မင်းမြှားပစ်မယ်ဆို
ကိုယ်ဟာ ပစ်ကွင်းတစ်ခုပါ
မင်းကားမောင်းမယ်ဆို
ကိုယ်ဟာ ပြေးလမ်းတစ်ခုပါ
မင်းအပင်စိုက်မယ်ဆို
ကိုယ်ဟာပျိုးပင်တစ်ခုပါ
မင်းနေမကောင်းဘူးဆို
ကိုယ်ဟာဆေးတစ်ခွက်ပါ
မင်းထားခဲ့မယ်ဆို
ကိုယ်ဟာမင်းရဲ့
အောင်မြင်မှု မှတ်တိုင်တစ်ခုပါ..........
အဖြည့်ခံသူငယ်ချင်းတစ်ယောက်အတွက် အမှတ်တရ
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
-
ငယ်ကတည်းက အယူအဆတွေ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ပတ်သက်ရင် အလွယ်တကူ လက်မခံဘဲ
သေချာ စဉ်းစားပြီး ကိုယ်တကယ်ယုံနိုင်မှပဲ လက်ခံတတ်တဲ့ ဉာဉ်ရှိသူမို့ ..
ဘာ...
1 week ago
3 comments:
အင်း ... တကယ့်ကို အနစ်နာခံတဲ့ သူလေးတစ်ယောက်ပါလား ...
အချစ်ဆိုသည်မှာ ... ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ စွန့်လွှတ်ခြင်းနဲ့မဆိုင်ဖူး။ ကိုယ်က ချစ်နေဖို့ပဲ အရေးကြီးတာကွ ....။
“မင်းထားခဲ့မယ်ဆို
ကိုယ်ဟာမင်းရဲ့
အောင်မြင်မှု မှတ်တိုင်တစ်ခုပါ”
အဲဒီစာကြောင်းလေး အရမ်းကိုလှတာပဲ။ ကိုရွာသားလေးရဲ့ သူငယ်ချင်းလည်း ပျော်ရွှင်ပါစေ...
ဒီလို အဖြည့်ခံ လူမျိုး အပြင်မှာ တကယ်ရှိတာကိုး
သူများကိုဖြည့်ဆီးပေးတဲ့သူဟာ ကိုယ်တိုင်လည်း ပျော်ရွှင်ရပါတယ်
Post a Comment