ကမ်းစပ်က
ခဲတစ်ခု
ရှပ်ကနဲ လှမ်းပစ်တယ်
တစ်ခေါက်
တစ်ခေါက် နှစ်ခေါက်
တစ်ခေါက် နှစ်ခေါက် သုံးခေါက်
ခဲပစ်သူရင်ထဲ
ဟေးခနဲ အော်မိတယ်
ခဲတစ်ချက်အရှပ်မှာတော့
ဂယက်တွေကျန်ခဲ့လေရဲ့
ခဲပစ်သူ
ကျောခိုင်းသွားတောင်
ဂယက်တွေငြိမ်နိုင်ပါ့မလား………..
ငယ်တုန်းက ဆော့ခဲ့ဖူးတာလေး ကို တွေးနေမိလို့ပါ
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
15 comments:
အချိန်တန်ရင်တော့ ငြိမ်သွားမှာပေါ့ကွယ်
လောလောဆယ် ရွာသားလေးစိတ်က ဂယက်နေရာလား
ဒါမှမဟုတ် ခဲပစ်သူနေရာလား???????
သြော်..ရွာသား..ရွာသား.. တစ်ရက်တည်းနဲ့ ကဗျာ ၂ပုဒ်ထွက်တယ်..တော်ပါ့.. ဆက်လုပ်ပါဦး အရှိန်မသေ
သေးရင်..ညကျတစ်ပုဒ်ပေါ့...း))
ရွာသားလေး...
ဘာတွေမှ အများကြီး တွေးမနေနဲ့...ကောင်းကင်ပြာပြာကို မော့ကြည့်လိုက်...
ရွေ့နေတဲ့ တိမ်တွေနောက်ကို လိုက်သွား...
စိတ်တွေကြည်လင် လာလိမ့်မယ်...။
ကောင်းကင် ပြာပြာ ကို မော့ကြည့်လိုက်ပါတဲ့...လေ
ကဲ...
ဘူဒူက ဂယက်ထအောင် လုပ်သွားဘာလိမ့်နော် .. ???????????? :P
ဒီမှာဖြင့် ခုတလောတောင် မလောနိုင်သေးဘူးဖြစ်နေ
တယ်.. အပျင်းကြီးနေလို့ ဆားချက်နေတာလေ...
မကောင်းပါဘူး.ဘာမှကိုမလုပ်ချင်ဘူး..မရေးချင်နေဘူး.အလှူပြန်ခံတာပဲကောင်းမယ်ထင်ပါရဲ့.. ဟဟားး(အဲလိုပဲအော်ရယ်လိုက်တော့မယ်) :D
တို့ကတော့ပစ်ချင်တယ်။ ဂယက်ထသွားတာကိုသဘောကျလို့။
ငယ်ငယ်ကအကြောင်းနဲ့ တိုက်ဆိုင်သွားလို့သာ ဆော့ဖူးတာလေး သတိရတယ် ဘာညာ လုပ်တာမဟုတ်လား...
အမှန်က ဂယက်ကြီးကြီး ရိုက်ခတ်ဆဲ ထင်တယ်...
ရေထဲက ဂယက်ကတော ငြိမ်သွားမယ် ...
ရင်ထဲက ဂယက်ကတော့ :)
သူငယ်ချင်းတွေနဲ့ ရေကန်ကို ခဲနဲ့ပစ်တမ်းဆော့တာများသွားပြီး
လက်မောင်းနာလို့ အိပ်မရတာ သတိရသွားတယ်။
အတိတ်ကပေါ့ဟယ်..မှတ်မှတ်ရရ..လွန်ခဲ့တဲ့၁၀နှစ်ကပေါ့။
ဒါလေးဖတ်ပြီးမှ ဂယက်ကလေးတွေကို သနားရကောင်းမှန်း နားလည်လာတယ်… ကိုယ်ပျော်ရွှင်ဖို့  သူများ စိတ်အနှောက်အယှက်ဖြစ်ရတာတော့ မပျော်ရလဲ နေပါစေလေ….
ခဲပစ်သူတွေလည်း ဂယက်ဘဝကို တနေ့နေ့ ရောက်ဦးမှာပါ။ လောကကြီးက ဒီလိုပဲ မှန်မှန် လည်ပတ်နေတယ် ထင်ပါရဲ့...
ကျွန်တော်ကတော့ ငယ်ငယ်တုန်းကခဲပစ်ရင် ဂယက်တွေ ဘာတွေထက် ခဲလုံးက ရေပေါ်ဘယ်နှစ်ချက်ခုန်သွားသလဲပဲ သတိထားမိတယ်.. အေးလေ ကျွန်တော်က ခဲပစ်သူကိုး... ဂယက်ထတာ မထတာထက် ခဲလုံးကရေပေါ် ဘယ်နှစ်ချက်ရှပ်ပြေးပြီး ခုန်သွားသလဲပဲ သတိထားခဲ့မိတယ် အစ်ကိုရေ
အင်း .. ခဏခဏ အမြဲနီးပါး ဒါမျိုးတွေးဖူးတယ်.. ဂယက်ငြိမ်ငြိမ် မငြိမ်ငြိမ်.. ခဲပစ်ရတာ ပျော်တယ်ဗျ..း)
မမ၀ါ ရေးတဲ့ ကွန်မန့်ဖတ်ပြီး သတိရလို့
နာမည်ကြီးတဲ့ အင်တာဗျူးလေး ကြားဖူးမယ် ထင်တယ်။
ရှဲဒိုးကို နာမည်ခံတဲ့ ဘက်ဆဲလား စာရေးဆရာမတစ်ယောက်က ပြောတယ်တဲ့။
သူတနေ့ကို ၀တ္ထု နှစ်ပုဒ်ရေးပါတယ်တဲ့။
မနက်ပိုင်း အိမ်အောက်မှာတင် တစ်ပုဒ်။ နေ့လည်စာစားပြီး အိမ်ပေါ်မှာ တစ်ပုဒ် တဲ့။
ရွာသားလဲ ကဗျာကို ရှဲဒိုးနဲ့ ရေးနေလား မသိဘူး။
(ကိုယ်မရေးနိုင်တိုင်း မနာလိုဖြစ်ပြီး အသရေ ဖျက်သွားသည်)
Post a Comment