07 May 2009

တိမ်တွေထဲက မြို့


ဒီခရီးစဉ်ကို သွားဖို့ ကျနော်တို့အားလုံးစိတ်လှုပ်ရှားနေခဲ့မိတာ မနှစ်ကတည်းကပါ။ မနှစ်က ရောင်းအားကောင်းခဲ့တဲ့ ကျနော်တို့အတွက် သူဌေးက ခရီးတစ်ခုလိုက်ပို့ပေးမယ်လို့ ကတိပြုခဲ့တာကိုး။ ပထမ သွားချင်တဲ့နေရာတွေကို မဲပေးခွင့်ပြုတယ်။ ကျနော်အသွားချင်ဆုံးဖြစ်တဲ့ ဖူးခက်ကမ်းခြေက မဲများပြီးအနိုင်ရလိုက်တယ်။ ဒါပေမယ့် ဘက်ဂျတ်အခြေအနေရယ် အဲဒီအချိန်က ထိုင်းနိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ဖူးခက်ကို သွားခွင့်မရလိုက်ပဲ အနီးအနားကိုပဲသွားဖို့ စီစဉ်ရင်း ဒီတိမ်တွေထဲက မြို့ကလေးကို ရောက်ဖြစ်ခဲ့တာ။

ဒီနိုင်ငံကို တစ်နှစ်အကျော်ကြာမှ ပထမဆုံးရောက်ဖူးခဲ့တာပါ။ ခရီးသွားချိန်ရှည်လျားတာမို့ ဖတ်ဖို့ယူလာတဲ့ မြသန်းတင့်ရဲ့ စစ်နှင့်ငြိမ်းချမ်းရေးကို အနည်းအကျဉ်းပဲဖတ်လိုက်ရပါတယ်။ နှစ်ထပ်ထိမြင့်တဲ့ ကားပေါ်က လမ်းဘေးဝဲယာရှုခင်းတွေက စာမဖတ်နိုင်အောင် ဆွဲဆောင်နိုင်ခဲ့သည်ကောလေ။ မျက်စိတစ်ဆုံးကြည့်လေတိုင်း စိမ်းစိုအုံ့မှိုင်းနေတဲ့ ဆီအုန်းပင်လယ်ကြီးတစ်ခုလို။
ဆရုံပမ်းဆိုတဲ့ မြို့လေးမှာ နေ့လည်စာကို စားဖြစ်ခဲ့တယ်။ အဲ့ဒီဆိုင်မှာ မြန်မာလူမျိုး ၁၂ယောက်လုပ်နေတယ်လို့ သိခဲ့ရတယ်။


လမ်းတွေအဆင်ပြေချောမွေ့နေမှုကတော့ တစ်ကယ့်ကို အံ့သြချီးကျူးဖွယ်ပင်။ ကျနော့အမိမြေကိုလည်း အဲ့လိုလမ်းမျိုးတွေနဲ့ မြင်ယောင်ကြည့်မိတယ်။ လမ်းတွေ သိပ်ကောင်းတယ်ဆိုရင် ခရီးသွားလာမှု ကုန်စည်ပို့ဆောင်မှုတွေ ပိုမို ဖွံ့ဖြိုးလာနိုင်ကောင်းပါတယ်။


ခရီးအကွာအဝေးတစ်ခု တစ်ခုကြားမှာ နားနေစခန်းနဲ့ ကျန်းမာရေး အဆောက်အဦးလေးတွေ စနစ်တကျ သန့်ရှင်းစွာ ထားရှိတာကိုလည်း တွေ့ခဲ့ရတယ်။ ဘေးနားမှာတော့ ကားလေးတွေနဲ့ ဒေသထွက်သီးနှံတွေ အစားအစာလေးတွေ လာရောင်းကြတာပေါ့။

မြေပြန့်ကနေ တောင်ပေါ်ကို တက်ပြီဆိုကတည်းက မြွေလိမ်မြွေကောက် ခရီးစဉ်စပြီလေ။ လမ်းသစ်ရှိပေမယ့် အခုလို ရုံးပိတ်ရက်မှာ အနီးအနားက ဒေသခံတွေအားလုံး အဲဒီမြို့ကို သွားကြတာမို့ ကားလမ်းကြောက တစ်အားကြပ်နေမှာဖြစ်လို့ လမ်းအဟောင်းကပဲ သွားခဲ့တယ်လို့ ဂိုက်ကရှင်းပြပါတယ်။ တောင်ပေါ်ရောက်ခါနီးတော့ အန်တဲ့လူက အန်နေကြပြီ။ ကျနော်လည်း အန်ချင်ချင်ဖြစ်နေခဲ့တာ။ ဂိုက်ကတော့ ကိုယ်တိုင်ကျိုတဲ့ ငမန်းတောင်ဟင်းချိုတွေကို ကြွပ်ကြွပ်အိတ်အနီရောင်လေးထဲမှာ စနစ်တကျထည့်ပါလို့ စ,နေခဲ့တာ။





အတက်လမ်းမှာပဲ လက်ဖက်ခင်းတစ်ခုမှာ နားခဲ့ရတယ်။ ကင်မရွန်လက်ဖက်ခင်းပါ။ ဒီဒေသရဲ့ ဒုတိယအကောင်းဆုံးလက်ဖက်စိုက်ခင်းပါ။ မဆလာလက်ဖက်ရည် တစ်အိုးကို ရှစ်ကျပ်ပေးပြီးမြည်းစမ်းခဲ့တာပေါ့။ လှလိုက်တဲ့ အစိမ်းရောင်လက်ဖက်ခင်းတွေ။ ရှမ်းပြည်သွားတဲ့လမ်းတွေနဲ့တူသလို ရှမ်းပြည်ကိုလည်း လွမ်းစေခဲ့တယ်။ မှုန်ပြာမှိုင်းတဲ့တောင်တန်းကြီးတွေက အစပေါ့။ ကျောက်တောင်တွေတွေ့ရင်လည်း မွန်ပြည်နယ်ထဲပဲ ရောက်နေသလိုလို။ အလုပ်ထဲက အိန္ဒိယသားလူမျိုးတွေကလည်း သူတို့ အိန္ဒိယပြန်ရောက်နေသလို ကျနော်တို့မြန်မာလေးယောက်ကလည်း မြန်မာပြည်ပြန်ရောက်နေသလို ခံစားမိစေတဲ့ခရီးလေးပါ။

အမြင့်ပေ တစ်သောင်းကျော်ရှိတဲ့မြို့လေးထဲက တည်းစရာတည်းခိုခန်းကိုရောက်တော့ ည၁၁နာရီထိုးပါပြီ။ အခန်းအခက်အခဲနဲ့ ကြုံရပြန်ပါသေးတယ်။ မှားယွင်းတဲ့ အစီအစဉ်တစ်ခုကြောင့် ကျနော်တို့ အခန်းထဲကိုရောက်တော့ တော်တော်လေးနောက်ကျနေခဲ့ပြီ။

နောက်နေ့မနက်မှာတော့ ဒီဒေသရဲ့ အကောင်းဆုံး BOHလက်ဖက်စိုက်ခင်းဆီကို ချီတက်ခဲ့တယ်။ တောင်ပေါ်ကိုဆက်တက်ဖို့ ဘာစီကိုလာ ကားလေးတွေကို ပြောင်းစီးရပြန်ပါတယ်။ ခရီးသွားကားကြီးတွေ သွားဖို့ ကားလမ်းမက သိပ်ကျဉ်းမြောင်းလွန်းတယ်။









တမျှော်တခေါ်ကြည့်လေတိုင်း အစိမ်းရောင်လှိုင်းတွေနဲ့ ပြည့်နေတဲ့ လက်ဖက်စိုက်ခင်းကို မြင်ရတယ်။ တောင်ပေါ်ကိုရောက်တော့ လက်ဖက်ခြောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်ကို လေ့လာခဲ့ပါသေးတယ်။ ဒီလက်ဖက်ခြောက်တွေက အနီရောင်တွေပါ ပြီးတော့ အင်္ဂလိပ်တီးလို့ ခေါ်ပါတယ်တဲ့။



တောင်စောင်းလေးမှာ လသာဆောင်လေးထုတ်ပြီး လက်ဖက်ရည်သောက်ခဲ့ရတယ်။ နေရာရဖို့အရေး တန်းစီရတာလည်း တမျှော်တခေါ်။ နေရာရပြီဆိုတော့ ဂိုက်က သွားကြမယ်လေတဲ့။ နောက်ထပ်ဆယ်မိနစ်ပေးပါလို့တောင်းရင်း ကမန်းကတန်း လက်ဖက်ရည်ကြမ်းကိုသောက်ခဲ့ရတယ်။ တကယ်ဆို လေးငါးနာရီလောက်ထိုင်ချင်မိတာ။ ချမ်းစိမ့်နေအောင်အေးတဲ့လေတွေကြားထဲမှာ လက်ဖက်ရည်နွေးနွေးလေးသောက်ရင်း ကဗျာတွေဆန်ချင်နေမိတယ်။

တောင်အောက်ဆင်းလာတော့ ပျားမွေးမြူရေး စခန်းကိုရောက်တယ်။ ပျားတွေကြားထဲမှာ သွားလာခွင့်ပြုတာမို့ ဓါတ်ပုံတွေ ရိုက်ဖြစ်ခဲ့တယ်။ ရေခပ်နွေးနွေးလေးထဲကို ထည့်ထားတဲ့ ပျားရည်ကို နှစ်ခွက်ဆင့်သောက်ရင်း ပျားရည်အစစ်မြည်းစမ်းခွင့်ကိုပါတောင်းခဲ့တာပေါ့။







ပျားမွေးမြူရေးစခန်းပြီးတော့ နှင်းဆီခြံ။ တကယ့်ကိုများပြားလှတဲ့ ပန်းတွေကြားမှာ ဘယ်လိုများ ပြုစုပျိုးထောင်ခဲ့ပါလိမ့်ဆိုပြီး စဉ်းစားနေမိတယ်။ အမျိုးအမည်မသိတဲ့ ပန်းတွေကလည်း များမှများ။ ဒီလို စနစ်တကျပြုစုပြီး တစ်ယောက်ကို လေးကျပ်နဲ့ ဝင်ခွင့်ကိုကန့်သတ်ခဲ့တာလည်း စီးပွားရေးတစ်ခုပဲနော်။ နာမည်ကျော် ပြောင်းဖူးကိုလည်း မြည်းစမ်းခဲ့ပါသေးတယ်။ အစိမ်းစားလို့ရပြီး တကယ့်ကိုချိုအိနေတဲ့ ပြောင်းဖူးပါပဲ။


အခုကျနော်တို့စားနေတဲ့ ဟင်းသီးဟင်းရွက်တွေကို အဲဒီက စိုက်ခင်းတွေက ပို့တယ်လို့သိရပါတယ်။


နောက်ဆုံးတစ်ခုကတော့ cactus ခြံပါပဲ။ အင်းကိုပင်ပုကျစ်ဂွကိုတောင် သတိရမိသေးတယ်။ သူ့အမျိုးတွေက ဒီမှာအများကြီးကိုး။ အဲဒီခြံထဲမှာလည်း သီးပင်စားပင်တွေအပါအဝင် ပန်းအမျိုးအစားစုံလင်အောင်စိုက်ထားခဲ့တာ။ ခြံနောက်ဆုံးမှာတော့ စတော်ဘယ်ရီစိုက်ခင်းပါ။ ကိုယ်တိုင်ခူးဆွတ်ခွင့်ပေးထားတာမို့ တပျော်တပါးခူးဆွတ်နေကြတာတွေ့ရပါတယ်။ ခြံထဲမှာလျှောက်နေတုန်း အပြင်မှာမိုးတွေက သည်းနေခဲ့ပါပြီ။ လမ်းတွေတစ်လျှောက်ကို အမိုးလေးတွေလုပ်ထားတာမို့ မိုးမစိုခဲ့ဘူးပေါ့။

မိုးတိတ်သွားတုန်းလေး ပါဆာမလန်း ညစျေးလေးကို အပြေးအလွှားသွားလိုက်ကြသေးတယ်။ ဒူရင်းသီးကောင်းတယ်ဆိုလို့ ၁ကီလို ၁၂ကျပ်ပေးပြီး စားဖြစ်အောင်စားခဲ့တာပေါ့။ မှိုကျော်ကိုမြည်းဖြစ်အောင်မြည်းပါ ဆိုတော့လည်း ဘယ်လက်နှေးလိမ့်မလဲ။ လျှောက်နေတုန်း မိုးတွေပြန်ရွာလာတာမို့ ဆိုင်ကလေးတစ်ခုမှာမိုးခိုခဲ့ကြတယ်။ အပြင်မှာနေရာမရှိတာမို့ ဆိုင်ထဲကိုဝင်ရင်း စျေးပါကူရောင်းခဲ့သေးတာ်။ သူတို့ပြောတဲ့ဘာသာစကားကိုနားမလည်တာမို့ ဧည့်သည်တွေမှန်းသူတို့သိတာပေါ့။ သဘောကောင်းတဲ့ဒေသခံတွေပါပဲ။ မိုးက နေ့တိုင်းရွာနေရင် စျေးဘယ်လိုရောင်းမလဲဆိုတော့ ဒီလိုပါပဲတဲ့။

မိုးရွာပြီးစ မြူတွေဆိုင်းနေတဲ့ မြို့လေးက တကယ့်ကိုလွမ်းစရာ ချစ်စရာကောင်းနေပြန်တယ်။






ညနေစာစားအပြီး ဟိုတယ်မှာ ရေမိုးချိုး။ မြို့လေးထဲကို လျှောက်ကြည့်ကြပါသေးတယ်။ ပလာတာကို ငှက်ပျောသီးနဲ့ကြက်ဥနဲ့စားဖြစ်ခဲ့တယ်။ မြန်မာပြည်က ရုပ်ထုတွေ ဒီတောင်ပေါ်အထိရောက်နေတာလည်းတွေ့ခဲ့ရတယ်။ ဗမာတုတ်ကောက် ဆိုပြီးရောင်းနေလို့ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့တယ်။ ဘုရားနှစ်ဆူလည်း စံပယ်နေတာ ဖူးခဲ့ရပါတယ်။

မနက်ခင်း မနက်စာစားအပြီးမှာ တောင်ပေါ်ကပြန်ဆင်းခဲ့ကြတယ်။ မိုးရွာပြီးတိုင်းသစ်ပင်တွေပြို လမ်းတွေပြိုနေတတ်တယ်လို့သိရတယ်။ တစ်ခါ တောင်ပြိုထားလို့နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ ဂိုက်ကပြောပါတယ်။

သဘာဝရေတံခွန်တစ်ခုကိုလည်း တောင်အဆင်းမှာတွေ့ခဲ့ရတယ်။ ရေစီးအားသန်သန်နဲ့လှပတဲ့ ရေတံခွန်တစ်ခုပါပဲ။ ပုံမှန်ဆို ရေချိုးချင်မိပေမယ့် ရတဲ့အချိန်နာရီဝက်မှာ အိမ်သာတန်းစီတဲ့အလုပ်ကို ဆယ်မိနစ်ပေးလိုက်ရတာမို့ အချိန်ကမလုံလောက်ခဲ့ဘူး။

ဆရုံပမ်းမှာပဲ နေ့လည်စာစားပြီး အိမ်ပြန်ခရီးကို စခဲ့ရတယ်။

အိမ်ကိုရောက်တော့ ည ဆယ်နာရီထိုးနေခဲ့ပြီ။


တကယ်တော့ ကျနော်က အဲ့ဒီမြူနှင်းတိမ်တွေကြားမှာ ကျန်နေခဲ့တယ်….

40 comments:

ThuHninSee said...

နှင်းဆီပန်းပုံလေးတွေ အများကြီးမရိုက်ခဲ့ဘူးလား။
း)

yehtutnaung said...

ကိုရွာသား.. အလွမ်းလေးနဲ့  အဆုံးသတ်တာဟာ ကိုရွာသား Unique ပဲ.. ဟဲဟဲ။ မြို့ လေးက သွားလည်ချင်စရာပါပဲဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ..

Htoo Aung Lwin said...

ရိုက်တတ်လိုက်တာနော်

Unknown said...

Cameron Highland မလား နာမည် လဲ ဖော်ပြမထားလို.။

Anonymous said...

ရွာသားလေး လဖက်ခူးနေတဲ့ပုံတွေ့ဘူးသွားပြီ.. :D
ဒါနဲ့ အစ်မကြားဘူးတာတော့ အသားမဲမဲ ဗိုက်ရွဲရွဲဆိုလား
ပဲ.. အခုတော့ တမျိုး.. ဟဟ

ဟုတ်တယ် ရွာသားလေးရေ..
သူများနိုင်ငံတိုးတက်ကြတာမြင်တိုင်း တို့နိုင်ငံမှာလည်း
ဒီလိုလေးဆို ကောင်းမှာပဲလို့ ပြောဖြစ်ကြတာ ခဏခဏ
ပါပဲ.... ကိုယ်မှ မတတ်နိုင်တာကိုနော်...
တစ်ခုပြောချင်တာလေးရှိသေးတယ်...
သူများနိုင်ငံတွေမှာ ကျန်းမာရေးစခန်းလေးတွေကို ဂရုစိုက်ပြီး နေရာတိုင်းမှာ သေခြာဆောက်လုပ်ထားရှိ
ပေးကြပေမယ့် အစ်မတို့နိုင်ငံမှာတော့ မျက်နှာငယ်ရ
တယ်နော်...
ဒီမှာ မြန်မာပြည်ကိုရောက်ဖူးတဲ့ ဂျပန်တစ်ယောက်က
ပြောတယ်... မြန်မာပြည်တဲ့ အပေါ့သွားချင်ရင် ဘယ်နေရာမှာဖြစ်ဖြစ် သွားလို့ရတယ်နော်တဲ့လေ....
ကျန်းမာရေးဆိုပြီး ကားပေါ်ကဆင်းလိုက်တာ... ဘာအ
ဆောက်အဦးမှ မတွေ့ဘူး လမ်းဘေးမှာပဲ သူများတွေသွားသလိုသွားလိုက်ရတယ်တဲ့.. ဖြစ်ပုံများ
နော်.... ကိုယ့်နိုင်ငံကြီး တကယ်တိုးတက်စေချင်ပါသည်။
မြန်မာပြည်ကြီးကို အလွန်ချစ်ပါသည်။

ကောင်းကင်ပြာ said...

အဲဒီ တိမ်တွေထဲက မြို့လေးက ဘယ်မှာ လဲဟင်၊ အမတို့ မရောက်ဖူးတဲ့ နေရာလေးကို သွားခဲ့တဲ့ မောင်လေးက ပြန်မျှဝေပေးတာ ကျေးဇူးပါ

ဗီလိန် said...

ရိုက်လည်းရိုက်ပေါ့ တင်လည်းတင်ပေါ့။ :)

လူရိုင်းလေး said...

အေးချမ်းလှတဲ့ နေရာလေးတစ်ခုလို့ ထင်မိပါတယ်ဗျာ။

မောင်မျိုး said...

အစ်ကိုက ဘာလို့ ပလိုင်းကြီးလွယ်ထားတာလဲ အသားတွေလည်း ပိုမဲသွားသလိုပဲ နေပူသိပ်မခံနဲ့း) ကျန်းမာရေးဂရုစိုက် ။

P.Ti said...

သွားမယ် သွားမယ်နဲ့ မရောက်ဖြစ်နိုင်သေးတာ... ရောက်ဖြစ်အောင်တော့ သွားမှပဲ။

JulyDream said...

သတိရတယ်ဆိုပဲ အဟက် အဟက်

=)

Talkii said...

လက်ဖက်တောတန်းမှာ လက်ဖက်ခူးတဲ့ ရှမ်းပျိုလေးအမှတ်နဲ့ ရိုက်လိုက်တာဖြစ်မယ်။ အဲဒါ ဘယ်နေရာလဲ ပြောဦးလေ။ မလေးရှားက မြို့တစ်မြို့ဖြစ်မယ်။

sait phay yar said...

တိမ်တွေဖုန်းနေတဲ့နေရာသွားတာကို ဖျားမှာပေါ့

ဂျူနို said...

လတယ် တစ်အားပဲ။ လက်ဘက်နည်းနည်းလောက် မခူးခဲ့ဘူးလား။ တ
ဆိုးဆေးမပါတာလေး စားချင်လို ပါ။

ယိုးဒယာဒက နိုင်ငံရေး မတည်ငြိမ်လို့ ဆို တည်ငြိမ်ပိပြားနေတဲ့ တိုင်းပြည်သွားမယ်ပြောတာမဟုတ်ဘူး
မျက်ဝန်းညိုနဲ့ ပန်းတောက်ကြွေတွေ သီပန်တဲ့ ငယ်ရီးစားနဲ့ တွေ့ ရတာပေါ့။
စီဘော့စက ဖြူတ်ထားတာ ဘာလို့ လဲံ.။

Taungoo said...

ပဟေဠိလုပ်တာလား။ ဘယ်မြို့ ဘယ်နေရာဆိုတာ အတိကျမပြောဘူး။ တိမ်တွေ ရုတ်တရက်မြင်လိုက်တော့ ကာစီနိုတွေရှိတဲ့ မြို့ လို့ပဲ ထင်တာ။ တခြားပုံတွေ တွေ့မှ တခြားမြို့ဖြစ်မှန်းသိတယ်။

မိုးခါး said...

တကယ်သွားတဲ့လူမပြောနဲ့ ပုံချည်းကြည့်ရတဲ့လူတောင် တိမ်တွေကြားထဲ ကျန်ခဲ့တယ် .. တိမ်တွေ တိမ်တွေ အရမ်းသဘောကျတယ် .. ပုံတွေအတွက် သင်ခရု :D

RePublic said...

စာအရေးကောင်းသလို ဓာတ်ပုံအရိုက် ကလည်းတော်ပါ့ဗျာ ၊၊

khin oo may said...

လူလည်းလှတယ် ကီု့ဂီ. တွေ့တယ်မဟုတ်လား။ပိုစ်ထဲမှာ မဲမဲတူးတူးကုလားကြီ။း

khin oo may said...

ကိုဂီက ဒါ ဘာအချိုး ချိုးတာလဲ။

khin oo may said...

သီမ်းထား။ သိမ်းထား.။

မယ့်ကိုး said...

မြို့ ကို မပြောတော့ ခေါင်းကိုက်သွားပြီ....

khin oo may said...

ဆိုလိုချက်
ကွန်မက် ၁ မလိုတမာပြောူသညါ

ကွန်မက် ၂. ဂွိထံ လာမလည်သောကြောင့် ကိုဂီကို ဂွိမှ.စိတ်ဆိုးမာန်ဆိုးရန်တွေ့သည်

ကွန်မက် ၃ ရေးရာတွေ ထိပ်စည်းစာသား (ထာဝရအမှတ်တရသိမ်းထားပါ့မယ်ဗျာx ဟုရေးသားထားခြင်းကို ဆိုလိုသည်။ ရေးခဲ့ပါသည်။ သိမ်းထားပါရန်ဟု. ရွာသားမမေးခင် လာရှင်းသည်။ မဟုတ်ရင် လာမေးနေမယ်ဆိုတာကို သိထားပါသည်။

khin oo may said...

ပြောထားသားဘဲ မယ်ကိုးရယ်..မလေးရှား ကေအယ်မြို့နားက ကမ်မရွမ်ဟိုင်လမ်း တဝိုက် ဆရုံပမ်း ကိုသွားခဲ့တယ်လု့ထင်တယဘဲ တို့တော့ မရောက်ဘူးပါဘူး

khin oo may said...

ဒူးရင်းသီးစားချင်တယ။်

khin oo may said...

စီပုံးမထားလို့ကတော့ဒီမှာဘဲလာလာရေးနေမှာဘဲ။

khin oo may said...

အမာခံကြီးပြန်လာပြီ။ ဟိုတလောက ပျော့သွားတယ။် ဟီးဟီး.

မယ့်ကိုး said...

မလေးလို့ တော့ ထင်မိပါရဲ့ ...ရောက်မှ မရောက်ဘူးတာ ...သိပါဘူးကွယ်။

pandora said...

တစ်ခေါက်ရောက်ဖူးတယ် အဲဒီတုန်းက ဓာတ်ပုံ တ၀ မရိုက်ခဲ့ရဘူး
နောက်တခါ သွားချင်သေးတယ်

ဝေလေး said...

ပုံလေးတွေ သိပ်လှတာပဲ နှင်းဆီပန်းပုံတွေကြိုက်တယ်.... ဒါထက်.. ဟိုလက်ဖက်ခူးတဲ့လူကြီးက ဘာကြီး ကိုင်ထားတာလဲ.... မသိလို့မေးတာပါ.....
လက်ဖက်ခြံထဲမှာ လသာဆောင်လေး ထုတ်ထားတာ... နေချင်စရာလေးနော်.. အေးချမ်းမှာပဲ အဲမှာသာနေရရင်...
ပြီးတော့ မုန်လာဥဖြူတွေအောက်က ဘာတွေလဲ.... မြင်ဖူးဘူး.... မြန်မာတုတ်ကောက်ဆိုလို့ စိတ်ဝင်တစားကြည့်သွားတယ်.. ဘာလို့အဲလိုရောင်းတာပါလိမ့် ဝယ်တဲ့လူတွေလည်းဝယ်ကြတာပဲလား.... ရေတံခွန်နေရာရောက်တော့... အေးနေမှာပဲနော်.... ကောင်းလိုက်တာ .......
ခရီးထွက်ရတာမိုက်တယ်.. ဓာတ်ပုံတွေရိုက်လာလို့ ကျေးဇူး...... စိတ်ကူးယဉ်လို့ရတာပေါ့ ကိုယ်တိုင်သွားရသလိုလို....... ဟဲဟဲ.....
စကားမစပ်...... မေးတာတွေဖြေပေးဦးနော်.....

သြော်.... မေ့လို့.... ပြောင်းဖူးတော့ ရိုက်မလာဘူး နာမည်ကျော်ပြောင်းဖူးလေး ဘာလေး တွေ့ဖူးချင်တာပေါ့.. ဟိုမုန်လာဥဖြူပုံအပေါ်က ခရမ်းသီးတွေလား....

ထင်တာတွေစွတ်ပြောပြီး မသိတာတွေ စွတ်မေးသွားပါသည်... :P

ဒါထက်.. နေကောင်းပြီလို့လား... ပို့စ်အရှည်ကြီးတင်ထားတယ်...

ကြည်ဖြူပိုင် said...

အော်ပြန်လာပြီပေါ့ . ပျော်စရာကြီးနော် ။အနော်ကရန်ကုန်ကို ပြန်သွားတယ်ထင်နေတာ။ ခုမှ ခရီးသွားမှန်းသိတာ။

ကောင်းပါ့ ကောင်းပါ့ ။ ဓာတ်ပုံကလဲကောင်း အရေးအသားကလဲကောင်း

Moe Cho Thinn said...

လက်ဖက်ခင်းတွေ လှလိုက်တာဟယ်။ ရွာသားက ရေးလဲရေးတတ်၊ ရိုက်လဲ ရိုက်တတ်၊ စားလဲ စားတတ်ပါ့။ (ဒူးရင်းသီးစားတယ်ဆိုလို့ သွားရည်သိမ်းရင်း ပြောသွားသည်)

ရွာသားက မြူနှင်းတိမ်ကြားမှာ နေခဲ့တယ်ဆိုတော့ ခါးဝတ်ပုဆိုး တိမ်မီးခိုးတော့ မလုပ်နဲ့ပေါ့အေ..

Unknown said...

hello,

Mary

sait phay yar said...

အင်း အပြစ်လို့ပြောပါဘူး
ဖျားမှာပေါ့လို့ပြောတာကို

sait phay yar said...

c box မထားလို့ဒီမှာလာအော်တယ်
ဘာလုပ်မိလို့လည်းနော်

Rita said...

Great Post!
သူများ နိုင်ငံက ကောင်းတာတွေ တွေ့ရင် ကိုယ့်ဆီကို ပြန်ပြန် သယ်ချင်တာကိုတော့ ကိုယ်လဲ ခံစားမိပါတယ်။
အင်း... ဒါပေမယ့်...
ဘာဆက်ပြောရမလဲ ပေါ့နော်။

မောင်ပိစိ said...

thanks for the share of your trip... :)

khin oo may said...

9 May 09, 15:53
kom: ဒါနောက်တာဘဲ။

9 May 09, 11:57
ရွာသားလေးဝိုင်တီယူ: :P လာရီပြသွားတယ်ခင်ဗျ

(http://july-dream.blogspot.com/)

Anonymous said...

cameron highland မဟုတ်ရင် ganting highland လား၊ နီးနီးနားနားဆိုတော့ မလေးပေါ့။ ကြားဖူးတာပါ၊ မရောက်ဖူးပါဘူး။ ပန်းတွေ သိပ်လှတယ်။ လက္ဘက်က ဘာဖြစ်လို့ အနီရောင်ဖြစ်သွားတာလဲ။
တိမ်တွေကြားထဲ ကျန်ရစ်ခဲ့တာဆိုတော့ အခုတိမ်ပေါ်ကနေ ရေးတာပေါ့နော်။

မောင်ဖားကြီး said...

ဓါတ်ပုံတွေ ရိုက်ချက်က မိုက်တယ် အစ်ကိုရေ... ဒီခရီးကို အစ်ကိုနဲ့အတူတူ လိုက်လည်တယ် ထင်ရအောင်ကို စာတွေရော ပုံတွေရော ပြောစရာ မလိုဘူး... နောက်အဲ့လို ခရီးမျိုးထွက်ဖြစ်ရင်လည်း အားလုံးကို ခေါ်သွားဦးဗျနော်

Unknown said...

တိမ်တွေထဲကို လိုက်ပါစီးမြောသွားတယ်
ခရီးသွားပိုစ့်လေးတွေအတွက် ကျေးဇူးသိပ်တင်တယ်
ဗဟုသုတရလို့ အပြင် ဒါ့ပုံရှုခင်းလေးတွေ သိပ်လှလို့ 
အပေါ်က လက်ဖက်ရည်ခွက်လေးကို ရိုက်ထားတာလေး သဘောကျမိတယ်
နှင်းဆီပန်းပုံ ပါမှ ပါပမလားလို့  စိတ်ပူနေတာ
ဒါ့ပုံတွေကို တစိမ့်စိမ့်ကြည့်သွားတယ်