နောက်တယောက်
မရိုးမအီမချင်း
နောက်တယောက်
ပုံစံတူ
ပြစ်မှုတွေ
ကြိုးစားမယ့်
နောက်တယောက်
ရှေ့မရောက်ခင်အထိတော့
ခေါင်းဆောင်းကိုမဖွင့်
ဘယ်သင်းကိုမဆို
လိုက်လျောနိုင်တယ်
ဘယ်သို့ကိုမဆို
ကြည်ဖြူနိုင်တယ်
ဘယ်ပုံကိုမဆို
ယုံပေးနိုင်တယ်
တရက်နှစ်ရက်
ထိုမှသည်
တစ်ပတ်နှစ်ပတ်
နွယ်တွေလိုတွယ်ရစ်တယ်
သံယောဇဉ်ကိုတပြပြနဲ့
နုနယ်တယ်ဆိုပြီး
ငိုပြတယ်
အားနွဲ့တယ်ဆိုပြီး
ဗိုလ်ကျတယ်
ဂရုစိုက်ခံချင်တယ်လဲ
ဆိုသေး
အနားမကပ်အောင်
တရစပ်ကလည်း
မန်းမှုတ်သေး
အဲဒါနဲ့
မောင်ပုလဲတွေများလာကြောင်းပေါ့။
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
3 months ago
4 comments:
Hey,
To whom you want to intend?
ကဗျာလေးက တစ်မျိုးပဲ ။
yရွာသားလေးလို့ပဲရင်းရင်းနှီးနှီးခေါ်မယ်နော်။ytu ရဲ.နောက်ဆုံးမျိုးဆက်ဆိုတော.ရွယ်တူဖြစ်မယ်လို့ထင်ပါတယ်။ပြောချင်တာတွေ(အထူးသဖြင့်ရင်ဖွင်.ချင်တာပါ)များနေလို့ကျွန်မရဲ့အတွေ့အကြုံတွေကိုကျေးဇူးပြုပြီးနားထောင်ပေးပါအုံးနော်။(ကိုယ်တွေ့တွေပါ)nick name ka thinnmyatnoe@gmail.com ပါ။
ဒိုင်းဝန်ထက်ကဲ လို့ ဆိုလိုချင်တာလား
နည်းနည်းတော့ နားမလည်ဖြစ်မိတယ်
Post a Comment