23 November 2008

ပုံကြမ်း




တစ်ချက်
နှစ်ချက်ကယ်နဲ့
တို့ထိလို့ရေးခြယ်
ဆေးရောင်ရယ်
ဘယ်မိမယ်
ကိုယ်မသိလေခဲ့။

တစ်ဝက်
တစ်ပျက်ရယ်မို့
ဆက်ဆွဲမယ်ကြံမိပေမယ့်
လက်ထဲမှာ
ခဲဆန်မရှိတာကြောင့်
သြော်

ပုံရုပ်ကယ်မပီ....


ပုံလေးက တခြားလူတစ်ယောက်ဆွဲထားတဲ့ ပန်းချီလေးပါ

9 comments:

sait phay yar said...

ခဲတံပေါတယ်.. လာယူလှည့် ကလေးတွေဆီကတောင်းထားပေးမယ်
အလကားစတာနော်.. ဘ၀ဟာဒီလိုပါဘဲ တွေးလေ တွေးလေ ဆွေးမပြယ်ဘု ဆိုသလိုပေါ့နော်
ဘယ်တော့မှ ပီပြင်တဲ့ရုပ်ပုံကားတစ်ချပ်ရမလည်းဆိုတာတော့ မသိနိုင်တော့ ကံကြမာကိုသာရိုးမယ်ဖွဲ့ ကြရတာပေါ့နော်

khin oo may said...

ဖြစ်ရလေကွယ်…...

ဟန်လင်းထွန်း said...

ပုံကိုကြည့်ပြီ ခံစားထားတာလား

RePublic said...

ကိုရွာသားလေး အသစ်ထပ်ဆွဲဗျာ ၊၊ ဘာမှမပူနဲ့ ၊၊

တန်ခူး said...

ပုံချောတခုရဖို့  ပုံကြမ်းဆိုတဲ့ အဆင့်ကို ဖြတ်ကျော်ရတာမို့  စိတ်မပျက်နဲ့ ရွာသားလေးရေ…
အဆင့်တခုတက်သွားပြီလို့ သဘောထား… လိုအပ်တဲ့ကိရိယာတန်ဆာပလာတော့ အရန်သင့်ထားပေါ့… ခဲဆန်လေးတခုကြောင့် ကြိုးစားအားထုတ်မှုတွေ အလဟာဿဖြစ်သွားဦးမယ်…

ဂျူနို said...

ချစ်စရာလေး။ အိုးရှင်းနဲ့ တူတယ်။

မောင်ပိစိ said...

ဟုတ်ပ.. ပုံကိုကြည့်ပီး ခံစားထားတယ်ထင်ပ..
but ကဗျာလေး ကရှယ်ပဲ
အဓိပါယ်တွေ ထည့်ကြည့်ရင် အများကြီးရှိတယ်..
ဂွတ်ထ...

Anonymous said...

နူဖတ် အုအက် ကလု ဂလက် ကွိကွက် .... ခဲတံပို့ လိုက်မယ် ဘာ အမျိုးစားလဲ 2B လားး 4 B လား Drawing paper ပါ ပို့ လိုက်မယ်း)

Unknown said...

ရော့ ခဲတံ
ဒီတခါ ပုံရုပ်ပီပြင်အောင်ဆွဲ
အတွေးတွေ သိပ်မများနဲ့ 
လောဘလည်းသိပ်မကြီးနဲ့ 
လရိပ်လည်း တယောက်တည်းမလိုချင်နဲ့ 
တော်ကြာ ပုံရုပ်ကယ်မပီ ထပ်ဖြစ်နေမယ်