08 March 2015

ကချနဘူရီ၊ ကျားကျောင်း နဲ့ ကွေးမြစ်

Day 3:

- Go to train station named Bang Khen in the early morning and go to River Kwai, Kachanaburi by train and that's whole day trip. Like 07:00 to 18:00, I guess.

- Weather is very hot, you may need to bring your hat or umbrella. I've sunscreen lotion which I can share with you.


သေမင်းတမန်ရထားလမ်းလို့ နာမည်ကျော်တဲ့ ဆီကို ရထားလက်မှတ်ကုန်သွားပါသဖြင့် သွားခွင့်မရခဲ့ပါ။ ကွေးမြစ်အထိ ရောက်တဲ့ ပုံမှန်ရထား လက်မှတ်ပဲ ဝယ်ခဲ့တယ်။

မနက်စောစောသွန်ဘူရီကနေ ရထားစီးကြတယ်။ မီးရထားဖြင့် ခရီးသွားခြင်းဆိုတဲ့ အကျိုးအမြတ်တွေက လမ်းဘေး ဝဲယာက စိမ်းစိုနေတဲ့ စပါးခင်းတွေပဲပေါ့။
ကျချနဘူရီ ရောက်တဲ့အခါ ကျားကျောင်းကို ဝင်မယ်ဆိုပြီး ဆင်းကြပြန်ရော။ ထမင်းစားရင်း ကျားကျောင်းကိုသွားတဲ့ လိုင်းကားကို စောင့်စီးကြတယ်။ အဲ့ဒီကားက ဘုရားသုံးဆူကို သွားတဲ့ကားဖြစ်ပြီး ကားပေါ်မှာ ကျနော်တို့ လူမျိုးတွေနဲ့ တွေ့တာပေါ့။ ညနေ သုံးနာရီလောက်ဆို မြန်မာပြည်ရောက်ပြီတဲ့။ သိပ်မဝေးတော့ဘူးပဲနော့။

လိုင်းကားက ကားလမ်းမပေါ်မှာပဲ ရပ်ပေးတယ်။ ကားလမ်းမကနေ ကျားကျောင်းကို အတော်လေး လျှောက်ရပါတယ်။ ကျောင်းအရှေ့မှာ စိမ်းစားဥစားနေတဲ့ လိပ်တကောင်နဲ့ ဆုံတယ်။ ကျားကျောင်းကို သွားမယ်ဆိုရင် အနီရောင် သို့  ပန်းရောင် ဝတ်မသွားပါနဲ့။ သူတို့စည်းကမ်းချက်ထဲမှာ ကန့်သတ်ထားလို့ပါ။ ဒီအရောင်တွေဟာ ကျားတွေကို အစာစားချင်စိတ် ဖြစ်ပေါ်စေလို့နဲ့ တူပါရဲ့။
ကျားတွေကို အနီးကပ်မြင်ဖူးတာ၊ ထိတွေ့ဖူးတာ ပထမဆုံး အကြိမ်ပါ။ အကောင်သေးသေးလေး တကောင်ကို အစမ်းကိုင်ပြီး ဓါတ်ပုံရိုက်ကြည့်တယ်။ ရီတော့ရီတာပဲ မချိသွားဖြဲ ကြောက်ပြုံးလေး ဖြစ်နေတာတခုပဲ။
အကောင်ပေါက်လေးတွေ နို့တိုက်ချိန် စောင့်ဦးမလားမေးတယ်။ ပိုက်ဆံတော့ ပေးရသပေါ့လေ။ ရထားပြန်စီးမယ့် အချိန်နဲ့ တွက်လိုက်တော့ မမှီမှာစိုးလို့ နိုးလုပ်ခဲ့ရတယ်။
ကျားမော်ဒယ် ပြခန်းကြီးထဲမှာ မော်ဒယ်တွေနဲ့ ဓါတ်ပုံတွဲရိုက်ခဲ့တယ်။ ကိုယ်တိုင်ရိုက်ခွင့်မပေးပဲ သူတို့ က ရိုက်ပေးတာဆိုတော့ စိတ်ကြိုက် တပုံမှ မရခဲ့။ အဝေးကနေ လှမ်းရိုက်တဲ့အခါ ဒူးထောက်ပြီး ဓါတ်ပုံ မရိုက်ဖို့ လာပြောတာမို့  ကျားဆရာတွေလက်ထဲ ဝကွက်အပ်လိုက်ပါတော့တယ်။


ကျားကျောင်းကနေ ကွေးမြစ်ပေါ်ကို ကားငှားပြီး ထပ်သွားကြတယ်။ ကွေးမြစ်က အတိတ်က ပြန်ပြောပြနိုင်မလား တံတားပေါ်က ယိုကိုကာဝါ အမှတ်တံဆိပ်ဟာ ချေဖျက်လို့ မရတဲ့ သမိုင်းတွေအတွက် စကားလုံးတွေ အများကြီ စီချနေခဲ့တာပဲ မဟုတ်လား။
ကွေးမြစ်ဘူတာကနေ ကျနော်တို့အပြန်ရထား စီးလာကြတယ်။ အပြန်ခရီးမှာ လူသိပ်မပါဘူး။ ဒါကြောင့် အတွေ့အကြုံအသစ်တခုကို ထပ်ရပြန်တယ်။ တွဲနောက်ပိုင်းမှာ ဒေသခံလူငယ်တွေပါပြီး သူတို့ ဆေးလိပ်သောက်တဲ့ အကြိမ်တိုင်း ကျနော့ကို လာလာ တောင်းပန်ကြတယ်။ ဘန်ကောက် ရောက်ခါနီးမှာတော့ သူတို့အဖွဲ့က တခြား တယောက်နဲ့ စကားများပြီး အဲ့ဒီတယောက်ကို အသေအကြေ ဝိုင်းဆော်ပလော်တီးကြပါတော့တယ်။ ဝမ်းဘတ်ဇာတ်ကားကို အပြင်မှာပါ မြင်လိုက်ရသလိုပါပဲ။ အဖွဲ့ခေါင်းဆောင် ဖြစ်ပုံရတဲ့တယောက်က နောက်တခေါက် ကျနော့ကို လာတောင်းပန်ပြန်တယ်။ ရိုက်ခံထားရတဲ့ လူကတော့ မျက်နှာကို ကွယ်ထားပြီး ကျနော်တို့ ဆင်းတဲ့အချိန်ထိ ရထားဒေါင့်မှာ ကွေးကွေးလေးနေရစ်ခဲ့တယ်။

သွန်ဘူရီဘူတာမှာ ဒူးရင်းသီးစားတော့မှ ယိုးဒယားက လူတွေက ဒူးရင်းသီးစားပုံဟာ ကျနော်တို့နဲ့ ကွဲလွဲနေတာကို သိရတော့တယ်။ သူတို့က ဒူရင်းသီးကို မမှည့်ခင် မာဆပ်ဆပ်အနေမှာ စားကြပြီး တကယ်မှည့်သွားတဲ့အနေမှာ ဘယ်သူမှ မကြိုက်ကြဘူးဆိုတယ်။





ညနေစာအဖြစ် သင်္ဘောသီးထောင်း၊ငါးခူကြော်နဲ့ ပဲ အဆုံးသတ်လိုက်ကြတယ်။ မနက်ဖြန်တရက်ကိုတော့သူငယ်ချင်းတက်ခဲ့တဲ့ ကျောင်းမှာ ဓါတ်ပုံသွားရိုက်ကြဖို့  သူက တိုက်တွန်းထားတယ်။

သူများနိုင်ငံက ကျောင်းကို လေ့လာရမှာ စိတ်ဝင်စားစရာ ကောင်းတယ်။ ပညာရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ တိုးတက်ထွန်းကားမှုကို အလွယ်တကူ တိုင်းတာသိမြင်လွယ်တဲ့ ပေတံတခုဆိုတော့ကာ.....