04 July 2010

မိုးရွာတုန်း ရေခံ၊ သံခဲနီတုန်းတူထု၊ လသာတုန်းဗိုင်းငင်

ယနေ့အခါ အဆိုပါ စကိုင်းပါ့သ်ဆိုသော အရာသည် ဘလော့စာမျက်နှာများတွင် အတော်အတန်နေရာယူနေသည်က တကြောင်း၊

ကျနော့ဘလော့တွင် ပို့စ်အတက်နှေးသည်ဟု ကွန်ပလိန့်တက်သူများ ရှိနေသည်က တကြောင်း၊

ဓါတ်ပုံများ ကြည့်ရသည်ကို အားမရအောင်ရှိလှသည်ဟု အိမ်တိုင်ရာရောက် အရေးဆိုသူရှိနေသည်က တကြောင်း၊ (ချင့်ယုံပါ)

ယခင်က စာရေးရပ်ထားသဖြင့် ပို့အသစ်တင်ပါရန် တဖွဖွပြောကြားထားသော်လည်း ယခုအခါ ခြေဦးမျှ မလှည့်ကြတော့သောကြောင့် တကြောင်း၊

ခေတ်မီအောင် ခေတ်စားအောင် လုပ်ရခြင်းသည်လည်း ယခုခေတ်အလိုအရဖြစ်နေသည်က တကြောင်း၊

ကျနော့မှာ အချိန်ရှိခိုက် လုံ့လစိုက်လိုက်ရပါတော့သည်...

မြင်အောင်ကြည့်ပါခင်ဗျာ(နာမည်ကျော် အောင် ခပ်ဝါးဝါးရိုက်တတ်ရမည်)


တန်းမြင့်ပို့စ်များဖြစ်ရေး ဟိုတယ်ပေါ်တက်ရောက်ရေးနေသောကာလဖြစ်သဖြင့် လေယာဉ်ပျံဖြင့် တက်ရောက်ရိုက်ယူထားသောပုံဖြစ်ပါသည် ။အာကာသယာဉ်ဖြင့် ရိုက်ယူနိုင်သူများအား ပုံများ မြန်မြန်တင်ပါရန် တိုက်တွန်းလိုက်ပါသည်..


တည်ဆောက်ဆဲမြင်ကွင်းများ






စောင်းမြောင်းရေးထားသည်ကို မိမိဖာသာသိသူသည် ပညာရှိမြည်၏။
ပညာရှိဆိုသူတို့ကား အမျက်အပြင်မထွက်။
ဤကားစကားချပ်....

15 comments:

Phyo Evergreen said...

သားကတော့ ခေါင်းလေးဘဲစောင်းပြီးအပြီးထိကြည့်သွားဖတ်သွားလိုက်တာဘဲ..။

Maung Myo said...

မဲဆောက်မှာလည်း အဲ့ထက်မြင့်တဲ့ တိုက်တွေရှိသားး)

ဒါနဲ့ဝါရင့် သမာရင့် ဘလော့ဂါကြီးတွေက အဲ့လိုပဲ ဟိုစောင်းလိုက် ဒီရွဲ့လိုက်နဲ့ရေးတတ်ပါသလား အစွယ်အပါးတွေနဲ့ဖတ်ရတာ အရသာပျက်တယ် ။မှန်သောစကားဆိုခြင်းပါ ရွာသား ဘလော့မှာ ရွာသားနှင့်ပက်သက်သော ခံစားချက်များကိုသာဖတ်ချင်ပါသည် ။

ဇွန်မိုးစက် said...

ဒီလို “မည်” တာ ဟုတ်ဖူးလား?

အောက်ဆုံးကပုံ မိုက်တယ်။ ယူထားတာ သိပ်ကောင်းတာပဲ။

ဒီလိုအပြောင်းအလဲလေး ဖတ်ရတာကို သဘောကျ၏။း)

khin oo may said...

လှတယ်။

အချိန်ရှိခိုက်လုံ့လစိုက်.

တွေ့ပါတယ် သုံးခုဆင်တူ အဆောက်အဦး. သိပြီးသားမို့သာရှာတတ်တာ.. မျှားထိုးပေးပါလားငှင်. သူများတွေ အတွက်.. ခုန်ဆင်းချင်စိတ်ကလေးများမပေါ်ဘူးလား နီးစပ်တုံး.

မှတ်ချက်
အိမ်များများလည်ရန်နင့်မပြီး.
ကွန်မက်များများပေးရန်
သိတ်ကောင်းပါသည်. လေ့လာမှတ်သားသွားပါတယ်. သိတ်လှတာဘဲနော်. သိတ်တော်တာဘဲ ပညာယူသွားပါတယ။် တစ်ခါတစ်ခေါက် အလည်ဖတ်ရှုသွားပါတယ်။. အဲဒါတွေ လုပ်ဘို့လိုနေပါသေးတယ်။ စကားပြောတာလဲစိမ်းကားပါသည်.နွေးထွေးမှူမရှိပါ.
အလုပ်သဘောဆန်လွန်းလှသည်။

ပို့အသစ်အတက်မနေးဘဲ မြန်လွန်းလှသောကြောင့်အများသူငှာအိမ်သို့ရောက်ရန် အချိန်များကို ဒီဘက်သို့ပြန်ပြန်လှည့်လာရခြင်းကိုသော်လည်းကောင်း.

ဓါတ်ပုံများကို ကြည့်ရတာ အားမရအောင်ရှိလှသည် ဆိုပြီး အိမ်ရောက်လာသူအား မည်သို့ဧည့်ခံလိုက်သည်ကိုလည်းကောင်း.

စောင်းရေးသည်ကိုလည်း ခေတ်စားနေသည်တစ်ကြောင်း စာလုံးများကို စောင်းထားသည်ကိုလည်ေးကာင်း.

လေယဉ်ပေါ်မှ မည်သို့အောက်ဆင်းသွားသည်ကိုလည်းကောင်း.

ပိတ်သတ်ကြီးမှ အဖြေမရနိုင်အောင်ရှိလှသည်။

စောင်းရေးထားသည်ကို ကာကံယရှင်လဲ သိသည်. ဘေးလူလည်း သိသည်ဆိုလျင် ဘေးလူသည်ကော ပညာရှိဖြစ်ပါသလော တွေးရခက်လှသည်။

ဆိုရေှးရှိက ဆိုလတ္တံ ဖြစ်ရပါလို၏။
ဤကားစကားချပ်.

မောင်မျိုးသည်အမှန်စကားကိုဆိုလွန်းသည်. ယနေ့ပင်တစ်ခုသတိပြုခဲ့မိသေးသည်. မိမိမပြောဖြစ်သောစကားကို မောင်မျိုးပြောသွားသည်။ လူမုန်းများတော့မည်.

သို့သော်ခေတ်နင့်အညီ ရေစီးနင့်အညီခံစားရသလိုသာလုပ်ဖြစ်မည် မောင်မျိုး.

တစ်စုံ့တစ်ယောက် ကအ စ်မဘလော့တွင် ကွန်မက်ပေးသွားသည် .ခေတ်မှီတာ မဟုတ်. ခေတ်ပျက်သွားသည်ဆို၏. မည်သို့ပင်ဖြစ်စေကာမူ. တစ်ခါတလေ သူလဲလေ လောကီသားပေမို့ခွင့်လွတ်ပေးပါရန်........ မဟုတ်က ဘလော့ပိတ်သွားနိုင်၏။

ဇွန်မိုးစက် said...

စာကြွင်း။ ။ စောစောက ဒုတိယစာကြောင်းမှာ "view" ကျန်ခဲ့လို့။ :D

:P said...

အပေါ်ဆုံးပုံမှ ရွာသားလေးသည် အဘယ်ကြောင့် ဗီတီယူ ဖြစ်နေရသနည်း

ကောင်းကင်ပြာ said...

များနေပီ များနေပီ..

Talkii said...

စာတွေပဲဆို ကိစဿစမရှိပေမယ့် ပုံတွေရောပာတော့ main page မှာ ပို့စ် ၂ခု လောက်ပဲ တင်ထားရင် ပိုမြန်လာမယ်ထင်တယ်။
Setting > Formatting > Show at most (2)

သားလည်း Phyo Evergreen လိုပဲ ခောင်းစောင်းဖတ်သွားတာ။ :P

မျှော်လင့်ခြင်း said...

လေယာဉ်ပေါ်က ရိုက်တဲ့ပုံလဲ လှတယ်
ဒီပုံတွေက Marina Barrage ဖက်က လှမ်းရိုက်ထားတာ နဲ့  တူတယ်

Marina Sands က ညဖက် Night Scene လဲ တော်တော်လှတယ် တော်တော် နဲ့ မီးမဖွင့်နိုင်တာ တခုပဲ ။

Sentosa က Uniersal Studio လဲ တော်တော်မိုက်တယ် ။
ဘယ်သူမှ မတင်သေးဘူး
ကိုယ်တိုင်သွားပြီး Video လေး နဲ့ တင်ရင် သိပ်ကောင်းမှာပဲ
Entrance Fee 70$ သက်သာလိုသူတဦး

ဧပရယ်လ်ပူး@ပူးတေ said...

ပုံ (၃) ပုံ (၅) နဲ့ ပုံ (၇) အဲဒီနေရာနားတွေ သွားချင်တာ...ဘယ်နေရနားနဲ့ ပိုနီးတာလဲလို့ ဘယ်လိုသွားရလဲ တချက်လောက်ပြောပြပေးလို့ ရမလားလို့...တခါမှမရောက်ဖူးသေးလို့ပါ။ ရွာသူမို့ မသိလို့ပါ... ပုံလေးတွေအတွက် ကျေးဇူးပါနော်...

ခင်မင်စွာဖြင့်
ပူးတေ

ဂရေစ့် said...

enjoy to look at nice photos what is taken from the flight and feeling proud to read high class post.
btw... how are U? U look eager to fight, right!

ဧပရယ်လ်ပူး@ပူးတေ said...

ဘယ်လိုသွားရလဲဆိုတာလေးတွေ ပြောပြပေးသွားတဲ့အတွက် ကျေးဇူးပါနော် ကိုရွာသားရေ....

ဧပရယ်လ်ပူး@ပူးတေ said...

ဒါနဲ့ စကားမစပ် ပူးတေရဲ့ အမျိုးသားက ပုဂံဘုရားပုံတွေကို resolution ကောင်းကောင်းနဲ့ တင်ပေးထားလို့တဲ့ ကျေးဇူးတင်နေတယ်.. ဗူးဘုရားပုံ တစ်ခုကို desktop background လုပ်ပြီး ကြည်ညိုထားသေးတယ်... ကျေးဇူးထပ်တင်လိုက်ပါတယ်...

ခင်မင်စွာဖြင့်

ပူးတေ

Thant said...

ဘလော့တွေလည်ရင်း ကိုယ်ကြိုက်တဲ့ပိုစ့်လေးတွေကို ပရင့်ထုတ်ပြီးသိမ်းထားမိတယ်....... ကိုရွာသားရဲ့ပိုစ့်တွေကို ကူးလို့မရဘူးနော်......

khin oo may said...

http://www.mgluaye.com/2010/01/universal-studio-singapore-update_17.html

http://www.mgluaye.com/2010/01/universal-studio-singapore-update.html

http://www.mgluaye.com/2010/01/universal-studios-singapore-journey-to.html


မောင်လူအေးတင်ဘူးတယ်။ universal studio.မှတ်မိသလောက်သုံးခု.

တစ်ချို့လဲတင်တယ်။ သိတ်မမှတ်မိတော့ဘူး။
Video နဲ့တင်တာတော့သိတ်မတွေ့ဘူးဘူး။ you tube မှာသွားရှာရင်တေှာ့ရှိမယ်ထင်တယ်။

ကိုရွာသားလေးတင်ရင်တော့သိတ်ကောင်းမှာပါဘဲ။