
နင်မထိလည်း
ငါအပြစ်မဖွဲ့ပါဘူး
နင်မနမ်းလည်း
ငါမကဲ့ရဲ့ပါဘူး
နင်တို့ဖို့လည်း
ငါမကြိုဆိုပါဘူး
နင်ကြိုက်တဲ့ပန်းကို
နင်လှမ်းခွင့်ရှိတယ်
နင်သနားလို့
အနားမလာပါနဲ့
နင်စာနာလို့
စကားမဖာပါနဲ့
အဲဒီအကြင်နာတွေကို
ငါကြောက်လို့ပါ
ငါ့ဟာငါပဲ ပင်ထက်မှာနေပါရစေ
မြေခလို့ကြွေကျလည်း
ငါ့ဟာငါပဲနေပါရစေ
7 comments:
ဟိ. ပန်းကလေးဘက် က ခံစားချက်ဖြစ်နေတယ် ။ ခြောက်နေလားမသိ။
အပင် က သိတ်မြင့်တော့ ကြွေကျရင် နာမှာ စိုးတယ်။
ကဲလေ. ရွာသားလေး က ရွာသားလေး ။ နှင်းဆီ က နင်းဆီ ခွဲခြားပြီးဘဲ ဖတ် ပါ့မယ။်
နင် မထိလဲ ငါ အပြစ် မဖွဲ့ပါဘူး.
နင် မနမ်းလဲ ငါ မလွမ်းပါဘူး။
နင်လာဘို့လဲ ငါ မကြိုဆိုပါဘူး။
နင်ကြိုက်တဲ့ပန်းကို နင် နမ်းခွင့်ရှိတယ်။
နင်ကြိုက်တဲ့လမ်းကို နင် လှမ်းခွင့်ရှိတယ်။
နင်သနားလို့အနားမလာပါနဲ့
နင် စာနာလို့ စကားမဖာပါနဲ့။
အဲဒီ အကြင်နာတွေ ကို ငါ ကြောက်လို့ပါ.
နေခလို့ ကြွေကျလဲ ရှိပါစေ
ငါ့ဘာသာငါဘဲ နေပရစေ
ဟိုက်..ရှားဘားစ်....
ရွာသားလေးက သူ့ဟာသူနေပါမယ်၊
ကြောက်ပါတယ်တဲ့ဆိုမှ..မမက သွားစ နေတယ်
ဟေးး ကျုပ်လဲ နှင်းဆီပါပဲ။ :P
နှင်းဆီရင်ထဲက စကားတွေက ဘယ်လိုလုပ် ကိုရွာသား လက်ဖျားရောက်သွားပါလိမ့်နော်။ အင်း တွေးကြည့်ရင်တော့ ............... မသိတော့ဘူးဗျာ။ ( နှလုံးသားအချင်းချင်းပြောတဲ့စကား ရင်ခုန်သံချင်းတူရင် ကြားရသတဲ့ ) ကြားဖူးတာပဲ မကြုံဖူးပါဘူး။
မာနကြီးလိုက်တာ ကိုခင်နှင်းဆီရယ်...
နောင်တော့သာအလိုမကျရင်
အော် မင်းဘဝအတွက်ပဲ တွေးကာ ပူမိသည်..
ပန်းချစ်သူရယ်
မာနကလည်း ကြီးလိုက်ပါပေ့
Post a Comment