မျိုးစေ့တွေ
ပျိုးကြည့်တယ်
ရေလောင်းလို့ရက်မကြာခင်
အညှောင့်တလူလူ...
နွယ်ထွက်လို့
တွယ်မတက်ခင်
ဝါးစင်ရယ်ထောင်မိတယ်
စင်လုံးရယ်မပြည့်ပေမယ့်
ရွက်ကလေးတွေ
ဝေလေတော့ ပျော်ခဲ့ပါရဲ့..
ပွင့်မှသည် ဖူး
ဖူးမှသည် သီးလေတော့
အရွယ်ရယ် တယ်မကြီးပေမယ့်
ကိုယ်ပျိုးသည့်မျိုးရယ်မို့
မျှော်ကိုးကာစားမယ်ကြံကာမှ
အကောင်ရှည် နင်ဖြတ်ပြန်တော့
ခါးလိုက်လေခြင်း...
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
-
ငယ်ကတည်းက အယူအဆတွေ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ပတ်သက်ရင် အလွယ်တကူ လက်မခံဘဲ
သေချာ စဉ်းစားပြီး ကိုယ်တကယ်ယုံနိုင်မှပဲ လက်ခံတတ်တဲ့ ဉာဉ်ရှိသူမို့ ..
ဘာ...
4 weeks ago
2 comments:
အရေးကောင်း အတွေးကောင်းဗျာ ၊၊
ဖတ်ပြီး ပြုံးမိတယ်
သဘောလည်းကျတယ်
အတွေးလေးကိုလည်းသဘောကျတယ်
ဖြစ်တတ်တာလေးကို မြင်မိအောင် ရေးနိုင်တယ်
Post a Comment