24 September 2008

ပထမဆုံးပြည်ပခရီး သို့မဟုတ် အကြောက်တရားတို့ကျဆုံးခန်း(၂)

ပြည်ပလေယာဉ်ကို ပထမဆုံးစီးဖူးပြီးမှ ပြည်တွင်းလေကြောင်းကို ပြန်စီးရတော့ ကွာတယ်လို့ထင်မိတာပေါ့။ ဟိုဘက်လေဆိပ်ရောက်တော့ အင်မီဂရေးရှင်းမှာ မေးသမျှကို ကျကျနနဖြေ (တချက်ဗျာ ကျနော် ကုတ်အကျင်္ ီ တွေဘာတွေ ဝတ်မသွားပါဘူး) ညွှန်ပြထားတဲ့ လမ်းကြောင်းတွေကနေ အလိုက်သင့်လိုက်သွားတာပါပဲ။ အိတ်တွေရွေးအပြီး အပြင်ထွက်တော့မှ ဘဝကစတော့တာပါပဲ။ ဟိုတယ်ကလာကြိုပါတယ်ဆိုတဲ့ ကိုရွှေကြိုကို မတွေ.။ အမွေးတစ်ပင်အမြီးတစ်ချောင်းမှမတွေ့။ သူများတွေ ထောင်ထောင်ပြနေတဲ့ ကိုယ်နားမလည်တဲ့ ဆိုင်းဘုတ်တွေကို လိုက်ဖတ်လို့သာ ကုန်သွားရော မတွေ့ရေးချာမတွေ့ အောက်ကမြင့်လည်း မတွေ့။ ခပ်တည်တည်နဲ့ ပိုက်ဆံ ၅၀လောက်လဲလိုက်တယ် ပြီတော့ သူငယ်ချင်းတွေပေးလိုက်တဲ့ ဖုံးဟောင်းလေးထဲကို ထည့်ဖို့ ၁၂၁၂လား ၁၂ကောလားမသိဘူး ဆင်းကဒ်လေးတစ်ခုဝယ်လိုက်တယ်။ ဘယ်လောက်လည်လဲဆိုတော့ ဝယ်လိုက်တဲ့ကဒ်ထဲမှာ ၅ ဘတ်ပဲပါတယ်။ ပိုက်ဆံထပ်ထည့်ဖို့ ရောင်းနေတာကို အချဉ်ဖမ်းတယ်ဆိုပြီး ငြင်းလိုက်မိတာ တော်လေးကြာမှ မှားမှန်းသိတော့တယ်။

ဘန်ကောက်က သူငယ်ချင်းကိုဖုံးဆက် သူပြောတဲ့ TAXI ဆိုတဲ့ဟာကို ငှားရတယ်။ မောင်းတဲ့ ဒရိုင်ဘာက မိန်းမဗျ။ ကွာတာက အဲဒီက စကွာတာ။ မတတ်တတတ်နဲ့ ပေးလိုက်တဲ့ ဟိုတယ် လိပ်စာကဒ်ကို သူက ဖတ်တတ်သွားတော့ သွားမယ်တက်ဆိုပြီး ဟန်အပြည့်နဲ့နောက်ခန်းက နှစ်ယောက်လိုက်သွားတယ်။ ပြီတော့ မှ သူကနောက်လှည့်ပြီး ဘတ်ဘတ်ဆိုပြီးတဘတ်တည်းဘတ်တော့တာပဲ။ စည်းကမ်းရှိပြီးကြောက်တတ်တဲ့ ကျနော်တို့နှစ်ယောက်ကလည်း ကားပေါ်တက်ကတည်းက ၁။ကားပေါ်တက် ၂။နေရာယူ ၃။ခါးပတ်ပတ်ထားပါလျက်ကယ်နဲ့ ဘာကြောင့်တဘတ်ထဲဘတ်နေပါလိမ့်ဆိုပြီး အူကြောင်ကြောင်ဖြစ်နေမိတယ်။ တကယ်တမ်းက ကျနော်တို့ဆီမှာလိုမဟုတ်ပဲ အမြန်လမ်းမတွေရှိပြီး အမြန်လမ်းမတွေကနေ မောင်းရင် ပိုက်ဆံပိုပေးရမယ်လို့ပြောတာပါ။ ဇာတ်ရည်လည်တော့မှ အိုကေလိုက်ရတယ်။ ရေလိုက်လွှဲတာများပြောပါတယ်။

ဟိုတယ်ကိုမြင်လိုက်ရရင်ပဲ ကိုယ့်အိမ်ကိုရောက်သလိုပဲ ရောက်ပြီကွဆိုပြီး လက်ခမောင်းတောင်ထခတ်ချင်ပါတယ်။ ဟိုတယ်ကလည်း ရောက်ရောက်ချင်း သူတို့သွားကြိုတဲ့လူကို ဘာလို့မစောင့်တာလဲဘာလည်းနဲ့ မုန့်ဖိုးပေးဖို့တောင်းနေသေးတယ်။ အဲလိုမျိုးထုံးစံရှိတယ်လား မသိပါဘူးဆိုပြီး အိပ်ချင်ယောင်ဆောင်လိုက်တာပေါ့ ဘယ်ရမလဲ။ ခက်တာက ဟိုတယ်တစ်ခုလုံးမှာ အင်္ဂလိပ်လိုတတ်တာက ၂ယောက်လား ၃ယောက်လားရှိတာ။ ဒါတောင် ၃စတားဟိုတယ်ပါတဲ့။ ကျနော်ထင်တာ ကျနော်တို့တည်းခဲ့တာ ငါးထပ်မှာပါ။ ရေခဲသေတ္တာထဲကသောက်ရေ ပုလင်းတွေကို မောမောနဲ့သောက်ချပြီး ရေမိုးချိုးအဝတ်အစားလဲ ညစာစားဖို့ အပြင်ထွက်ရတယ်။ ဟိုတယ်မှာစားဖို့တော့မဖြစ်နိုင်ဘူးလေ။ အနားမှာရှာရင်း ကျနော့စီနီယာကလည်း မြန်မာပီပီထမင်းမှ ထမင်း ဆိုတော့ ထမင်းဆိုင်လေးတစ်ခုမှာပဲ ဝင်လွေးလိုက်ရတော့တယ်။ နောက်ဆိုနေ့တိုင်းစားလို့ဖောက်သည်ကိုဖြစ်နေရော။ ဝက်သားဒုတ်ထိုးလိုပုံစုံကို ထမင်းပေါ်ဆမ်းပေးတာပါပဲ။

အနီးအနားလမ်းသလားမယ်ဆိုပြီးလျှောက်ကြည့်မိတော့မှ ဒုက္ခနဲ့လှလှက စတွေ့ကြတာပါ။ နှစ်လမ်းသုံးလမ်းလောက်လျှောက်အပြီး ကျနော့စီနီယာက ရန်ကုန်ကပါလာတဲ့ ရှူးဖိနပ်ပြတ်ပါတော့တယ်။ မနက်ဆိုရင် သူများရုံးကိုသွားတက်ရမှာဆိုတော့ ဘယ်လိုလုပ်ရပါ့။ အနီးအနားမှာ ကူကယ်ရာရှာပြန်တော့လည်း ဖိနပ်ဆိုင်နဲ့တူတာဆိုလို့ဘယ်အရာမှမတွေ့။ အားကိုရာ သူငယ်ချင်းကို ဖုံးဆက်မေးတော့ ညစျေးဆိုတာရှိတယ်တဲ့။ ထုံးစံအတိုင်း TAXI ပဲပေါ့။ ကြာလိုက်ရှည်လိုက်ပါတဲ့ ကားတန်းကို သူ့မီတာပြတဲ့ဘုတ်လေးကြည့်ရင်း ရင်တမမနဲ့လိုက်ခဲ့ရတယ်။ ညာများညာလေပြီလားမသိဆိုပြီး။ ညစျေးပေမယ့် တော်တော်ကို စုံစီနဖာနိုင်ပြီး စည်ကားတာတွေ့ရပါတယ်။ သူတို့စျေးရောင်းတဲ့ ပုံစံကတော့ ကာကူလေတာလေးနဲ့ပါ။ သူကရောင်းစျေးအရင်နှိပ်ပြ။ ပြီးရင် စျေးချချင်ရင်ဆောင်ပြီး ထပ်လျှော့ပေး။ ကိုယ်ကလည်း ကိုယ်ပေးနိုင်တဲ့စျေးကိုပြန်နှိပ်ပြ ရောင်းသူဝယ်သူ ပြိုင်တူကို ကာကူလေတာ နှိပ်ကြတာ။ တစ်ခုတော့ကောင်းတယ် ညစျေးမှာ ပိုက်ဆံလဲရင် ငွေတော့ ပိုရတယ်ဗျ။ ဖိနပ်လေးဝယ်ပြီး ပျော်ပျော်ပါးပါးပြန်ခဲ့ကြပေမယ့် အပြန်မှာငှားလာတဲ့ကားသမားက အင်္ဂလိပ်လိုမတတ်။ ယူလာတဲ့ ဟိုတယ်ကဒ်ကလည်း အင်္ဂလိပ်လို ဆိုတော့။ ဟိုတယ်ကို ဖုန်းခေါ် ဘယ်ကိုမောင်းပါဆိုတာ ဟိုတယ်ကိုပဲညွှန်ခိုင်းရတော့တာ။ စွန့်စားခန်းတွေကတော့ အများသား……………..

ဆက်ပါဦးမယ်

4 comments:

ဇင်ယော် said...

ဟဲဟဲ ဘယ်ရမလဲ update ထဲမှာ ပေါ်လာတာနဲ့  ချက်ချင်း လာပြေးဖတ်တာ။ ကိုရွာသားလေးရဲ. စွန်.့ စားခန်းတွေကို။ တော်သေးတာပေါ့ဗျာ။ taxi က ပတ်မမောင်းလို့ ။ ဟုတ်ပါ့ ကျနော်လည်းကြုံဖူးတယ်ဗျ။ ညနေထမင်းစားပြီးချိန်မှ ဖိနပ်ကြိုးပြတ်သွားတာ။ တော်တော်လေး တိုင်ပတ်သွားတယ်။

Moe Cho Thinn said...

ဘန်ကောက်က သူ့စကားကိုယ်နားမလည်၊ ကိုယ့်စကား သူနားမလည်တဲ့ အဖြစ်တွေကို ဒါဖတ်ပြီး လွမ်းသွားတယ်။
အမ ဘန်ကောက်မှာ အကြိုက်ဆုံးက အသီးတွေလေ။ ဖိနပ်တော့ မပြတ်ဖူးသေးဘူး။

khin oo may said...

တို့ ဘန် ကောက် သွားတုံး က ငရုတ်သီး ကုလားအော် သီး လို သေးသေးလေးရယ်။ ထန်းသီးစေ့ ရယ် ဝယ် လာခဲ.တယ်။ အဲဒီ တုံး က စလုံး မှာ မြန် မာပစ္စည်း သိတ် မများသေးဘုး ။ သရက် သီးစိမ်း နောင် နောင် သည် ဆီ ကလည်းစားတယ်။ ပျော်လိုက်တာ.။

Unknown said...

ရင်တထိတ်ထိတ်နဲ့  ဆက်ဖတ်သွားတယ် (အဲ့ဒီ့ကို ရောက်ဖူးချင်တယ် ဒါပေမယ့် ကြောက်လည်းကြောက်တယ်)