10 May 2009

မိမာတာ

မနှစ်ကရေးခဲ့ဖူးတဲ့အဟောင်းလေးကို အမှတ်တရ တင်ထားခွင့်ပြုပါခင်ဗျာ

အို ကြားရတဲ့စကားကို မယုံနိုင်ပါဘူး ကျမလက်မခံနိုင်ဘူး။ ရူးတယ်လို.ပဲပြောချင်ပြော လုံးဝလက်မခံဘူး။ ဒါဟာ ကျမရဲ့ နှစ်ရှည်လများ တမ်းမက်ခဲ့ရတဲ့ အိပ်မက်။ အိပ်မက်မှ လက်တွေ.ဖြစ်မယ်မကြံသေး ဖျက်လိုဖျက်ဆီး လုပ်ကြမယ်တဲ့လား။ မဖြစ်နိုင် လုံးဝကို မဖြစ် နိုင်ပါဘူး။ အခန်းအပြင်ကို ထွက်ငေး ကြည့်မိတယ် အဲဒီအတိုင်းတကယ် မဖြစ်ပါစေနဲ.ပေါ့ လက်ကိုဆိတ်ကြည့် မိတယ် နာကျင်မှုရဲ့နောက်မှာ ကျမဆောက်တည်ရာမဲ့ခဲ့ရတယ်။ အမှန်တရားကို ရင်ဆိုင်ဖို. အားမွေးရင်း ကြုံလာတဲ့ ကံကိုပဲယိုးမယ်ဖွဲ. ရမလားပဲ။

ဆရာဝန်ရဲ့စကားက နားထဲမှာ အထပ်ထပ်ကြားနေမိတယ်။ “ နှလုံးရောဂါ အခံရှိတဲ့ အပြင် စမ်းသပ်ချက်တွေအရ ကိုယ်ဝန်ဆိပ်ရှိမယ့် အနေအထားမို. ဒီကလေး (ကျမရဲ့ သားဦးလေးကို) မယူဖို. ။ ကိုယ်ဝန်လနုနု မှာမို. ဒီကိုယ်ဝန်ကို ဖျက်ဆီးဖို. အကြံပေးပါတယ်တဲ့။” မွေးဖွားဖို.နီးလာတာနဲ.အမျှ ခံစားရမယ့်ဝေဒနာ တဖြည်းဖြည်း ပြလာမယ့် ရောဂါ အခြေအနေကို သမားတော်ကောင်းပီသစွာ အပိုအလိုမရှိပဲ စိတ်ရှည်လက်ရှည်ပဲ ရှင်းပြနေတယ်။ ကျမ ဘယ်နားနဲ.နားထောင်ရမလဲဟင်။ ကလေးရယ်ကံဆိုးလိုက်တာ လောကကြီးကို မရောက်ခင်ထဲက လက်မခံဖို.ပြောနေကြပြီ။

မိခင်ဘ၀ကို ရောက်ခါနီး ဘ၀၊ ကလေးချစ်တတ်တဲ့ ကျမအတွက် ကိုယ်ပိုင်ကလေးတစ်ယောက်ရခါနီးဘ၀ဆို တော့ ပျော်နေတဲ့ အပျော်တွေကြားထဲမှာ နွေခေါင်ခေါင် မိုးကြိုးပစ်လိုက်သလိုပါပဲ။ ကျမရဲ့ဆုံးဖြတ်ချက်ကို မိခင်တိုင်း ကြို တင်ရိပ်မိသိရှိနေမှာ ပါ။ ခေါင်းမာတဲ့ ကျမ အားလုံးနဲ. ဆန်.ကျင်ပြီး အသက်ကို ရင်းပြီး ဒီကလေးကို ယူဖို.ဆုံးဖြတ်ခဲ့ပါတယ်။ ရဲဝံ့စွာပဲ ဒီကိုယ်ဝန် နဲ. ပတ်သတ်သမျှ ဖြစ်ပျက်သမျှကို တာဝန်ယူပါ့မယ်ဆိုတဲ့ လက်မှတ်ကို ထိုးပြီးဆေးရုံ ပေါ်ကဆင်းလာခဲ့ပါတယ်။

တဖြည်းဖြည်းနဲ.လရင့်လာတာနဲ.အမျှ ခံစားရတဲ့ဝေဒနာ ဆရာဝန်ရဲ့ ကြိုတင်သတိပေးချက်တွေဟာ ပိုမို မှန်ကန်လာကြောင်းသက်သေပြ နေကြပြီလေ။ဒါပေမယ့် နောက်ဆုတ်ဖို.တော့ ကျမမှာ Back Gear မရှိဘူး။ ဟင့်အင်းကျမ ရအောင်ကိုမွေး မယ်။ အမျိုးသားနဲ. ကျမရဲ့ မိဘမောင်ဘွားတွေကလည်း ကျမကို စိတ်ပူစွာပဲစောင့်ကြည့်နေကြတယ်။ကျမအမေလည်းနောက်ကွယ်မှာမျက်ရည်ကျနေပါလိမ့်မယ်။ မိခင်လောင်းတွေခံစားနေကြ ပုံမှန်ဝေဒနာတွေထက် ကျမခံစားခဲ့ရပါတယ်။

Due Date ပြည့်ခံနီးသောကြာနေ. တညနေမှာတော့ ကျမမီးဖွားမယ့် ဝေဒနာကိုစတင်ခံစား ရပါတော့တယ်။ တအိမ်လုံးပျာယာခတ်နေကြပြီး ကြိုတင်စီစဉ်ထားတဲ့အတိုင်းဆေးရုံကိုပို.လိုက်ကြပါတယ်။ ဆေးရုံအုပ်ကြီးနဲ.တကွ မေထရွန်တွေဝိုင်းနေတဲ့ ကျမ စနေနေ.ညနေ ရောက်တဲ့ထိမမွေးနိုင်သေးပါဘူး။ ရင်နှင့်အမျှခံစားရတာနဲ.အမျှ အားအင်တွေလည်း ဆုတ်ယုတ်လာခဲ့ပါပြီ။ နောက်ဆုံးကျမသေသွားသလိုပဲခံစားရပါတယ်။

မဲမှောင်နေတဲ့နေရာမှာ ကျမတစ်ယောက်ထဲ အကူအညီတောင်းဖို.ကြိုးစားပေမယ့် အသံထွက်မလာခဲ့ပါဘူး။ အဖြူနဲ.အမည်း ဘယ်အရာမှမသဲမကွဲဖြစ်နေတုန်းမှာ ကျမအသံတွေကို ကြားနေရပါတယ်။ “ဆရာမလေးတဲ့ ငယ်ငယ်လေးပဲရှိသေးတယ် ကလေးမမွေးနိုင်လို. သေရတော့မယ်တဲ့၊ သနားပါတယ်တော် မိဘတွေတော့ ရင်ကျိုးတော့မှပဲ။” ဆိုတဲ့အသံ “ကဲ ကဲ လူနာရှင်တွေ လူနာမျက်နှာကို အသေအချာ ကြည့်ထားပါ” ဆိုတဲ့ အသံတွေကိုပဲ ကြားနေ ရပါတယ်။ ကျမအဖေရဲ့ ပိုက်ဆံကုန်ချင်သလောက် ကုန်ပလေ့စေ ကျနော့်သမီးအသက်ကို ကယ်ပါ ဆိုပြီး ဆရာဝန်ကြီးဆီမှာ သွားငိုတာ တွေ၊ ကျမအမျိုးသား ကဆေးရုံနံရံကို စိတ်မထိန်းနိုင်ပဲ လက်သီးနဲ.ထိုးတယ်ဆိုတာတွေ၊ ကျမလက်ကသွေးတွေဆုတ်သွား ပြီဖြစ်တာမို. ခြေထောက်ကသွေးကြောတွေဖြတ်ပြီး သွေး ၃၂ ပုလင်းသွင်းနေရတယ်ဆိုတာတွေကို ကျမလုံးဝမသိရှိနိုင်ခဲ့တော့ပါဘူး။ ဆေးရုံရောက်လို. ၃ ရက်မြောက်နေ.မှာတော့ သွေးပေါင်ချိန်မပြည့် နိုင်တော့တဲ့ကျမကို ကျမအမျိုးသားရဲ့ခွင့်ပြု လက်မှတ်နဲ. ဆရာဝန်ကြီးတွေခွဲစိတ်ဖို.ကြိုးစားခဲ့ပါတယ်။ ၈၀% သေဖို.ဘက်အားများနေခဲ့တာမို. မပြေးသော်ကန်ရာရှိ နောက်ဆုံး ကောက်ရိုးတမျှင်ကို ပဲဆွဲလိုက်ကြပါတော့တယ်။ မကြာမတင်မှာပဲ ဆရာဝန်ရဲ့ ညှပ်အဖျားမှာ ကျမရဲ့ အိပ်မက်လည်းဖြစ် အနာဂါတ်လည်းဖြစ်တဲ့ ရင်သွေးလေး ပါလာပါတော့တယ်။ မေ့မျောနေတဲ့ ကျမမှာ သတိရလိုက်တဲ့တစ်ချက်မှာ ညှပ်ရာတွေပါလာမလားလို.စိုးရိမ်ခဲ့မိပါသေးတယ်။ ၁၈ချက်သော သေရာပါချုပ်ရာတွေရ ရှိခဲ့ယုံသာမက မွေးဖွားပြီး ခြောက်လထိဆေးရုံမှာပဲ နေခဲ့ရယုံမက နောက်ခြောက်လအကြာမှာ အောက်ပိုင်းသေ (သမားတော်ပြောထားခဲ့တဲ့အတိုင်းကို ဖြစ်သွားခဲ့တာပါ) သွားခဲ့ရတဲ့ ကျမကို အဲဒီဆုံးဖြတ်ချက်အတွက် နောင်တရခဲ့သလားလို.မေးခဲ့ရင် ကျမရဲ့ အဖြေကတော့……………….


အသက်ကိုစွန်.ပြီးရဲဝံ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ. မွေးဖွားပေးခဲ့တဲ့အမေ့အတွက်…….
အမေ့အတွက်ပြန်လည် အချိန်မပေးနိုင်ခဲ့သော…….
အမေ့ကိုနားလည်မပေးနိုင်ခဲ့သော…….
သားဆိုးလေးတစ်ယောက်……..
ထို.ထက်ပိုပြီး အဝေးရောက်သားဆိုးတစ်ယောက်မှ…(ကိုငှက်ကြီးအမေသ်ီချင်းခွေထဲကပါ)
အမေများနေ. အမှတ်တရဂါရ၀ပြု ကန်တော့လိုက်ပါတယ်။

22 comments:

khin oo may said...

တကယ်အဖြစ်အပျက်လား
ဇတ်လမ်းလား


တို့သာဆိုရင်တော့ အဲဒီကလေးကို ဖျက်ခိုင်းမှာဘဲ။
ကလေးက ပြန်ရတယ။် လူကြိးက ပြန်မရနိုင်ဘူး

ဒါကြောင့်လဲ တို့ ကလေးမရတာ အဆနးမဟုတ်ဘူး
စိတ်ပုတ်တာကိုး။

khin oo may said...

အမာခံဂျီးရှိတယ်။

Mogok Thar said...

အမေများ နေ့မှာ ဖတ်ရတဲ့ ဒီစာလေးအတွက် ရွာသားလေး ကို ကျေးဇူးတင်ပါတယ်

khin oo may said...

စိတ်မကောင်းလိုက်တာ

လေးစားတယ် အမေ..........
ဘဝထဲမှာ ဒါမျိုးမရှီနိုငဘူးလို့ထင်မိခဲ့တယ။်

ရုပ်ရှင်ထဲမှာတောင်အဲဒီလောက် ဇတ်နာမယ်မထင်ဘူး
ပြောမှားဆိုမှား..တောင်းပန်ပါတယ။်
အစ်မကို ခွင့်လွှတ်ပါ.
အခုတစ်လော အမှားတွေများနေပြီ.။

RePublic said...

ခွင့်လွတ်ပါတယ် မဂွိ(မKOM) ၊၊ ရပါတယ် ၊၊

ကောင်းကင်ပြာ said...

အားလုံးသော အမေတွေက ဒီလိုပါပဲ မောင်လေးရေ၊ မမကွန်ပြောတာလဲ မှန်ပါတယ်၊
အပေါ်က ကွန်မန့်က အမ နာမည်မှားရိုက်မိလို့ ဖျက်လိုက်တာပါ

Rita said...

ခံစားရတယ်

yehtutnaung said...

ကိုရွာသားရေ.. ခံစားရပါတယ်ဗျာ

ရွှန်းမီ said...

လေးစားမိပါတယ်..

ဂျူနို said...

မေးခွန်းတွေတော့ ရှိသား။

ဗိုက်ထဲက ကလေးကို ချစ်လို့ ပေါ့။
မဆိုးနဲ့ ပေါ့။
ခုကော အမေ နေကောင်းလား။

ကြည်ဖြူပိုင် said...

“ဟင်း ...သူတို့ကို သူတို့လူဆိုးလို့ပြောတဲ့သူတွေပဲ တွေ့နေရတယ်။ ဟုတ်လို့လား။ ဆိုးလို့လား။ တကယ်ဆိုးရင်တော့ လိမ်လိမ်မာမာနေနော်။ မာတာတွေက မွေးရတာလွယ်တာဟုတ်ဘူးတဲ့။ မဆိုးနဲ့တော့နော်။ ဒါနဲ့ အဲဒါတကယ်လားဟင်။ နှလုံးရောဂါဆိုတော့ ဂရုစိုက်ဦးနော်...ကိုရွာသား။ ဒီစာစုလေးအရမ်းကောင်းတယ်”

ကိုလူထွေး said...

ကိုရွာသားအမေကတော့ တကယ့် အာဂသူရဲကောင်းမပဲ...

မိခင်ဖြစ်လာရင် အားလုံး ဒီလိုဖြစ်သွားတယ်နဲ့ တူပါတယ်ဗျာ...

ဒီလိုနဲ့  ရွာသားလဲ ခက်ရာခက်ဆစ် လူဖြစ်လာခဲ့ရတယ် ဆိုပါတော့...

စူး said...

ဖတ်ရတာ မိခင်တယောက်ရဲ့ စိတ်ဓာတ်ကို မြင်နေရတယ်..

ကိုယ်သာဆိုရင်ရော..တွေးကြည့်မိတယ်...

မအေကို ဂရူစိုက်ပါ

JulyDream said...

အဝေးရောက် သားဆိုးတစ်ယောက်မှ…
ဆိုတဲ့နေရာမှာ သားဆိုး မဟုတ်တဲ့ တစ်ယောက်မှလို့ ပြင်ရေးသင့်ပါတယ်လေ။

ကိုငှက်ကြီးစာ မူရင်းကတော့ သားဆိုးတွေ အတွက်ပါ။ ဒါပေမယ့် ရွာသားကြီးက သားဆိုးမှ မဟုတ်တာ။ သားဆိုး မဟုတ်လို့ သားမိုက်လို့လဲ မပြောပါဘူး။ သားလိမ္မာလေးလို့ ပြောမလို့ပါ။ အဟက်...

တသက်တာ said...

အလည်လာရောက်ပါတယ်။ ရသမျိုးစုံပေးတဲ့ blog တစ်ခု အဖြစ်ခံစားမိပါတယ်။

ဝေလေး said...

တစ်ကယ်လေးစားမိတယ်......
အစ်ကို့အမေကျန်းမာပါစေ.....

:)

မဆုမွန် said...

စာဖတ်ပြီး ကြက်သီးထမိတယ်..ကျွန်မအမေ ကျွန်မ ကိုယ်ဝန်နဲ့တုန်းက နေ့စေ့လစေ့ကြီးကို ကလေးက အရမ်းထလူပ်တာ အမေ ဆိုက်ကားပေါ်မှာ လန့်ပြီး ခါသွားတာ ဆိုက်ကားမှောက်သတဲ့ အမေ့ပေါ် ဆိုက်ကားပိနေတာတောင် ကလေး ကလေး ကလေး လို့ပဲအော်တယ်တဲ့

မေ့မျောနေတဲ့ ကျမမှာ သတိရလိုက်တဲ့တစ်ချက်မှာ ညှပ်ရာတွေပါလာမလားလို.စိုးရိမ်ခဲ့မိပါသေးတယ်ဆိုတဲ့ စာလေးကို ဖတ်မိတော့ ငိုချင်မိတယ်
အမေတွေရဲ့ မေတ္တာနဲ့ သတ္တိကိုလဲ လေးစားမိတယ်

Unknown said...

Very heart touching post. I really really appreciate what she did.. This kind of love and care cannt compare with everything in this world.

Anonymous said...

ကာရွာသိုး.. ဆီပုံးဘယ်ရောက်သွားတာလဲ.. ဒီကနေ လာအော်တာ.. ဓာတ်ပုံတွေလန်းနေတယ်.. ;P

မိုးခါး said...

တကယ်လားဟင် ..
ဖတ်ရင်း ကြက်သီးထမိတယ် ..
အမေတွေကျန်းမာပြီး အန္တရယ်ကင်းပါစေ

Maung Myo said...

သားက မဆိုးပါဘူး လိမ္မာပါတယ် ဘကြီးသိတာပေါ့ ။

လိမ်မာတဲ့ သားတွေက မိန်းမလှလှရတတ်တယ်တဲ့ ဆက်ပြီး လိမ္မာနော့် မပြောမရှိနဲ့ ကိုယ်တွေ့ ကိုယ်တွေ့ ။

Unknown said...

ဖတ်ရင်းနဲ့ မျက်ရည်ဝဲမိတယ်
လောကကြီးက ရှိ ရှိသမျှ အမေတွေကို လေးစားမိတယ်
တို့ က ကလေးတွေကို ချစ်တတ်တယ် ဒါပေမယ့် လောကကြီးက တို့ ကို ပေးမချစ်ဘူး
သိပ်ဆိုးတာပဲ
ရွာသားလေးက လိမ်မာပါတယ် ဆိုးတယ်လို့ မထင်မိပါဘူး