14 November 2008

အမှောင်နဲ့အလင်း



အမှောင်ရှိလို့အလင်းရှိတာလား။ အလင်းကြောင့်အမှောင်ဆိုတာ ဖြစ်တည်နေတာလား……

အရင်တုန်းကတော့ အမှောင်အတိတဲ့။ အမှောင်ကို အလင်းဆောင်ပေးခဲ့ကြတာဆိုပဲ။ အမှောင်အတိုင်းနေခဲ့ပြီး လင်းလာရင်တော့ ကြောင်တောင်တောင်တော့နေမှာနော်။ ဘာလို့လဲဆိုတော့ အမှောင်ကနေအလင်းကို ထွက်လာရင်မျက်စိစူးနေတတ်တာ။ ကားအလင်းရောင် ဗြုန်းကနဲတွေ့လိုက်ရင် မျက်စိတမ်းမှိတ်သွားတတ်တာကိုး။

အလင်းထဲက ဆိုရင်ကော အမှောင်ထဲကို ဘယ်လိုလုပ် တန်းသွားနိုင်မှာလဲ။ အမှောင်ထဲကို မြင်နိုင်ဖို့ မျက်စိတော့ပိတ်ကြည့်သင့်တယ်။ နောက်မှဖြည်းဖြည်းခြင်းဖွင့် ကျင့်သားရပြီဆိုရင်တော့ အမှောင်ထဲမှာလည်း မြင်ရနိုင်ပြီပေါ့။

ဒါနဲ့ အလင်းနဲ့အမှောင်ဆိုတာကိုကော ဘယ်ဟာက အလင်းလဲ ဘယ်သူက အမှောင်လဲ။ မည်းနက်နေတာနဲ့ အမှောင်ဖြစ်ကရောလား။ အဖြူရောင်ဆိုတာနဲ့ အလင်းလို့သတ်မှတ်လိုက်ကရောလား။ အကယ်ကြီး အလင်းကိုအမည်းရောင် အဖြူရောင်ကို အမှောင်လို့ သတ်မှတ်လိုက်ရင်ရော။ အခုမှသတ်မှတ်မယ်ဆိုရင်တော့ အားလုံးဇောက်ထီးဖြစ်ကုန်မယ်ထင်တယ်။ လမ်းပေါ်က ကားတွေရပ်သလို လူတွေလည်း မတ်တပ်ကငုတ်တုတ်ဖြစ်ကုန်မယ်။

တစ်ခုတော့သတိထားစေချင်တယ်။ အလင်းနဲ့အမှောင်ကို ခွဲခြားသိဖို့ပါ။ သိတယ်လို့လွယ်လွယ်မပြောနဲ့နော်။ တစ်ခါတစ်လေ ကိုယ်ထင်နေတဲ့ အလင်းဆိုတာ ရောင်ပြန်မျိုး ကိုယ်ထင်နေတဲ့အမှောင်ဟာ အိပ်မက်ဆိုးသက်သက်ဖြစ်နေတတ်တယ်။ လက်တွေ့ကိုသေချာလေ့လာပြီးမှ အလင်းအမှောင်ဆိုတာကို ခွဲခြားစေချင်တာပါ။ သူတစ်ကာပြောတာနဲ့လွယ်လွယ်လက်မခံလိုက်ပါနဲ့။ ပြီးတော့ ငါစွဲတွေကို ချွတ်ကြည့်စေချင်တယ်။ ငါသိ ငါတတ် ငါတော်ဆိုတာတွေနဲ့ တကယ့်အလင်းအမှောင်ကို ခွဲခြားရခက်မှာစိုးလို့ပါ။

ဆိုတော့ကာ ဘယ်ဒင်းကြောင့် ဘယ်ဟာပေါ်လာတယ်ရယ် သေချာတော့ မသိပါဘူး။ အလင်းနဲ့အမှောင်ကတော့ ဒွန်တွဲနေတာပါပဲ။ တစ်ခုပဲ ရှိတယ် အဲဒါ ကိုယ်ကိုတိုင် သိဖို့ပါပဲ။ သိဖို့တော့ အချိန်တစ်ခုတော့ လိုမယ်ဗျ။ ကဲ………….

5 comments:

khin oo may said...

14 Nov 08, 23:22
kom: ဟုတ် သေချာဖတ်ပါတယ်။ ကောင်းတယ်။ တကယ်။ တကယ်ကောင်းပါတယ်။ ကိုဂီ ကို ဖိုက်နိုင်တဲ့ အတွေး ကလေးပါဘဲ။

တက်လူငယ် said...

လောကရဲ့ အရှိတရားတွေပါပဲဗျာ။

RePublic said...

ဟုတ်ကဲ့ ၊၊ ကြိုးစားပါ့မယ် ၊၊ မင်္ဂလာပါ ကိုရွာသားလေး ရေ ၊၊ မောနင်းပါ ၊၊

ကိုကြီးဝီ

Anonymous said...

နေ့ နဲ့  ညမှားနေတော့ အမှောင်နဲ့  အလင်း မကွဲပြားးး

Unknown said...

အဲဒီလို အတွေးမျိုး တွေးခဲ့ဖူးတယ်
ခုတော့ သိသွားပြီ
ငါစွဲတွေချွတ်မှဆိုတာ
ဒါမှ အလင်း အမှောင် ခွဲလို့ မှာပါလားဆိုပြီးပေါ့