

အနားနားကပ်မိရင်
ရှင်အခွင့်ရေးယူတယ်တဲ့
ခပ်ခွာခွာနေမိရင်
ရှင်နေနိုင်လိုက်တာတဲ့
အဆက်အသွယ်လုပ်မိရင်
ရှင်နရားပါးယားလုပ်ချင်လို့တဲ့
မဆက်သွယ်ပဲထားခဲ့ရင်
ရှင် ပစ်စလခတ်ထားတယ်တဲ့
တခြားလူနဲ့သွားမိရင်
ရှင်ကျမကိုမခေါ်လို့တဲ့
လိုက်ခဲ့ပါဆိုတော့
အားမအားစဉ်းစားနေတာတဲ့
တစ်ခုခုဝယ်ပေးပြန်တော့
ဒီဟာမကြိုက်ဘူး ဟိုအရောင်မကြိုက်ဘူးတဲ့
မ၀ယ်ပေးပြန်တော့
အလိုက်ကန်းဆိုးမသိဘူးတဲ့
ဘုရားသခင်ကိုဆုတောင်းလိုက်ချင်တယ်
အခုလိုမိုးအေးအေးမှာ
အဲဒီနံရိုးကို စွပ်ပြူတ်ပူပူလုပ်သောက်ပြီး
ပန်းသီးတွေတစ်ယောက်ထဲစားခွင့်ပေးပါလို့......................
7 comments:
(အတော်စိတ်ကုန်သွားပြီဟုတ်. ယူပြီးရင် ပိုဆို.းဥိးမယ်)
ချစ်တယ်ပြောတော.ရှင်နှယ် ကလေးကလား
မပြောပြန်တော. ရှင် အရင် လို မဟုတ်ပါလား အသစ် တွေ.နေပြီထင်ရဲ.။
ပိုက်ဆံပေးရင် ရှင် သမာသမတ်ပိုက်ဆံဟုတ်ရဲု.လား
မပေးရင် ဘေး အိမ်တွေ ကို ကြည်.ပါဦး ကျွန်မဖြင့် ရှက် လိုက်တာ.
စိန်နားကပ်က တလုံးစိန် မှနော်
သူတိုလို. နေ ချင်တယ်။
လူမှန် ရင် အခန်းလေး တခန်းတော့ရှိမှ
သားသာူးကိုလည်း အင်္ဂလန်ပှို့ချင်သေးတယ်။
အမေ ကလည်းမြေးကို လွမ်းလို.လာနေချင်တယ်တဲ.မောင်။
အင်းး..........ကောင်ကလေးကပဲ အလိုက်မသိတာလား ကောင်မလေးကပဲ ဂျီးထူးလာတော့လားတော့ ဖတ်ရတဲ့သူရင်မောတယ် ကိုင်းကိုင်း လိမ္မာတယ် သင့်သင့်မြတ်မြတ်နေကြကွယ် ဘကြီးစိတ်ညစ်တယ် ။
P>S= အဆင်ပြေရင် တင်ထားတဲ့ ကြက်သားဟင်းလေးပို့ လိုက်ပါလား
ဟ ... ရွာသားရ
သူက ရှင် အခွင့်အရေးယူတယ်လို့ပြောရင် ပြန်ပြောလိုက်ပေါ့ ... တကြိမ်မှ တခါတည်း ယူတာပါလို့။
ဟ .... ရွာသားရ
အဲဒီနံရိုးကို စွပ်ပြုပ်လုပ်မသောက်နဲ့ သွေးပြီးလိမ်း ရင်အေးတယ်။
ကိုရွာသားလေး အစားပုတ်တာ အခုမှ လုံးဝပေါ်လာတော့တယ်း)) ပန်းသီးအားလုံး အပိုင်စီးတဲ့အပြင် စွပ်ပြုတ်ပါ လုပ်ပစ်မယ်တဲ့။ ကောင်မလေးတော့ သနားပါတယ်။ ဒါမျိုးများများရေးရင် လူပျိုကြီးဖြစ်လိမ့်မယ်နော်။ စေတနာနဲ့ သတိပေးတာပါး))
ပန်းသီးတွေ တစ်ယောက်တည်းစားမလို့လားဗျ ကိုရွှာသားလေး ၊၊ ဒီလိုမလုပ်နဲ့လေ ၊၊ တစ်ယောက်တစ်ဝက်ပေါ့ ၊၊ဟီး...
ဆုတောင်းလေးကောင်းပါတယ် ၊၊
ကြိုက်တယ်ဗျ
စဉ်းစားစရာပဲ
ဆောဒီးလို့ ပြောခဲ့တယ် တွဲလက်ကယ်ဘယ်မရှိလို့ လည်းပြောခဲ့တယ် ခုကျတော့ မိန်းမတွေအကြောင်း တော်တော်လေးသိနေတယ်ဆိုတော့ကား????
မိန်းမပီသသော မိန်းမတွေပါကွယ် ခွင့်လွှတ်ပေးလိုက်ပါ
(ခံစားချက်လေးကတော့သိပ်ကောင်း တယ် မြင်သာအောင်ဖွဲ့ ဆိုပြတတ်တယ်)
Post a Comment