03 July 2010

ဆွံ့အနေတဲ့ တံတားတစ်စင်း


တိတ်ဆိတ်ငြိမ်သက်နေတဲ့ တံတားတစ်ခုပါပဲ…

အရှေ့အရပ်က နေထွက်တယ် အနောက်အရပ်မှာ နေ၀င်ခဲ့တယ်။

လှိုင်းတွေ တံတားရဲ့ခြေထောက်တွေကို ပုတ်ခတ်နေကြတယ်။ သူက တံတားတစ်ခု ထက် မပိုခဲ့ဘူး။ စဆောက်ကတည်းကနေ အခုအချိန်ထိ တံတားတစ်ခုပဲလေ…

ကျနော်အဲ့ဒီတံတားကို ရောက်စကနေပြီး အခုအချိန်ထိ ထိုင်ကြည့်နေခဲ့တာ။

ဖြတ်သန်းသွားလာသူအားလုံးကို ကျောတခုလုံးခင်းပေးထားတယ်နော်။ နင်းချင်တဲ့သူနင်း။ အလေးချိန်အပြည့်နဲ့ ဖြတ်ကူးသွားလည်း ခြေထောက်တွေ က ခပ်မတ်မတ် ဆန့်ရင်း အပြုံးမပျက်။

တံတားဆီကနေ ညည်းညူသံ တခုတလေ ကြားရမလား ကျနော် နားစိုက်ထောင်ကြည့်တယ်။ လှိုင်းပုတ်သံတွေကလွဲရင် ဘာမှ မကြားခဲ့ရဘူး။

သြော် သူဆွံ့အနေခဲ့တာကိုး

တခါတလေတော့ မပြည့်စုံမှုဆိုတာလည်း သူ့အတွက် ပြည့်စုံစေတတ်တာမျိုးပဲလေ

9 comments:

သက်ဝေ said...

ဓါတ်ပုံရော... စာရော... ချစ်စရာ...
ဒီ့ထက် ရှည်တဲ့ အက်ဆေးလေးများ ရေးမလားလို့...

linn said...

တံတားပုံလေး အရမ်းမိုက်တယ် ...
နောက်က တိမ်တွေရယ် ...
တိမ်ရောင်ဟပ်နေတဲ့ ပြာလဲ့လဲ့ ရေပြင်ရယ် ...
.......................
......................
ခင်မင်စွာဖြင့်
လင်း

Maung Myo said...

ဒီတံတားလေးက စွံအပေမယ့် မီရောင်၇ှိပါသေးရဲ့ တချို့ချို့သော တံတားလေးများကတော့ ...............။

Anonymous said...

တံတားက သိပ်လှနေတယ်၊
အလှဆုံးပန်းချီကားတစ်ချပ်လိုပဲ၊

(တံတားက တိတ်ဆိတ်နေပေမယ့် ပြောချင်တာတွေကို ပြောပြပေးမယ့်သူတွေ ရှိပါတယ်)။

khin oo may said...

ကျွန်တော်ဟာ မြစ်ထဲက တံတားတစ်စင်း. ။
ကျွန်တော်ငြိမ်သက်နေတယ်။ ရေပြင်ကတော့မျောနေလေရဲ့။ လှေတစ်စီးလို ကျွန်တော်မျောလိုက်သွားချင်တယ။် ကောင်းကင်ကိုကြည့်ပြီး စီးမျောသွားချင်တယ်။.

khin oo may said...

၁.။ လှတယ်။
၂.။ နစ်ကျပ်ခွဲဝယ်ရတာ တန်လိုက်တာ။
၃။ သူဆွံ့အနေတာ မဟုတ်ပါဘူး။ ကျေနပ်နေခဲ့တာပါ။

khin oo may said...

တစ်နေ့တစ်ပုဒ်ရေးပြီး ရောက်လေရာ လင့်ထားခဲ့တာ ကွန်မက်ပေးနည်းတစ်မျိုးလား။ ပညာယူဦှးမှ. Cool လို့ရေးရတာတောင် လက်ညောင်းသေးတယ်။

Ree Noe Mann said...

ဘာကို ဆိုလိုမှန်း မသိပေမဲ့ ဖတ်လို့ ကောင်းတာတော့ အမှန်။

ဉာဏ်လင်းထူး said...

အလည်ရောက်ခဲ့ကြောင်းပါ။