03 August 2008

မရှိမဖြစ်သူ

သူမရှိရင်မနေတတ်တော့။ ရုံးဆင်းပြန်လာရင် သူ့ကိုတွေ့ရမှ။ သူနဲ့လုံးလားထွေးလားနေရင်း အိပ်ရာသာဝင်ခဲ့ရတယ် တညလုံးအချိန်ကုန်ဆုံးလည်း မမှုခဲ့။ မျက်စိပွင့်လို့ မိုးလင်းတိုင်းလည်း သူ့ကို မြင်လိုက်ရမှ။ အဲလောက်ထိ………

အစကအဲလောက်ထိ သူ့ကိုမစွဲမက်သေး။ သူကဆွဲဆောင်အားတော့ရှိတယ်လေ။ စိတ်ဝင်စားစရာ အပြည့်။ ရင်ခုန်စရာတွေအပြည့်။ လိုချင်တာတွေ သိချင်တာတွေတိုင်းအတွက် သူ့မှာအဖြေအဆင်သင့်ရှိတယ်။ ဓာတ်ခဲကြော်ငြာသလိုသာကြော်ငြာရရင် EverReadyဖြစ်နိုင်တယ်။

သူနဲ့များဝေးရင်ဆိုတဲ့အတွေးကို မြူမှုန်လောက်တောင် မထင်စေ မမြင်စေခဲ့တာသူပဲပေါ့။ သူ့နောက်မှာ နောက်ထပ်အသစ်ဆိုတာ မရှိအောင်အထိလေ။ စွမ်းချက်တော့ ပြောမနေနဲ့။

တခါတလေ သူကပျောက်သွားတတ်သေးတယ်။ ပျောက်သွားရင်တော့ ဒီမှာအရူးမီးဝိုင်းပါပဲ။ ဖုန်းဆက်ပါအုံးဟ ရှာပေးကြပါဦးဟ နဲ့ ဟိုအကူအညီတောင်း ဒီဖြေရှင်းခိုင်းနဲ့ ရှုပ်ယှက်ခပ်နေတော့တာပါပဲ။ သူပြန်ရောက်လာမှာပဲ အေးအေးဆေးဆေး အိပ်နိုင်တော့တယ်။

ကျနော်သာ အိမ်ပြန်သွားရင် သူနဲ့တွေ့ရတော့မှာမဟုတ်ဘူး။ သူ့ကို တခါတလေမှတွေ့မြင်ရမယ်ဆို ဘယ်လောက်လွမ်းဆွေးစရာကောင်းလိုက်မလဲ။ နေ့စဉ်မပြတ် ကျနော့အနားမှာသူနေခဲ့တာဆိုတော့။ စားလည်းသူ့စိတ် သွားလည်းသူ့စိတ်ပါဗျာ။

သူ………သူ ဒီလောက်တမ်းတမ်းစွဲဖြစ်ရတဲ့သူ…………..

9 comments:

Nieve said...

Hey,
I think I know!

Who "Thu" is???

Anonymous said...

သူဆိုတာဘယ်သူလည်း မရိုးတော့ဘူးနော် အသည်းကင်ဆာလား အသားရောင် အသားဝါလားမသိ :P

khayaenyo said...

hay,
who is "thu"?
very interest!

RePublic said...

ကိုရွာသားလေးရေ .. သူဆိုတာ ဘယ်သူလည်းဗျ၊၊ အဲလို ဒိုင်လျှိုလို့ရ၀ူးနော်၊၊ :P

Unknown said...

hey,
i want to know "thu"

May Moe said...

သူ ဆိုတာ INTERNETမဟုတ်လား :P

ကိုရုပ်ဆိုး said...

ဟား ........ ဟား ....
ရွာသားရဲ့ပုစ္ဆာကို မှန်အောင်ဖြေသွားတဲ့ “မေမိုး”ကိုတော့ ချီးကျူးတယ်။ ဟုတ်တယ်...။ ကျနော်လည်း သူဆိုတာ Internet လို့ တထစ်ချ ပြောရဲတယ်။ ဘာလို့လဲဆိုတော့ ရွာသားဆိုတာ အချစ်အကြောင်း ဘာမှ မရေးရသေးတဲ့ ဗလာစာရွက်အလွတ်တချပ်ဆိုတော့ “သူ”ဆိုတာ ဘယ်က ကောင်မလေးမှ မဟုတ်ဘူး။ သူဘလော့ဂ်မှာ ရင်ဖွင့်ချင်တိုင်းဖွင့်လို့ရအောင် လုပ်ပေးတဲ့ “အင်တာနက်”ကြီးပေါ့ဗျ။ ရွာသားဆိုတာ သူ့ဘလော့ဂ်ကို သူ့ရည်းစားလုပ်ပြီး ရင်ဖွင့်နေတဲ့လူဗျ :)

Anonymous said...

ဟဲ..
သူဆိုတာ အင်တာနက် မဟုတ်လားဟင်...
:P
မဟုတ်ရင်ဘယ်သူပါလိမ့်နော် ... :D

Unknown said...

အရေးအသားလေးကတော့ တယ်ကောင်းပဲ
အခုလည်း သူနဲ့ ပဲအတူတူ ရှိနေတာမလား
ပျော်ပါစေနော်