02 August 2009

အပြာရောင် အိပ်မက်


ဝိုးတ၀ါးပါပဲ
အပြာရောင်တွေက ဖမ်းစားစေခဲ့တယ်

မြူနှင်းကြားမှာလား
မြူမှုန်တွေကေ၀၀ါးစေသလား


ငါဟာ အပြာရောင်တွေကို
မက်မောတယ်

ဆက်မပြောပါနဲ့
ငါ အပြာရောင်တွေကို မက်မောတယ်

လွင့်နေတဲ့ အပြာတွေ
မြင်နေတဲ့ အပြာတွေ
အပြာရောင်တွေ အပြာရောင်တွေ
ဖိစီးနိုင်လွန်းတယ်

အိပ်မက်တဲ့
ဒါဟာ အိပ်မက်
သိပ်မက်မောစေတဲ့ အိပ်မက်တစ်ခုပါပဲ

တကယ်တော့ အပြာရောင်အိပ်မက် တစ်ခုသက်သက်ပဲ.......


22 comments:

Mogok Thar said...

ဓာတ်ပုံလေး ကိုယ်တိုင်က ကဗျာ ဆန်လွန်းလှတယ်။
အပြာရောင်တွေ စိုးမိုးနေတဲ့ အိပ်မက် တစ်စ ဖြတ်ခနဲ မြင်ရရဲ့။

အင်းးး၊ အိပ်မက်အစက ကွမ်းရနံ့လေးပေပဲလား။
ဘလော့လေးက အပြာရောင် မိုးသားနဲ့ ကောင်းကင်ကြီးတစ်ခု ဖြစ်လို့။ အပြာရောင်တွေက လွှမ်းမိုး လွန်းလှပေါ့။ သေချာနေပါဘီလေ။ သေချာနေပါဘီ။ အိပ်မက်တွေ... အိပ်မက်တွေ.....

မယ့်ကိုး said...

စာလေးရော ပုံလေးရော အိပ်မက်လို လှတယ်။

သစ်သစ် said...

အရောင်တွေထဲမှာ အပြာရောင်ကို ငယ်စဉ်ကတည်းက ကြိုက်တယ် ။ ဒါပေမယ့် ၂၀၀၉ က ခရမ်းလို့ထင်လို့ ခရမ်းတွေပဲ ရွေးချယ်သုံးနေမိတယ် ။ အပြာကတော့ ဘယ်တော့မှမရိုးနိုင်တဲ့ ခရေစီကာလာပါပဲ....

ကိုလူထွေး said...

ဒါဟာ အိပ်မက်မဟုတ်ဘူး.... ယုံလိုက်...
စစ်မှန်တဲ့ အချစ်ညလေးပဲ...
အိပ်မက်မဟုတ်ဘူး ယုံလိုက်...
ဒါဟာအိပ်မက်မဟုတ်ဘူး... အိပ်မက်မဟုတ်ဘူးးး အိပ်မက်မဟုတ်ဘူးးးးး မေရယ်...
ဝူးးးး အူးးးး အူးးးးး ရေးးးး ရေ့

ရင်ဂို

အိန္ဒြာ said...

အိပ်မက်ဟာ..

အပြာရောင်...

အပြာထဲထည့်မက်ခဲ့တဲ့ အိပ်မက်တစ်ခုပေါ့...
အိပ်မက်တစ်ခုကို ပြာပြာလွင်လွင် ဆေးချယ်ခဲ့တာပေါ့

ယစ်မူးရူးနှမ်းချင်စရာကို...

နူးညံ့လှပနေတော့တာ

ကြည်ဖြူပိုင် said...

အင်း.....ကိုမိုးကုတ်သားက အစဖော်။ စုံထောက်ကျော် ကျွန်တော်မျိုးက ဖော်ထုတ်။ ဇာတ်ပေါင်းထုပ်တော့.....
ဒုတိယစာပိုဒ်မှာအဖြေထွက်ပါရောလား။

ဘယ်ပြေးမလဲမိချိုသဲ.(အဲလေ..မှားလို့..ဘာငြင်းဦးမလဲမောင်ရွာသား)

ကိုမိုးကုတ်သားကလည်းပြောရဲ့...သေချာနေပါပြီလေတဲ့။ ၂ ခါတောင်ပြောတယ်။

(စာကြွင်း။။။ဘာပဲဖြစ်ဖြစ်ပုံလေးရော။ကဗျာလေးရော
လွှတ်ကောင်းပါတယ်။)

မောင်ဖားကြီး said...

အပြာရောင်ဆိုတာ ဘာကိုကိုယ်စားပြူပါသလဲ... လေးဖြူသီချင်းထဲမှာတော့ တေးရေးဆရာမောင်သစ်မင်းက ရေးပေးထားတာ မနက်မိုးလင်းချိန် ငါ့ခေါင်းထက်နေမင်းအ၀ါတဲ့...

ကျွန်တော်လည်း အပြာရောင်ကိုချစ်ပေမယ့်... တစ်ခါတစ်လေကျတော့လည်း အ၀ါရောင်လို အပူတွေနဲ့ ဘ၀ကို ပေါက်ကွဲပစ်လိုက်ရ ကောင်းမလားလို့ အစ်ကိုရေ

ကောင်းကင်ပြာ said...

ဂယ်လားဟင် ဂယ်လားဟင်(တိုးတိုးလေးမေးသွားတယ်):P
မိုးကုတ်၊ ပိုင်ပိုင် ရွာသားစိတ်တိုအောင်မလုပ်ကြနဲ့လေ၊
ကဗျာကို ကဗျာလိုဖတ်ပါ၊ ဆိုးပ

ကြည်ဖြူပိုင် said...

ကိုရွာသားစိတ်တိုနေပြီလား ပြာပြာ...ယုံဘူး.ယုံဘူး။ တော်လိုက်တဲ့ ပြောင်ပြောင်ဆိုပြီး ၀မ်းသာနေမှာ။ နောင်ဆိုစုံထောက်အလုပ်တွေအသေအကြေကို
အပ်တော့မှာဗျား။မယုံမရှိလေနဲ့။

သီဟသစ် said...

အင်း

မပြောချင်တော့ဘူး ...

ဆိုတဲ့ လေးဖြူသီချင်းဆိုသွားတယ်

:D

khin oo may said...

ပြာတာမကောင်းဘူး

khin oo may said...

အဖြေလည်းမထွက်ဘူး။။။။ဟင်း...............

khin oo may said...

ပြာပြာကတော့ကောင်းပါတယ်။

Anonymous said...

အပြာရောင်စိုးမိုးခြင်းခံနေရတယ်ပေါ့။
ပြာနုနုလေး လှတယ်။
လွင့်နေချင်တော့တယ်။
စာလေး တကယ်လှတယ်။
ပုံလေးကိုလည်း စိတ်ဝင်စားတယ်။
အပြောရောင်မှောင်မှောင်လေး။

sait phay yar said...

အပြာရောင် အချစ်ည......
ဒါကြောင့်ညည ပျောက်နေတာကို......

Htoo Aung Lwin said...

ကဗျာတွေနဲ့ချည်းခံစားချက်ပြင်နေတယ်ပေါ့
ဟုတ်လား.......။

JulyDream said...

ရွာသားလေးက အိပ်မက်တွေ ဘာတွေ မက်နိုင်လို့... အားကျမိပါတယ်။

ကျွန်တော့်မှာတော့ အိပ်ရေးတွေ ပျက်နေတာ ၂ ည ကျော်နေပြီ။ မနေ့ညကလည်း အိပ်ချင်လွန်းမက အိပ်ချင်နေပေမယ့်လည်း ၂ ချက်တီးအထိ အိပ်လို့ မရလိုက်ဘူး။ အဲဒါနဲ့ပဲ အိပ်မက်ဆိုတာ ဘယ်နား ရှာရမှန်း မသိဖြစ်နေတယ်။

ရွှေပြည်သူ (ShwePyiThu) said...

သြော် ဟော်ဟော် ဒါကြောင့် Background ကို ပြာချင်နေတာကိုးး)) ပြာတာအလုပ်တွေနဲ့ ပြာယာခတ်နေတုန်း ကဗျာကို ပြာယိပြာယာ ဖတ်လိုက်တာ မျက်လုံးတွေတောင် ပြာသွားပါတယ် (ကိုယ်လည်း အားကျလို့ လိုက်ပြာကြည့်တာ)

ကဗျာရော ဓာတ်ပုံရော တော်တော့်ကို ကောင်းပါ လှပါ၏

mirror said...

မနာလိုဘူးဗျာ..၊
ဓာတ်ပုံတွေက ဥထားပြီးမှ ပြန်ပြန်ထုတ်သုံးနေတာလား။

ဓာတ်ပုံလေးကြည့်လိုက်၊ကဗျာလေးရေးလိုက်
များလုပ်နေသလား..ကွယ်..။

ဘိုင်သယ်ဝေး...တဂ်ထားပါတယ်။
ဖြေပေးပါဦး ။အားရင်။

ATN said...

tag ထားတယ်
ဆီပုံးမရှိလို့ ကွန်မန့်ထဲ ရေးလိုက်ရတာ... ဆောရီး...း)

မိုးခါး said...

အပြာရောင်က ငြိမ်းချမ်းခြင်း သင်္ကေတး)
ဒါပေမယ့် အပြာရောင်အတွက် မငြိမ်းချမ်းဖြစ်နေပါရောလား
(ထင်တာပြောသွားတယ်နော် ..း)

သက်ဝေ said...

ဒီရက်တွေမှာ တိမ်တွေကို မုန်းတီး နာကျည်းနေမိတယ်...
အပြာရောင် အိပ်မက်တွေ မက်နိုင်ဖို့အတွက် တိမ်တွေကင်းစင်ပြီး ကြည်လင်တောက်ပနေတဲ့ ကောင်းကင်ပြာပြာတခု လိုအပ်နေလို့...