04 August 2009

ကျနော်နဲ့ လောလောလတ်လတ်

တွေးနေမိတာက
အတွေးတွေက မဆုံးနိုင်ဘူး။ ဟိုတစ်စ ဒီတစ်စထဲမှာ…
..

ဘာတွေကိုတွေးနေမိခဲ့သလဲ တွေးနေရင်း အတွေးတွေ ပတ်ချာလည်နေပြန်တယ်


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ထိရှလွယ်လွန်းတယ်

ကျန်းမာရေး
အသံကြားတာနဲ့ MC ယူချင်နေမိတာ

ဟိုင်းဝေးလမ်းခရီးက ကျန်းမာရေးဆိုတာကို သတိရပြီး ပြုံးမိပြန်ရော

သာကေတက ကားမှတ်တိုင် မဟုတ်ဘူးနော်


ဖတ်ဖြစ်တဲ့စာအုပ်တွေက
တစ်အုပ်ထဲပါပဲ ဖတ်လို့မ၀သေးဘူး။ မဆုံးတဲ့ဇာတ်လမ်းဖြစ်စေချင်မိတာ မှားသလား


ရောက်နေဖြစ်တာက

စိတ်ရောက်နေတဲ့ နေရာက တစ်ခုတည်း

အပြင်မှာတော့ အရာပေါင်းထောင်သောင်းမက

ရေးဖြစ်နေတာက
အရည်မရ အဖတ်မရ

ကွမ်းစာလေးတွေပေါ့

တကယ်ရေးချင်တဲ့ စာမျက်နှာတစ်ခုက ဖွင့်လက်စ


နားထောင်ဖြစ်နေတာက
ပုံပြင်တစ်ပုဒ်ပါ

ပြောတဲ့သူက ပြောနေမှပဲဗျာ

ရွတ်နေမိတဲ့ကဗျာက
က ကဗျာလေး

ဘယ်လိုရေး

ဖြစ်ချင်နေတာက
ဖြစ်ချင်တိုင်းဖြစ်ခွင့်လေး ရချင်တယ်

စားဖြစ်နေတတ်တာက
ဖြိုသလစ်


သနားနေမိတာက
စိတ်ဆိုတဲ့ စကားလုံးကိုပါ

ဆန္ဒဆိုတဲ့ ဘောင်ထဲပိတ်မိနေလို့လေ

လွမ်းနေမိတာက
အသံတစ်ခုတည်းပါ စက္ကန့်မခြား ကြားနေချင်မိတာ

မေ့လျော့ပစ်နေမိတာက
ဘာလုပ်ရမယ်ဆိုတာကိုပါ

ခါးသက်နေမိတာက
ညဖက်အိပ်ချိန်တွေ (အိပ်ကို အိပ်ရမယ်လို့ ဘယ်သူသတ်မှတ်ခဲ့တာလဲ)

တမ်းတနေမိတာက
မနိုးတမ်းမက်ချင်မိတဲ့ အိပ်မက်တစ်ခုပါ

ကြိတ်ပြီးချီးကျူးနေမိတာက
မခံစားတတ်ဘူးဆိုတဲ့သူတွေ

ငါ့မှာတော့ အရာအရာတိုင်းအတွက် ရင်ဘတ်ကြီးဖွင့်လို့


ကြိတ်ပြီးအထင်သေးနေမိတာက

ခပ်ထူထူ ခပ်အအ ခပ်နန ခပ်နုံနုံ ကိုယ်လိုလူ (အဖြေမှန်သိလျက်နဲ့ ဒါမှားတယ်ဆိုရင်တောင် ယုံပါတယ်)


ဆန္ဒမရှိတဲ့နေရာ
ဆန္ဒရှိနေတဲ့နေရာ

ဆန္ဒရှိနေတဲ့ကိစ္စ
မျက်စိတစ်မှိတ်အတွင်း မေ့ပျောက်နိုင်စွမ်း (တစ်ချို့အရာတွေ လေးလံလွန်းတယ်)

မုန်းတီးနေမိတာက
အတ္တ

ချစ်နေတာက
ချစ်နေမိမှန်းမသိအောင် ချစ်နေတတ်တဲ့စိတ်ကလေး

စိတ်ပျက်နေမိတာက
အရာအားလုံးနောက်က မမြင်နိုင်တဲ့ အရာတွေ (မရှောင်နိုင်ခဲ့ဘူးလေ)

စွဲလန်းနေမိတာက
စွဲလန်းစေတဲ့အရာတွေပါ လောလောဆယ် သေချာတာက အပြာရောင်ပါ

လိုအပ်နေတာက

လိုအပ်တဲ့အရာက အနားမှာ ရှိမနေနိုင်ဘူးတဲ့ (အနားမှာ နေချင်တယ်လည်းဆိုပါလျက်....)

တောင်းနေမိတဲ့ဆု
မရှိခြင်းဆိုတဲ့ စကား မကြားပါရစေနဲ့

မဖြစ်နိုင်ဆိုတဲ့ အငြင်း မငြင်းပါရစေနဲ့

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ငါ့ကိုဖုံးခေါ်ပါ၊ ထပ်တလဲလဲပြောပါ ငါကြားချင်လို့


ဝန်ခံချင်တာက
ပေါက်တတ်ကရတွေ ရေးခဲ့တယ် ဆိုတာ ရိုးသားစွာဝန်ခံပါရစေ……………….

ကိုအောင်သာငယ်နဲ့ မကြေးမုံမှ ပြိုင်တူ TAG ၍ ရေးရပါသည်....

24 comments:

khin oo may said...

ပြောတာလေးလဲယုံချင်တယ်။

khin oo may said...

ကို လတ်လတ်ဆတ်ဆတ် ဖတ်သွားသည်။

ATN said...

အဲ... အဲ...
ပေါကတတ်ကရတွေ ရေးတတ်မှတော့ ခုရေးထားတာတွေကို ယုံရတော့မှာလား...

WWKM said...

အမယ်.. မြန်ပါ့.. တဆင့်အတက်ဂ်ခံရသူကလည်း.. ဒီမှာရေးမလို့ စိတ်ကူးနေတုန်း...း))

သက်ပိုင်သူ said...

ထိရှလွယ်လွန်းတယ် ပေါ့
ခွမ်း ဂလွမ်း
(နောက်တာ ချိတ်ချိုးနဲ့)

MieMie said...

ပေါက်တတ်ကရရေးထားတာကို ပေါက်တတ်ကရ
လူတယောက် လာဖတ်သွားပါတယ်...

mie nge

ဖိုးသင်္ကြန် said...

ညဘက် အိပ်ကို အိပ်ရမယ်လို့ ဘယ်သူသတ်မှတ်ခဲ့တာလဲ?

မှန်လိုက်လေ

Anonymous said...

ပေါက်တတ်ကရထဲက လှတာလေးတွေ ယူသွားတယ်။

ဟုတ်တယ်၊ နှစ်ဆယ့်လေးနာရီအချိန်မှာ အိပ်ချိန်အဖြစ် မဖြစ်မနေ ဖြစ်ရမယ့် အချိန်တွေထည်းက ဖဲ့ယူနေခဲ့တာ ကြာပြီ။ လုပ်ချင်တာတွေ တနေ့တည်း မပြီးလို့ပါ။

RePublic said...

ဟုတ်ကဲ့ မှတ်သွားပါတယ် ခင်ဗျ

သစ်သစ် said...

ဖြိုသလစ် ပေလို့သာပဲ စားတာကလည်း မဖြိုများ မသလစ်ရင် ဘာတွေတောင်ချက်စားမယ် မသိဘူး ခက်တယ် ခက်ပါသေးတယ် မောင်လေးရယ်....

ကောင်းကင်ပြာ said...

ဖြိုသလစ် လို ရေးထားတာကို အချိုလေး လာဖတ်သွားတယ်နော်

စူး said...

har har...

nice to read ur recently condition.

:))

why cannot u allow anonymous?

puluque said...

အိပ်မှာပဲ အိပ်မှာပဲ ငါ့ကို လာမတားနဲ့..........
အားရင် အိပ်မှာပဲဗျာာ

Mogok Thar said...

လာပြန်ဘီ၊
အရည်မရ အဖတ်မရ
ကွမ်းစာ လေးတွေပေါ့ တဲ့။
ပြောတော့ဖြင့် လွန်ကာကျအုံးမယ်။

နို့ နေပါအုံး။
မအိပ်ပဲလဲ နေလို့ ရတယ်ဟုတ်။ အပါ တစ်ခါမှ မတိုက်တွန်းဖူးဘူးဏော။

ကိုယ်ကတော့ အိပ်မက်တွေ ဆက်မက်ဖို့ အိပ်ကို အိပ်ရလိမ့်အုံးမယ်။

ဘ၀ကို မနိုးတမ်း မက်နေတဲ့ အိပ်မက်ရှည်ကြီး တစ်ခု လို့ မယူဆချင်လို့ပါ။

ဖတ် မှတ် သွားပါတယ် အမောင်ငယ်။

မေတ္တာဖြင့်

NangNyi said...

ဟိုလူ့ ခုတလောတွေနဲ့ ဒီလူ့ခုတလောတွေ အကုန်ရောကုန်ပြီဂျ.. အစ်အစ်အစ်

မေဇင် said...

အင်း...ခုတလော...လူတွေရဲ့ ခုတလော တွေကို သိရတာ စိတ်ဝင်စားစရာပဲ...။

kay said...

လတ်တလော..ဖတ်စရာ (လတ်တလော) တွေ သိပ်များနေလို့.. ပေါက်ကရ တွေ ဆိုတာပဲ..ဖတ်လိုကါပတယ်။း)

ကောင်းကင်ပြာ said...

မယုံဘူးဆိုတော့ကာ.........

တန်ခူး said...

တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ… ကွမ်းစာလေးတွေလဲ ဖတ်ကောင်းပါတယ်… သက်ဆိုင်သူရေ… ဖုံးဆက်ပေးလိုက်ပါဦး…(ဘာလို့ ကိုယ်က စ မခေါ်သလဲ… incoming freeလား)… အနားမှာ တသက်လုံး အမြန်နေနိုင်ပါစေတော်… ဆုတောင်းပေးလိုက်တယ်နော်…

Dr. Yi Yi Win said...

ငါ့ကို ဖုန်းနံပါတ်ပေးပါ။ အဟဲ နောက်တာပါ။ ဖုန်းခဈေးကြီးလို့ နိုင်ငံဂျား ကောတွေမခေါ်ဖြစ်တာကြာပြီ။

မယ့်ကိုး said...

ကျန်တာတွေတော့ မသိဘူး။ စားဖြစ်နေတာက ဖြိုသလစ်ဆိုတာ သိပ်မကျေနပ်ချင်ဘူး။

ကိုရွာသားပဲ အမျိုးမျိုးကြွားနေ..ပြီး သူများက တဆင့်လည်း ကြွားသေးတာလေ။ :P

ကိုလူထွေး said...

ကိုလူထွေးရေးခဲ့တာမမှားဘူးပေါ့...

ဟိုင်းဝေးလမ်းမနဲ့ ရွာအဝင်ညောင်ပင်ပဲကွာတယ်...

ကျန်းမာရေးတော့ ကျန်းမာရေးပဲ...

ရွာ..............................
သား.....................
လေး................

မိုးခါး said...

အိုး မိုင် ဂေါ့း)
အိပ်မှ အိပ်မက်မက်မှာနော့် .. သတိပေးတား))
ဖြိုသလစ်ဟင်းချက်တယ် :P

mirror said...

ဟင် ..ပေါက်ကရတွေတဲ့လား..။သိဘူးတော့ အတည်ပြောနေတာမှတ်လို့..။

အဟဲ ပေါက်ကရမှာ အမှန်တရား ၅၀ % ပါတတ်တယ်တဲ့ဗျ။
ဘယ်သူပြောလဲတော့ မမှတ်မိဘူး။

ငါ့ကိုဖုန်းခေါ်ပါ၊ထပ်တလဲလဲပြောပါ ၊ငါကြားချင်လို့ ဆိုတာက
သိပ်များမရှင်းလှဘူးကွယ်.။ :)

ရေးပေးတာ ကျေးဇူး။

ခင်မင်လျက်