ငယ်ငယ်တုန်းက အတန်းထဲမှာ သမိုင်းချိန်ပဲဖြစ်ဖြစ် မြန်မာစာချိန်ပဲဖြစ်ဖြစ် ဖျက်ရာ ပြင်ရာမပါဘဲ ဆရာမခေါ်ပေးတာကို အမှီလိုက်ရေးရတဲ့ ပြိုင်ပွဲလေးကို သတိရမိတယ်။ တခါတလေ နိုင်ပေမယ့် ရှုံးတဲ့အခါလည်းရှိခဲ့တာပါပဲ။
ဖျက်ရာ ပြင်ရာမပါဖို့ဆိုတာ လွယ်တာမဟုတ်။ ဆရာမပါးစပ်က ခေါ်ပေးတာကို အမှီလိုက်ရေးဖို့ဆိုတာကလည်း မလွယ်။ လက်ကလည်း ငြိမ် စိတ်ကလည်းငြိမ်ပြီး အာရုံတစ်ခုတည်းကို စူးစိုက်နေမှလေ။ စိတ်မတည်ငြိမ်လို့ကတော့ စာလွတ်သွားရင်နောက်ကျပြီ စာလုံးကျန်ခဲ့ရင်ပြန်ဖျက်ရပြီ။ ဒါဆိုရှုံးပြီဆိုတာ ပြောစရာမလိုတော့။ ပြီးတော့ စာလုံးပေါင်း သတ်ပုံမှန်ရသေးတယ်။ မှားလို့ကတော့ ပြန်ဖျက်ရမှာ အသေအချာ။
အကြိမ်ကြိမ်ပြိုင်ခဲ့ကြတယ်။ ဘယ်တုန်းကမှ နောက်တစ်ခေါက်ပြိုင်ရဖို့ နောက်မတွန့်ဘူးခဲ့။ ဒါပေမယ့် အခုကျနော့မှာ ရေးဖို့စာရွက်တစ်ရွက် ရှိနေပြန်တယ်။ ရေးမယ်ပြင်လိုက် ချိန်နေလိုက်တာ လွန်ခဲ့တဲ့ဆယ်ရာစုလောက်ဆီကစလို့ပေါ့။ အဲဒီစာရွက်ကိုလည်း ကျနော်ဖျက်ရာ ပြင်ရာမပါစေချင်ဘူးဗျ။ ပါလို့လည်းလုံးဝလုံးဝမဖြစ်။ ကျနော်က ဖျက်ရာ ပြင်ရာ မပါတာကို အရမ်းနှစ်သက်တာကိုး။
ကျနော့ရှေ့မှာ သူများစာရွက်တွေကို မတော်တဆဖြစ်ဖြစ် တိုက်ဆိုင်လို့ပဲဖြစ်ဖြစ် ကျနော်တွေ့တတ်တယ်။ များသောအားဖြင့် တခါမှားတာပဲဖြစ်ဖြစ် ကြိမ်ဖန်များစွာမှားတာပဲဖြစ်ဖြစ် အမှားတွေ ဗလပွဖြစ်နေတာကို နှစ်ခြိုက်လာလို့ဖြစ်ဖြစ် ဖျက်ရာတွေနဲ့စာရွက်တွေကို တွေ့နေရတယ်ဗျာ။ အမှားတွေပါတဲ့ စာရွက်တွေကို မနှစ်သက်တတ်ပေမယ့် ကျနော့စာရွက်မှမဟုတ်တာနော့။ ဘာပဲပြောပြော သူတို့စာရွက်တွေကို ကြည့်ရင်း ကျနော့စာရွက်ကလေးကို ရေးဖို့ဝန်လေးနေတာတော့ ၀န်ခံပါတယ်။
စာရေးစရာတွေ သုံးကြိမ်လောက်တော့ ကြုံခဲ့တယ်ထင်တာပါပဲ။ မရေးဖြစ်တာတော့ စောစောက ပြောပြီးပါပကော အမှားမပါချင်လို့ပါလို့လေ။ တခါရေးယုံနဲ့မှားမယ် မှန်မယ်ဆိုတာ မသိနိုင်ပင်မယ့် မှားသွားရင်တော့ သေပြီဆရာပဲ။ သူငယ်ချင်းတွေကတော့ ရေးတော့ရေးတော့လို့ပြောကြတာပါပဲ။ စရေးဖို့အားယူရင်း နောက်ရောက်ရောက် သွားရတာချည်းပါ။ တခါတလေ ကျနော်စဉ်းစားမိတယ် ရေးဖို့ဆိုတာ ခက်တာမှတ်လို့ ရေးရင်းရေးရင်း အမှန်ပြင်သွားရင်ကော။ ရေးဖို့ကို သတ္တိမရှိတာလား။ ဘာကိုနောက်တွန့်နေမိတာပါလိမ့်။ အရင်တုန်းက ဒီလိုပွဲမျိုးဆိုတာ ရှေ့ဆုံးကပါ။ ကိုယ့်ဘာသာ အဖြေရခက်တဲ့မေးခွန်းတွေမေးနေမိသလို အဖြေမသိတဲ့မေးခွန်း ဒါမှမဟုတ် သိရက်နဲ့မသိချင်ယောင်ဆောင်နေတာလားလည်းမသိ။
တနေ့တော့ရေးဖြစ်မယ်တော့ ယူဆရတာပါပဲ။ ဘယ်အချိန်မှာ ရေးဖြစ်မလဲ ဘယ်လိုရေးဖြစ်မလဲဆိုတာကတော့ တကယ့် ပဟေဠိ။ အမှားမပါအောင်ရေးဖို့ကြိုးစားရင်း ဗလာကျင်းနေတဲ့ ကျနော့ရဲ့ စာရွက်ကလေးက
“ အချစ်စာမျက်နှာ”
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
5 comments:
ဟယ်..ရေးတော့လေအစ်ကိုရယ်..ဖျက်ရာမပါပဲနဲ့တော့
ဘယ်လိုမှမဖြစ်နိုင်ဘူး..ဒါဆိုရင်တော့ လုံးဝမရေးတာက
သာကောင်းသေးတယ်..
ရွာသားရေ ... အချစ်စာမျက်နှာပေါ်မှာ “ဖျက်ရာ၊ ပြင်ရာမပါတဲ့” စင်းလုံးချောလေးဖြစ်ချင်ရင်တော့ ဒီတိုင်းထားတာ ကောင်းတယ်ကွ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘက်က အစစအရာအရာ မမှားအောင် သတိထားပေမယ့်၊ ခေါ်ပေးတဲ့ လူဘက်က အမှားအော်မိရင်ကော ???
နှစ်ဦး, နှစ်ဖက် ကိစ္စ ဖြစ်လာတဲ့ အရာတိုင်းမှာ အမှားကင်းဖို့၊ ဖျက်ရာ၊ ပြင်ရာ မရှိဖို့ဆိုတာ ထင်သလောက်တော့ မလွယ်ဘူးကွာ။ အမှားလုပ်မိရင် ဖျက်ရဲရတယ်၊ ပြင်ရဲရတယ်ကွ။ နို့မို့ဆို ဗလာကျင်းနေတဲ့ စာရွက်ဖြူလေးလို သန့်ရှင်းပါရဲ့၊ ဒါပေမယ့် တန်ဖိုး သတ်မှတ်ရ ခက်တယ်ကွ ...။ နားလည်လိမ့်မယ်လို့ထင်တယ်ကွာ။
အကိုရေ ကျနော်ကတော့ ခုအထိ အရေးမခံရတဲ့ စာမျက်နှာပါဗျာ။ ဂျီဟောသူလေးကို လွမ်းတယ် ။
အချစ်စာမျက်နှာဆိုတာ တကယ်စရေးမိပြီဆိုရင် ဖျက်ရာ ပြင်ရာတွေ ရှိကိုရှိလာရမှာပါပဲ။ ဒါမှ ပိုကောင်းတဲ့စာတွေ ရှိနေမှာမို့လို့ပါ။ ပြီးတော့ ကိုယ်တစ်ယောက်ထဲရဲ့ စာမျက်နှာမှ မဟုတ်တော့တာလေ။ အစ်ကိုရုပ်ဆိုးပြောသလို ခေါ်ပေးတဲ့လူနဲ့လည်း အများကြီး သက်ဆိုင်သေးတာကိုး။ ဘာပဲပြောပြော ရေးချင်စိတ်ပေါက်လာရင် ရေးသာချလိုက်ပါ ကိုရွာသားလေးရေ။ ဖျက်ရာတွေကို ကြောက်မနေပါနဲ့တော့။ (စကားမစပ် ဟိုနောက်က အိတ်ထဲမှာ ထိုးထည့်ထားတဲ့ စာရွက်အဟောင်းတွေကရော...း)) နောက်တာ နောက်တာ... ကျွန်မအစ်ကို ကိုရွာသားလေးမှာ ဘာမှ မရေးရသေးတဲ့ စာရွက်အလွတ်လေး တစ်ရွက်ပဲ ရှိပါသေးတယ် <- ကြော်ငြား))
အတွေး အရေး ခံစားမှုလေးကို သဘောကျမိပါတယ်
ပြီးပြည့်စုံတာတော့ ဘယ်ရှိမလဲနော်
မှန်ကို ပြန်ကြည့်ပြီး မေးကြည့်လိုက်
ကိုယ်တိုင်ကရော ----------
Post a Comment