12 August 2009

အရောင်များနှင့် ကစားခြင်း

ညီရေ ဓါတ်ပုံတွေကြည့်ချင်တယ်ဆိုလို့ အရောင်နဲ့ပတ်သတ်ပြီး လက်တည့်စမ်းထားတာလေးတွေ တင်ပေးလိုက်ပါတယ်။ စာအနေနဲ့ ရေးဖြစ်မယ်ဆိုရင်တော့ နောက်များမှ ရေးပေးပါမယ်ခင်ဗျာ။

ကျနော့မှာ အရောင်စုံနဲ့ လက်သည်းနီပုလင်းတွေ မရှိတာမို့ ကင်မရာမှာပါတဲ့ user defined setting ထဲက WB shift/BKT Function သုံးပြီး အရောင်လေးတွေ ပြောင်းရိုက်ထားတာလေးတွေ တင်ပေးလိုက်ပါတယ်။

တစ်ခါတစ်ခါ အရာဝတ္ထုတစ်ခုတည်းအပေါ်မှာတင် ခံစားချက်တွေပြောင်းသွားစေတတ်တာ ဒီအရောင်တွေရဲ့ ညှို့ယူနိုင်စွမ်းတွေကြောင့်ဖြစ်မယ်လို့ ထင်ပါတယ်



















ဘာရယ်မဟုတ်ပါဘူး အရောင်စုံ အရုပ်ကလေးတွေပါ....












ညီရေ ပျော်ရွှင်ကျေနပ်မယ်ထင်ပါတယ်ဗျာ


34 comments:

PAUK said...

ရထားပေါ်က လက်ကိုင်လေးတွေတော့ သဘောကျတယ်..
အရောင်တွေ မပြတ်သားတာ သဘောမကျဘူးး..
ဟိုမရောက် ဒီမရောက်နဲံ့..
အရောင်တွေ မပြတ်သားဘူးးး..

ကိုလူထွေး said...

ကိုရွာသားကြီး အရောင်ပြောင်းချင်နေပြီထင်တယ်...

ကောင်းကင်ပြာ said...

ဒ့ါပုံလေးတွေ လှတယ်၊ တို့ရိုက်ရင် ဒီထက်ပိုလှလောက်တယ်၊ ကွင်း၃ကွင်းကို ညီမှာ မဟုတ်ဘူး၊ အရောင်တော့ဝေးရောပဲ

မီယာ said...

ပူဖေါင်းရောင်စုံတွေ ကြိုက်တယ်... လက်သဲနီ အရောင်စုံ အမမှာ အများကြီးရှိတယ် ယူမလား

စူး said...

အရုပ်ကြိုက် ..ကြိုက်တယ်ပေါ့

ဘာ..ဘာရယ်မဟုတ်လဲ

စူး said...

ရွာသားလေးဝိုင်တီယူ: ပူစီဗောင်းမကြိုက်တာတော့ အမှန်ပါခင်ဗျ။ ဒါပေမယ့် မိုးပျံပူဖောင်းတော့ ကြိုက်ပါတယ် အိုကေ
13 Aug 09, 08:32
ရွာသားလေးဝိုင်တီယူ: လောကမှာ ဘယ်အရာတွေက ပုံသေသတ်မှတ်လို့ရပါသလဲခင်ဗျာ
13 Aug 09, 08:32
ရွာသားလေးဝိုင်တီယူ: အကယ်၍ အရုပ်ကြိုက်တယ်ဆိုရင်ကော ဒါဟာ မှားယွင်းမှုတစ်ခုလား

xxxxxxxxxxxxxxxxxxxx


လာစလိုက်တာ ဒီလောက်တောင် ကတ်ကတ်လန်လာရန်တွေ့ လိမ့်မယ်လို့ လုံးဝမထင်မိဘူး


အိုကေ နောက်ဘယ်တော့မှ လာမစတော့ဘူးးဟုတ်ပီလားး

တခါမှ ဒီလို လိုက်ပီး လာပြန်ချေတာ မကြုံဘူးခဲ့ဘူး

အံ့သြစွာ.. ..နားမလည်စွာ ..့ ..ဘာမှားသွားခဲ့လဲ ဆိုပီးး ပြန်လှည့်သွားပါတယ်..

ဖြစ်နိုင်ရင် .. ပေးခဲ့ပီးသား ကော်မန့်ကို ဖျက်ပစ်ချင်တယ်.. ဒါပေမဲ့ မဖျက်တော့ဘူး


ပီးသွားတာ ပြန်လုပ်ယူလို့မှ မရတော့တာပဲ

ကြည်ဖြူပိုင် said...

အပေါ်ကလက်ကိုင်ကွင်းလေးတွေကိုအရောင်
ပြောင်းထားတာတော့စိတ်ဝင်စားသား။
ဒါ့ထက်စိတ်ဝင်စားမိတာက ၉ ခုမြောက်ပုံကစတယ်။ ဒါပေမယ့်ခက်တာက ပူဖောင်းနဲ့လုပ်ထားတာဖြစ်နေတယ်။ မွှေးပွနဲ့လုပ်ထားတဲ့မွေးပွ ရုပ်လေးတွေဆိုဘယ်လောက်ကောင်းမလဲ။ ဒါနာ့အကြိုက် နာ့အကြိုက်ဆိုပြီး ခဏခဏလာကြည့်မှာ ခြင်္သေ့ရုပ်လိုပေါ့

WWKM said...

ဟဟာ.. ရွာသားလေး ဗူဘောင်းတွေနဲ့ဆော့တယ်တော့.
အိုကေ အစ်မဗူဘောင်းလေးတွေ လက်ဆောင်ဝယ်လာပေးမယ်.း)) ဂျပန်မအရုပ်ကလေးတစ်ယောက် လက်ဆောင်ယူလာပေးမယ်နော်.
အရုပ်ကြိုက်တဲ့ မောင်ရွာသားအတွက်.ဟဟ

Unknown said...

ရထားပေါ်မှာ ရိုက်တဲ့စိတ်ကူးလေးကို သဘောကျသွား တယ် (ဒါနဲ့  do not board ပေါ်မှာ ရိုက်တာလားဟင်) အရုပ်လေးတွေနဲ့  အရောင်ကိုကစားသွားတာလေးက ချစ်စရာကောင်းတဲ့ စိတ်ကူးလေးပဲ (အရုပ်လေး ၁ ရုပ်ယူသွားပြီ)

ရွှေပြည်သူ (ShwePyiThu) said...

လက်ကိုင်ပုံတွေ အကုန်လုံးကြိုက်တယ် ကိုရွာသား။ အရောင်တစ်မျိုးစီက ရသတစ်မျိုးစီကိုပေးတယ်။ ပုံတွေမြင်မိတိုင်း ကင်မရာကြီးကို လိုချင်စိတ်ပေါက်တယ်။ ဟိုကိုပေးရမယ့် ပိုက်ဆံတွေနဲ့ဆို ဝယ်လို့ရမှာနော် (ပြောရင်းတောင် ဝမ်းနည်းလာပြန်ပြီး))

ပူဖောင်းရုပ်တွေလည်း လှတာပဲ။ အပေါ်ဆုံးက အရုပ်လေးကို အပ်ကလေးနဲ့ ဖောင်းကနဲ ဖောက်ချင်လိုက်တာ။ ခရမ်းအရုပ်လေးက ပိုလှလို့ အပေါ်ဆုံး ရောက်သွားအောင်...း)

sait phay yar said...

အရုပ်ကြိုက်တာမ မှားပါဘူး ဒါပေမဲ့ အပြစ်မဟုတ်ပေမဲ့ ယောကျားကြီး တစ်ယောက် အရုပ်ကြိုက်တာ ဆိုတော့ အံ့သြတာပါ။ ကင်မရာသိပ်မကောင်းဘူးထင်တယ်။ အရောင်တွေမပီပြင်သေးဘူး ၇ွာသား

သက်ဝေ said...

သူ့ရဲ့ ပင်ကိုယ် သဘာဝအရောင်ကို ဘာကြောင့် တခြားအရောင်တွေ ပြောင်းချင်ရတာလဲ ကိုရွာသားလေးရဲ့...
ဘာဘဲပြောပြော အရောင်တွေတိုင်းမှာ သဘာဝ အလှကိုယ်စီရှိတယ်ဆိုတာ လက်ခံပါတယ်...။ ဒါနဲ့ စကားမစပ်... အရုပ်လေး တခုလောက်ပေးပါ...။

Anonymous said...

အရောင်တွေကို လာကြည့်ပါတယ်။
လက်ကိုင်ကွင်းက ပထမဦးဆုံးပုံက အရောင်အကြည်ဆုံးမို့ ကြိုက်တယ်။
ပူဖောင်းတွေကို အရောင်တွေအပြင် အရုပ်ဟန်ပါ ပုံဖော်ထားတယ်နော်။

မောင်ဖားကြီး said...

ညီ ကြိုက်ကြောင်းပါ အစ်ကိုရေ :)

သီဟသစ် said...

အရောင်တွေ အရောင်တွေ
အင်း
အရောင်တွေက စကားတွေ ပြောနေပါလား
ဘလော့နောက်ခံကြီးကရော

ဒါနဲ့စကားမစပ် Cbox ထဲကို ချက်ချင်း response လိုက်ပြန်တတ်တဲ့အကျင့်တော့ လျှော့သင့်ပြီ ထင်တယ်နော်

:D

ခင်မင်စွာဖြင့်
သီဟသစ်

khin oo may said...

လက်ကိုင်ကွင်းတွေကြည့်ရင်းနဲ့ ရိမ်းဘားခိုချင်စိတွေဖြစ်လာတယ်။

khin oo may said...

အရုပ်ကလေးတွေ ကတော့သိတ်ချစ်ဘို့ကောင်းတယ်
တစ်ရု့ပ်လောက်မျှပါလား

khin oo may said...
This comment has been removed by the author.
khin oo may said...

တို့လဲ ရုတ်တရက်ကြးဘိုင်ကျသွားတယ်။ ရွေပြည်သူ.

khin oo may said...

ကွန်မက်နစ်ခုထပ်သွားလို့ဖျက်လိုက်တယ။်

:P said...

ဂျူးရေးတဲ့ ဝတ္ထုတစ်ပုဒ်ခေါင်းစဉ်
အရောင်များနှင့်ကစားခြင်း ဖတ်ဖူးတယ်...။

လက်ကိုင်ကွင်းအရောင်လေးတွေကြိုက်တယ်...။
အရုပ်ကအရောင်တွေက တောက်လွန်းလို့ သိပ်မကြိုက်ဘူး....။
ရွာသားလေး အရုပ်တွေလား...။
မွေးပွရုပ် မကြိုက်ဘူးလား....။ မြန်မာပြည်မှာအများကြီးရှိတယ်...။ လိုချင်ရင်ပေးမယ်....။ (ဒီမှာမရှိပါ၊ မတောင်းပါနှင့်) :D

:P said...

ရထားလက်ကိုင်ကွင်းတွေမြင်တော့ နီကိုရဲ ရဲ့ ရဲဝင်းကို သတိရတယ်...။ ဘတ်စကားလက်ကိုင်ကွင်းကို မမီမကမ်းခိုထားရာက ကွင်းကြီး ပြုတ်ထွက် လဲပြီး မကြည်ပြာကိုသွားဆောင့်မိတာလေ....။

သူများရဲ့ ဓာတ်ပုံကောင်းလေးတွေကို ဒီလို သတိရမိတာ ဗွေမယူပါနဲ့နော်.... :P

ဖိုးသင်္ကြန် said...

ဘာလို့လဲ မသိဘူး၊ ကြည့်ပြီး တင်းကြပ်ကြပ်ကြီးဖြစ်သွားတယ်။
သားက အဲလိုစိတ်နုတာ...

မKOM ဘားခိုမလို့ဆိုပါလား၊ ဘုရားဘုရား၊ ခေတ်ကာလ လူကြီးတွေများ...တယ်ဆိုး။

khin oo may said...

PTG said...

ချစ်ဦးသူနဲ့ လွဲတာမဆန်းပါ။ အဲ... ချစ်လယ်၊ ချစ်နှောင်း၊ ချစ်ဘိတ်ရှေ့၊ ချစ်ဘိတ်နောက်တွေနဲ့ပါ လွဲနေရင်ရော...။


(ကိုရွာသား...တိုင်ပြောမယ်)

khin oo may said...

ညည်းမသိတာတွေ ရှိသေး တယ် ဖိုးသင်္ကြန်

khin oo may said...

စင်စင်ပြောကာမှ နီကိုရဲကောင်လေး ကိုသတိရပြီးရယ်လိုက်ရတာ်။ ဘတစ်ကားခိုစီးရင်းနဲု့ပုဆိုးကျွတ်ကျမလိုဖြစ်တာကိုရော..

တန်ခူး said...

သြော်… မခင်ဦးမေရဲ့ အရောင်က ဒီက မြစ်ဖျားခံသကိုး…

T T Sweet said...

လက်ကိုင်ကွင်းအရောင်မျိုးစုံနဲ့ လှတောင်လှနေသေး။ ရိုက်တတ်တဲ့သူများကျတော့ ။

ကင်မရာတွေမှာ အဲဒီဖန်ရှင်ပါသလား .... သိတောင်မသိဘူး။ အဲလို အစ်မက တော်တာ။

ရွှန်းမီ said...

အောက်ဆုံးက အရုပ်လေး လှတယ်.. ၀ယ်ပေး ၀ယ်ပေး =)

pandora said...

ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေ အရုပ်ကလေးတွေ :)

Rita said...

အော် သူတို့များတော့ လက်ကိုင်ကွင်းတောင် ပို့စ်ဖြစ်သကိုး

Anonymous said...

တားတား တစ်ရုပ်လောက်ပေး..

Anonymous said...

အယ်တတ်တဲ့သူများနော်
ဘာလုတ်လုတ်အလုပ်ကိုဖြစ်နေတော့တာပဲ
တို့ များကြပိုစ့်ဖြစ်ဖို့ အုံးစားလိုက်ရတာ
တော်တယ် ဘာမှနားမလည်ဖူး လျှောက်ပြေားသွားတာ
သိလားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Unknown said...

I cannot see MM font on my office computer so I have to copy and paste to Ms word to read. But now copying is not allowed....:( so sad...ko ywa thar..How can I do to read?