06 July 2008

ခ်ိန္ခြင္လွ်ာ ဘယ္ဘက္ယိမ္းရပါ့


အလုပ်မှာတွေ့ကြုံရတာလေးတစ်ခုပါ။ တစ်ခါတစ်လေ အလုပ်ခွင်ဆိုတာ တရားခွင်လည်းဖြစ်သွားတတ်သလို ကိုယ်ကိုတိုင်လည်း တရားသူကြီးဖြစ်သွားတတ်တာမျိုးလေ။ ကျနော့ အတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့တာမို့ ယနေ့ အထိ မှန်လားမှားလား မကွဲပြားနိုင်။ အများအတွက်ချမှတ်တဲ့ စည်းကမ်းဆိုတာ တသတ်မှတ်တည်းပဲ ရှိသင့်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ယနေ့အထိ အမှတ်ရနေတဲ့ အဖြစ်ရယ်လေ…….

ကျနော့စက်ရုံက ဘီယာစက်ရုံတစ်ခုပါ။ ထုတ်လုပ်မှုက ရှေ့ဆုံးကပေါ့။ နေ့နေ့ညည ထုတ်လုပ်နေတဲ့ ဒီစက်ရုံမှာ ထုတ်လုပ်ရေးဌာန မှာ ဝန်ထမ်းပေါင်းများစွာနဲ့။ နေ့စား လခစားပေါင်းများစွာနဲ့ ပါ။ ဘီယာစက်ရုံမှာလုပ်ကိုင်နေတဲ့ ဝန်ထမ်းယောကျ်ားလေးတွေအတွက် မြင်သာမြင်ရ မကြင်ရ။ သူတို့လည်း လောကီလူသားမို့ ဘာခံနိုင်မှာလည်း လွယ်ရင် သူကြွယ်တောင်လက်မနှေးဘူးဆိုတာ လည်းရှိတာကိုး။ အဲဒီတော့ အခွင့်အရေးရသလို တစ်ယောက်တစ်လက်ဆွဲလိုက်ကြတာပေါ့။ အခွင့်မသာလို့မိသွားခဲ့ရင်ကော..

တစ်နေ့တစ်နေ့ အထဲမှာတင်မက အပြင်ကိုသယ်ထုတ်ဖို့ကြိုးစားကြတော့ ဒီအတိုင်းလွတ်ထားလို့မဖြစ်ချေဘူးပေါ့။ စည်းကမ်းတွေတသီကြီးရေး ကြော်ငြာသင်ပုန်းမှာလည်း ကပ်လို့။ တစ်ညသား ကျနော် ညဆင်းကျတဲ့ ည အဲဒီညက ပုံမှန်အတိုင်း။ ဒါပေမယ့် ၁၂နာရီကျော်လောက်မှာတော့ လှုပ်လှုပ်နဲ့ နေ့စားကောင်လေးတစ်ယောက်ကို ကျနော့ ဝန်ထမ်းတွေခေါ်လာကြတယ်။ အစ်ကိုတဲ့ သူဘီယာခိုးထားတယ်တဲ့ လက်ထဲမှာလည်းပုလင်းနဲ့ ငြင်းစရာကိုမရှိ။ ထုံးစံအတိုင်း ရုံးက ခုံရုံးဖွင့်ရတာပေါ့။ကျနော့ အကျင့်အတိုင်းဘာလို့ လုပ်ရတာလဲလို့မေးကြည့်မိတယ်။ သူကိုကြည့်တော့ ၁၈ကျော်ကာစ ငယ်ရွယ်သေးတဲ့အရွယ်။သန့်သန့်ပြန့်ပြန့်။ သူ့အဖေက စက်ရုံရှေ့ ရဲစခန်းကရဲ။ ဆယ်တန်းဖြေပြီး ကျောင်းမတက်ခင် အလုပ်ဝင်လာတာတဲ့။ ငယ်ရွယ်သေးတော့ ဘီယာဆိုတာဘာလည်းစမ်းသပ်ချင်မှာပါ။ လောကကြီးကို စူးစမ်းချင်တဲ့ အရွယ်မဟုတ်လား။ သူရိုးသားစွာ ဝန်ခံတယ်ဗျ။ အစ်ကိုကျွန်တော် သောက်ကြည့်ချင်လို့တဲ့ အပြင်မှာဝယ်မသောက်နိုင်လို့တဲ့။ ကျနော့ကို အလုပ်မထုတ်ပါနဲ့ အစ်ကိုတဲ့။ ကျနော်တို့ရဲ့ စည်းကမ်းက သူ့ကို အလုပ်ထုတ်ရမှာပါ။ အပြစ်ဆိုတာသိသိကြီးနဲ့ ကျုးလွန်တဲ့လူတွေကို အများရှေ့မှာ စံပြအဖြစ်အရေးယူမှသာ နောက်ထပ်ကျုးလွန်မှုဆိုတာ နည်းပါးလိမ့်မယ်ထင်ပါတယ်။ အဲဒီတော့ ကျနော်ဘာဆုံးဖြတ်ရမလဲ။ ချို့တဲ့လူငယ်တစ်ယောက်ရဲ့ စူးစမ်းချင်စိတ်ရယ် စည်းကမ်းချိုးဖောက်မှုရယ်။ တကြိမ်တခါဆိုပြီးခွင့်လွှတ်လို့ရပေမယ့် တကြိမ်တခါကနေ ကြိမ်ဖန်များစွာအထိ ကျူးလွန်တတ်သွားမှာကိုလည်း မဖြစ်စေချင်။ ဆုံးဖြတ်ရခက်ခက်။ ဒါပေမယ့် ကျောသားရင်သားမခွဲခြားပဲ အုပ်ချုပ်ရမှာဆိုတော့ စိတ်ကိုဒုံးဒုံးချ အဲဒီကလေးကို ခေါ် ရှေ့မှာ ထိုင်ခိုင်းပြီး အသေအချာရှင်းပြရတယ်။ ဒီနေ့အဖြစ်အပျက်ကို မင်းဘဝအတွက်တခုလုံးစာ သယ်ဆောင်မသွားစေချင်ဘူး ဒီလိုမျိုးထပ်မံမလုပ်စေချင်ဘူးပေါ့။ မတတ်တတတ် ဆုံးမစကားတွေပြောခဲ့တာပေ့ါ။ သူ့စိတ်မှာအနာတရမဖြစ်သွားစေချင်ဘူး လူငယ်ဘဝကို အစွန်းအထင်းကင်းစွာ ကျော်ဖြတ်စေချင်တယ်လေ။

နောက်တလလောက်ကြာတော့ ကျနောသူ့ ကို အပြင်မှာတွေ့ပါတယ်။ သူကျနော့ကို လာမနှုတ်ဆက်ပင်မယ့် ကွက်ကြည့်ကွက်ကြည့်လုပ်နေတာတွေ့ပါတယ်။ သေချာတယ်သူကျနော့ကို မှတ်မိပါတယ်။ ကျနော်ကတော့ ကျနော့ ဆုံးဖြတ်ချက်မှန်မယ်လို့ ဒီနေ့အထိတော့ ထင်မှတ်နေတုန်းပါ…………………

4 comments:

ကိုရုပ်ဆိုး said...

မင်း မှန်တယ်သူငယ်ချင်း။ တကြိမ်တခါ အမှားမို့လို့ ကိုယ်ကခွင့်လွှတ်လိုက်ပြီတဲ့။ နောက်တကြိမ် သူမလုပ်တော့ဘူးလို့ ကိုယ် ကိုတိုင် အာမခံရဲလား ???
သူ က ကိုယ် မှ မဟုတ်တာလေ ...။
ဥပဒေဆိုတာ ဖြစ်ပြီးခဲ့သမျှတွေကို နမူနာယူဖို့ ထုတ်ထားတဲ့ လောကဖြစ်ရပ်မှန် စာအုပ်တစ်အုပ်လို့ ငါ ယူဆထားတယ်။
အမှန်တကယ်ဆို သူက Friday မှာ ဆင်နွဲခွင့် မရှိတဲ့ လူတစ်ယောက်ဖြစ်ခဲ့မယ် ဆိုရင်တောင်မှ ရင်းနှီးတဲ့လူတယောက်ကိုကပ်ပြီး ခွင့်တောင်း သောက်သင့်တယ်လေ...။
“အတိအကျမသိပဲ ဝေဖန်တာ အမှားရှိခဲ့ရင်တော့ ခွင့်လွှတ်ကွာ။”

ရွှေပြည်သူ (ShwePyiThu) said...

တခါတခါ တချို့သောကိစ္စတွေဟာ တကယ်ပဲ ဆုံးဖြတ်ရခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက် တစ်ခုအတွက် Congratulations ပါ ကိုရွာသားလေးရေ။ ဟိုကလေးရဲ့ဘ၀လည်း အစွန်းအထင်း ကင်းကင်းနဲ့ အောင်မြင်ပါစေ။

Mogok Thar said...

အမှန်ခြစ်

ကြည်ဖြူပိုင် said...

Is it tiger beer?