28 September 2008

အချစ်


လူ့ဘ၀တစ်လျှောက်မှာ ကြုံကိုကြုံရမှာပါ။ များပြားလှတဲ့အချစ်တွေထဲမှာ ဘယ်အချစ်နဲ့ကြုံပြီး ဘယ်အဖြစ်နဲ့ဆုံစေမလဲ ဘယ်သူမှကံသေကံမ မပြောနိုင်။ တကယ်တမ်း ဒီTopic က ကျနော်မပိုင်တဲ့ အရာ။ ဒါပေမယ့် Painted skin ဆိုတဲ့ဇာတ်ကားလေး ကြည့်အပြီးမှာ ဒီခေါင်းစဉ်ကိုတင်ကြည့်မိတာ။

လူတစ်ယောက်ကို တစ်ချိန်လုံးသတိရရင်အချစ်တဲ့လား။ လူတစ်ယောက်ကို အမြဲတမ်းစွဲလမ်းနေရင် အချစ်တဲ့လား။ တကယ်ချစ်တယ်ဆိုတာက အဲဒီလူတစ်ယောက်ရဲ့ စိတ်နဲ့ခန္ဓာအရာအားလုံးကို ကိုယ်တစ်ယောက်တည်း ပိုင်ဆိုင်ချင်တာတဲ့လား။ အချစ်စစ်ဆိုရင် ဘယ်တော့မှမပျက်ယွင်းတော့ဘူးပေါ့။ နောက်ထပ်အချစ်တစ်ခု ဖြစ်တည်လာရင် ဒါဆိုအချစ်စစ်မဟုတ်လို့ပေါ့။ အချစ်နောက်မှာ မနာလိုမှုတွေ သ၀န်တိုမှုတွေ ပြည့်နှက်နေမယ်ထင်ပါတယ်။ ကိုယ့်ကိုပဲ ဂရုစိုက်စေချင်မိတယ်၊ ကိုယ့်အနားမှာပဲရှိစေချင်မိတယ်။ သူ့ရဲ့လွတ်လပ်ခွင့်ဆိုတာကိုလည်း အမေ့မေ့ အလျော့လျော့။ သူ့အနားမှာ တစ်စုံတစ်ယောက်ရှိတယ်ဆိုရင်တော့ နှလုံးသည်းပွတ်တွေ ကြွေမတတ်ဖြစ်ရမှာပါ။ အနားမှာနေပြီး ကိုယ့်စိတ်နဲ့ကိုယ် အကျဉ်းကျနေရမှာ။ ကိုယ့်အနားမှာ မရှိတဲ့အခိုက်အတန့်တွေမှာ အရာရာကို လက်လွှတ်ဆုံးရှုံးရသလိုပါပဲ။

တကယ်လို့ကိုယ့်နောက်မှာ နောက်တစ်ယောက်ဆိုတာ ပေါ်လာခဲ့ရင် မျှဝေခံစားပေးနိုင်ဖို့ခက်ပါလိမ့်မယ်။ အရမ်းကိုနားလည်ပြီး မျှဝေခံစားခဲ့မယ်ဆိုရင်လည်း မွှမွှကြေနေတဲ့ နှလုံးသားနဲ့ပဲဖြစ်မှာပါ။ အပူတွေကို မြစ်ချောင်းတွေအဖြစ် ပါးပြင်မှာစီးဆင်းစေခဲ့မှာ။ အဖြည့်ခံချစ်တတ်သူတွေကော အများကြီးရှိနိုင်ပါ့မလား။

တိုးတိတ်စွာချစ်တတ်သူတွေကျတော့ရော။ ဖွင့်မပြောဖြစ်ခဲ့လို့နောက်ကျတဲ့ အသိတွေကို နောင်တတွေ ရင်မှာပိုက်ပြီး အသံတိတ်ရှိုက်နေရတဲ့ မျက်ဝန်းတွေကိုပိုင်ဆိုင်မှာပေါ့။ သူတို့ရဲ့ အားငယ်စိတ်တွေကို နားလည်ပေးနိုင်ခဲ့ရင်တော့ ကောင်းပါလေရဲ့။

ဇွတ်တရွတ်ချစ် မိုက်ရူးရဲချစ်တတ်သူတွေကော။ အရမ်းကို ကမ်းကုန်အောင်ချစ်ပစ်လိုက်လို့ နောက်ထပ် အချစ်တွေ မရှိနိုင်လောက်တော့ဘူးလားလို့မေးချင်နေမိတယ်။

အချစ် အချစ်တွေကို အသစ်အသစ်တည်ထောင်သူတွေကိုရော။ သူတို့တွေရဲ့ နှလုံးသား refresh rate က သိပ်မြန်တာကြောင့်လား။ အချိုးအကွေ့များတဲ့ လောကကြီးမှာ သူတို့အတွက်တော့ အေးအေးဆေးဆေး ကျော်ဖြတ်နိုင်နေသလားလို့။ ဒါမှမဟုတ် ဘာမှမခံစားတတ်တော့တဲ့ ထုံပေပေနှလုံးသားကို ပိုင်ဆိုင်ကြသူများပဲလား။

တစ်ယောက်တည်းကိုပဲ စွဲမြဲစွာချစ်ပြီး ကျန်ရစ်ဖြစ်နေသူတွေတော့ ရှိကောင်းရှိမယ်ရှားမယ်ထင်ပါတယ်။ တစ်သက်လုံးမှာ ဒီအချစ်ကိုပဲ ဖက်တွယ်ရင်း မိုးလင်းသွားတဲ့ ညပေါင်းတွေများလာတဲ့အထိလေ။

ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့သမိုင်းမှာ အချစ်ဆိုတဲ့ စာမျက်နှာတွေပါကိုပါဝင်နေမှာပါ။ စာမျက်နှာအရေအတွက်တွေ များမများ။ စာမျက်နှာတွေလှမလှကိုတော့ ကံဇာတ်ဆရာကပဲ ရေးချယ်မလား ကိုယ်ကိုတိုင်ကပဲ ခြယ်မှုန်းနိုင်မလား ဘယ်သူမှမသိ။ အေးငြိမ်းတဲ့ အချစ်ကိုပိုင်ဆိုင်ရင်တော့ သင်ဟာ ကံကောင်းသူတစ်ယောက်ဖြစ်နေပါပြီ။ ပူပြင်းတဲ့ အချစ်တွေဖြစ်ခဲ့ရင်တော့ ဆုတောင်းရုံပဲပေါ့ဗျာ။ သြော် အချစ်… အချစ်……ကျိန်စာတစ်ပုဒ်ဖြစ်လေမလား ကဗျာတစ်ပုဒ်ဖြစ်လေမလားနော်

17 comments:

Anonymous said...

သြော်...ပျောက်နေပါလား အောက်မေ့တယ် သူက အချစ်အကြောင်း လေ့လာနေတာကိုးး မှတ်သားသွားပါတယ်ခင်ဗျာ အချစ်ဆိုတာ သရက်သီးလိုပဲ မိုးဦးကျဆိုပေါတယ်း)

khin oo may said...

ကျိန်စာလဲ မဟုတ်. ကဗျာ လည်. မဟုတ်.
အိမ်ထောင်ရဲ့ entrance ဖြစ်ပါတယ်။

khin oo may said...

ဆောတီး။ ဖီလင် များပျက် သွားသလား မသိ.။

ဖိုးဂျယ် said...

ကိုရွာသားက ချစ်မဲ့သူတွေ.နေပြီလား။ တွေ.နေရင်တော့ ကံကောင်းပါစေလို. ဆုတောင်းပေးပါတယ်ဗျာ။

ဝေလေး said...

အော် ကွင်းဆင်းလေ့လာချက်တွေလား အစ်ကိုရ...
အချစ် အချစ်.. တဲ့..
ဟဲ..... :P

ဇင်ယော် said...

နောက်ဆုံးကျတော့လည်း အေးချမ်းမေသီချင်း အော်ဆိုရုံပေါ့ဗျာ။ ဘာတဲ့ ဇတ်ဆရာရဲ. အလို တို့ တွေ လိုက်ရုံ၊ တို့ တွေဘာမှ မတတ်နိုင်ပဲ ဆိုလား။ အဟဲ သိပ်လည်း အော်ရဲဘူးဗျ။ တော်ကြာဇာတ်ဆရာ ကိုရင်ငြိမ်းတစ်ယောက် ကြားသွားလို့  အလိုလိုက်ပါဆိုပြီး လာပူဆာနေရင် ဒုက္ခ။

ကိုရုပ်ဆိုး said...

ကိုငှက်ကြီး သီချင်းကို ပြန်ဆိုပြရရင် ... ဒါဟာ ကဗျာတစ်ပုဒ်ပဲ ဘယ်သူငြင်းမလဲ ... တဲ့။

တန်ခူး said...

ရွာသားလေးရေ… အချစ်ခံစားချက်တွေ စုံနေအောင် ရေးတတ်ပါပေတယ်… တကယ်တော့… တဦးချင်းဆီရဲ့ အတွေ့ အကြုံခံစားချက်ပေါ်မူတည်ပြီး အချစ်တွေ အမျိုးမျိုးကွဲပြားကြတာနေမှာ… ကဗျာတပုဒ်လို ငြိမ်းချမ်းတဲ့ အချစ်နဲ့ တွေ့ ပါစေလို့  ဆုတောင်းပေးပါတယ်…

မိုးမြင့်တိမ် said...

"မြင်လေရာမှာ အချစ် အချစ် အချစ်" ဟဲဟဲ သီချင်းဆိုသွားတာ။

RePublic said...

အင်း ..ကျနော် အမြဲ မဆွေးနွေးတဲ့အရာ တွေထဲမှာ သူ(အချစ်အကြောင်း) လဲပါတယ်ဗျ ၊၊ ကိုရွာသားလေးရေ ... ကံကောင်းပါစေ ၊၊ ဟဲဟဲ ..စာရေးပေးဖို့တော့ သတိရနော် ၊၊ ဒါပဲ ၊၊

စူး said...

အချစ်ဆိုတာ....
အဓိပ္ပါယ်များလွန်းလှတယ်..။
အချစ်ကို စံထားပီး လိမ်ညာဟန်ဆောင်ခြင်းမရှိတဲ့သူနဲ့
ချစ်နိုင်ပါစေ

khin oo may said...

ဗီလိန်တု.ိ ကမျြှောက်ပြောတာ ဖြစ်မယလိဲု့ နောက် တာပါ။် သိတ်ကောင်းတဘဲ တို. ဆက်ရေးပါဦး တို. လို.ပြောတာပါ.။

မောင်ဖားကြီး said...

အချစ်ကို အဓိပ္ပါယ်မဖွင့်တတ်ပါ။ ကောင်းတယ်အစ်ကို ပို့စ်လေးက

kay said...

အဖြေမရှိတဲ့နောက်..လိုက်နေပြန်ပီပေါ့..း)

ဘလော့ရေးချင်စိတ် ကုန်လာနေတယ်လား..ဖြစ်တတ်ပါတယ်..။ ဒီလိုပဲ.. ပီးတော့လည်း..မပြတ်နိင်..အဲဒီ - အချစ်လိုပါပဲ.. အဟဲ

ရွှေပြည်သူ (ShwePyiThu) said...

အချစ်ဆိုတဲ့ စာမျက်နှာအတွက် စာရွက်၊ စုတ်တံနဲ့ ဆေးရောင်တွေကို ကံဇာတ်ဆရာကပေးပြီး ချယ်မှုန်းတာကတော့ ကိုယ်တိုင်ပဲ ထင်ပါရဲ့။ အလှဆုံးစာမျက်နှာကို ချယ်မှုန်းနိုင်ပါစေ ကိုရွာသားလေးရေ... (ဒီစာကို ချောင်းဆိုးရင်း ရိုက်သွားပါတယ်...း))

Unknown said...

အချစ် အကြောင်းကို လေ့လာ မှတ်သား သွားပါသည်
စကားမစပ် အချစ်ဆိုတာ ဘာပါလိမ့် လို့ 
(စုံစုံစိစိ တိတိကျကျ သိလိုသူတစ်ဦး)

ကျိန်စာသင့်တဲ့ ကဗျာတပုဒ်များလား

ဇွန်မိုးစက် said...

အချစ်က တပ်မက်တွယ်ငြိမှုတဏှာဆိုတဲ့လောဘစိတ်၊ အချစ်စိတ်ကို အခြေခံပြီးဖြစ်လာတဲ့ လွမ်းဆွေးပူပင်သောကတွေက ဒေါသစိတ်တဲ့။ လောဘနောက်က ဒေါသအမြဲလိုက်တယ်နော်...သတိထား။

ခပ်တည်တည်နဲ့ ဆရာလုပ်သွားသည်။ (ခင်လို့ပါနော်...စိတ်မဆိုးဘူးထင်ပါရဲ့)

အချစ်က ကျိန်စာပဲဖြစ်ဖြစ် ကဗျာပဲဖြစ်ဖြစ် ရွာသားလေးရေးလိုက်တော့ ဖတ်လို့ကောင်းသွားတာပါပဲ။

တို့ရဲ့အချစ်စာမျက်နှာနံပါတ်က ၁၅။