
နိုးထတဲ့မနက်တိုင်းမှာ မင်းကထွက်မလာသေး
သုတ်သီးသုတ်ပြာ မနက်ခင်းတိုင်းမှာ
မင်းနဲ့ကိုဟာ ကျိန်စာမိနေတဲ့
ချစ်သူနှစ်ဦးလို
အားလုံးပြီးလို့
အိမ်ပြင်ထွက် ဖိနပ်ကြိုးချည်တော့
မင်းကလည်း မင်းရဲ့ဖိနပ်ကြိုး
ရောင်ခြည်တွေကို ဟိုတစ်ဖက်ဒီတစ်ဖက်
ချည်နေတုန်း
မင်းလည်းကန့်လာကာနောက်ကွယ်ကထွက်အလာ
ငါလည်း ဇာတ်ခုံတစ်ခုံနောက်ကို ခုန်အ၀င်ပေါ့
နွေးထွေးမှုမရှိတဲ့ အေးစက်တဲ့
ကြိုဆိုခြင်းပါ
မင်းရဲ့တနေ့တာ
တာဝန်တွေအပြီး
မင်းနှုတ်ဆက်ထွက်သွားပေမယ့်
မင်းကိုလက်ကလေးတောင်မပြနိုင်တဲ့
လူ…….
ဒီလူကိုမင်းမုန်းနိုင်ပါတယ်လေ…
ပိန်းပိတ်အောင်မှောင်စေပါလေ..
3 comments:
ကောင်းတယ်ကွာ။
ကဗျာကြိုက်တဲ့သူမို့လားမသိဘူး
အကိုကဗျာကိုအရမ်းကြိုက်နေတယ်
ကျွန်တော်က အလွမ်းအဆွေးကဗျာတွေကိုကြိုက်တယ်
ဗျ
ရေးတတ်လိုက်တာလို့ ပဲ ပြောတော့မယ်
သိပ်ကောင်းတဲ့ ကဗျာလေးတွေပဲ နေ့ တဓူဝ ဖြစ်စဉ် လေးကို လှပအောင် ရေးပြတတ်တယ်
အော် နေမင်းနဲ့  လွဲချော်ပေမယ့်
အေးမြတဲ့ လမင်းနဲ့ တော့ လွဲမယ်မထင်ဘူးနော့
(ရတဲ့ အခွင့်အရေးလေးတွေကို ဖမ်းယူဆုပ်ကိုင် ပိုင်ဆိုင်နိုင်ပါစေ)
Post a Comment