06 August 2009

လရိပ်ချစ်သူ

ကျနော်လိုချင်တာက
ရေအိုင်ထဲကလရိပ်ပါ

ရေအိုင်ထဲက လရိပ်ဆိုတာ
ရေရှိတိုင်းတွေ့ရသတဲ့

ရှိသမျှရေအိုင်တွေ
ခမ်းဖို့ ဆုတောင်းရမလား
ဆုတောင်းမမှားချင်

လမင်းရယ်
ရေအိုင်တိုင်းမှာ
အရိပ်မထင်ပါနဲ့

လရိပ်တစ်ခုတည်း
လင်းပေးမယ့်
ရေအိုင်တစ်ခုဖန်ဆင်းပေးပါ…………

မဖြစ်နိုင်တဲ့ အရာတစ်ခုကို တောင်းဆိုမိပြန်ပါပြီ……စိတ်ဆိုတာလည်း အခက်သားလား

22 comments:

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာက တော်တော်လှတယ်။ (ငါ့အစ်ကို နုကို နုနေတာပါး))

ကောင်းကင်ပြာ said...

လရိပ်ချို လားဟင်

ကောင်းကင်ပြာ said...

လရိပ်ချို သီချင်းနားထောင်ပြီး ကဗျာ ရေးသလားလို့ မေးတာပါရှင်:P

ဖိုးသင်္ကြန် said...

မော့ကြည့်ဖြစ်ရင် တစ်လုံးထဲကိုဗျာ။

သက်ဝေ said...

ဘာလို့ ရေအိုင်ထဲက လရိပ်ကို လိုချင်ရမှာလဲ...
ဟိုး မိုးပေါ်က လမင်းကို လိုချင်ပါ...
မဖြစ်နိုင်တာမှန်းသိရင် တွေးမနေနဲ့တော့...
ဖြစ်နိုင်တာကို ရဲရဲတင်းတင်း တွေးပါ...

သက်ဝေ said...
This comment has been removed by the author.
ကောင်းကင်ပြာ said...

ချစ်သူတွေ များလဲ လက်ခံလိုက်တဲ့ မမ၀ါ ကိုယ်စား လာပြောပေးတယ်

WWKM said...

အယ် ညီမလေးကောင်းကင်ပြာက ဘယ်လိုသိ. မမ မပြောဘူးနော်.. ဒါကတော့ သူ့ဘက်က ပေါက်ကြွားတာပဲ ဖြစ်မယ် ညီမလေးရေ. အဟတ်း))

ကြွားတာ..ကြွားနေတာလိုက်ပြီးတော့... ပြီးတော့မှ လျှောချသွားတယ်.... ဘာလိုလို ညာလိုလို..
အလကားပါဗျို့ မယုံကြပါနဲ့.. မောင်ရွာသား.. သူများ
ကိုယ်စား အငှားခံစားပေးနေတာပါတဲ့..ကဲ မှတ်ပြီလား.

တို့တော့မသနားပါဘူးကွယ်.း))
ရေး..ရေး.. များများသာရေး.. အလုပ်မလုပ်နဲ့...

ညီမလေးကောင်းကင်ပြာရေ..

မမက ချစ်သူတွေများရင် မကြိုက်ပါဘူးပြောတာနော်.
သူ အရမ်းကြိုက်ရင်တော့ မတတ်နိုင်ဘူး..လက်ခံလိုက်
လို့ပြောတာသိလား... သူပြောချင်တာပြောတာ အဲ ကောင်လေး... လွှတ်သာထားပေးလိုက်ပါ။း)
နာကွ.း) ထပ်ပြောချင်သေးလား.

Unknown said...

ကျန်တာတော့ ရကောင်းရမယ်ဆရာ
လရိပ်ကတော့ အများဆိုင်ပဲ
လောဘမကြီးပါနဲ့ 
လသာတဲ့ညမှာ ရေခွက်လေးနဲ့ သာတယောက်ထဲကြည့်တော့

khin oo may said...

လကိုဘဲရအောင်ယူပါ.အညတရ ဆိုရင် မုန်းတယ်။

WWKM said...

လိမ္မာသားပဲ.
စိတ်တွေရှုတ်နေရင် တရားလာနာပါ အခု.

မကြီးဝါ

puluque said...

ဘာပြောရမလဲဟင် ...လိုချင်တာရနိုင်ပါစေလို့ပြောရမလား...

သစ်သစ် said...

ဟဲ့....တကယ်ကြီးဖြစ်နေတာလား ပြောတုန်းကသူများအတွက်ဆို နင်ကလည်း ခေါက်ထားလိုက်ပါဟာ....ဘာမှမသိပဲ ရမ်းတုတ်သွားသူး) ။

မောင်ဖားကြီး said...

ကိုယ့်လရိပ် ကိုယ်ပိုင်ရင်တော်ရောပေါ့ အစ်ကိုရယ် နော... :)

သီဟသစ် said...

ပျောက်ဆုံးခြင်း ဂယက်မှာ ဖျားနာပြီး လရိပ်တွေကို လွမ်းလို့ လတ်တလော ဆူးပင်တွေ ပေါက်သွားတယ်


ခင်မင်စွာဖြင့်
သီဟသစ်

အင်းစာလေးတွေ နူးညံ့လိုက်တာနော် :P

ကြည်ဖြူပိုင် said...

အဟမ်း..စုံထောက်ကျော်ပြောင်ပြောင် သတင်းတစ်ခုလာပေးပါတယ်။

ချစ်သူတွေများပေမယ့်။ ကိုရွာသားကိုပဲရွေးချယ်ပါမယ်တဲ့။ဖုန်းလဲ မကြာမကြာဆက်ပါမယ်တဲ့။ ယောကျာင်္းလေးက စတော့ဆက်သင့်တာပေါ့နော်တဲ့။

အဲဒိလိုပြောကြောင်းခိုင်လုံတဲ့သတင်းရပ်ကွက်က ရရှိပါတယ် :D

မီယာ said...

ကဗျာကို ခံစားရမလား ရွာသားလေးကို တခုခု ပြောရမလား

မွန် said...

စာခိုးဖတ်နေတာ မရတော့ဘူး
မဖြစ်နိုင်တာ တောင်းဆိုနေမှတော့ ကောမန့်ပေးမှ ဖြစ်တော့မကိုး
လရိပ်လင်းမယ့် ရေအိုင်နတ်သမီးဖန်ဆင်းပေးမယ်
ခုန်မချဘူးလို့ကတိပေး

Mogok Thar said...

ကော်မန့်တွေ ဖတ်ပီး ဘာဆက်ပြောရမယ်မှန်းမသိတော့ဘူး။
( အမကွန်က အညတရဆို မုန်းတယ်တဲ့.. ၀ါးးး ၀ါးး ၀ါးးး )

ကဗျာလေး ပြန်ပြေးဖတ်အုံးမှ။

ကောင်းကင်ကလ၊ ရေအိုင်ထဲကလ နှစ်စင်းစလုံး ငါပိုင်ပါရစေ။
အရိပ်လေး လံ့ရံဘ၀၊ ကိုယ်က မကျေနပ်လှဘူး။

:-)

NangNyi said...

လအစစ်က ဘာဖြစ်နေလို့တုန်း
မကြိုက်ဘူးဗျာ ဒီကဗျာ.. နည်းနည်းလည်းပေါ့တယ်

တန်ခူး said...

အငှားခံစားမှုပဲလား… မျက်နှာများတဲ့ လရိပ်ကိုမှ တမ်းတတတ်သူဆိုတော့လဲ… အင်း… လမင်းကြီးက ငိုနေဦးမယ်.. သူကမှ အစစ်ပါတဲ့… လမင်းကိုသာ ချစ်တတ်ပါစေလို့ …

မိုးခါး said...

တန်ခူးပြောသလိုပဲ
လမင်းကြီးကသာ အစစ်ပါ
အရိပ်ဆိုတာ ဟိုနားရော ဒီနားရော မြင်နေရမှာပဲ