21 August 2009

လက်ရှိ

လှိုက်ခနဲတက်လာတဲ့
ရှိုက်ငိုခြင်းဟာ
ငါ့ပျို့အန်ခြင်းတစ်ခုပါ

ဘယ်အရာမဆို
ရင်ဘတ်ထဲထည့်ဖို့
ငါကြိုးစားလို့
ရင်ပြည့်လွယ်သတဲ့လား

ဟုတ်ပါတယ်လေ
ဒီလမ်းကိုစခဲ့တာ
ငါ့ဖ၀ါးကိုယ်တိုင်ပါ

ယိုင်ခနဲမဖြစ်ခင်
အားအင်ရှိသလား
ငါပြန်မကြည့်ရဲဘူး

အခုတော့
တူရွင်းတစ်လက်နဲ့ ကိုယ်တိုင်တူးလျက်
ဒီတွင်းတစ်ဝက်လောက်ပြီးပါပြီ………

19 comments:

Unknown said...

ဘာတွေ ဖြစ်နေတာလဲ အမောင်ငယ်
စိတ်ရေဆိုးမြောင်း မဖြစ်ရလေအောင်
ဘယ်အရာမဆို ရင်ဘတ်ထဲဖို့  မကြိုးစားပါနဲ့ 
တွင်းတ၀က်ပဲ ရောက်သေးတာ ပြန်ထွက်ဖို့ မှီသေးတာပဲနော် အားတင်းထား

Unknown said...

ခံစားမှုနဲ့  အတွေးလေး ပေါင်းစပ်ဖွဲ့ ဆိုထားတဲ့ ကဗျာလေးကို သဘောကျမိတယ်
(လက်ရှိ ရွာသားလေး နာမည်ကို အခါခါရွတ်ကြည့်လိုက် တွင်းထဲက ပြန်တက်လာနိုင်လိမ့်မယ်)

သစ်သစ် said...

တွင်းထဲမရောက်ခင် နှုတ်ဆက်သွားဦးနော်...

WWKM said...

:D
ဘာမှမပြောတတ်တော့လို့ ဘာမှမပြောတော့ဘူးပြန်သွား
ပြီ။း))

ဒါနဲ့ တက်ဂ်ကြွေးလေးအကြွေးမှတ်ထားနော်.
ခရီးပြန်လာမှ ရေးပေးမယ်လေ.
တော်ကြာ အခုရေးရင် ဦးဥာဏ်စိတ်ကောက်လို့ စင်္ကာပူ
မလိုက်ရပဲ ဖြစ်နေဦးမယ်. ဟဟး)
လူကြီးကို ဒုက္ခပေး..၀ဋ်လည်တတ်တယ်သိလား။

တောင်ပေါ်သား said...

အကိုရေ အစာကြေဆေးလေး ယူလာတယ်ဗျာ.. သောက်လိုက်း) လက်ရှိမှာ အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နေတာပဲ မလား ဒါဆို နောင်တဆိုတာ ရစရာ မရှိပါဘူး အကိုရ.. စခဲ့တဲ့လမ်းကို ပြီးအောင် လျှောက်နိုင်ပါစေ..


လေးစားလျက်
တောင်ပေါ်သား

မယ့်ကိုး said...

တွင်းတစ်ဝက်ပြီးသွားပြီဆိုလို့ ကမန်းကတန်းလာနှုတ်ဆက်တာ။ =)

အိုင်လွယ်ပန် said...

ဘီလို ကွန့်ရမှန်းတောင် သိတော့ဝူးဗျာ :)

Anonymous said...

ဟက်ဟက်.. ဖြစ်ရလေ ကာရွာသိုးရယ်.. နေပါဦး.. ခဏစောင့်.. အိပ်မက်တစ်ခုမက်သွားလိုက်ဦး။

မင်္ဂလာပါ .... said...

ကဗျာလေး ဖတ်သွားတယ် ကိုရွာသားလေးရေ...။
ဘယ်အရာမဆို
ရင်ဘတ်ထဲထည့်ဖို့
ငါကြိုးစားလို့
ရင်ပြည့်လွယ်သတဲ့လား

ဒီစာသာလေးကြိုက်တယ်...။
လေးစားလျှက်ပါ

နှင်းဟေမာ

yangonthar said...

“ယိုင်ခနဲ မဖြစ်ခင်
အားအင်ရှိသလား
ငါပြန်မကြည့်ရဲဘူး”

စာသားတွေကလွှတ်မိုက်တယ် ကိုရွာသားရေ
တက်ဂ်ကြွေးလေးကို မကြာမီဆပ်ပါ့မယ် မိတင်ကြည်ငိုလို့ မပြီးသေးလို့  ...ဟဟ

အေးမြသာယာပါစေ
:D

Vista said...

တွင်းတူးပြီးရင် တွင်းဝမှာဒူးလေးထောက်ပြီးစောင့်နေလိုက်
ကင်ဒိုဓါးကြိုက်လား ဆာမူရိုင်းဓါးကြိုက်လားပြော ယူပြီးလာခဲ့မယ် နော် နော် ဟိဟိ

မျှော်လင့်ခြင်း said...

မြင်ရင် မြင်တယ် ကြားရင်ကြားတယ်မှတ်
လောကကြီးက သူဖြစ်ချင်တာတွေဖြစ်နေတာ

JuneOne said...

တို့ဆို တွင်းတောင်ဆုံးခါနီးပြီ တူးထားတာ။

မောင်ဖားကြီး said...

ဆက်တူး ဆက်တူး အစ်ကို အကူအညီလိုရင်လည်းခေါ်နော်... ဒါပေမယ့် ကျွန်တော်လည်း တူးနေတာအားမှကူနိုင်မှာဗျ..

ကိုလူထွေး said...

မြေဖို့ဖို့လိုအပ်ရင် လက်တို့လိုက်စေချင်တယ်...

းဝ)))))

သက်ဝေ said...

လူတိုင်းလူတိုင်းဟာ
ကိုယ်ဖေါက်ခဲ့တဲ့လမ်းကို ကိုယ်လျှောက်ကြရတယ်...
ကိုယ်စိုက်ခဲ့တဲ့ အပင်ကို ကိုယ်ရိတ်သိမ်းကြရတယ်...
အခုလဲ တွင်းတူးနေတယ်လို့ သဘောမထားပဲ လမ်းဖေါက်နေတယ်လို့ သဘောထားလိုက်ပါ...
စိတ်ချမ်းသာရာ ရပါလိမ့်မယ်...

ရွှေပြည်သူ (ShwePyiThu) said...

ဖြစ်နိုင်ရင် ငါ့အစ်ကို ကို အစာကြေဆေးလေး ပေးချင်လိုက်တာ... တွင်းတူးနေမိမှန်းသိရင် ရပ်လိုက်လေ ကိုရွာသားရဲ့... ချချ လက်ထဲက တူရွင်းကြီး ချလိုက်တော့...

မိုးခါး said...

စပြီးရင်တော့ လမ်းဆုံးအောင် လျှောက်မလား နောက်ကြောင်း ပြန်လှည့်မလား တခုခုတော့ တခုခုရမှာပေါ့နော် .. အရင်ဆုံး ဆုံးဖြတ်ချက်တိုင်း လုပ်နိုင်ဖို့ အင်အားရှိအောင် အရင်ကြိုးစားလိုက်ရုံပေါ့ ..း)
အစာကြေဆေး ၂ယောက်ကျွေးသွားလို့ ထပ်မကြွေးတော့ဘူး .. :P

မေလေး said...

ဆက်လျှောက် ဆက်လုပ် ဆက်တူးးးး
ကျားယို..........