02 August 2009

မြှားတစ်စင်းတဲ့လား

ငါဟာမြှားတစ်စင်းတဲ့လား

လေးညှို့က လွှတ်ခွင်းပြီးတဲ့နောက်
လေထုကိုအန်တု
ပစ်မှတ်တစ်ခုဆီသို့
မမှိတ်မသုန်

ငါဟာမြှားတစ်စင်းတဲ့လား

မြှားတံမြှီးဖျားကို
ငါပြန်လှည့်ကြည့်လို့မှမရ
လားရာကိုသွားလေရော့ လဟယ်

ငါဟာမြှားတစ်စင်းတဲ့လား

လေးညှို့ကိုဆွဲစဉ်ကပင်
ညွှတ်ဝင်နေခဲ့ပြီးသား
ပစ်လိုက်ပါတော့လားလေ

ငါဟာမြှားတစ်စင်းတဲ့လား

မြှားတစ်စင်းဖြစ်တဲ့နောက်
မြှားတံသွားရာနောက်
ကောက်ကောက်ကိုပါလို့..............

9 comments:

သစ်သစ် said...

အီးးးးးးးးးး ကဗျာကြီး မြှားတဲ့.....

PAUK said...

တကယ်ဆို...
ကိုယ်ဟာ မြှားတစ်စင်းဆိုရင်..
ပစ်လွတ်လိုက်မယ့် လေးညှို့ရှင်ဟာ မင်းပဲ..

PAUK said...

မေရယ်..အချိန်ရဲ့ ပန်းလေး မနွမ်းခင်
မင်းလေးငဲ့ညှာ နောက်လှည့်ပြန်ခဲ့ဦး..
အခုတော့ ကိုယ့်ရင်ထဲ စိုးထိတ် တိုးတိတ်ဆဲ..
ကိုယ့်ဘ၀ရဲ့ မျှော်လင့်ခြင်း..အခုအခါ အားလျှော့လာခဲ့..
မိုးသားလေးပြေးထွက် ဟိုးးတဖက်အမြင့်ကို
သွားစဉ်..
ခရီးလမ်းဖြတ်လို့ နောက်လှည့်တောင်တက်မိုးလို..
ကိုယ့်ဘ၀ထဲများ တဖန်ပြန်ရွာသွန်းဖြိုးး..
...
တကယ်ဆို...ကိုယ်ဟာမြှားတစ်စင်းဆိုရင်..
ပစ်လွတ်လိုက်မယ့်လေးညှို့ရှင်ဟာ မင်းပဲ..
နှစ်ဦးပေါင်းဘ၀တစ်ခုတည်း..မင်းလေးသိပါတယ်
လောကရဲ့ ကြမ္မာရိုင်း အဝေးဆီ မောင်းထုတ်နိုင်မယ်..
လှိုင်းကြမ်းများရိုက်ခတ် တို့လက် နှစ်ဖက်ကို ခွဲခွာ..
ခရီးကြမ်းတစ်ဝက်တစ်ပျက် နှစ်ဦးနစ်နာမယ့်အရေးမှာ..
သွေးချင်းနီးသော မြှားချက်တွေ ပစ်ခွင်းနိုင်စေ...


( ဒီသီချင်းကို ကိုရွာသားကြိုက်မှန်းသိလို့
ကူးပေးလိုက်တယ်)

ကြည်ဖြူပိုင် said...

ဒါဆိုလေးညှို့ရှင် ကဗျာကိုရေးဖို့တော့လိုအပ်ပြီနော် :D

အိုင်လွယ်ပန် said...

မြှား တစ်စင်းဖြစ်တဲ့နောက်
မြှား တံသွားရာ ကောက်ကောက်ကိုပါလို့ :)

Yu Ya said...

ကိုရွာသားရေ... မြှားပစ်နည်း လေ့လာသွားပါတယ်။ အချိန်ရရင် စမ်းပစ်ကြည့်အုံးမယ်ဗျာ။ ပြစ်မှတ်ကိုတော့ ကိုရွာသားရှာပေးရမယ်...:P.။

yu ya

Mogok Thar said...

မြှားကလေးး
နောက်မြီးကို လှည့်မကြည့်နဲ့။
ကိုယ့်လားရာ ကိုယ်သိ။

အဟိ... အဟိ......

:-P

မောင်ဖားကြီး said...

အေးဗျာ အစကတော့ ငါဟာမြှားတစ်စင်းဆိုပြီး အရာရာကို ထွင်းဖေါက်သွားနိုင်မယ်လို့ထင်ခဲ့တာ... အခု အစ်ကိုပြောမှပဲ မြှားတစ်စင်းရဲ့ လားရာဟာ မြှားတံနောက်ကို ပြောရရင်တော့ မြှားတံပစ်လွှတ်လိုက်တဲ့အရာတစ်ခုရဲ့ စေစားချက်နောက်ကို လိုက်ရတဲ့ ဘ၀ပါလားဗျာ...
ကျွန်တော်လည်း တစ်နေ့တော့ မြှားပစ်သူ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေတုန်း...........

မိုးခါး said...

အင်း
ဟုတ်တော့ဟုတ်နေပါပြီ :D