17 August 2009

ဘူတာရုံ အရောင်များ

စာရေးဆရာမတစ်ယောက်က ရေးဖူးတယ် မြေအောက်ဘူတာရုံတွေကြောင့် ပတ်ဝန်းကျင်မြင်ကွင်းတွေကို ကြည့်ဖို့ အခွင့်အလမ်းဆုံးရှုံးသွားရသတဲ့။

မနေ့က တွေးနေမိခဲ့တယ်။ မြေအောက်ဘူတာရုံရဲ့ အပြင်အဆင်တွေကိုကော ကျနော် သတိထားကြည့်ခဲ့ဖူးပါသလား။

အင်္ဂလိပ်စာသင်တန်းတစ်ခုမှာ လေ့ကျင့်ခန်းတစ်ခုလုပ်တဲ့အကြောင်းလေး အမှတ်ရမိသေးတယ်။ မေးခွန်းလေးတစ်ခုပါ မင်း ခရီးသွားရင် (ကား၊ ရထား ဒီနှစ်ခုက လူသုံးများတယ်) ၁။ မင်းစာဖတ်လေ့ရှိသလာ;။ ၂။ မင်းသီချင်းနားထောင်သလား ၃။ ပတ်ဝန်းကျင်ကို ကြည့်သလား။ ၄။ ဒါမှမဟုတ် မင်းအိပ်သလား။ ကျနော်တို့အားလုံးရဲ့ အဖြေက ဘယ်နံပါတ်မှာ များမယ်ထင်သလဲ။

စတင် သတိထားမိတာက အ၀ါရောင်ဘူတာရုံပါ။ ဘူတာရုံတစ်ခုလုံး အ၀ါရောင်သုတ်ထားခဲ့တယ်။ ဘာကြောင့်လဲ ဘာအတွက်လဲ ဒီအရောင်နဲ့ ဒီဘူတာရုံ ဘယ်လိုစပ်ဆက်သလဲ။ ဘူတာရုံ အ၀ါရောင်မှာ ကျနော်ဘယ်လိုခံစားမိခဲ့သလဲ။ ကျန်တဲ့သူတွေကော ဘယ်လိုခံစားမိသလဲ။ ကျနော်သိချင်မိတယ်။

ဒုတိယဘူတာရုံကတော့ အစိမ်းရောင်ဘူတာရုံပါ။ သူ့ကို အစိမ်းရောင်သုတ်ထားမထား ကျနော်မသေချာပေမယ့်။ ကျနော့စိတ်ထဲမှာ အစိမ်းရောင်လို့မှတ်ထားမိခဲ့တယ်။ အစိမ်းရောင်ဘူတာရုံကို မီးခိုးရောင်ကောင်းကင်နဲ့ ကြည့်ရတာ တစ်မျိုးတော့အဆန်းသား။

နောက်ထပ်မှတ်မှတ်ရရဖြစ်စေခဲ့တာ အဖြူရောင်ဘူတာရုံပါ။ သူ့ကိုတော့ ကျနော်သိပ်ကြိုက်တဲ့ လသာဆောင်လေးကနေ ထိုင်ကြည့်ဖြစ်ခဲ့တာ။ လူတွေ ရထားတွေ ၀င်လိုက်ထွက်လိုက်လုပ်နေသလို ကျနော့ကိုလည်း အတက်အကျခံစားမှုတွေ ပေးခဲ့တယ်လေ။ အဖြူရောင်ဘူတာရုံလေးက မိုးရေတွေကြားမှာ လွမ်းနေအောင် အချွဲပိုသွားခဲ့သေးတယ်။ ကျနော်လည်းချမ်းနေခဲ့တယ်။

ရထားသံလမ်းဘေးမှာ ရပ်နေရင်း စိတ်အာရုံတွေပျံ့လွင့်နေခဲ့တယ်။ တစ်စင်းပြီး တစ်စင်းဖြတ်သန်းသွားကြတဲ့ ရထားတွေကို တိုးသွားတဲ့လေအဟုန်နဲ့ တိုက်သွားတဲ့ လူတွေကြောင့်သာ သတိထားမိတယ်။

ကျနော့စိတ်ကတော့ အုတ်ခဲကျိုးရောင် ဘူတာရုံလေးမှာ ကျကျန်နေခဲ့တာ။

(ရောက်တတ်ရာရာ လျှောက်ရေးတာပါခင်ဗျာ..ပေါက်တတ်ကရတွေ တွေးကြဖို့ပါပဲ)

21 comments:

သက်ဝေ said...

တွေးပါ ဆိုတဲ့အတိုင်း တွေးတာပေါ့လေ...
အရောင်စုံ ဘူတာရုံလေးတွေရဲ့ အရောင် တရောင်စီ နောက်ကွယ်မှာ သူ့ အဓိပ္ပါယ်နဲ့သူ ရှိနေကြမယ် ထင်ပါတယ်...
မတူညီကြတဲ့ အရောင်တွေကို တန်ဖိုးထားသူရဲ့ စိတ်အပေါ်မှာ မူတည်ပါလိမ့်မယ်...

Unknown said...

အင်း နည်းနည်းလေး တွေးသွားတယ်
စိတ်ပေါ်မူတည်ပြီး အရောင်ခံစားမှုကွဲသွားသလို
အရောင်ကြောင့် စိတ်ခံစားမှုလည်း ကွဲသွားမှာပေါ့
(စကားမစပ် အုတ်ခဲကျိုးရောင်ဘူတာရုံလေးက ဘယ်နားမှာပါလိမ့်) စာပြန်ရေးလို့ ဝမ်းသာမိတယ်

Unknown said...

ရထားပေါ်က လက်ကိုင်ကွင်းနဲ့  အရောင်တွေကစားပြီး
ဘူတာရုံက အရောင်တွေနဲ့ ခံစားပြီး
နောက်ဘာဆက်လာမှာပါလိမ့်

ရွှန်းမီ said...

Commonwealth, Buona Vista, Dover :P

ကြည်ဖြူပိုင် said...

ကိုရွာသားစာမရေးပါ

တောင်ပေါ်သား said...

စိတ်စေစားရာဆိုတာ ဒီလိုပါပဲး) တချိန်ချိန်တော့ ကျနော်လဲ အရောင်စုံ ဘူတာလေးထဲ ရောက်ဖူးချင်တယ်ဗျာ... အဖြူ၊အပြာ၊ အ၀ါ၊အနီ အရောင်ကိုစုံလို့ လှချင်တိုင်း လှနေတဲ့ သဘာဝတရားရဲ့ အလှဘူတာလေးကို ရောက်ချင်စမ်းပါဘိး) ဘာရယ်မဟုတ် စိတ်ခံစားချက်လေးပါ အဟီးး

လေးစားလျက်
တောင်ပေါ်သား

ဖိုးသင်္ကြန် said...

ဒါကြောင့် ဘူတာရုံရောက်ရင်
ဟိုကြည့်ဒီကြည့်
လုပ်လုပ်နေတာကိုး။
မှတ်သားလောက်ပါပေတယ်။

mirror said...

နန်းညီတဂ်တဲ့အရောင်တွေအကြောင်း ရေးထဲက
ဘူတာရုံအကြောင်းလဲ တွေးထားပုံကျတယ် :D

တိုတိုလေးပေမင့် ရေးထားတာလှတယ် ကိုရွာသား။

ခင်မင်လျက်

Yu Ya said...

ကိုရွာသားရေ.. တွေးတာလဲတွေး ငေးတာလည်းငေးပေါ့ဗျာ... ဒါပေမယ့် ဒီတစ်ခါ ရပ်ရင်တော့ ရထားသံလမ်းဘေးမှာ မရပ်ပါနဲ့ဗျာ။

နည်းနဲ့ ဗို့အားမဟုတ်ဘူးနော်။ တော်ကြာ အမဲရောင် ဘူတာကို မြင်နေရအုံးမယ်ဗျ...အဟီး။

WWKM said...

ဘာမှမပြောပဲ ပြန်သွားပြီ။ :D

Anonymous said...

အရောင်တွေနဲ့ဘူတာကို ရွာသားလေး လိုက်ပြလို့ လိုက်ကြည့်တယ်၊ တကယ်ဆို သိပ်သတိမထားမိဘူး။

ကိုယ်ကတော့ အနံ့တွေကို ပိုသတိထားမိတယ်၊
တိုပါးရိုးဘူတာအနံ့၊ ဒိုဘီကောက်ဘူတာအနံ့၊ စသည်ဖြင့်ပေါ့၊ မတူနေဘူး။

Rita said...

ဟုတ်တယ် အနံ့တွေ မတူဘူး

Phyo Maw said...

မှန်ပါ့ အဆင်ကွဲတယ်။

သီဟသစ် said...

မတွေးပါဘူး
တွေးတော့ဘာလုပ်ရမှာတုန်း
:)

မောင်ဖားကြီး said...

အုတ်ခဲကျိုးရောင် ဘူတာလေးဆိုတာထက်... ကွမ်းသွေးရောင်ဘူတာလေးဆိုရင်တော့ မြန်မာပြည်ကို သတိရကြမယ်ထင်တယ်နော်.. မယုံရင်လိုက်ကြည့်... ဒီမှာက အထွေအထူးဆေးသုတ်စရာမလိုဘူး.. အားလုံးတက်ညီလက်ညီ ထွေးပေးထားကြတာ နီညိုရောင်လေးတွေကို အပွင့်လေးတွေ ကျနေတာပဲ :)

ကိုလူထွေး said...

ရွက်လွှင့်တယ်ဆိုတာ ပင်လယ်ပြင်မှာနဲ့ အွန်လိုင်းပေါ်မှာပဲ လုပ်လို့ရတယ်...

မီးရထားနဲ့ ရွက်လွင့်သွားလို့ မရဘူးလေ...

အခုလို ရောက်တတ်ရာရာတွေ ရေးတော့ စိတ်လွတ်ကိုယ်လွတ်ရှိတာပေါ့...

းဝ)

JuneOne said...

ဘူတာရောက်ရင် ရထားဘယ်တော့လာမလဲဆိုတဲ့

စာကိုကပဲ အမြဲကြည့်ဖြစ်တယ်။အရောင်ထဲမှာတော့ အဖြူရောင်ကိုအကြိုက်ဆုံး။

မိုးခါး said...

ဘူတာရောက်ရင် ပြေးပဲပြေးနေရတာများလို့ အရောင်တွေ သေချာ မခံစားဖြစ်ပါဘူး .. မခံစားတတ်တာဖြစ်မယ် :P
အနှစ်သက်ဆုံးအရောင်လည်း မရှိဘူး .. မျက်စိထဲ ကြည့်လို့ရနေရင် ကြိုက်လိုက်တာပဲ
တခုပဲ .. အ၀င်ဝမှာ ပိတ်နေတဲ့ ဟိုလူကြီးနဲ့ မိန်းမကြီး မြင်ရင်တော့ စိတ်ဆင်းရဲလို့ မျက်နှာလွှဲလိုက်တာပဲ .. :P

ကောင်းကင်ပြာ said...

အပြာရောင်ဘူတာ မပါပေမဲ့ ဟို မောင်ဖားကြီးရေးသွားသလို အုတ်ခဲကျိုးရောင် ဘူတာလေးကို ကွမ်းသွေးရောင် ဘူတာလေးလို့ မှတ်ပြီး စိတ်ချမ်းသာစွာ ပြန်သွားပါတယ်၊ တရောင်ရောင်ထဲ ပါသွားရင် တော်ပါပြီ :P

ရွှေပြည်သူ (ShwePyiThu) said...

အုတ်ခဲကျိုးရောင် ဘူတာရုံလေးမှာ ကျကျန်နေခဲ့တဲ့ စိတ်ကို အပြာရောင်ရထားကြီးက တဂျုံးဂျုံးနဲ့ တက်ကြိတ်သွားပါလေရော...

စိတ်ပုတ်တယ် မထင်ပါနဲ့။ အပြာရောင်ပါအောင် စေတနာနဲ့ ဝင်ရေးပေးတာပါး)

yangonthar said...

ကဗျာဥာဏ်ရှိသူတွေရဲ့  စာတွေကို ဖတ်ရတာ အင်မတန် အရသာရှိပါတယ် အတွေးလေး တွေလည်းပါတယ် ကျေးဇူးပါ ကိုရွာသားရေ :D ပျော်ရွှင်ပါစေ
(တစ်ခါတည်း link သွားတယ်ဗျို့  ခွင့်ပြုပါဦး ...)