12 July 2010

တမ်းမက်ခဲ့သော မိုးသားပြာသို့


မကြာမတင်မှာ
ရွာဟန်ဆင်နေကြပြီ

တရိပ်ရိပ်ထူလာတဲ့
တိမ်ထု တိမ်စိုင်ပြင်
ဖြတ်ခနဲ အဟမှာ
ကြည်စင်တဲ့ အပြာ
စွဲလမ်း တိမ်းမူး
ရူးသွပ်စေတဲ့ အပြာ

ခဏစောင့်ပါဦး
အသည်းစူးအောင်
မှတ်လိုက်ချင်လို့
ပြောမယ်အပြင်

လေကအ၀င်
တိမ်က အရွေ့
ငါလည်း မေ့သင့်ပြီတဲ့လေ…….

15 comments:

ကောင်းကင်ပြာ said...

ဟင်..

မြရေလျဉ် said...

၂၀၁၀ ခုနှစ် ဂျူလိုင်လ ၁၂ ရက်
ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ ကိုရွာသားကဗျာကို မန့်ခဲ့
အဲဒီ့နေ့က မိုးမရွာပါ

:D

(စိုင်းစိုင်းရေလျဉ်)

Unknown said...

နီးနိုင်ပါလျှက်
ဝေးကွာခက်တဲ့
အတိတ်တခုကို မေ့လိုက်ဖို့ 
“စိတ်“တခုပဲလိုပါတယ် ။

သက်ဝေ said...

မမေ့ပါနဲ့လေ...
Two is better than One တဲ့... :-D

ရွှေပြည်သူ (ShwePyiThu) said...

“ခဏစောင့်ပါဦး
အသည်းစူးအောင်
မှတ်လိုက်ချင်လို့”

ဆိုတဲ့ နေရာရောက်တော့ ငိုချင်သလိုလို ရယ်ချင်သလိုလိုနဲ့ ပြုံးမိသွားတယ်။ လှလိုက်တာ ကိုရွာသားရာ...

ဇွန်မိုးစက် said...

တို့အတွက်တော့ မေ့သင့်ပါပြီလေ။

khin oo may said...

ဇွတ်.

PAUK said...

ကဗျာသိပ်နားလည်လို့တော့မဟုတ်ဖူး။
ဒါမယ့်..
ဒီကဗျာကို ကြိုက်နေတယ်။

Maung Myo said...

ခဏစောင့်ပါဦူ
အသည်းစူးအောင်
မှတ်လိုက်ချင်လို့
ပြောမယ်အပြင်

ဘတ်စ်ကားကြီးက ထွက်သွားကေား)

ပန်းချစ်သူ said...

Dan yar shi yin ..say shi hmar par. Dan yar ka ... yin nat yinn pe ya tat ..dan yar so tot....nae nae tot ...a kyat kyar hmar pot.:)

Moe Cho Thinn said...

မေ့လိုက်ရင် ဒီလို ကဗျာတွေ ဘယ်ကောင်းပါတော့မလဲ။

WWKM said...

သြော် .. ရွာသား . ဟင်းးးးးးးးးးးးးးးးးးး
(သက်ပြင်းချသွားတာ)း)

မကြီးမေးလ်ပို့ထားတယ်.
ပြန်လာဦး။

ကျန်းမာပါစေ.

မကြီးဝါ

PAUK said...

မေ့လိုက်..
မေ့လိုက်...
ဘာမှ စဉ်းစားမနေနဲ့တော့..
ရှုပ်တယ်..



ဟီးးဟီ

khin oo may said...

ညိုမြ


)ကွန်မက်ပိတ်ထားတဲ့ အပေါ်ကပိုစ်အတွက်.

khin oo may said...

မနေ့က ရီဒါနဲ့ဖတ်ပြီးကွန်မက်ပို့လိုက်သေးတယ်။ မရောက်ဘူး လိပ်စာမှားသွားတယ်။