
လရိပ်ရယ်
နင့်အလင်းတွေ
နင့်အရောင်တွေ
ငါ့ကို စွဲမက်တိမ်းမူး
ရူးသွပ်စေတယ်
တခဏဖြာကျတဲ့
အလင်းမှာ
သတိလက်လွှတ်
ငှက်တောင်ကျွတ်ဖူးတယ်
အေးမြတဲ့
နင့်အရိပ်မှာ
ငါဟာထာဝရ
အိပ်စက်ချင်သူပါ
ဒါပေမယ့်
နင်ကမှ အစဉ်အမြဲ
သာမပေးနိုင်တာ
တကယ်တော့ငါဟာ
အမှောင်ကြိုက်သူ
တစ်ယောက်မဟုတ်ပေမယ့်
လရောင်ကို မခံစားရဲလို့
ချောင်တစ်ခုမှာ
ခိုနေမိတဲ့
လရိပ်ခိုလှုံသူတစ်ဦးရယ်ပါ
5 comments:
ချောင်ထဲမှာ ခြင်မကိုက်ဘူးလားကိုရွာသားရယ်..
သူမို့ မြွေမကြောက် ကင်းမကြောက်..
ဒါပေမယ့် လရိပ်ခိုလှုံသူ ဆိုတာလေးက ကဗျာဆန်ပ
အင်း..လမင်းကို မီတာခ မပေးနိုင်တော့လည်း လရိပ်ကို ခိုးလှုံရတာပေါ့လေ...ဒွတ်ခ ဒွတ်ခ...
လက သာမပေးတာမဟုတ်ပါဘူး။ ကိုယ်တို့ က လရိပ် မမြင်နိုင်တာလေ။ သူ့ ကိုမြင်ရမဲ့ခါကျတော့လည်း တိမ်ဖုံးတတ်သေးတာ
It is a lovely poem. Why do you scare to feel moonlight? Is there any story behind it? :)
ချောင်ထဲမှာ ကုန်းကနုးကွကွလေးပေါ့ ဟုတ်လား လရိပ်က အေးပါတယ်လေ နေခြည်ဆိုရင်လည်း ပူလောင်နေလိမ့်မယ် တစ်နေ့ တော့ လရိပ်က လက်ကမ်းကြိုလင့်နေမယ်ထင်တယ် ။
ခံစားပြီး တွေး
တွေးပြီး ရေးထားတာလေးကို သဘောကျမိတယ်
ကဗျာဆန်ပါဘိ မောင်ရွာသားရယ်
လရိပ်ကို ခိုလှုံသူတစ်ဦးတဲ့လား
အေးမြတဲ့လရိပ်နဲ့ တူတဲ့သူကိုလည်း တဦးတည်း ပိုင်ဆိုင်နိုင်ပါစေ
Post a Comment