08 August 2009

လေလှိုင်း ပုစ္ဆာ


သူပြောသမျှတွေ ပို့စ်လေးတွေအဖြစ် အသက်သွင်းခဲ့တာ ကြာပါပြီ။ အခုလည်း အဖြေသိပါလျက် စာဖတ်သူတွေရဲ့ အယူအဆတွေကို သူသိချင်ပါသတဲ့လေ….

လေသံတိုးသဲ့သဲ့ကြားမှာ သူစပြောတယ်

ကိုယ်ပြောလည်းပြောချင်တယ် ပြောလို့လည်းမထွက်ဘူး။ ဒါပေမယ့် သူတစ်ပါးတွေရဲ့ အမြင်ကိုလည်း သိချင်တယ်။ ပြောတတ်သလိုပဲ ပြောပါတော့မယ်လေ…

အဲ့ဒီကစပျိုးတာပါခင်ဗျ

ကိုယ် သူ့ကို စတွေ့တာ ထုံးစံအတိုင်း Date လုပ်တဲ့ website တစ်ခုမှာပေါ့။ သူ့ရဲ့ ဓါတ်ပုံ တစ်ခုအောက် မှာ ကိုယ်ပေးခဲ့တဲ့ comment တစ်ခုကနေ စခဲ့တာပါ။ ပြောရရင် ကိုယ်ကပဲ စခဲ့တယ်ဆိုရမှာ။

ဒီယုံမြင်လို့ ဒီချုံထွင်တယ်ပဲဆိုဆို comment နောက်ကနေ လိုက်လာတဲ့ သူ့ရဲ့ contact တစ်ခုကနေ ကိုယ်တို့ဆက်သွယ်ခဲ့ကြတယ်။ ကိုယ့်အထင် အဲဒီညက မနက်၂နာရီထိုးသွားခဲ့တယ်။ အဲ့အချိန်ထိ သူဟာ ကိုယ့်မိတ်ဆွေအဆင့်မှာပဲ။ သူက ပြောတယ် ကိုယ်နဲ့စကားပြောရတာ သိပ်ပျော်ဖို့ကောင်းတာပဲတဲ့။ သူကပုံပြောသူတစ်ယောက်လား ကိုယ်က ပုံပြောသူတစ်ယောက်လား ဘယ်လိုမှကို မဆန်းစစ်နိုင်တော့ဘူးလေ။ အမှတ်ရမိတာက အဲ့ဒီညဟာ မတ်လရဲ့ ပူအိုက်တဲ့ ညတစ်ညပါပဲ။

သိပ်မကြာခင်မှာပဲ ကိုယ်တို့ ဆုံတွေ့ခဲ့တယ်ဆို ဒီခေတ်အမြင်နဲ့ကြည့်ရင် မစောလွန်းလောက်ပါဘူးနော်။ သူ့ကို ကိုယ် MRT မှာသွားခေါ်လာခဲ့တယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို ငေးနေလိုက်တာများ ဒီအရပ်တွေအခုမှ ရောက်ဖူးတဲ့အရိုင်းအစိုင်းလေးလို။ မှေးမှေးမှိန်မှိန်လေးမို့ ဒါနဲ့ပဲ အကြင်နာပိုစေခဲ့လေသလား မစဉ်းစားတတ်ခဲ့ဘူး။

ကိုယ့်အိမ်ကိုရောက်တော့ သူက တရင်းတနှီးရှိလွန်းနေပြန်တယ်။ ချိုသက်ခြင်း ခါးသီးခြင်းတွေနဲ့ ညနေခင်းတစ်ခုကို ဖြတ်ကျော်ခဲ့ကြတယ်ဆိုပါတော့။ အဲ့အချိန်ထိ သူ့ဟာ ကိုယ့်အတွက် သာမာန်မိတ်ဆွေ တစ်ယောက်အဖြစ် စိတ်ထဲမှာ ရှိခဲ့သေးတယ်။

သူပြန်သွားပြီး မကြာမတင်မှာပဲ sms လေးတစ်ခု ၀င်လာတယ်။ သူကိုယ့်ကို ချစ်တယ်တဲ့။ ဟင့်အင်း မဖြစ်နိုင်ဘူး ဒီအချိန်တိုလေးတစ်ခုအတွင်းမှာ သူကိုယ့်ကို ချစ်တယ်ဆိုတဲ့ စကားပြောဖို့ မလွယ်ရဘူးလေ။ တစ်ကယ်ဆို သူကိုယ့်အကြောင်း သိသေးတာမှ မဟုတ်တာနော်။ ပြီးတော့ ကိုယ်လည်း သူ့အကြောင်းမသိသေးဘူးလေ။

နောက်ပိုင်းမှာတော့ သူတဖွဖွ ပြောတဲ့စကားက ကိုယ့်ကို ချစ်တယ်ဆိုတဲ့အကြောင်း။ ကိုယ်အမြဲပြန်ပြောဖြစ်တာက တကယ်ချစ်တာမဟုတ်နိုင်ဘူး။ ကိုယ်လည်း မင်းကိုမချစ်ဘူးဆိုတဲ့ အကြောင်းပါ။ ဒါပေမယ့် သူက မနားတမ်းဆက်ပြောနေတာပါပဲ။

နောက်တစ်ခေါက်ကိုတော့ အပြင်ဘက် တစ်နေရာမှာ တွေ့ဖြစ်ကြတယ်။ သူနဲ့ကိုယ်နဲ့ တော်တော်လေး ရင်းနီးသွားကြတယ်(ဒီ့ထက်ပိုပြီး ပြောစရာလိုမယ်မထင်ဘူးနော်)။ မနက်စာကို သူ့အတွက် Starbuck ဆိုင်မှာ ပဲ လိုက်ကျွေးဖြစ်တယ်။ သူ့ကိုတိုက်တဲ့ ကော်ဖီတစ်ခွက်က ချစ်ခြင်းတွေပါတယ်တဲ့။ ဒါသူ့အပြောပေါ့။ သူ့ကို ကိုယ်ရိုက်ပေးတဲ့ ဓါတ်ပုံလေးကို သူ့မှာ ကြိုက်လှချည်ရဲ့ဆိုပြီး ထုတ်ထားလိုက်တာ ပုံတွေမှ အများကြီး။ သူ့မျက်နှာတစ်ခုပဲကြည်ပြီး နောက်ခံတွေ ၀ါးနေလို့တဲ့လေ။

နောက်တော့ သူ့အလုပ်က ရုံးပိတ်ရက်တွေပါ ဆင်းရတာမို့ ကိုယ်တို့မတွေ့ဖြစ်ကြဘူး။ ဒါပေမယ့် ညတိုင်းဖုံးပြောဖြစ်ပါတယ်။ သူရဲ့ မရိုးနိုင်တဲ့ ဓါတ်ပြားအဟောင်းကြီးကိုလည်း ဖွင့်နေလျက်ပေါ့။

အဲ့ဒီကြားထဲမှာ ကိုယ်အရင်တွဲနေလက်စ လူတစ်ယောက်နဲ့ တစ်ခေါက်လောက်တော့ တွေ့ဖြစ်ပါသေးတယ်။

မေလရဲ့ ပထမအပတ်နားမှာတော့ သူ့ဆီကို ကိုယ်ဖုံးခေါ်မိတယ်။ မကိုင်ပါလားလို့ နှစ်ကြိမ်သုံးကြိမ် ကိုယ်ဆက်တော့ ကိုယ်မကြားဘူးတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။ ကိုယ်ဘယ်သူလဲတဲ့ သူကများ။ ကိုယ်ကမေးတယ် သူဘယ်ရောက်နေလဲဆိုတော့ သူ့သူငယ်ချင်းပါတဲ့ မင်းဘယ်သူလဲ ပြောပြပါလို့မေးလာတယ်။ ကိုယ်ဒေါသတွေထွက်နေမိတယ်။ ကိုယ့်ကို ဒီမေးခွန်းမေးရလောက်အောင် မင်းတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုကဘာတဲ့လဲ။ ကိုယ့်ဒေါသကိုယ် ထိန်းပင်မယ့် မရတော့ဘူး။

မကြာခင်မှာ သူဖုံးပြန်ဆက်တယ် ကိုယ်သူ့ကိုမေးတော့ သူငယ်ချင်းပါတဲ့။ ဒါဆို သူငယ်ချင်းဆို ကိုယ့်ကို ဒီမေးခွန်းမေးစရာလားဆိုတော့ သူက ရိုးရိုးသားသားသူငယ်ချင်းပါတဲ့။ အဲ့မှာ ကိုယ့်ဒေါသ ပိုဆိုးသွားတယ်။ ဒေါသနောက်တရားပါ ဘာတွေ ပြောနေမိမှန်းမသိအောင် ပြောပစ်ခဲ့တာ။

နောက်တော့ သူခေါ်တဲ့ ဖုံးတွေကို မကိုင်ခဲ့ဘူး။ ဆယ်ကြိမ်မကအောင် သူခေါ်ခဲ့ပင်မယ့် ကိုယ်မကိုင်ခဲ့တော့ဘူး။ ကိုယ့်စိတ်ထဲမှာ သူမရှိအောင် အလုပ်တွေ ဖိလုပ်နေခဲ့တာ။

တွဲနေလက်စလူလည်း ဒီကို အလည်လာရင်း ကိုယ်နဲ့ဆုံဖြစ်တော့ ကိုယ်သူ့ကို မေးခွန်းတစ်ခုမေးဖြစ်တယ်။ လူတစ်ယောက်က ငါ့ကို ညာရင် ဘာလုပ်သင့်သလဲ။ ဖြေရှင်းခွင့်ပေးသင့်သလားဆိုတော့ လူတစ်ယောက်မှာ second chance ရှိသင့်တယ်တဲ့လေ။

ဒါနဲ့သူခေါ်တဲ့ ဖုံးတစ်ခုကို ကိုယ်လက်ခံခဲ့တယ်။ နောက်တော့ ဒီတစ်ပတ်ရုံးပိတ်ရက် ရုံးမပိတ်ပင်မယ့် သူကိုယ့်ဆီရောက်အောင်လာမတဲ့။ အဲ့ဒီညနေတစ်ခုကတော့ စိတ်ထဲစွဲထင်စေခဲ့တယ်။ ညနေစာမစားရသေးတဲ့ သူ့ကို ကိုယ်ညနေစာလိုက်ကျွေးရင် ကိုယ်တို့ တံတားတစ်ခုဆီကို ဦးတည်ခဲ့ကြတာပေါ့။ ညနေကပဲ လှသလား တံတားကပဲလှသလား ကိုယ့်အတွက် လှပခဲ့တာသေချာနေခဲ့တယ်။ ကိုယ်တို့ ဓါတ်ပုံတွေတွဲရိုက်ခဲ့ကြတယ်။

ပြီးတော့ ကိုယ်သူ့အတွက် အမှတ်တရလက်ဆောင် အင်္ကျီတစ်ထည်ကိုပေးရင်း ကိုယ်သူ့ကိုယ်ချစ်မိသွားပြီလို့ ပြန်ပြောခဲ့မိတယ်။ ကိုယ့်အတွက်တော့ သူ့ကို ချစ်တယ်ဆိုတဲ့ စကားပြောဖို့ တော်တော်လေး စဉ်းစားခဲ့ရတာပါ။ သူ့ကိုချစ်တယ်လို့ပြောပြီးတဲ့နောက် ကိုယ်ဘယ်သူနဲ့မှလည်း အဆက်အသွယ်မလုပ်ခဲ့ဘူး။ ဒီစကားလုံးတွေနောက်ကို ကိုယ်ထိန်းသိမ်းခဲ့ပါတယ်။

ဒါပေမယ့် မေလရဲ့ နောက်ဆုံးအပတ်နားမှာတော့ သူကိုယ့်အိမ်ကို လာမယ်ပြောရင်း ရောက်မလာခဲ့ဘူး။ သူသုံးနာရီလောက်ရောက်မယ်ပြောလို့ ကိုယ့်စောင့်ရင်း အဲ့ဒီညနေဟာ သိပ်ရှည်လျားလွန်းခဲ့တယ်။ မစောင့်နိုင်တဲ့အဆုံးမှာ Musical school ရဲ့ ဒေါင့်တစ်နေရာမှာ ကိုယ်ဟာ တစ်စုံတစ်ရာကို မျှော်လင့်စောင့်စားခဲ့ရတာ။ အသံမမြည်တဲ့ဖုံးလေးတစ်ခုက လက်ထဲမှာ အသက်မဲ့စွာ။ ဖုံးဘေးနားက ကြိုးတွေ ပြတ်သွားအောင် ရမ်းခါရင်း ဖုံးကိုပဲ မဲနေမိတော့တာ။

သူအဲ့ဒီတစ်ညလုံး ရောက်မလာခဲ့ဖူး။ နောက်နေ့မနက်ရောက်တော့ သူ သူငယ်ချင်းတစ်ယောက်အိမ်မှာ အိပ်ဖြစ်ခဲ့တယ်တဲ့။ အချိန်မတိကျလိုက်တာလို့ မလာနိုင်လည်း မလာနိုင်ကြောင်းပြောပါတော့လား။ ကိုယ့်ကို မလေးမစားဆက်ဆံတယ်ပြောရင်းက နောက်မှ ပြန်ဆက်မယ်ဆိုပြီး ဖုံးကိုချသွားခဲ့တယ်။ ရက်စက်လိုက်တာလို့ အော်မြည်ရင်း ရင်ဘတ်ကို ဖိမိတယ်။ နာကျင်လှချည်လို့ ငိုကြွေးနေမိတာပေါ့။

ဖုံးဆက်နိုးနဲ့ မျှော်မိလည်းအလကားပါပဲ။ နောက်တပတ်အင်္ဂါနေ့တစ်ရက်မှာတော့ ကိုယ်သူ့ကို ဖုံးဆက်တော့ သူက သူ့မှာ ချစ်သူတစ်ယောက်ရှိနေပြီတဲ့။ မြန်လှချည်လား။ အဲ့ဒီချစ်သူနဲ့ အဝေးတစ်မြေကိုသွားတော့မှာတဲ့။ သူ့ကို ကြိုးစားပြီးမေ့လိုက်ပါတဲ့။ ကိုယ်က သူ့အပေါ် အမြဲတမ်း အထက်စီးက အနိုင်ကျင့်ဆက်ဆံသတဲ့လေ။

သူရဲ့ချစ်သူဆိုတာ ဟိုတစ်လောက ကိုယ့်ကို ဘယ်သူလဲဆိုတာ ဖုံးထဲမှာ မေးတဲ့သူတစ်ယောက်ပေါ့။ ကိုယ့်ကိုချစ်တယ် ချစ်တယ် တဖွဖွပြောတဲ့သူတစ်ယောက်က ကိုယ့်နောက်ကွယ်မှာ နောက်ထပ်ချစ်သူတစ်ယောက်နဲ့ လျှောက်သွားနေတော့တာကိုး။ ကိုယ်ဘယ်လို နှလုံးသားနဲ့လက်ခံရမှာလဲ။ ဒါဆို သူကိုယ့်ကို ချစ်တယ်ဆိုတာကကော….

လက်လွတ်စပယ် မဆုံးဖြတ်ပဲ တကယ့်ချစ်ခြင်းကို နှလုံးသွင်းမိတဲ့ ကိုယ်။ အရူးတစ်ပိုင်းပါပဲ။ သေမတတ် အနေခက်လွန်းလို့ ဒီဘ၀ကိုဇွတ်သိမ်းပစ်မယ်လည်း ကြံမိပြန်တယ်။ ပစ်ပြေးသူက မေ့နိုင်ပေမယ့် ဒီတစ်ဖက်မှာတော့ မမေ့ရက်နိုင်သေးဘူးလေ။
ဝေဒနာတွေအပြည့်နဲ့ ဒီဘ၀မှာ ကိုယ်မပျော်နိုင်တော့ဘူး။

မေ့ပစ်ပါဆိုပေမယ့် ကိုယ်က ဒီအိပ်မက်မှာ ပျော်ပိုက်နေမိပြီလေ။ သူပြန်လာမယ်ဆို လက်ကမ်းလို့ကြိုချင်နေမိတယ်။

ဒီ ပုစ္ဆာမှာ အဖြေက မေ့ပစ်သင့်သတဲ့လား။ ကိုယ်ရော မှားခဲ့မိသလား။ ပြန်လာချိန်ကို မျှော်နေမိတဲ့ ကိုယ့်မှာ အပြစ်ရှိသတဲ့လား။

ကျနော့ စာဖတ်သူများ ဆွေးနွေးပေးကြပါဦးခင်ဗျာ။ အပြုသဘောဆောင်သော အကြံပြုချက်များ ပေးကြပါရန်မေတ္တာရပ်ခံပါတယ်။

48 comments:

သစ်သစ် said...

ခင်မင်ရတဲ့ ရွာသား သေချာစွာဖတ်ပြီး ပေးခဲ့တဲ့ ကွန်မန့်လေးပါ မေ့ပစ်လိုက်ပါ ပြောတာလွယ်သလောက် လက်တွေ့ခက်မယ်ဆိုတာ သိပါတယ် ။ ကိုယ်တိုင်လည်း ခံစားဖူးလို့ ထပ်တူနားလည်ပါတယ် ။ Be strong fri .

ပန်းခရမ်းပြာ said...

သူဟာ ချစ်လွယ် မုန်းလွယ်သူလို့ ယူဆပါတယ်။
မေ့ပစ်လိုက်ပါ ရွာသားလေး။ အချိန်က ကုစားသွားမှာပါ။
သေမတတ် အနေခက်လို့ ဒီဘဝကို ဇွတ်သိမ်းပစ်မယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး။

ဝေလေး said...

မေ့ပစ်သင့်သလားဆိုတော့..... မေ့ပစ်သင့်ပါတယ်လို့လည်း မပြောချင်ဘူး။ တစ်ကယ်မေ့နိုင်မှာမှမဟုတ်တာပဲ။..... အင်းလေ နောက်ဆုံးတော့လည်း အချိန်ပါပဲ..... အပြီးသတ်မေ့သွားတာမဟုတ်ပေမယ့် အပူတွေလျော့သွားနိုင်စွမ်းကိုတော့ အချိန်ကပဲ ပေးနိုင်တာပဲ....။

မီယာ said...

မေ့လိုက်တော့
တိုက်ဆိုင်မှုရှိရင် သတိရလိမ့်မယ် ကြာတော့လည်း နေတတ်သွားမှာပါ

WWKM said...

တကယ့်အဖြစ်အပျက်ကလေးခံစားနေရ
တာဆိုတာ သိသွားရလို့စိတ်မကောင်းမိပါဘူး.ကိုယ့်အ
ပေါ်အစ်မကြီးတစ်ယောက်လိုသဘောထားပြီး ယုံယုံကြည်ကြည် တိုင်ပင်ခဲ့တဲ့အတွက် ၀မ်းသာမိလိုက်
ပါတယ်.. အစ်မပေးချင်တဲ့အကြံကလည်း အပေါ်က ညီအစ်မတွေနဲ့ထပ်တူ မေ့ပစ်သင့်တယ်လို့ထင်
ပါတယ် ဆိုတဲ့ရွာသားလက်မခံချင်မယ့် စကားလုံးပါပဲ...

ဒါပေမယ့်လည်းလေ..ချစ်မိသွားပြီဆိုရင် .........အဲဒီအချစ်ကိုသတ်ပစ်လို့လည်းမရတော့ဘူး၊မေ့
ပစ်လို့လည်းမရတော့ဘူး..မေ့ချင်ယောင်ဆောင်ထား
လို့ပဲရတယ်ဆိုတာကို ရွာသား ခိုင်ထ္တုလေးထဲမှာဖတ်ဖူးမှာပါ။
ဒါကြောင့်မို မေ့ပစ်ပါလို့မပြောလိုပါဘူး ရွာသားရေ.ကြိုးစားပြီး မေ့ချင်ယောင်ဆောင်ထားသင့်ပါတယ်.
အချိန်က ကုစားသွားပါလိမ့်မယ်..

ခင်မင်လျှက်
မကြီးဝါ

မွန် said...

လှည့်စားတတ်တဲ့သူတွေရဲ့ သဘာဝပေါ့
မချစ်တတ်သလို အချစ်ခံရဖို့လဲ မထိုက်တန်တဲ့ အဲလိုလူတွေ သိပ်များများတွေ့ဖူးပါရဲ့
ချစ်တတ်သူက မြင့်မြတ်ပါတယ်လေ ချစ်ဖို့စွမ်းရည်မရှိတဲ့ ချို့တဲ့သူတွေလို့ တွေးမိရင် သူတို့ကိုများ သနားမိသေးရဲ့

ငွေဇင်ယော် said...

မ၀ါ ပြောသလိုပါပဲ။ မမေ့နိုင်သေးခင်မှာတော့ မေ့ချင်ယောင်ဆောင်ထားရင်း ကြာလာတော့လဲ ခံနိုင်ရည်ရှိသွားမှာပါ။ တိုက်ဆိုင်မှုတွေရှိလို့ ပြန်တမ်းတမိရင်လဲ ကိုယ့်ရဲ့အချစ်နဲ့ သူနဲ့ မထိုက်တန်လို့ပဲလို့ တွေးစေချင်တယ်။ ချစ်မိတာလဲ အပြစ်မဟုတ်ဘူး။ ချစ်ခဲ့မိတာကို အခုနောင်တရနေမယ်ဆိုရင်လဲ ကိုယ်ပဲ စိတ်ပင်ပန်းပူလောင်ရမယ်။
မျှော်လင့်ချက်ဆိုတာ ထားခွင့်ရရှိပေမယ့် အဲဒီမျှော်လင့်ချက်က ကိုယ့်ဘ၀ဆက်လျှောက်ဖို့အတွက် ခွန်အားပဲဖြစ်သင့်တယ်။ မသေချာတဲ့အရာတခုကို နာနာကျင်ကျင် မျှော်လင့်နေရင်း ကိုယ့်လက်တွေ့ဘ၀ထဲမှာ ရှိနေတဲ့ တန်ဖိုးထားသင့်တဲ့အရာတွေကို လျစ်လျူရှု မိတာမျိုးတော့ မဖြစ်သင့်ဘူးနော်။

အမစဉ်းစားမိတာလေးပါ။ တယောက်နဲကတယောက် အမြင်တူချင်မှတူမှာပေါ့နော်။

ကြည်ဖြူပိုင် said...

ဟင်းးးးးးးးးးးးးးခက်ပါ့ကရွာသားရယ်.....
အနော်ပါ, ၀င်ဆွေးနွေးမယ်ဆိုရင်တော့...
မမေ့နိုင်ပေမယ့် မေ့လိုက်ဖို့ဇွတ်ကြိုးစားရင်း အချိန်တစ်ခုကြာတဲ့အခါမေ့သွားပါလိမ့်မယ်။
လုံးလုံးကြီးမေ့နိုင်တာမဟုတ်ပေမယ့်..့သူကြင်မှကိုယ်ကြင် ဂျင်းစိမ်းနဲ့မိတ်သလင်ဆိုတဲ့အတွေးမ၀င်,
ဝင်အောင်လုပ်ပြီးဇွတ်မေ့ဖို့ကြိုးစားတာပေါ့။
ကြာတော့လည်းလေ..စကားပုံလေးလိုပါပဲ။ အချိန်ဟာ အကောင်းဆုံးသမားတော်ပါပဲ။ဒဏ်ရာကျက်သွားအောင်ကုစားသွားပါလိမ့်မယ်။ အမာရွတ်ကတော့ကျန်မှာပါပဲ။ အဓိက ဒဏ်ရာပျောက်ဖို့ပါပဲ။

မှားခဲ့သလားဆိုတဲ့မေးခွန်းက ဘာအတွက်မှန်းမသိလို့ မဆွေးနွေးတော့ဘူး။ကိုယ့်ဘ၀ကိုယ်ဇွတ်သိမ်းမယ်ဆိုတာတော့မကြံသင့်တဲ့အရာပေါ့ကိုရင်သာမောင်ကြီးရယ်။:D

မှားမှန်းသိရင်တောင် အဲဒိအမှားအိပ်မက်ကို တ
ဝဲလည်လည်ပျော်ပိုက်ချင်နေတာက လူတွေရဲ့သဘာဝ။ အချစ်မှာမျက်စိမရှိဘူးလေ။ မျက်ကန်းအချစ်ကိုး။

ပြန်လာမယ်ဆိုလက်ကမ်းလို့ကြိုမယ်ဆိုတာကရော။။။သူ့ကို ကိုယ်က ချစ်ပါရဲ့လို့ဝန်ခံပြီးတာတောင် ......သူရွေးချယ်ခဲ့တာက ကိုယ်မဟုတ်တဲ့တစ်ယောက်။.....
အဲ ဒိအချိန်တုန်းကသူကိုယ့်ကိုရွေးချယ်လို့ရခဲ့သားပဲ။နောက်တစ်ချက်ဖြစ်နိုင်တာက အရင်တည်းကသူက ဟိုတစ်ယောက်ကိုရွေးချယ်ပြီးသား။ခုအချိန်ကိုယ့်ဆီကို သူပြန်လာရင်တောင် ဟိုတစ်ယောက်ကိုချန်ထားခဲ့ရတဲ့အတွက် နောင်တတွေနဲ့ရှိနေမယ့် သူ့အချစ်တွေနားမှာနေရမယ်ဆိုရင်ပျော်နိုင်မလား
စဉ်းစားပေါ့။

ဒါပေမယ့်ခက်တာက တကယ်ချစ်မိပြီဆိုရင်ယောကျာ်းတွေက ဒါတွေလဲဂရုမစိုက်ဆိုပဲ။အဲဒိတော့ကိုရင်သာမောင်ရေ..သွပ်ပြားတွေ အကြံပြုတာလက်မခံချင်ဘူး။သတိတရလွမ်းဆွေးကြေကွဲမျှော်လင့်စောင့်စားခြင်းကသာဂွတ်တယ်ထင်ရင်ဆက်သာဒူးပေရော့ဗျိုးးးးးးးးးးးးး:P (တကယ်ရောဟုတ်ရဲ့လားမသိ...ကွဲချင်ယောင်ဆောင်နေတာဆို ဒွတ်ခ..ယောက္ခမတော့သိမှာပါ :P)

ကြည်ဖြူပိုင် said...

အခုလည်းအဖြေသိပါလျက် စာဖတ်သူတွေရဲ့အယူအဆတွေကို သူသိချင်ပါသတဲ့လေ))))))))))))))))ဟမ်းးးးးးးးးးဒီစာသားကိုကြည့်ခြင်းအားဖြင့် အဆက်အသွယ်တွေရှိနေတုန်းပဲ။ ကြည့်ကျက်ပြီးအကြံပေးရမှာ။ အဟဲ..ခုတော့လွန်သွားပြီ။ ၂ ယောက်ပေါင်းပြီးထောင်းချင်နေလောက်ပြီ :P

ThuHninSee said...

:)
စိတ်ချမ်းသာမယ်ထင်တာသာ လုပ်လိုက်ပါလေ။
တကယ်သာစိတ်ပြတ်တယ်ဆို ဒီပို့စ်မျိုးဖြစ်မလာဘူး
မဟုတ်လား။

T T Sweet said...

အချစ်ကို ကစားစရာလို့ သဘောထားတဲ့သူတွေ ပွေတတ်ရှုပ်တတ်တဲ့ သူတွေရဲ့ သဘောက ဒီလိုပါပဲ ... မေ့ပစ်လိုက်ပါ... အချိန်သည်သာ အကောင်းဆုံးသမားတော် ...

စူး said...

ဒါ ဘယ်သူတုန်းဟ

ကောင်လေးးးးး ခံစားနေရတယ်...
အဲဒီလို မျိုးကောင်မလေး လုပ်တာတော့ မကောင်းဘူးဟာ

ကိုယ်တကယ်ချစ်နေတယ်ဆိုရင်... . သူကလဲ ကိုယ့်ကို တကယ်ချစ်နေမယ်ဆိုရင် ..ပြန်ဆုံမှာပါ..တနေ့နေ့တော့..

ဒါနဲ့ သူက ဘာလို့ ကိုယ့်ကို လာစပီး အဲလို လုပ်သွားတာလဲ ကိုတော့ အရင်သိအောင်လုပ်သင့်တယ်ထင်တယ်။

Vista said...

ရွာသားအကြောင်းပြောတာရောဟုတ်ရဲ့လား
တခြားသူ အကြောင်းထင်တယ် - တို.ကတော. ဂျင်းစိမ်းနဲ့မိတ်ဿလင်သူကြင်မှကိုကြင်ပဲ ဒီလိုပဲလိုက်နာနိုင်ပါစေ ( ကျင်တော.မလုပ်နဲ. ဟက်ဟက်)

နဒီမိုးညို said...

ဖတ်ပြီး..စိတ်မကောင်းလိုက်တာ...
သိပ်ချစ်တတ်တဲ့..ယောကျာ်းတစ်ယောက်ကို.ပစ်ပြီး.တစ်ခြားလူတစ်ယောက်
ရင်ခွင်ကိုတိုးနိုင်တယ်နော်..
ကိုယ်က..သူ့ ကို..အချစ်ပေးလိုက်ပြီးပြီ
ဒါကိုယ်နဲ့ ..မဆိုင်တော့ဖူး..အဲဒီ.အချစ်တစ်ခုကို..
သူတန်ဖိုးထားပြီး..ချစ်မှ..ကြာကြာခံမှာလေ..
တန်ဖိုးထားတတ်သူ ရဲ့ ..လက်ထဲမှာပဲ..
အချစ်က..တန်ဖိုး..ရှိပါတယ်..
တစ်ကယ်လို့ ..မမေ့နိုင်ဖူးဆိုရင်တော့..
သူဘာပဲ..လုပ်လုပ်..ခွင့်လွတ်ပြီးသာ..ချစ်ပါတော့..ရှင်

သက်ဝေ said...

သုံးကြိမ်ထက်မနည်း ဖတ်ပြီးပါပြီ။
သို့သော် နားမလည်ဘူး...

"သူပြန်သွားပြီး မကြာမတင်မှာ sms လေးတခု ဝင်လာတယ်။ သူ ကိုယ့်ကို ချစ်တယ်တဲ့။"

ဒီတော့ ချစ်တယ် ဆိုတဲ့စကားကို သူက (မိန်းကလေးက) အရင် စပြောခဲ့တာလား ဆိုတာ ရှင်းရှင်းလင်းလင်း သိချင်မိပါတယ်။

Talkii said...

မမီယာ ပြောတာ သဘောတူတယ်။ နေတတ်သွားဖို့ပဲ အရေးကြီးတယ်။ အဲဒီတော့ ... အိပ်မက် မက်နေတဲ့ ကိုရွာသားရေ ထပါတော့ဗျို့။ ဆက်အိပ်နေရင် ဖျားလိမ့်မယ်။ (အချိန်က ကုစားတယ်ဆိုပေမယ့် ဒဏ်ရာပြင်းရင် ပြင်းသလောက် ကြာတတ်တယ်ဗျ။း) )

ကောင်းကင်ပြာ said...

ဟုတ်တယ် စာက မရှင်ဘူး

မေ့ လိုက် ပါ

Unknown said...

အစ်ကို ရွာသား ရယ် ... တစ်ကယ်တော့ အချစ်ဆိုတာ ချစ်ကြဖို့ လွယ်ကူသလောက် ရယူပိုင်ဆိုင်ဖို့ ကျတော့ ခက်ခဲလွန်းလှပါတယ် .....။ သစ္စာမရှိသော သူတစ်ယောက် ၊ အချစ်ကို မထေမဲ့မြင်ပြုတက်သူတစ်ယောက်အတွက် ဥပေက္ခာပြုတက်အောင်ပဲ ကြိုးစားပါ .....။ နေ့တိုင်းတော့ ရောက်လာပါတယ် ...။ဒီတစ်ခေါက်တော့ မနေနိုင် မထိုင်နိုင် ... ရွာစား အဲလေ ရွာသား ငိုင်နေတာ မကြည့်ရက်လို့ ၀င်ပြီး မန့်ခဲ့တယ် ....။
ခင်မင်လေးစားသော
နှင်းဟေမာ

Anonymous said...

မေ့ပြစ်လိုက်ပါလို့ ပြေားရင်
လွန်သွားမလားဟင်????

Dr. Yi Yi Win said...

ရွာသားလေးက ဇာတ်လမ်းနားထောင်သူ၊ ပြန်ပြောပြသူ ပွဲစားပေါ့ ဟုတ်လား။ ရွာသားလေးဆိုရင်ကော ဘယ်လိုလုပ်မလဲဆိုတာ hint လေးပေးဦးလေ။

ဂျူနို said...

ဒေါက်တာ ရွာသား
အကျိုးဆောင် အတိုင်ပင်ခံ
အသည်းကွဲ အချစ်သည်း ဗေဒ
ခေတ္တ စင်္ကာပူ

ဒေါ်လေးအယ်

mirror said...

အခေါက်ခေါက်ဖတ်ပြီးဘီ။သိပ်နူးညံ့တော့ ကိုယ်နှလုံးသားနဲ့ မအပ်စပ်ဘူးထင်ရဲ့လေ.. :)

အပြုသဘော၊အပြောသဘု ပြောရရင် အချိန်ကကုစား
သွားပါလိမ့်မယ်..။

Ree Noe Mann said...

ကိုရွာသားရေ

လောကကြီးမှာ ရတာမလို၊ လိုတာ မရ ဆိုတဲ့
အတိုင်းပဲ။

သူက ချစ်ပါတယ် ဆိုတုန်းကတော့ ကိုယ်က
မထင်ခဲ့ဘူး။

ကိုယ်က တကယ်ချစ်သွားပြီလဲ ဆိုရော သူအချစ်က
တကယ်မဟုတ်ပြန်ဘူး။

ဒါဆို သေချာတယ် သူအချစ်က စိတ်ကစားခဲ့တာပဲ။

ဒါကြောင့် ကိုရွာသားလည်း ကိုယ့်ကိုကိုယ် ပြန်မေးကြည့်
အချိန် နည်းနည်းယူပြီတော့ ပြန်မေးကြည့်။
သူ အပေါ် တကယ်ချစ်တာကော ဟုတ်ရဲ့လား
ဆိုတာကို သေသေချာချာ မေးကြည့်။

အချိန် ဘယ်လောက်ယူရမလဲတော့ မမေးနဲ့
တပတ်မှာ တစ်ခါလောက်ပဲမေးကြည့် (ကိုယ့်ကိုကိုယ်)
တစ်လ ဆိုရင် လေးခါ အဖြေထွက်လာလိမ့်မယ်။
ကိုယ်ကိုတိုင် စဉ်းစားကြည့် လေးကြိမ်လုံး အဖြေတူ ရဲ့လားလို့။

ဒါက စိတ်သက်သာအောင်လုပ်ဖို့ နည်းလေးပါ။
ကိုရွာသားရဲ့ စာကိုဖတ်ပြီသွားတော့ မေးထားတဲ့
မေးခွန်းမှာ အဖြေက ပါနေပြီလေ။

ဘယ်လိုပဲ ဖြစ်ဖြစ် မေ့သင့်တဲ့ ကိစ္စတစ်ခုပါ။
ချက်ချင်း မမေ့နိုင်ဘူးလို့ ထင်ခဲ့ရင် ကျနော် ပြောတဲ့ နည်းလေးကို စဥ်းစားကြည်ကြည့်ပါ။

အဖြေ တစ်ခုတော့ ထွက်လာမှာပါ။

ကိုရွာသားရဲ့ စဉ်းစားဆုံးဖြတ်မှူ မှန်ကန်နိုင်ပါစေဗျာ။

ရီနိုမာန်

သီဟသစ် said...

Consultant ကိုရွာသားရေ

အဲဒီလူကိုယ်တိုင်ကလွဲပြီး ကျန်တဲ့သူဆီမှာ အဖြေ မရှိနိုင်ပါဘူးဗျာ


ခင်မင်စွာဖြင့်
သီဟသစ်

Yu Ya said...

??? !!! @@@ ### $$$ %%% ???

yu ya

khin oo may said...

ကိုယ် ချစ်ရင်ပြီးတာဘဲ။

ဂရေစ့် said...

အင်း....
ခက်တယ်ကွယ်ရို့.......
ဘယ်ကိစ္စမဆိုကြီးကျယ်အောင်တွေးရင်ကြီးကျယ်သွားပြီးသေးငယ်အောင်တွေးတတ်ရင်လဲသေးငယ်သွားတတ်တာပါပဲ။လူတိုင်းကကိုယ့်အပူမှကြီးတယ်ထင်တတ်ကြတာ။တကယ်တော့လောကကြီးနဲ့ယှဉ်တွေးလိုက်ရင်ဒါဟာတကယ့်အသေးအဖွဲလေးတခုပါပဲ။သူထားခဲ့လို့ကိုယ်ပူဆွေးရခြင်းသည်ဘယ်လောက်ကြီးကျယ်သလဲ။နာဂစ်ဒဏ်သင့်တဲ့လူတွေရဲ့ဒုက္ခလောက်ကြီးကျယ်လား။မေတ္တာပေးပေမဲ့အသိအမှတ်မပြုခံရတဲ့အပြင်ထိရောက်စွာတားမြစ်ထိန်းသိမ်းခံရတဲ့သူတွေလောက်ကြီးကျယ်လား။စစ်ဘေးသင့်တဲ့သူတွေလောက်ကြီးကျယ်လား။ဒီလောကကြီးမှာကိုယ်တစ်ယောက်တည်းအရူးတယောက်လိုအပူသည်ဖြစ်နေရသည်လား။ကိုယ်တစ်ယောက်တည်းဒီလိုအဖြစ်မျိုးကြုံရတာလား။မဟုတ်ပါဘူး။ပုံစံတူအသွင်ကွဲအဖြစ်အပျက်တွေအများကြီးပါ။ စိတ်သက်သာအောင်တွေးပါလေ။ အဖြစ်အပျက်တခုကိုမေ့ပစ်ဖို့ဆိုတာတော့မဖြစ်နိုင်လောက်အောင်ကိုခက်ပါလိမ့်မယ်။ဒါလဲဘဝအတွေ့အကြုံတခုလို့သဘောထားပီးသင်ခန်းစာယူလိုက်ပါ။နောင်တချိန်မှာသတိရခဲ့ရင်ဒီအတွေ့အကြုံတွေကိုရယ်စရာအဖြစ်ပြောပြလိုက်ပါ။ရယ်စရာအဖြစ်ပြောင်းလိုက်နိုင်ရင်ပေါ့ပါးသွားပါလိမ့်မယ်။

တတ်အားသရွေ့
ဂရေစ့်

ကြည်ဖြူပိုင် said...

ဟေး ...ကရွာသား...သူပြောသမျှကိုပို့စ်တင်တယ်။ အဖြေကိုလဲသူကသိနေတယ။် ဒါပေမယ့်စာဖတ်သူအမြင်လဲသိချင်သေးတယ်ဆိုတော့))))))))) ပြောလိုက်ပါကရွာသားရယ်..အဲဒိလူကြီးကို မေ့ပစ်လိုက်ပါလို့..အချိန်ကကုစားမှာပါလို့....သူခုပြည်ကြီးမပြန်ဘဲ..ကုစားပေးပါလိမ့်မယ်လို့...အင်း...ကိုရင်သာမောင်တဖြစ်လဲ...အတိုင်ပင်ခံအကျိုးတော်ဆောင်ကြီးဦးရွာသားရေ..သာဓု သာဓု သာဓု
(၂ခုလုံးအတွက်သာဓုခေါ်သွားပါတယ်)
:P

Rita said...

ဘယ်လို ပြောရမလဲပေါ့နော်။

မဂ္ဂဇင်းတွေထဲက အမေးအဖြေ ကဏ္ဍ ဖတ်ရသလိုပဲပေါ့နော်

ကိုယ်ဘာပြောလဲပဲ သူလုပ်ချင်တာ လုပ်မှာပဲပေါ့နော်

ကိုယ်ပြောတာက သူလုပ်ချင်တာနဲ့ ထပ်တူကျရင်တော့ သူလုပ်မှာပဲပေါ့နော်

မတူရင်တော့ သူလုပ်ချင်တာပဲ လုပ်သွားမှာပဲပေါ့နော်

အဲလို မြင်ပါတယ်ပေါ့နော်။

(မနောက်ပါ။)

NangNyi said...

တစ်ချို့က ဒီလိုပဲ ကိုယ်လည်းတကယ့် နှစ်နှစ်ကာကာမရှိပါပဲ ကိုယ့်ကိုတော့ သူများက ချစ်လာစေချင်တာ.. အဲ့ဒိအတွက် ဘာမဆို လုပ်မှာပြောမှာပဲ.. ချစ်လာပြီဆိုမှ ကိုယ့်ဘက်က ရက်စက်ပစ်လိုက်တာမျိုး.. ခဏခဏ အဲလိုလူမျိုးမြင်ဖူးတယ်.. ယောက်ကျားထဲမှာရော မိန်းမထဲမှာရောပေါ့.. တစ်ချို့ကပိုဆိုးတယ်.. သူများ ချစ်တယ်ဆိုတဲ့လူကိုမှ လိုချင်တယ်.. အဲ့လူကို ဖြားယောင်းတယ်.. ပီးကျ ကိုယ်ကလည်း တကယ်ချစ်တာမဟုတ်ပါဘူး.. အလကား.. ဆိုက်ကိုတွေ.. အဲ့ဒါမျိုးတွေ မမေ့တတ်ရင် မမေ့တတ်သူက ခံစားရမှာပဲဗျ

မောင်ဖားကြီး said...

မသိလို့ မေးမယ်နော် အစ်ကိုရေ ကိုယ်နဲ့တွဲလက်စလူဆိုတာ ဘာကိုဆိုလိုတာလဲဟင်.. ဇာတ်လမ်းထဲက လူကိုပြောလိုက်ပါဗျာ မေ့တာတော့မေ့ရမှာပါပဲလို့... ဒါပေမယ့် တမင်တကာမေ့ပစ်တယ်ဆိုတာမျိုးတော့မရှိပါဘူး.. အချစ်ဆိုတာသတိရခြင်း၊ လွမ်းဆွတ်ခြင်း စွန့်လွှတ်ခြင်းတို့လည်း ပါတဲ့ ပန်းချီကားတစ်ချပ်လေ.. အဲ့ဒီတော့ ပြန်လာမဲ့အချိန်ကိုစောင့်နေတာလည်း အချစ်ကို ခံစားနေတာပဲလို့ထင်တာပဲ... သတိရပါ၊ လွမ်းဆွတ်ပါ.. ချစ်ခြင်းဟာမွန်မြတ်ပါတယ်ဗျာ.. အဲ့ဒီကနေ ကျွန်တော်တို့လည်း ကဗျာကောင်းတွေ၊စာကောင်းတွေဖတ်ရတာပေါ့ :) သတိရရင်းနဲ့ပဲ မေ့သွားပါလိမ့်မယ် အစ်ကိုရေ

ကိုလူထွေး said...

လေလှိုင်းဆိုလို့ ခေါင်းထဲ တန်းရောက်လာတာက

"ဖွဖွတတတတတတတ်တ်တ်တ်တ်တ်တ်...."

ဒါလဲ အပြုသဘောတမျိုးပဲမို့ ဝင်ရေးပါတယ်...

ဓာတ်ပြုတာကို ပြောတာပါ...

းဝ)

khin oo may said...

မှတ်မိသေးမယ်တော့ထင်ပါရဲ့။

Unknown said...

ဆရာ့ရဲ့  အဖြစ်လေးတော့ မဟုတ်လောက်ဘူးလို့  ထင်တာပဲ (အစွဲအလန်းတခုကြောင့်ဖြစ်ခဲ့တာဆိုပေမယ့် တချိန် ချိန်မှာတော့ မေ့ပျောက်သွားမှာပဲလေ) မမေ့ခဲ့ပဲ သူပြန်လာချိန်ကို စောင့်နေလို့ တကယ်ပြန်လာခဲ့ရင် ကော လိပ်ပြာသန့် ၂ နဲ့  လက်ခံပြီး ဘ၀လက်တွဲဖော် အဖြစ်ချစ်လာနိုင်မှာလားးးးးးး???????

WWKM said...

ရွာသားနော်..ရွာသား... ဘာမှကိုမပြောချင်တော့ဘူး.သိလား.. ပွဲစားကလည်းလုပ်ပါ့။း)

ရွှေပြည်သူ (ShwePyiThu) said...

“ကိုယ်”ဆိုတဲ့ ပြန်ပြောပြနေတဲ့လူရယ် “သူ”ဆိုတဲ့ ဇာတ်ကောင်ရယ်က ဘယ်ဟာမိန်းကလေး ဘယ်ဟာ ယောက်ျားလေး ဆိုတာ မသဲကွဲဘူး ကိုရွာသားရဲ့။ “ကိုယ်” ဆိုတာ ယောက်ျားလေးလို့ ထင်ပေမယ့် “သူ”က စပြီး ချစ်တယ်လို့ Msg ပို့တယ်ဆိုတော့ မျက်စိတွေ လည်သွားပြန်ရော (ကိုရီးယားကားတွေ လိုများလား...)။ ဖတ်နေရင်း ဖုန်းလာကိုင်တဲ့ “သူ့ရဲ့ချစ်သူ” ဆိုတာ ပေါ်လာတော့ ဝမ်းသာသွားတယ် (စိတ်ကောင်းမရှိဘူးပဲ ဆိုဆို)။ “ကိုယ်” ဆိုတဲ့သူမှာ တွဲလက်စလူ ဆိုတာကလည်း ရှိနေတော့လေ။

အဖြေကတော့ ဇာတ်လမ်းထဲမှာပဲ ရှိနေပြီးသားပါ။ တခါတခါ လူတွေဟာ တစ်ခုထဲရှိတဲ့ အဖြေကို လက်မခံချင်ကြတဲ့ အခါမျိုးမှာ မေးခွန်းကိုပဲ ထပ်တလဲလဲ မေးနေတာမျိုး ထင်ပါရဲ့။ ဒီလို အဖြစ်အပျက်တွေ အပြင်မှာ တကယ်ရှိခဲ့ရင်လည်း အားလုံး နာကျင်မှုနည်းနည်းနဲ့ အမြန်ဆုံး ပြီးဆုံးပါစေလို့ ဆုတောင်းပေးပါတယ်။

ဂျူနို said...

လေလှိုင်းက အဖြေတွေ နားထောင်ပြီးရင်
လေလှိုင်းကနေ တဆင့် ပြန်ကြားပေးအုန်းမှပေါ့ ဆရာကီးရဲ့ ။

အပူလှိုင်း အအေးလှိုင်းတွေ ဆိုတာ ဒါကို ဆိုတာကိုး။

purplemay said...

အစ်ကိုရေ...link လိုက်မယ်နော်..

NangNyi said...

tag ထားတယ်အစ်ကိုး)

NangNyi said...

ရတယ် စာမရေးချင်လည်း ညီ့လို ပုံလေးဆိုရတယ်လေ.. အမှန်က ဓာတ်ပုံကြည့်ချင်တာ..း)
အေးဆေးနော် အစ်ကို

သက်ပိုင်သူ said...

i can feel something.... :) ha ha

well.... jus forget it... ur lover gone ready..... and i believe ur lover will not come back anymore...

dont wait.. ur life is going on.. u'll find someone who really love u again...... LOVE CAN BE REPLACED.... TRUST ME.....

one go two come.. dont get too sentimental.... jus feel it if ur heart is really broken and addicted to it for a few days....


ok
cheers!!!!!
TPT

Anonymous said...

ကိုယ်တိုင်က သူများကို ဒီလိုဖြစ်အောင်လုပ်ခဲ့ဖူးတယ်
သူ့ဘက်က မမေ့နိုင်သေးဘူး.. ကိုယ့်ဘက်ကလည်း ရက်ရက်စက်စက်လုပ်ခဲ့ပြီးမှ နောင်တပြန်ရရတဲ့ အခါမျိုးတွေလည်းရှိတယ်.. ဒါတွေတမင်လုပ်ဖို့ မရည်ရွယ်ပါဘူး.. ဖြစ်လာမယ်လည်းမထင်ဘူး သူ့စိတ်ထဲလည်း ဒီလိုပဲနေမှာ.. အမှန်က ပေါ့ပေါ့ပါးပါးလေးတွေးခဲ့တာ.. မချစ်ဘဲတွဲခဲ့တာတော့မဟုတ်.. နှစ်နှစ်ကာကာချစ်တာလည်း မဟုတ်ပြန်ဘူး။

အရှင်းဆုံးပြောရရင် သူနဲ့ စိတ်ကြိုက်ဘ၀တစ်ခုကို တည်ဆောက်ဖို့ ဦးဆုံး ကြိုးစားစိတ်ကူးယဉ်ကြည့်တယ်..
မဖြစ်နိုင်မှု၊ စိတ်ပျက်စေမှု၊ ဒေါသဖြစ်စေမှု၊ (အဆိုးဆုံးက) ကိုယ် နှစ်နှစ်ကာကာချစ်တယ်ထင်တဲ့ နောက်လူတစ်ယောက်ကိုတွေ့ရှိသွားတာပါပဲ.. အဲဒီအခါ ပထမလူကို အကြောင်းမဲ့ ထားသွားတတ်တယ်။
သူလည်း ဒီလိုပဲနေမှာပါ.. ဖြေတွေးလို့မှမရနိုင်ရင် မေ့ပစ်ဖို့သာ ကြိုးစားပေတော့ဗျာ..။

ခင်တဲ့
ညီ

Phyo Maw said...

လေနှင်တဲ့ဆီပြေး ဝေးဘီworld တစ်ဖက်ဆီ။
ဒါမျိုးအချစ်တွေ တစိမ့်စိမ့်မခံစားရင် လူဖြစ်ရှုံးပြီတို့က မှတ်ထားတာ။

ဖိုးဂျယ် said...

မေ့ပစ်တာ အကောင်းဆုံးလို့ ထင်ပါတယ်
ညီငယ် ကာတွန်းလေး ပြောသလိုပဲ
နှစ်နှစ်ကာကာ ချစ်တဲ့ သူ တွေ့သွားလို့ပဲ ဖြစ်နိုင်ပါတယ်။

ခင်မင်လျှက် ဖိုးဂျယ်

Yu Ya said...

မဟုတ်ရပါဘူးကိုရွာသားရေ... ဒီလိုဇာတ်လမ်းမျိုးတွေက ကျွန်တော်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ကနေကျ၊ ကတာမှ ကွေးနေတာပဲဗျာ။ ကျွန်တော်ဆို အဲဒီဇာတ်လမ်းတွေထဲမှာ ဒါရိုက်တာကြီးလိုလို၊ ဇာတ်ညွှန်းရေးဆရာကြီးလိုလို ...ဟိုလိုလို၊ ဒီလိုလိုနဲ့ အမြဲပါဝင်နေတာဗျ။ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွား အလကားကျောင်းပေးရတာလေ။

တစ်ခါတစ်လေ ကြားထဲက ကိုယ့်ကိုပါ တစ်ပတ်မကဘူး နှစ်ပတ် သုံးပတ်လောက်ကို ရိုက်သွားသေးတယ်။ အခုတော့ အဲဒီလို ဇာတ်လမ်းတွေကို ကြားလည်း မကြားချင်ဘူး။ မြင်လည်း မမြင်ချင်လို့ပါ။ နောက်ပြီး ဘ၀အသိနဲ့ ယှဉ်လာတဲ့အခါ အဓိပ္ပါယ်လည်း မရှိတော့ဘူးလို့ ခံစားလာမိလို့ပါ။

ကိုရွာသားဆီကို လာလည်ပြီး မမန့်ပြန်ရင်လည်း မကောင်းလို့။ ကီးဘုတ်ပေါ်မှာ ရှိတဲ့ဟာလေးတွေ ခြေရာအဖြစ် ထားပေးခဲ့တာပါ။

sait phay yar said...

ရွာသား ရေ အငှားခံစားပေးနေတယ်။
အချစ်ဆိုတာ တစ်ခါတစ်လေနီးစပ်မှုပေါ်မှာလည်းမူတည်တယ်။ နောက် .........တစ်ခါတစ်လေ သာယာမူပေါ်မှာလည်း မူတည်တယ်။ အချစ်ဆိုတာလုပ်ယူလို့လည်းရတယ်။ တစ်ခါတစ်လေ တွက်ချက်တတ်ကြသေးတယ်။
မချစ်တာတော့ မဟုတ်ဘူး တစ်ခါတစ်လေ ချိန်ခွင်တစ်ခုထဲထည့် တိုင်းတာမိတတ်ကြတာတော့အဟုတ်ဘဲ...........
သိသလောက်ပေါ့လေ.... တစ်ကဲံအချစ်စစ်နဲ့ ချစ်တတ်သူတစ်ယောက်ကတော့ ခံစားရတတ်တယ် နောက် အစားထိုးဖို့ဆိုတာမလွယ်ကူလှပါဘူး....

မိုးခါး said...

ကောင်လေးကရော တကယ်ချစ်ခဲ့တယ်တဲ့လား သေချာပါ့မလား .. သိပ်မသေချာလောက်ပါဘူး .. အချိန်တန်တော့လည်း အရာအားလုံး နဂိုအတိုင်း ဖြစ်သွားလောက်ပါတယ် .. မဟုတ်ရင်တောင်မှ မှုန်ဝါးဝါးလေးပဲ ..

Unknown said...

ကျွန်တော် ဒီအပိုင်းလေးကို ဖတ်ရတော့ ကာယကံရှင်ရဲ့ ဝေဒနာကို မှန်းဆမိပါတယ်။

အခုဖတ်ရသလောက် သုံးသပ်မိတာက တဖက်လူဟာ ကိုယ့်ကို တကယ့်စိတ်ရင်းနဲ့ ခင်မင်ခဲ့၊ ချစ်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးဆိုတာ သိသာနေပါတယ်။
အပျော်သဘောတွဲမယ်။ ရရင်လည်း အမြတ်ပဲ ဆိုတဲ့ပုံစံမျိုးနဲ့ စကားတစ်ခွန်းကို တန်ဖိုးမထားတတ်သူ၊ ကတိမတည်သူ၊ ယုံစားဖို့ မကောင်းတဲ့သူ တစ်ယောက်ပါ။
ထိခိုက်ခံစားနေရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့လေ အခုခံစားနေရတဲ့သူကို ပြောချင်ပါတယ်။
မတန်ပါဘူး။
သူ့ လိုလူတစ်ယောက်အတွက် ထိခိုက်ခံစားနေရတာ မတန်ပါဘူး။
ပြန်လာဦးမလားလို့ လဲ မမျှော်လင့်ပါနဲ့ ။ ပြန်လာရင်လည်း နောက်ထပ်တစ်ကြိမ် ထားပြီး ထွက်သွားဦးမယ့်လူစားမို့ စောစောစီးစီး သူ့ အကြောင်းသိလိုက်ရတာ ကိုယ့်အတွက် ကံကောင်းတယ်လို့ ပဲ ယူဆလိုက်စေချင်ပါတယ်။

ကျွန်တော်သိပ်ကြိုက်တဲ့စကားလေးတစ်ခွန်း မျှလိုက်ချင်ပါတယ်။ကျွန်တော့်ရဲ့ဆရာတစ်ယောက် ပြောပြတဲ့စကားပါ။

"ပြဿနာတစ်ခုဖြစ်လာရင် ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်ပါနဲ့ ။
သူများကိုလည်းအပြစ်မတင်ပါနဲ့" တဲ့။
စိတ်အေးချမ်းအောင်နေတတ်ဖို့ နည်းလမ်းလေးပါ။

ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်းဟာ ဘာအကျိုးမှမရှိပဲ မိမိကိုယ်ကိုသာ ပူလောင်စေတတ်တာမို့  ကိုယ့်ကိုယ်ကို အပြစ်မတင်သင့်ပါဘူး။
တဖက်သားကို အပြစ်တင်တာကတော့ ကိုယ့်စိတ်ကိုလှည့်စားပြီး သူများအပေါ် အပြစ်ပုံချတာမို့ မကောင်းတဲ့အကျင့်ပါတဲ့ ။
ဖြစ်သင့်တာက
အခု ပြဿနာရဲ့အရင်းအမြစ်ကို သေချာလေ့လာပြီး နောက်တစ်ကြိမ် ထပ်မမှားရအောင် သင်ခန်းစာယူသင့်တာပါ တဲ့။

ကျွန်တော်ဘယ်သူ့ ကိုမှ ထိခိုက်စော်ကားလိုတဲ့စိတ် မရှိပါဘူး။ စိတ်ထဲရှိတာကို ရေးချလိုက်တာပဲ ဖြစ်ပါတယ်။
နောက်ပြီး ဒါဟာ ကျွန်တော့်တစ်ယောက်တည်းရဲ့ အမြင်မို့ မှားတယ် မှန်တယ်ဆိုတာ ခြင့်ချိန်ပြီးမှ ယုံကြစေချင်ပါတယ်ဗျာ။

အားလုံး ဘဝနှင့်ဆန္ဒတစ်ထပ်တည်း ကျနိုင်ကြပါစေ။