ဒညင်းသီးရယ်
ဝက်သားနဲ့ချက်ပါလို့
လက်ဖက်ရယ်နယ်
အရွက်ရယ်မကြေစေကြောင်း
ရေနွေးရယ်ခါခါလောင်းပါလို့
ကြက်သွန်ဖြူပါးပါးရယ်
ငြုတ်သီးစိမ်းထည့်လို့နယ်
သံပုရာ ရှာမရတာမို့
သံပရိုနဲ့တွယ်
လက်ဖက်ကယ်နည်းသေးလား
ပြောပေးပါအုံး......
နှိပ်စက်တယ်မထင်ကြပါနဲ့ဗျာ အလွမ်းပြေ ၂ တင်ပေးပါလို့ တောင်းဆိုထားလို့ပါခင်ဗျာ
24 comments:
Wha!!!!!!!!! Very very hungry and angry :P
hammmmmmm : I want to eat these foods.
Ko Ywar Thar :(
You did not invite me :(
(Donee Donee<<<< Sound of Going Out P)
ဒီနေ့တော့ ငတ်ပြီ
အော်... ဒီနေ့ Menu က ဒီလိုလား...........
ဝက်သားနဲ့ တညင်းသီးကို မကြိုက်ပေမယ့် လဘက်နယ်ထားတာကတော့ လူကို ရည်ရည်လည်လည် ဆွဲဆောင်နေလေရဲ့...
ကိုယ့်ဆရာက ဒါမျိုးလည်းရသားနော်....
ခင် မဗျာပါဘူးကွယ်...
အေးဗျာ... ကိုယ်ချင်းစာပါတယ်..။
အကြံပေးမယ်.. ။
ဟင်းကောင်းကောင်းလဲ ချက်တတ်တဲ့ မိန်းမကို မြန်မြန်ယူပေတော့... ဟီ။
ဆီများတာကွယ် အညာသားရယ်
(မစားရတဲ့ ၀က် comment နဲ့ ဖျက်ခြင်း)
ထမင်းစားချိန်မှာ ဖတ်တာမို့ ဗိုက်က စာသွားတယ်။
ဝက်သားချက်တော့ မဟုတ်ဘူး။ ခေါက်ဆွဲ။
အိမ်လာခဲ့မယ်။
အမေပြောတဲ့အမောပြေလေး။။။။။။။
လက်ဘက်က အဖွားကြီးသုပ်လား။ဒါဆို နှမ်းနဲနဲထည့်မှ၊
အလွမ်းပြေ ၂ ကလက်ဘက်သားတွေကို အလွမ်း ၁ မှာထည့်စားရမယ်..။
ဝက်သား၊ တညင်းသီး၊ လက်ဖက်တဲ့
သွေးတက်လို့သေရော့....။
ရွာသားလေး... ရွာသားလေး... ဟင်.. စကားမေးလို့လည်း မရတော့ဘူး.....။
မစားရလို့ ကပျက်ယပျက်ပြောသွားတယ်.. ဘာဖစ်လဲ.. ဘာဖစ်လဲ....
ဒုတိယ တကြိမ်
"ဂလု"
လက်ဖက်လေးစားချင်တယ်
ကပ်စီးမနည်းတတ်ဖူးဆိုရင်
အိမ်လာကျွေးလှည့်နော်
:P
ကပ်စီးမနည်းဖူးဆိုတာသိသွားပြီ
ဏ ၂ လုံးဆင့်ပြီးမရိုက်တတ်တာပါရှင့်
ခုတော့ရပြီ ကော်ပီကူးလိုက်ပြီသိလား
ရှင့်ဆီကလေ ကျေးဇူးပါ
ဟားဟား မမစင်ဒန်လာ... ရီလိုက်ရတာ..
လက်ဖက်တော့စားချင်တယ်.. ဂလု...
ုံပုံတွေကြည့်ရင်း
ငေးမောရင်းနဲ့
အတွေးမျောဝေ
အလွမ်းမပြေ
ကြိုက်တယ် ကြိုက်တယ် ၀က်သား ဒညင်းသီးချက် နဲ့ လက်ဖက်ပြောပါတယ် စားချင်တယ် စားချင်တယ် ၀ါးးးးးးးးးးးးးးးးးးးးး
နှိပ်စက်လှချည်လားးးးးးးးးးးးးး၊၀က်သားးးးးးးးအသားးတုံးလေးတွေ ချန်ထားပါ၊ မချန်ထားရင်နော် သဘောပေါက်...ဟွင်းဟွင်းး
လူဇိုးကြီး x အင်ဖန်နတီ
ဖုန်းဆက်ပြီး လှမ်းခေါ်တော့ ဘာဖြစ်မှာ မို့လို့လဲ
ခုတော့ :(
ကုန်ပါပြီဗျာ။
အားလို့ ခုမှ လာရတယ်။
ရီနို
လက်ဖက်ကယ် နည်းနေတော့
လူများလို့မလောက်နိုင်
နောင်ခါးများတွင်တော့
များများသာ နယ်ပါလေ...
း)
အင်း
လုပ်ပေါ့
မြင်တော့လည်း ကြည့်သွားတယ် :P
ထမင်းစားဖိတ်တဲ့နေ့က(ကြုံလို့မတော်ခေါ် ခေါ်လိုက်တဲ့နေ့) က ချက်တဲ့ဝက်သားလား။ အတော်စားကောင်းမယ်။ မလာမိတာနောင်တရတယ်ဗျာ။
Post a Comment