
အသံတွေ
ဟိုနားကတစ်စ
ဒီနားကတစ်စ
အသံတွေ
မကြားချင်ခဲ့ဘူး
ကြားဖို့လည်းမကြိုးစားခဲ့ဘူး
နားကိုပိတ်ထားတယ်
အသံတွေက
အရုပ်တွေအဖြစ်
အရှေ့မှာလာကပြနေတယ်
မျက်စိမှိတ်လိုက်တယ်
အသံတွေက
Vibration နဲ့
ရင်ကိုလာရိုက်နေတယ်
အသက်ရှူရပ်လိုက်မယ်
အသံတွေရပ်သွားနိုင်ကောင်းရဲ့............
5 comments:
ရှောင်မပြေးနဲ့ မောင်လေး ...။
အသံကို အသံနဲ့ တုံ့ပြန်လိုက်၊ အရုပ်ကို အရုပ်နဲ့ တုံ့ပြန်လိုက် အားလုံးအေးဆေးသွားမယ်။
စိတ်ချ ၊ ရပ်ကိုရပ်သွားမှာပါ ကိုရွှာသားလေးရေ ၊၊
သင်္ဂါရ ရသ လည်း ..ကောင်းသားပဲ။ ကိုယ်တွေ့ မို့ထင်ပါရဲ့။း)
ကြုံဖူးတာတော့ အဲဒီလိုလုပ်လိုက်မှ အသံတွေ ပိုကျယ်လာတော့တာပါပဲ... ဒီကဗျာလေး အရမ်းကြိုက်တယ် ကိုရွာသားလေးရေ...
ဟင့်အင့် အလိုက်သင့်လေးပဲ စီးမြောသွားလိုက်ပါ
အသက်ရှူတော့ မရပ်လိုက်ပါနဲ့ 
Post a Comment