06 July 2010

ဆုတောင်းပြည့်တာ စွယ်တော်လေးဆူ

စွယ်တော်လေးဆူကို နေ့ချင်း ဖူးနိုင်ရင် ဒါမှမဟုတ်မွန်းမတည့်ခင်ဖူးနိုင်ရင် လိုရာဆုပြည့်တယ်လို့ ဆိုပါတယ်။ ဘယ်သူက တီထွင်လိုက်တယ်တော့ မသိပါဘူး။ ဒါပါနဲ့ဆို နှစ်ခေါက်တိတိ ဖူးဖြစ်ခဲ့ပါပြီ။ ဆုတောင်းပြည့်လား ကျနော်မသိပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျနော် ဆုမတောင်းခဲ့လို့ပါ။

အကယ်၍များ အဲ့ဒီစကားမှန်ခဲ့တယ်ဆိုရင် စာဖတ်သူတွေလည်း ဒီနေ့ နေ့ချင်း စွယ်တော်လေးဆူဖူးပြီးပြီပေါ့...ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ.

တန့်ကြည်တောင် အရုဏ်တက်






လောကနန္ဒာ






လောကနန္ဒာ ဆိပ်ကမ်း


ရွှေစည်းခုံ



တုရင်တောင်စေတီ



16 comments:

Talkii said...

typo here - အရုဏ်တက်

မီးရောင်နဲ့ သပဿပာယ်နေတာ အရမ်းကြည်နူးဖို့ ကောင်းတာပဲ။ အောက်ဆုံးက မြကန်သာကိုလည်း လွမ်းသွားတယ်

Ree Noe Mann said...
This comment has been removed by the author.
Anonymous said...

တစ်ခေါက်စုံအောင် ဖူး ဖူးတယ်၊
ဆုတောင်းခဲ့လေသလားလည်း မမှတ်မိတော့ဘူး။

လောကနန္ဒဆိပ်ကမ်းကနေ လှမ်းရိုက်ထားတဲ့ ဧရာဝတီမြစ်ရေထဲက လှေငယ်ရှင်ပုံလေးကို ယူပါရစေနော်။

khin oo may said...

ကျွန်တော်ဖြင့်မနက်က ဘယ်လိုအချိန်မှာအိပ်ရာကထတယ်။ ညကတော့ ဘယ်ဟော်တယ်မှာဘဲဖြစ်ညဖြစ် ဘယ်ဘုန်းကြီးကျောင်းမှာဘဲဖြစ်ဖြစ် ဘယ်လိုအိပ်လိုက်တာ... ဘယ်သူနဲ့ဘယ်လိုချိန်းပြီး ဘယ်နားမှာ ဘာ ဘရိတဖတ်စ်စားပြီး ဘာကားကြီးစီးပြီး ဘယ်ကို သွားလိုက်တာ ဘယ်အချိန်အစောကြီးရောက်ပြီးဘ ယ်နားက နေ ထိုင်ပြီးဘုရားကို ဘယ်လိုကြည်ညိုပြီး ဘယ်လို ရိုက်လိုက်တာ. နေကလည်း မထွက်သေး. ဘုရားက လည်းမီးကလေးထွန်းထားတာ ကြည်ညိုလိုက်တာ. ရာသီဥတုလေးကလည်းသာယာ. ဟိုကြည့်ဒီကြည့်လုပ်..ပြန်ဆင်းလာပြီး.တောင်ပေါ်ကြီးကို လှမ်းကြည့် သာယာလိုက်တာဗျာ.

ဆိပ်ကမ်း နဲ့လှေကလေးကိုမြင်တော့လည်းရိုက်ချင်စိတ်တွေ တဖွားဖွားဖြင့်လွယ်ထားတဲ့ အိတ်ကိုချ. ကင်မရာကို ထုတ်ချိန.စိတ်တိုင်းကျ ယူ. မြစ်ပြင်ကျယ်ကိုငေး.

ရွေစည်းခုံးကိုတော့ဖြင့်ဘယ်လိုသွာားလှေကေးလနဲ့သွား. ကားကလေးကိုစီးဘယ်နည်းဘယ်ပုံရောက်..မနက်နေကတော့သာယာစွာထွက်တာတဲ့အချိန်မှာ သုတ်ချေတင်. လေးဆူပြည့်အောင်းဘိုက်ကလည်းဆာ. ဆင်းရတက် လမ်းကပြေသလောက် တက်တုံးက မောခဲ့ရတာတွေ သတိရ.. တောင်တွေ ပေါ်ကနေ မျော်ကြည့် မဆင်းချင်သေး. အချိန်ကနည်း .. မဆင်းချင်ဘဲ ဆင်းခဲ့ရ…

ရေးပါလေ့ ရေးစရာတွေ နွေးထွေးစွာ..
ခုတော့ အလုပ်သဘောဆန်လိုက်တာ ပြည့်ပစေဗျာ မတောင်းတဲ့ဆုတွေ..အလိုလို god ကသိပြီးပြည့်ပါစေ။

khin oo may said...

အမှန်က.မနက်လင်းအားကြီးမှ တင်လိုက်ရမှာ..အဲဒါဆိုပြည့်ကရော...... မနက်ကျမှ ထပ်လာခဲ့မယ်။

ကြည်ဖြူပိုင် said...

သာဓုသာဓုသာဓု....
မိုက်တယ်

ကြည်ဖြူပိုင် said...
This comment has been removed by the author.
MieMie said...

ပုဂံဘုရားဖူးသွားခဲ့ဖူးတာ ပြန် သတိရစေ တယ် ..ကိုရွာသား ရေ ... ဓါတ်ပုံတွေ လည်း တအားကောင်းတယ် ... ဘယ်နှကြိမ် ဘဲ ရောက်ရောက် ထပ်ခါထပ်ခါ သွားစေချင်တဲ့ထဲ ပုဂံ ဘုရား တွေ လည်း ပါတယ် နော် ... ကျေးဇူးအထူးတင်ပါတယ် ဓါတ်ပုံတွေ ထဲ ဖူးလိုက်ရလို့ ....

mie nge

mirror said...

အားပါး.. အပေါ်သုံးပုံ တအားမိုက်တယ်..။ တပုံချင်းစီ caption လေးတွေထိုးပါလားဗျ..။

Maung Myo said...

ဖူးချင်လိုက်တာ ကျေးဇူးပါ တင်ပေးတာ အကယ်လို့ဆုတောင်းဖြစ်ခဲ့မယ်ဆိုရင် ဘာဆုတောင်းမှာပါလိမ့် သိချင်စမ်းပါဘိ ငှက်ပျော်တုံးနဲ့ ဝေးရပါလို၏ လား :)

Phyo Evergreen said...

ဟော်တယ်ရှေ့ ရွှေစည်းခုံဘုရားအရင်ဖူး...။
ဗူးဘုရားဆိပ်ကကောက်ညှင်းပေါင်းပူပူလေးဝယ်... မြစ်ကိုကူးရင်း လေအေးခဲခဲတွေကတိုက်..ကောက်ညှင်းပေါင်းလေးစားလို့ အန်တု..။
တန့်ကြည်တောင်အတက်..ကားလက်တန်းကိုင်တက်ရတာ အေးလို့.. မျောက်ရေခဲကိုင်ဖြစ်..။
အပြန်မှ လောကနန္ဒာဘုရားဖူး.. အဲဒီကအမောပြေပြောင်းဖူးပြုတ်လေးဝယ်စား..။
ပြီးမှတူရွင်းတောင်မှတဆင့် ပုပ္ပားသို့ဆက်ကာသွား..။

T T Sweet said...

ရောက်ခဲ့ပါတယ် ... ဆုတောင်းခဲ့ပါတယ် ... ဂျူဂျူလေးလဲဆုတောင်းခဲ့တယ် ... အဲဒီအကြောင်း ပို့စ်လေး တင်ဦးမယ် ....

Moe Cho Thinn said...

အမကတော့ ဒီဘုရားပုံတွေ ကြည့်ပြီး အသေအချာ လက်အုပ်ချီမိတယ်။ ဆုလဲ တောင်းခဲ့ပါတယ်။

ဧပရယ်လ်ပူး@ပူးတေ said...

လက်ရာကောင်းလေးတွေ ကြည်ညိုဖွယ် စွယ်တော် ၄ ဆူကို ရိုရိုသေသေ ဖူးမျှော် ကြည်ညိုသွားပါတယ်....

ပုံကောင်းလေးတွေအတွက် ကျေးဇူးပါနော်...

linn said...

အဲလို တစ်ရက်တည်း လေးဆူပြည့်အောင် ဖူးရင် ဆုတောင်းပြည့်တယ် ဆိုတာ ပြည်ဘက်မှာလဲ ရှိတယ် ... ပြည် နဲ့ ဟိုတစ်ဘက်ကမ်းတွေကို သွားရတာ ... အဲဒီဘက်မှာလဲ တန့်ကြည့်တောင် ဆိုတာ ပါတယ် ...
ခု ပြန်စဉ်းစားတာ ၀ိုးတိုးဝါးတား ဖြစ်နေတယ် ...
ဓါတ်ပုံတွေ မ၀ါးတာနဲ့ စိတ်တွေ ၀ါး ပစ်လိုက်တယ် ... :P

မိုးခါး said...

မြန်မာပြည်ကို လွမ်းလိုက်တာ
သွားချင်တယ် .. သွားချင်တယ် .. (အမှတ်ပဲ မှတ်ပြီး ပြန်ဘီဗျို