05 August 2009

ပျောက်ဆုံးခြင်း

ဗြုန်းခနဲတချက်မှာ
အသိလက်လွတ်သွားခဲ့တာ

လက်နှစ်ဖက်ကို ဆုပ်ပေမယ့်
ရပ် ရပ်သွားတဲ့ နှလုံးသားကို
တားလို့ မှ မရပဲ

စိတ်စေတသိတ်နောက်မှာ
အရိပ်ပေါင်းများစွာ
ဇာတိ မရဏ ဗျာပါဒ
အလို…
ဘာကိုမှ နှလုံးမသွင်းနိုင်တော့

ပျောက်ဆုံးသွားတာက
အသိစိတ်တစ်ခု
ရှေ့ကိုလည်း မကြည့်နိုင်
နောက်ကိုလည်း မလှည့်နိုင်

ထိုင်ရက်နဲ့ကို
သေဆုံးသွားတဲ့ ခဏ………

16 comments:

မိုးခါး said...

ခဏ သေဆုံးခြင်းလား
အပြီး သေဆုံးခြင်းလား
တရားထိုင်နေတာလား
သေချာတာတခုကတော့ အသက်က ရှုနေသေးတယ်နော်
(စိတ်ထဲပေါ်တာ ပြောသွားပါတယ် ..း)

Unknown said...

ကဗျာလေးကတော့ အဓိပ္ပါယ်ရှိတယ်
ဒါပေမယ့် စိတ်ထဲသွားမြင်မိတာက ဘောစ့်လစ်တုန်း ဘလော့ရေးနေချိန် နောက်ကနေ လာရပ်လို့ လူမိသွားတဲ့ခံစားချက်လေးလိုပဲ

မိုးခါး said...

ကြွေးကျေပီ .. စာကြွေးတွေ :P
မေ ပြောတာလည်း ဟုတ်သလိုလို :D

Unknown said...

သာဓု

သက်ဝေ said...

ပျောက်ဆုံးနေတဲ့ အသိစိတ်တခုကို
ပြန်ရှာရတာ တော်တော်ခက်ပါတယ်...
ကိုယ်လဲ တခုလုံးမဟုတ်ပေမယ့်
တဝက်လောက်တော့ ပျောက်နေတယ်...
ကြိုးစားပြီး ရှာဖွေနေတုန်းပါပဲ...

မိုးခါး said...

စကားအဖြစ်ပြောတာပါ
တကယ်က ဖတ်ချင်လို့ကိုဖတ်တာ :D
စီဗုံးမရှိတော့ ဒီပဲ လာလာပြောနေရတယ် .. :P

သစ်သစ် said...

ကိုယ့်လူ မရေးချင်တော့ဘူးလို့ ပြောပြီးနောက်ပိုင်း နေ့တိုင်းလိုလို အသစ်တက်နေပါလားကွယ်...တခုခုတော့ တခုခုပဲ...ဖွသွားပါတယ်

Vista said...

အမျှအမျှ

ကိုရုပ်ဆိုး said...

ဘာလဲ ... သူ့ကို တခြားတစ်ယောက်နဲ့ တွေ့လိုက်မိတဲ့ တခဏမှာ ဖြစ်သွားတာလား?
ဒါမှမဟုတ် .....
သူ့ကို အရမ်းချစ်မိနေပြီလို့ သိလိုက်တဲ့ခဏမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်လား?

WWKM said...

ငုတ်တုတ်ကြီး ခဏသေဆုံးသွားခဲ့တာပေါ့. ပေါက်ပြီ ဒါ
ဆို... ကောင်မလေးက ရည်းစားဟောင်းနဲ့တွေ့နေလို့
ဖြစ်မယ်. အဟားးး :P

မှားရင်လည်းစိတ်မဆိုးပါနဲ့..ပျင်းလို့ဝင်စသွားတာပါ.း)

ကောင်းကင်ပြာ said...

စိတ်ပူထှာ

khin oo may said...

အဆင်ပြေရဲ့နော်။

ကိုလူထွေး said...

ရွာသားပြောတာ မှန်တယ်...
အသိစိတ်မရှိရင် သေတာနဲ့ ဘာမှ မခြားဘူး...

ရွှေပြည်သူ (ShwePyiThu) said...

ဟုတ်ပြီ ဟုတ်ပြီ... အသက်ကို ပုံမှန်ရှူ။ နှလုံးကို Shock Treatment ပေးမယ့် လူတွေ လာနေပြီ။ အားတင်းထား ကိုရွာသား...း))

Mogok Thar said...

ကော်မန့်တွေ တစ်ခုမှ မဖတ်သေးပဲ အရင် မန့်မယ်။

ရှေံမကြည့်၊ နောက်မကြည့်ဆိုတော့ ဘေးတိုက်လေးပဲ ဂဏာန်း သွား သွားနေဘီ ထင်ပါ့။
အော်.. အတည် ပြောမယ်ဆိုမှ နောက်မိနေပြန်ဘီ။ ထပ် အပြောခံရအုံးတော့မယ်။
အဟမ်း အဟမ်း.....

ဇာတိ၊ ဇရာ၊ ဗျာတိ.. မရဏာ တဲ့။

တရား နှလုံးကို သွင်းမှတော့ ပျောက်ဆုံးသွားတဲ့ အသိစိတ်က ပြန်၇ှာလို့ ရမှာပေါ့။

မာန၊ မောဟ၊ မိဆ္စာ ဒိဠိ ။ ထိန မိတ္တ (စာလုံးပေါင်းမမှန်ရင် သီးခံပါခင်ဗျာ) အဲဒါတွေကိုဖယ်. အာရုံငါးပါး တံခါးတွေကိုပိတ်။
ကဲ အနိစ္စတွေအကုန်လုံးးးးး
ထိုင်ရက်နဲ့ သေဆုံးသွားစေဗျား။

အပြောင်အပျက်ပြောတယ် မထင်စေချင်ပါဘူး။

မေတ္တာဖြင့်

ဂရေစ့် said...

အတိုးရောအရင်းပါပေါင်းပီး အကြွေးတွေကိုအကုန်ဆပ်သွားပါတယ် .. လရိပ်ချစ်သူဆီမှာ.....

လက်ရာတွေကအရမ်းကောင်းတယ်
ဖတ်ပီးအားကျပြန်သွားပါတယ်
စိတ်ရှိပီးမလုပ်နိုင်တဲ့ကိုယ့်ကိုယ်ကိုလဲမကျေမနပ်နဲ့လှည့်ထွက်သွားပါပီ