
?
?
?
ကျနော်စဉ်းစားမိတယ်ဗျာ ကျနော်တို.တွေရဲ့ ကြားမှာ အဲဒီစကားလုံးက ပြတိုက်တခုကတန်ဖိုးကြီးအရာလိုပဲ။ မြင်ပဲမြင်နေရတယ် တကယ်မသုံးရ မထိရ မကိုင်ရ။

03 June 2008

ကောင်းကင်.........

တစ်ချက်လောက်ဖြစ်ဖြစ်မော့ကြည့်လိုက်ပါ။ ကောင်းကင်တစ်ခုအသေအချာတွေ.ရမှာပါ။ ဒါပေမယ့် ကောင်းကင်ခြင်းတူချင်မှတူပါလိမ့်မယ်။ အောက်အရပ်နဲ. ရှမ်းပြည်က ကောင်းကင် တူတူပင်မယ့် အဆင်ကွဲနေပါတယ်။ ကောင်းကင်ကြီးဘာကြောင့်ပြာဆိုတာတော့ သိမယ်ထင်ပါတယ်။ ပတ်ဝန်းကျင်ရာသီဥတု ကို လိုက်ပြီး အရောင်အသွေး ခြားနာစေသလားပဲ။ ထုံးစံအတိုင်းသေသေချာချာ မသိတတ်တဲ့ ကျနော့အတွက်ကောင်းကင်ဆိုတာ…..
ကျနော့ဘ၀က ဟိုးအစွန်အဖျားကစခဲ့ရပါတယ်။ ၁၀တန်းတက်ဖို.မြို.ကအဒေါ်တွေ အိမ်မှာနေခဲ့ရတယ်။ ၁၀တန်းပြီးရင်ကျောင်းပြီးပြီလို.သတ်မှတ်တဲ့ အသိုင်းအ၀ိုင်းမှာ ဘာအကြောင်းကြောင့်မှ အင်ဂျင်နီယာဖြစ်လာစရာမရှိ။ ရွာပြန်ပြီးငါးဖမ်းလှေလိုက်မယ်ဆိုကာမှ ဂုဏ်ထူးနှစ်ခုနဲ.အောင်ပါသတဲ့။ အဒေါ်ကလည်းခိုင်းကောင်းလို.လားပဲ မြို.မှာကျောင်းတက်ဖို.ပြန်ခေါ်ခဲ့တယ်။ ကလေး ၂ ယောက်နဲ.ဗျာများနေတဲ့ အဒေါ်ကိုကူဖို.ရယ် ကျောင်းပြန်တက်ဖို.ရယ် မြို.ကိုပြန်ရောက်ခဲ့ရတယ်။
၂ နှစ်ကျောင်းတက်အပြီးမှာတော့ ကျောင်းကအစ်ကိုကြီးတွေက ရန်ကုန်မှာသွားတက်ဖို.အကြံပေးကြတယ်။ ဖြစ်နိုင်ပါ့မလားဗျာ မြို.ငယ်လေးကကျောင်းဆိုတာတောင် ကိုယ့်အတွက်အနိုင်နိုင်ရယ်။ ဒါပေမယ့်ဗျာ အတန်းထဲမှာ ၂ယောက်ထဲသာရှိတဲ့ကျောင်းမို. ကျနော်တို.ပြည်နယ်က မြို.တော်မှာ တက်ဖို.စာထွက်လာတယ်။ မကြာခင်မှာကျောင်းပြီးမှာပဲ ဆိုပြီး အမျိုးတွေ ခြစ်ခြုပ်ပေးတဲ့ ပိုက်ဆံထုပ်နဲ. လာခဲ့ရတယ် ။ ကျောင်း၂နှစ်ပြီးပြန်တော့ ကံဆိုးကံကောင်းလားပဲ ၀န်ထမ်းအစ်ကိုက ရန်ကုန်မှာတာဝန်ကျခဲ့သလို ကျနော် ကလည်းဘွဲ.ရတဲ့အထိနောက်ထပ် ကျောင်းတက်ခွင့်ရရှိပြန်ပါတယ်။
ကျောင်းပြီးလို. အလုပ်ရပါမလားလို.စိုးရိမ်စိတ်နဲ. ရှာဖွေရပြန်တယ် နာမည်ကြီးတဲ့ company တစ်ခုက ကျနော့ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့်ဗျာ အချုပ်အနှောင်တွေနဲ. ဗျာ။ အားလျော့မယ်လို.တော့မထင်လိုက်ပါနဲ. ဆက်ပြီး ကြိုးစားရင်း နောက်ထပ် နိုင်ငံခြား company တစ်ခုမှာ အလုပ်ရပြန်တယ် ပထမ company ကိုစာချုပ်ပါအတိုင်း လျော်ကြေးပေးပြီးထွက်ခဲ့တယ်ဆိုပါစို. ဗျာ။
အခုဆိုရင်ကျနော့လက်ရှိ company ရဲ့ အစီအစဉ်နဲ. ပုံစံမတူတဲ့ကောင်းကင်ပေါင်းများစွာ ကိုသွားလာနေရပြီ။ ကျနော့နောက်ကလူငယ်တွေကော ကောင်းကင်ကို တသမတ်ထဲမထားပဲ ပြောင်းလဲနိုင်မယ်ဆိုခဲ့ရင်……....

01 June 2008

Symbol

ကျောင်းစာထဲမှာသင်ရတယ်
ဘယ်ဘက်နဲ.ညာဘက်တူရင်
အဲဒီ Symbol
အတန်းကြီးလာတော့
နဲနဲတူရင် Similar တဲ့
မတူတဲ့ နှစ်ဘက်ကို
မတူတူအောင်ညှိ ခဲ့ဖူးတယ်
မသိကိန်းတွေကိုလည်း
ကြိမ်ဖန်များစွာ ရှာခဲ့ဖူးတယ်
တကယ်တမ်း
လက်တွေ.ဘ၀မှာ
အဲဒီ Symbol မရှိပြန်ဘူး

ကျက်မှတ်ထားတဲ့ Theroy တွေနဲ.
ခြားနားနေတဲ့ဘ၀တွေကို
ဘယ်လို တူအောင်ညှိမလဲ
ဖော်လို.မရနိုင်တဲ့
မသိကိန်းများစွာကို
ကိုယ်မရှာနိုင်ခဲ့ဘူး
ဘယ်သူမှလည်း
အဖြေမထုတ်နိုင်ခဲ့တာမို.
ရပ်ကြည့်ယုံကလွဲပြီး
ဘာတတ်နိုင်မှာတဲ့လဲ……..