19 August 2009

နာကျင်ခြင်း

ထက်မြတဲ့ အသွားတွေ မလိုပါဘူး
အချွန်အထက်တွေမပါပေမယ့်
ရင်ဘတ်မှာ ထင်ကျန်ခဲ့တယ်

နားရှိပေမယ့်
မကြားရက်လို့ ပိတ်ချင်ခဲ့တယ်

မေ့ချင်ပေမယ့်
မမေ့တတ်လို့ သေမတတ်
အနေခက်တယ်

ခပ်ဖွဖွပါပဲ
ဒါပေမယ့်
တစ်..စ..စ နာကျင်နေမိတာ

ခွန်းတုံ့မပြန်နိုင်ဘူး
အားလုံးကို လက်သင့်ခံပါတယ်

အဆင်သင့်မဖြစ်သေးတဲ့
ဒီပြတင်းမှာ
မှန်တွေ မွမွကြေနေတာ
လေတိုက်လွန်းလို့မဟုတ်ပါဘူး

တံခါးချက် မတက်မိတဲ့
အမှားတစ်ချက်အတွက်
နာကျင်ခြင်းတွေက ဘ၀တစ်သက်တာ....

17 comments:

သက်ဝေ said...

တံခါးတွေကို.. (အထူးသဖြင့်တော့) ဘဝအတွက် အရေးကြီးတဲ့ တံခါးတွေကို သေသေချာချာ ပိတ်တတ်ပါစေ...
ဖွင့်ရမယ့်တံခါး နဲ့ ပိတ်ရမယ့်တံခါး ခွဲခြားသိနိုင်ပါစေ...

ကြည်ဖြူပိုင် said...

ဘာမှကိုရေးမသွားဘူး..ဒီတိုင်းပြန်သွားတယ်...နော်

မေဇင် said...

မှန်တွေ မွမွကြေနေတာ... လေတိုက်လွန်းလို့ မဟုတ်ပါဘူး..... ညနေတိုင်း လက်ထောက်နေတာကိုးးးးးးးးးး ... ကြေကုန်မှာပေါ့.... သတိထားမှပေါ့လေ... တံခါးချက်လဲ သေချာတက်ထား.. သူခိုးတွေ ပေါတယ်...။

WWKM said...

အင်း..ကောင်းလိုက်တဲ့ ကဗျာလေး.း)
ပိတ်ဖို့လိုအပ်တဲ့ တံခါးတွေကို သေသေခြာခြာပိတ်.
ဖွင့်ဖို့လိုအပ်လိုအပ်တဲ့ တံခါးတွေကိုလည်းမြန်မြန်ဖွင့်
ရွာသားရေ.. အချိန်တွေနောက်ကျနေပြီ။း)))
တို့က နံပါတ်မှာ ၂.း)

သူများဘလော့ဂ်တွေတော့ဖွင့်လို့ရတယ်.
ကိုယ့်ဘလော့ဂ်ကိုယ်ဖွင့်မရပြန်ဘူး. ဒွတ်ခး)း(

WWKM said...

ဟောဗျာ..နာမည်ဂျီး ဘလော့ဂါကြီးဆိုတော့ နံပါတ်၂
ဦးတာတောင် မရရှာဘူး.ဟဟ နံပါတ်မှာ ၄ပေါ့.း)

Unknown said...

“မေ့ ချင်ပေမယ့်
မမေ့တတ်လို့  သေမတတ်
အနေခက်တယ် ”

ဒီစာသားလေး ကြိုက်မိတယ်
မမေ့တတ်သူတွေက နာကျင်ပြီးပဲ ကျန်ရစ်ခဲ့  ရတယ် ကောင်းတယ်ဗျာ ကိုရွာသား တကယ်ကောင်းတယ်

ကဗျာလှလှ စာလှလှတွေများစွာရေးဖွဲ့ နိုင် ပါစေ
:) ရန်ကုန်သား

Unknown said...

တံခါးတွေက အိမ်အတွက်အရေးပါသလို
စိတ်တံခါးတွေကလည်း လူအတွက်အရေးပါတယ် အမောင်ငယ်ရယ်
နာကျင်ခြင်းတွေကို ဘ၀တသက်ထိတော့ မယူပါနဲ့ 
အရေးကောင်းတဲ့ ကဗျာဆရာလေး
နာကျင်ခြင်း ခံစားချက်တွေက အမြန်လွတ်မြောက်ပါစေ

WWKM said...

ရွာသားလေးဝိုင်တီယူ: မနောက်ပါနဲ့ မကြီးဝါရယ်
----------------
အမယ်လေး..ဖတ်ပြီး သနားသွားပြီ..တကယ်နာကျင်နေလို့ မနောက်ခိုင်းတာလား။

ခံစားနေတာက ပန်းကန်ပြား
နာကျဉ်တာက ဓါတ်လိုက်လို့...း)) အဟဟ မယုံ..

ရွာသားတို့ ဒီလိုတွေ လုပ်စားနေတာကြာပြီ.
နာကွ နံပါတ်မှာ ၈. :D

သစ်သစ် said...

နားတော့ပိတ်မထားပါနဲ့ ဖုန်းခေါ်နေရင် ဘယ့်နှယ့်လုပ်မလဲ တို့တော့စိတ်ဆိုးလည်း ဘယ်တော့မှနားမပိတ်ဘူး .....ရက်စက်မှ ကြေကွဲတာတဲ့ ထင်တာတွေလျှောက်ပြောသွားသူ..

တောင်ပေါ်သား said...

နုလွန်းတယ် အကိုရာ ဘေးနားမှာ ခြင်္သေ့တယောက်လုံး ရှိနေတာ ဒီလို နုနုလေးတွေ ထွက်လာတော့ ဖတ်သူ ခံစားရတာပေါ့း) သင်ဦး သင်ဦး ဘေးက လူတွေနားကး)

လေးစားလျက်
တောင်ပေါ်သား

မြစ်ကျိုးအင်း said...

မေ့ချင်ပေမယ့်
မမေ့တတ်လို့သေမတတ်
အနေခက်တယ်

ခံစားချက်တွေတူတဲ့အခါ အဲလိုတွေက ရင်ကိုထိစေတယ်

နှလုံးသားတံခါးကို အလွယ်တကူ ဖွင့်ထားမိလို့များ ကြေမွသွားတာလား...။

thandar kyaw said...

ပေးသွားသော ကွန်မန့်ကိုနဲနဲလောက်များ ရှင်းပြနိုင်မလား ။ ဘယ်သူများ ကျန်ခဲ့ပါလိမ့် တွေးတောနေသူ......

RePublic said...

ထိတယ် ..ထိတယ်

Anonymous said...

အင်း.. ခံစားချက်ကိုနားလည်ပါတယ်.. ဒဏ်ရာတွေအမြန်ကျက်ပါစေတော့

Rita said...

auto mode မှာ ထားပါလား (တံခါးကို ပြောတာနော်)

ဆောင်းချမ်းမိုး said...

ရင်နာတာက မှောက်အိပ်လို့ပါ
နာကျင်တယ်ဆိုတော့ ၀ပ်လျားမှောက်လျက်နဲ့ ဓါတ်လိုက်ခံရလို့ထင်ပါရဲ့
ဟဲဟဲ ..စတာပါ

ခံစားချက်တူသူတွေ ဆိုတော့ ကိုယ်ချင်းစာပါတယ်ဗျာ..

ကောင်းကင်ပြာ said...

အမလေး ဆောင်းပိန်က ခံစားချက်ချင်းတူသတဲ့ အံ့ရော၊
ကိုကိုရွာသားက မီးမီးလို တခါးချက်မှ ကောင်းကောင်းထိုးမထားတာ ခုတော့ ခံစားနေရပြီ၊ ခက်ပါတယ်း)