
အဲဒီလုံးလုံးဝိုင်းဝိုင်းကြီးထဲမှာ
အသက်ရှူရကြပ်ပေမယ့်
အသက်တော့ရှိနေသေးတယ်
လက်နှစ်ဖက်ကို ဆန့်ကြည့်တယ်
အင်း ကျိုးတိုးကျပ်တပ်ပဲ
ခြေနှစ်ဖက်ကို ကန်ကြည့်တယ်
ဟင့်အင်းအဆုံးထိဆန့်လို့မရဘူး
ခေါင်းကို မော့ကြည့်တယ်
လည်ဂုတ်ကို ဖိထားသလိုပဲ
နေရာရွေ့ကြည့်တယ်
ရွေ့သွားသလိုလိုနဲ့
မူလနေရာမှာပြန်ရောက်ရောက်နေတယ်
တကယ်တမ်းတော့
ဥခွံထဲမှာပဲကိုး။
3 comments:
တယ်ကောင်းဗျာ ၊၊အဓိပ္ပါယ်ရှိတယ်ဗျို့ ၊၊
ဖတ်ပြီး အသက်ရှုကျပ်သွားတယ်။ ဘယ်တော့မှ မပေါက်မယ့် ဥများလား...း(
သဘောကျသွားတယ် စိတ်ကူးလေးနဲ့  အတွေးလေး ကိုပုံဖော်ထားတာ (ကိုယ်တိုင်လည်း ဥခွံထဲ ရောက်နေသလို တခါတလေ ခံစားရတယ်) အင်း ခုတော့ ကြက်ဥ အတုဆိုတာပေါ်နေတော့
Post a Comment