23 May 2009

အ မယ် မင်း ရယ်မှ ပြောရတော့မယ်

ဟောဒီ နိုင်ခြံဂါးကို ရောက်တာ မကြာမတင်ဆို နှစ်နှစ်ပြည့်တော့မယ်။ ရောက်ပြီဆိုကတည်းက အားလုံးက အထင်ကြီးကြတယ်။ အထူးသဖြင့် မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေပေါ့။ ငွေပိုငွေလျှံတွေ စုမိဆောင်းမိသလောက်ရှိပြီလို့ ထင်ကြတယ်။ ရွှေပြည်ကြီးမှာထက် ပိုရတယ်ဆိုတာတော့ သေချာပါတယ်။ ဒါပေမယ့် ကျားကြီး ခြေရာကြီးသတဲ့။ မကြီးဝါရယ် အမယ်မင်းရယ်မှ ပြောရတော့မယ်လို့တောင် ငိုချင်းသာ ချလိုက်ချင်ပါတယ်။

ထွက်လာခါနီးတော့ ဖေဂျပန်ပြန်လာတုန်းက စုထားတဲ့ ဒေါ်လာငါးရာရယ်၊ ကျနော်စုထားတဲ့ ဒေါ်လာနှစ်ရာရယ်၊ အသိတစ်ယောက်ချေးငှားလိုက်တဲ့ ဒေါ်လာငါးရာရယ်၊ မုန့်ဖိုးပေးလိုက်တဲ့ ဒေါ်လာတစ်ရာရယ်။ ဒါပဲပါခဲ့တယ်။ ဒီရောက်တော့မှ လေယာဉ်ခစိုက်ထားတဲ့ သူငယ်ချင်းကို အဲ့ဒီအထဲက ဖဲ့ရှင်းပေးခဲ့ရတာ။ ကျန်တာလေးတွေ ခြစ်ခြုပ်ရင်းပေါ့။ သူငယ်ချင်းက နေရေးစားရေးကို တာဝန်ယူပေးခဲ့တယ်။ အလုပ်ရမှ ပြန်ဆပ်ပေါ့။ အလုပ်မရခင်တစ်လကတော့ ပြင်ပသွားလာမှုတွေအတွက်ပဲ ကုန်ကျခဲ့ရတယ်။

အလုပ်မ၀င်ခင် ကျနော့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ဖြစ်လာပြန်ရော။ သက်တမ်းတိုး သုံးရာနဲ့ အခွန်ခြောက်လစာ ဆောင်မှ သက်တမ်းတိုးပေးတယ်။ အလုပ်မရသေးခင်အခွန်ဆောင်ဖို့ ပါလာတဲ့ ဒေါ်လာလေးတွေ ဖြော။ ဟိုသူငယ်ချင်းဆီကနည်းနည်း ဒီသူငယ်ချင်းဆီက နည်းနည်းပေါ့။

အောက်တိုဘာလ အလုပ်ရပြီဆိုတော့ သူငယ်ချင်းဆိုက်ထားတဲ့ အိမ်လခနဲ့ PUB ကြေးတွေ ပြန်ပေးဖို့စရပြီ။ စင်ကာပူဒေါ်လာ ၅၄၀ကျော်ပေါ့။ ပထမဆုံးရတဲ့လခက အကြွေးနဲ့ အိမ်လခ နောက်တစ်လစာ ပေးရင်း လက်ထဲမှာ မကျန်တော့။

အလုပ်ရပြီဆိုတော့ အိမ်ပြောင်းဖို့လုပ်ရတော့မယ်။ အလုပ်နဲ့လည်း မနီးမဝေး အဆင်ပြေမယ့် အိမ်ကိုရှာရင်း အစ်ကိုကြီးနှစ်ယောက်တည်း နေတဲ့အိမ်မှာနေဖြစ်ခဲ့တယ်။ မလေးချက်ပွိုင့်နဲ့ ကပ်ရပ်နားမှာပါ။ အလုပ်နဲ့ သိပ်မနီးပေမယ့် အဲ့ဒီအစ်ကိုကြီးတွေနဲ့ စကားပြောလို့ အဆင်ပြေတာရယ် အဓိကအချက်က စာအုပ်စင်ပါပဲ။ အစ်ကိုကြီးနှစ်ယောက်စုထားတဲ့ စာအုပ်စင်က ဒီအိမ်မှာ ကျနော်နေဖြစ်စေဖို့ခိုင်လုံတဲ့ အကြောင်းပြချက်တွေပေါ့။ ဒုတိယလအပြီးမှာ အိမ်စပြောင်းတော့ အိမ်လခ ၃၀၀နဲ့ စပေါ် ၃၀၀။ ၆၀၀ ပါသွားပြန်ရော။ အိမ်ပြောင်းပြန်တော့ ပစ္စည်းရွှေ့ဘာရွှေ့ ဟိုဟာဝယ် ဒီဟာဝယ် အသေးမစိတ်ပေမယ့် ၂၀၀လောက်တော့ အသာလေးလျှောခနဲ။ အဲ့ဒီအချိန်ထိ အိမ်ကို ငွေမပို့နိုင်သေးဘူး။

ဒုတိယလ လ၀က်လောက်မှာ အိမ်ကိုဖုန်းခေါ်ရင်း မေက ငိုပါတယ်။ မျက်စိမှာ တိမ်ဖြစ်လို့ ခွဲရမယ်စိတ်ရမယ်တဲ့။ လက်ထဲမှာလည်း ငွေမရှိဘူးတဲ့။ လေးငါးဆယ်သိန်းတော့ ကုန်မယ်ထင်တယ်။ ဘယ်လိုလုပ်ရမလဲ။ ငွေက အခုအချိန်ထိ မပေါ်သေးဘူး။ အသိတစ်ယောက်ပေးလိုက်တဲ့ ဒေါ်လာငါးရာကို ပြန်မဆပ်သေးဘူးလို့ ပြောလိုက်တယ်။ ပြီးတော့ အဲ့ဒီငါးရာကိုပဲ လူကြုံနဲ့ထည့်ပေးလိုက်ရတယ်။ စိတ်ထဲမှာတော့မကောင်း။

တတိယလမှာတော့ ကျနော်အဲ့ဒီအလုပ်ကထွက်ချင်နေပြီ။ ဒါပေမယ့် ဒီမှာက နေထိုင်ခွင့်ပြဿနာကလည်း ရှိသေးတယ်။ လက်ရှိအလုပ်က ဘယ်လိုမှအဆင်မပြေ။ ကြာရင်ကျနော့ကျန်းမာရေးအတွက် ပိုဆိုးလာမယ့် အခြေအနေမို့ အလုပ်သစ်ရှာရပြန်တယ်။ သူငယ်ချင်းတစ်ယောက်အကူအညီနဲ့ သူ့အလုပ်မှာ အင်တာဗျူးရခဲ့တယ်။ အင်တာဗျူးဖြေဖို့ တက္ကစီငှားရပြန်တယ်။ တစ်ရက်ဆေးခွင့်ယူရင်း လက်ကျန်ကမရှိတော့။ ဆေးခွင့်ယူရင် ဆေးခန်းက လက်မှတ်ပါရပါတယ်။ ဆေးခန်းပြရင် သုံးဆယ်လောက်က စကုန်တာလေ။

ပြီးတော့ အလုပ်သစ်ရှာဖို့ ကွန်ပြူတာတစ်လုံးကလည်း မဖြစ်မနေ၀ယ်ရပြန်ရော။ သူငယ်ချင်းက သူ့ခရက်ဒစ်ကဒ်သုံးပါဆိုပေမယ့် တကယ်တမ်းငွေရှင်းမယ်လည်းဆိုရော ပြဿနာကတက်ပါလေရော။ မထူးပါဘူး ချီးငှားလက်စရှိတာနဲ့ နောက်ထပ် နောက်ထပ်ပေါ့။

မျှော်တလင့်လင့်နေတုန်းမှာ အလုပ်သစ်ကိုရလိုက်ပါတယ်။ အလုပ်သစ်ကိုရွှေ့ဖို့ အခွန်ဌာနမှာ ၀င်ငွေအားလုံးရဲ့ ၁၅ရာခိုင်နှုန်းဆောင်မှ အလုပ်ထွက်ခွင့်ပေးမယ်တဲ့။ ကဲ ပြောင်းရပြီးရော ဆောင်မယ်ဆိုပြီးဆောင်လိုက်တာ ၈၂၀ကျော် ကျတယ်။ ကျန်တာလေးနဲ့ ဘယ်လိုဆက်ရပ်တည်မလဲ။ အကြွေးပင်လယ်ထဲမှာ ကမ်းမမြင်လမ်းမမြင် ၂၀၀၇ခုနှစ်တစ်ခုလုံး မျောနေခဲ့တာ။

၂၀၀၈ခုနှစ် နှစ်ဦးပိုင်းမှာတော့ တစ်လချင်း နည်းနည်းစီ ဆပ်နိုင်သလောက် အကြွေးတွေကုန်အောင်ဆပ်တယ်။ ဒီကြားထဲ ပါတိတ်ပါတိတ်ဆိုလို့ အမေနဲ့အဖွားအတွက် ပါတိတ်နှစ်ထည်ပို့လိုက်တယ်။ အမေက အဒေါ်တွေကောဆိုတော့ ဒီတစ်ခေါက်တော့ ဆောရီးပါလို့။ အမေဖက်က အဒေါ်က သုံးယောက်။ အဖေဖက်က ငါးယောက် အမတွေညီမတွေမပါ မရီးတွေမပါ။ ချောကလက် ချောကလက်ဆိုတော့ သယ်ပေးမယ့်လူကြုံတောင်သယ်သေးတာပဲလေပေါ့။ ဟောတစ်ခေါက် ဟောတစ်ခေါက် အခေါက်ရေလည်းများရော လက်ပန်းလည်းကျလာရော။ ဒါပေမယ့် ကျနော်ပိုက်ဆံမလွဲနိုင်သေးဘူး။

ငွေစလွှဲတာက မေလကစပါတယ်။ ကိုနာဂစ်က အချစ်တော်ဝင်လိုက်တာ ကျနော့အဖိုးအိမ်ပြိုပါလေရော။ အဖိုးက အဲ့ဒီစိတ်နဲ့လေဖြတ်ပြီး အိပ်ရာထဲဗုန်းဗုန်းလဲသွားတယ်။ မေက မျက်စပစ်နေပြီ။ တစ်အိမ်လုံးတော့ မတတ်နိုင်သေးတာမို့ ငါးသိန်းလောက်နဲ့ကျေနပ်ပါဗျို့လို့။

စာရင်းချုပ်တော့၂၀၀၈ တစ်နှစ်လုံးမှာ ကျနော့လွှဲငွေ အိမ်အတွက် သိန်းငါးဆယ်ကျော်။ ဒါ့အပြင်အမက တူလေးကျောင်းစရိတ် ထောက်ပါဦးက နှစ်သိန်း။ တစ်ခြားကျနော်လှူဒါန်းငွေ တစ်သိန်း။ နာဂစ် စင်ကာပူတစ်ရာ။ ပစ္စည်းအနေနဲ့ ဖေ့မွေးနေ့ ဆီကို ကိုင်နက်တစ်နာရီ ၅၀၀တန်တစ်လုံး။ မေ့မွေးနေ့ ဆီကိုနာရီ ၁၅၀တန်တစ်လုံး။ ကင်မရာလိုချင်တယ်ဆိုလို့ Canon Ixus ၄၉၉တန်တစ်လုံး။ ဘဏ်ထဲမှာ ဘယ်တော့မှ ငါးရာထက်ကျော်အောင်မရှိခဲ့ဘူး။ ဖြတ်ပြန်ပဟ ဟောနှစ်ကျပ် ဟောနှစ်ကျပ်နဲ့ အတောမသတ်နိုင်လို့ လတိုင်းကို ထိုင်ကြည့်နေရတာပါပဲ။

၂၀၀၉နှစ်ဦးပိုင်းမှာ အလွမ်းတွေကို ဖြေဖို့ အိမ်ပြန်ခဲ့ပါတယ်။ ခြောက်လစာ ကြိုဆောင်ပြီးတာမို့ အခွန်ဆောင်တာက ရှစ်လစာ ၂၀၀၈ တစ်နှစ်လုံးစာ ဆောင်ခဲ့တယ်။ လေယာဉ်လက်မှတ်က ၅၅၀။ ငွေဈေးတွေက တစ်အားကျနေပြီ။ လက်ထဲမှာ ပိုက်ဆံကလည်း မရှိသေး။ ရုံးက ၁၃လစာလေးကိုမျှော်နေတာလေ။ ပိုက်ဆံလည်းဝင်ပြီဆိုရော ငွေကျဈေးနဲ့မိရော။ ခရီးသွားဖို့ စီစဉ်ပြီးတာမို့ ၁၅၀၀လွှဲလိုက်တယ်။ တောင်ဖက်ကအမျိုး မြောက်ဖက်ကအမျိုး မိုးပေါ်ကအမျိုး မြေအောက်အမျိုး မကုန်နိုင်တဲ့ ရွှေမျိုးတွေက မှိုလိုပွနေပါလား။ နာရီတဲ့ဟ အင်္ကျီအင်္ကျီ ခါးပတ်ခါးပတ် ဦးထုပ်လေးကော မုန့်လေးတွေပေါ့ ချောကလက်တော့ ပါပစေနော် ကလေးတွေက ဆော့စရာတဲ့ ဟေ့ကောင် ငါဖို့ ဟန်းဆက်တဲ့။ sansaung touch screenဖုန်းတဲ့။ တောင်းတတ်တယ်နော်။ ဟန်းဆက်အဟောင်းကို ပေးဖို့ ဟန်းဆက်အသစ်လဲရပြန်တယ်။ မင်းအမဖို့ ပိုက်ဆံအိတ် သိပ်အကောင်းကြီး မဟုတ်ပါဘူး တစ်သောင်း နှစ်သောင်းတန်ပေါ့တဲ့။ လေးလေး သားတို့ဖို့က ကားနော်တဲ့။ သားကတော့ Ben 10 မှတဲ့။ မေ့နေလို့ ရေဘင်မျက်မှန်ဆိုပဲ။ ကဲရပ်တော့မှာ မဟုတ်တဲ့ ဈေးဝယ်စာရင်းကို ကိုယ့်ဘာသာပဲ ရပ်ပစ်လိုက်တယ်။ စာရင်းချုပ်ရင် လေးငါးရာတော့ အသာလေးကျော်တယ်။ ကျနော့ကိုယ်ကျနော် ၀ယ်မိတာက ကင်မရာ ၁၃၀၀တစ်လုံး။ အများသားနော်။ စိတ်အလိုလိုက်တာ စိတ်အလိုလိုက်တာ။

လေဆိပ်ရောက်ပြီဆိုမှ ဟင်းချနိုင်တယ်။ ဒါတောင် ကီလို သုံးဆယ်ပိုနေလို့ ငွေသုံးဆယ် ထွက်သွားခဲ့သေးတာ။ တတ်နိုင်ဘူးလေကွယ်ရို့။ လက်နှစ်ဖက် ကျောနှစ်ဖက်နဲ့ ပခုံးတွေလည်းပြည့်နေပြီလေ။

ဟိုရောက်တော့လည်း နိုင်ခြံဂါးပြန်ကြီးပေါ့။ လူကြုံတွေစောင့်ပေး အမျိုးတွေကိုပေး။ ပြီးတော့ မနားတမ်းခရီးရှည်ထွက်။ သားရယ် မေ့အမနှစ်ယောက်ခေါ်ချင်တယ်ဆိုတော့လည်း ဟုတ်ကဲ့ပေါ့။ မင်းအစ်ကိုလည်း ခေါ်မယ်လေသားရယ် အကူရတာပေါ့လည်း ခေါင်းညိတ်ပေါ့။ အားလုံးရှစ်ယောက်ပါတဲ့ ခြောက်ရက်ကြာခရီးရှည်တစ်ခုကို ပတ်စာခွာဖျာသိမ်း စရိတ်ငြိမ်းပို့လိုက်ပါတယ်။

သူငယ်ချင်းတစ်ယောက်က လိုလိုမယ်မယ် ငွေပိုဆယ်သိန်းပေးထားခဲ့တယ်။ ငွေပိုဆိုတာနဲ့ မျက်စောင်းကထိုးနေကြပြီ။ အိမ်လခက ဟိုဟာက ဒီဟာကနဲ့ မဖြစ်ချေဘူး မေတို့ဖေတို့ ဘာလိုချင်သလဲဆိုတော့ တီဗွီဖလက်တဲ့။ ၃၂လက္မဈေးကျနေတယ်ဆိုပြီး ၈သိန်း ၇သောင်း ၀ယ်လိုက်တယ်။ ကုန်သွားအေးရော။

ဇာတိပြန်ရောက်တော့ အဖိုးအဖွားတွေဆောက်ခဲ့တဲ့ အိမ်ကြီး ပျက်စီးနေပြီ။ တစ်အိမ်လုံးဖြို ပြန်ဆောက်မှ ဖြစ်မှာ။ အဲ့လောက်တော့ မတတ်နိုင်ဘူးဆိုတော့။ ခြံစည်းရိုးလေး ပြန်ကာဖို့တဲ့။ အင်း ဟိုဖက်အမျိုးပေးရင် ဒီဖက်အမျိုးပေးမှ မျှတမယ်မဟုတ်လား။ ဟုတ်ကဲ့ ကျနော် ဟိုရောက်ရင် သုံးသိန်းပို့လိုက်ပါမယ်နော်….နော်လို့။

ပြန်ခါနီး ရန်ကုန်မှာသုံးဖို့ ကျနော့လက်ထဲ နှစ်သိန်းထည့်ထားပေးတယ်။ ဒါအကုန်ပဲတဲ့။ သုံးသောင်းဖိုးစာအုပ်တွေဝယ်လိုက်တယ်။ မသယ်နိုင်လို့ ဖြစ်နိုင်ရင် ဆိုင်လိုက်မ,လာချင်မိတယ်။ တို့တိ တို့တိနဲ့ လေဆိပ်ဝင်ကာနီး ပေါင်ပို သုံးသောင်းပေးအပြီး လေးထောင်ပဲကျန်တော့တယ်။

အခုလည်း အိမ်ကို တစ်ခုခုဝယ်ပေးမယ် ပိုက်ဆံစုခွင့်ပေးပါလို့။ အိမ်စရိတ်ဆိုပြီး နှစ်လ ငါးသိန်းပုံမှန်ပို့ပေးတယ်။မဟုတ်ရင် အမျိုးတွေတောင်းသမျှ အကုန်ကျ။ ကြိုကြားကြိုကြား Tricel တို့ ဓါးကြီးတို့က ဖေါက်ထွက်သွားသေးတာ။

ကျနော့အိမ်ကလူတွေက လခတွေ အများကြီးဆိုတာကိုပဲ မြင်ကြတယ်။ အိမ်လခက ဟိုကမိသားစု တစ်လစာစားစရိတ်လောက်ရှိတယ်ဆိုတာကို မသိကြဘူးလေ။ ကျန်တဲ့ အထွေထွေစရိတ်တွေကတော့ PUB (Public Utilities Bill) လို့ခေါ်တဲ့စရိတ်။ အင်တာနက်၊ ဖုန်းခ၊ အိမ်ကိုခေါ်တဲ့ ဖုန်းကဒ်တွေ (မြန်မာငွေခြောက်ထောင်လောက်ကို မိနစ်နှစ်ဆယ်ကျော်ပဲ ရတယ်၊ ဖုန်းတစ်ကဒ်က ထမင်း နှစ်နပ်တော့ စားလို့ရသေးတယ်)။ တစ်ပတ်တစ်ခေါက်ဆက်ပါဆိုတာကို နှစ်ပတ်တစ်ခေါက်ဆက်ဖြစ်တယ်။ ကြားထဲမှာ ကိစ္စကြီးငယ်ရှိရင်တော့ဆက်ဖြစ်ပါတယ်။ သွားလာမှုစရိတ် အပြင်ထွက်လိုက်ပြီဆိုတာနဲ့ အနည်းလေး မြန်မာငွေခြောက်ရာကျော်ကစထွက်နေပြီ။ တစ်လအသုံးစရိတ်က ရှစ်ရာနဲ့တစ်ထောင်ကြားမှာ။ အိမ်ကိုလွှဲအပြီး လက်ထဲမှာ ဗလာမဖြစ်ရုံတမယ်။

ဒီလ ဒီကအခွန်ကလည်းဆောင်ရဦးမယ်။ အိမ်ကိုပြောတော့ အခွန်ကဆောင်ပြီးသား မဟုတ်လားတဲ့။ ဒါကဒီဘက်ကလေဆိုတော့ အဲ့လိုဆောင်ရသေးလားတဲ့။ ပီအာဖြစ်ရင် လစာထဲက စီပီအက်ဖ်ဆိုတာက ထပ်ဖြတ်ဦးမယ် လစာနည်းသွားရင် သွားပြီ။ ပြီးတော့ မေတို့လည်းအလည်လာချင်သေးတယ်တဲ့။ လေယာဉ်စရိတ်၊ စားစရိတ်၊ နေစရိတ်အားလုံးပေါင်းရင်၂၀၀၀လောက်တော့ အသာလေးကုန်မှာ။ ခဏတော့ ရှန်တိန်လုပ်ထားပါလို့။ မင်းအစ်ကိုကို အဲ့ဒီခေါ်လေဆိုတာလည်းရှိသေးဗျ။ ၃၂သိန်းတဲ့ပွဲခ။

မဲဆောက်က ညီငယ်တစ်ယောက်က အွန်လိုင်းမှာအမြဲပြောတယ်။ အစ်ကိုတို့အဆင်ပြေတယ်နော်တဲ့။ ဥစ္စာပေါတယ်ဆိုပဲ။ ဟဲဟဲ ဟဲဟဲနဲ့ သွားပဲဖြဲပြလိုက်တယ် ရင်ထဲကမချိတင်ကဲကို သူမမြင်ပါစေနဲ့။

ကဲ…..လာကြဦးမလား နိုင်ခြံဂါး………..

ပေးရလို့ ကမ်းရလို့ ဒီစာမျိုးရေးတာမဟုတ်ပါဘူးခင်ဗျာ။ ပျော်လည်းပျော်စေ သိလည်းသိစေဆိုတဲ့စိတ်ရင်းနဲ့ပါ။ စေတနာမှန်လို့ကတော့ ဟိုဆုတောင်းလေးထဲကလို ညာဘက်က တစ်ဆုပ်ကြဲလို့ ဘယ်ဘက်က တစ်လှည်းဝင်ပါစေ။

28 comments:

yehtutnaung said...

ကိုရွာသားရဲ့  ညဉ်းချင်း အသေအချာ နားထောင် သွားပါတယ်ဗျာ။ ကိုယ်ချင်းစာပါတယ်။ ဗဟုသုတလဲ ရသကိုး။ ဘယ်ဘက်က container ကား အစီး ၂၀ စာလောက်ဝင်ပါစေလို့  ဆုတောင်းတယ်။ (ဒါဆို ညာဘက်က ကြိုက်သလောက်ကျဲလို့ ရပြီပေါ့။ :P )
ဘယ်သွား ဘယ်ရောက်ရောက် ဆွေမျိုးညာတိဆိုတာ ခေါင်းထဲ အမြဲထည့်ထားရသကိုး။ ဒါလဲ မြန်မာ ဓလေ့ပေါ့ဗျာ။ အင်း...........................။

ကောင်းကင်ပြာ said...

ရွာသား ရွာသားရေ တို့တော့ ဘာမှကို မပြောနိုင်တော့ပါ၊ ပြောမိရင် ကို့ဟာကို အရင် ဘူးသီးလုံးလောက် မျက်ရည်တွေ ကျလာမှာ စိုးလို့ ၊ ရွာသား မိဘတွေ အမြန်ဆုံး ခေါ်နိုင်ပါစေနော်

khin oo may said...

ဗဟုသုတရပါသည်။ ရှည်ရှည်ကတော့နောက်မှပြောတော့မည်။ ဖတ်ရင်းနဲ့ ဝီရျှွီမိကိုမြင်ယောင်၍ မျက်ရည်ဝဲမိပါကြောင်ုးလုပ်ကြံပြောသွားသည်။

http://wesheme.blogspot.com/2009/05/everyoneishappy.html
ကွန်မက်ကလေးတွေပါ ဖတ်လိုက်ဦး။

မှန်တာကိုပြော. ခေါင်းထိုးပေးထားကွယ်။

khin oo may said...

တိဲု့လခကတော့ အိမ်လခပေး.ရေဘိုးမီးဘိုတယ်လီဖု့းဘိုးပေး လမ်းစရိတ်. ပြီူ..ကုန်ရော

ထမင်းတောင် ကိုမဆလာကကျွေးထားရတယ်။ အဟင့်။

စူး said...

ကောင်လေး..ဖတ်ရင်းမောသွားသလို ရီလဲရီမိတယ်..

အိမ်ကိုပြောပေါ့ဟ.. ဒီမှာလုပ်တာ ဘယ်လောက်စိတ်ပင်ပန်းတယ်ထင်လဲ..
ပီးတော့ အမျိုးဆိုတာ ကောင်းတာ မဟုတ်ဘူး။
အဓိက က ကိုယ့်အဖေကိုယ့်အမေ ကိုယ့်မောင်နှမအရင်းအချာဟာ ဆွေမျိုးပဲ.. ကိုယ်ဒုက္ခရောက်ရင် ကိုယ့်မိသားစုပဲ ပြန်ကြည့်တတ်တာ

ဘယ်သူမှ ပြန်မကြည့်ဘူး။ အမတော့ အမျိုးတွေကို မုန်းတယ်။ ကိုယ့်မိသားစု ပဲ ..။

တခြားသူတွေကူညီတာ ထောက်ပံ့တာကောင်းတယ် အမျိုးဆိုတာတွေကိုတော့ လုံးဝပဲ

ကိုယ်တွေ့မို့ ကန်တော့ဆွမ်းပဲ..။

ကိုယ့်ဖို့လဲ ချန်ထားလေ..။ အမကတော့ ရှင်းတယ် ပို့တယ်... ဘာအတွက် ဘယ်သူ့အတွက် ဘာလုပ်ဖို့..။ ထပ်ပို့တယ်။ ဒါ ကိုယ့်အတွက် ။

ပီးတော့ပြောတယ် ငွေရှာရတာ ဘယ်လောက်ခက်သလဲ လို့။ နိုင်ငံခြားဆိုတာနဲ့ ပဒေသာပင်ပေါက်နေတယ် မထင်နဲ့လို့။
ဘယ်လောက်စိတ်ပင်ပန်းရသလဲ။ ဘယ်လိုရုန်းကန်ရလဲဆိုတာ သိအောင်တော့ ပြောဖြစ်တယ်။ ငွေတန်ဖိုး နားလည်စေချင်လို့ပဲ..။
ကိုယ်တိုင်လည်း မဖြုန်းဘူး.။ သူတို့တွေ ဖြုန်းရင်လဲ လုံးဝလက်မခံဘူး။ ကြိုက်သလောက် လှူ ကြိုက်သလောက်စား ကြိုက်သလောက် မကြွားစေဖို့နဲ့ မဖြုန်းမိစေဖို့တော့ အမြဲ ပြောတယ်။ ကိုယ်တိုင်လဲစားတယ် လှူတယ် လေ..။ မကြွားဘူး။ မပြိုင်ဘူး။ ရှိတာလေးနဲ့ လှအောင် ၀တ်တယ်။ သူတို့ကို လည်း ပြောတယ်။ ဒီရောက်နေလို့ အရင်အတိုင်းပဲ သုံးတယ် ၀တ်တယ် စားတယ်။ ဘာမှထူးမသွားဘူးလို့ ပြောလိုက်တယ်။
အ၀တ်အစားလဲ ပေါချောင်ကောင်းပဲ
အစားအသောက်လည်း တလမှာ ၂ခါ ၃ခါလောက် ဆိုင်ကောင်းကောင်းတက်စားတယ်။ ဈေးကျချိန်မှ ၀ယ်စားတယ်။ ဒါ ကပ်စေးနဲတာ မဟုတ်ဘူး။ သုံးတတ်တာ ။ အမ လျှောက်သွားတယ်။ အပေါဆုံးစရိတ်ကို ရှာပီးသွားတယ်။

ကိုယ်ရှာတာ ကိုယ့်မိဘတွေ သုံးဖို့ ကျန်းမာရေးအတွက် .. နောက်သူတို့နေ၀င်ချိန်မှာ လုပ်ချင်တာလုပ်နိုင်အောင်လို့ လှူဖို့တန်းဖို့..။ ဘာအမျိုးမှ မလာနဲ့ မရဘူးပဲ..။ အင်းအမျိုးထဲက သက်ကြီးရွယ်အိုတွေတော့ လစဉ်ထောက်ပံ့တယ်။ လှူချင်တာ စားချင်တာ လုပ်လို့ရအောင်။ ဒါပဲ..။

အဲဒီတော့ စဉ်းစား သူတို့တောင်းတိုင်းမပေးနဲ့။
အမျိုးကို ပေးတာ ကုသိုလ်မရဘူး။

တကယ်လိုအပ်နေတဲ့သူတွေကို ထောက်ပံတာ ကုသိုလ်ရတယ်။

အမ

JuneOne said...

သစ်တပင်ကောင်းတော့ ငှက်တစ်သောင်းနားရတာပေါ့လေ။

Maung Myo said...

အမယ် အမယ် အဖျားလှည့်ခတ်သွားသေးတယ်။
အတိုးပေးစားနေတယ်ဝေ့ လိုရင်ပြော ၁၀၀ ကို ၉၉ကျပ်တိုးးး)


ချစ်တီးပဲ ချစ်လို့တီးတာနော် မချစ်ရင် မတီးဘူး ။

မိုးခါး said...

မမြတ်နိုးပြောသလိုပဲ ..း))
နိဗ္ဗာန်န ပစ္စယော ဟောတုပေါ့ ကိုရွာသားရယ် ..

ဖိုးသင်္ကြန် said...

ဖတ်ရသလောက်တော့ အရေးကြုံရင် ကူညီအားပေးနိုင်တဲ့ သူငယ်ချင်းကောင်းတွေ ပေါတယ်ဆိုတာရယ်၊ "ကိုမျိုးချစ်ကြီး" ဆိုတာရယ်ပါပဲ။
ဒါထက် ဒီလောက်တောင် ပြန်ပို့ပေးကမ်းနိုင်တယ်ဆိုတော့ အကို ထမင်းကော စားသေးရဲ့လား။ အာဟာရသိဒ္ဓိလေးဘာလေးရှိရင် စွန့်ကြဲစမ်းပါဗျာ။

ဝေလေး said...

အင်းးး..... လာကြဦးမလား မေးရင်လဲ လာမယ် ပြောကြဦးမှာပါပဲ။ ကိုယ်တွေ့ကြုံမှယုံနိုင်တာမျိုးကိုးး...
သူငယ်ချင်းတွေက ပြောတယ်. နင်တော့ အဆင်ပြေနေမှာပဲနော်တဲ့.... ကိုရွာသားပြောသလိုပဲ ဟဲဟဲ ဟဲဟဲ နဲ့သွားပဲဖြဲပြလိုက်တော့တယ်။ မသိတာကောင်းပါတယ်လေ။ အမျိုးတွေကတော့ ဟုတ်တယ်။ ပေးရတာပါပဲ။ အမေက ဟိုဟာလေးတွေ့လည်း ဟယ်.... ရန်ကုန်ကိုဝယ်ပေးလိုက်ချင်တယ် ဒီဟာလေးတွေ့လည်း ဝယ်ပေးလိုက်ချင်တယ်ဆိုတာကြီးပဲ... :P
ဒါနဲ့ပဲ မစုဖြစ်

WWKM said...

ရွာသားလေးရေ..

အမြန်ဆုံးနဲ့ ပုဂံလုံးစီးပြီးရေးထားပေးတာ ကျေးဇူးပါ
မောင်လေး..း)))
အစ်မ အခု ခဏပြန်လာတာ ၊ ညနေမှ အေးအေးဆေး
ဆေးလာဖတ်တော့မယ်နော်... အရှည်ကြီးပဲ.. ဖတ်ရ
မှာပျော်စရာကြီး။း)))))
ဒီနေ့ သမီးလေး ကျောင်းအားကစားပွဲရှိလို့ မနက်ကတည်းကသွားနေရတာ.. ညနေမှပြန်ရောက်မယ်. သိုင်းကျူးးးးးးးးးးး)))))

Rita said...

ရုံးမှာတည်းက ဖတ်လာတာ။ အိမ်ရောက်မှ comment ရေးဖြစ်တယ်။

နှလုံးသားကို တိုက်ရိုက်ထိမှန်သွားလို့ပါ။ ဒါနဲ့များ နိုင်ငံခြားသွားတာကို ကိုယ်လွတ်ရုန်းတာလို့ ဗမာပြည်ကနေပြီး ဦးနှောက် မရှိဘဲ define လုပ်ချင်တဲ့ သူတွေကို နေရာချင်း တစ်ပတ်လောက် လဲပေးလိုက်ချင်တယ်။ လာခဲ့စမ်း ဆိုပြီး။

တခါတခါကျ တွေးမိတယ်။ ငါ သီချင်းဆို စားတဲ့သူတို့၊ စာရေး စားတဲ့သူတို့ လုပ်ခဲ့မိရင်ကောင်းမှာပဲလို့။ ဒါမှ အနေချောင်တဲ့ မြန်မာပြည်မှာ နေပြီး၊ သွားစရာလမ်းတွေ အများကြီး ရှိတဲ့ကြားက မြန်မာပြည်ကို ချစ်လွန်းလို့ နေနေတာပါ ဆိုပြီး (ထမင်း ၇ ရက် မစားရတဲ့ အသံနဲ့) ချွဲပြီး ပြောချင်လို့။ တော်တော်တော့ အရသာရှိမှာ။

ဒါမှမဟုတ်လဲ တအိမ်လုံး နိုင်ငံခြားမှာ ရှိကြရင် အကောင်းသား။ အိမ်ကလူတွေကြောင့် လိုက်လာရတာပါ ဆိုပြီး နေ့တိုင်း မြန်မာပြည်လွမ်းပြီး ငိုချင်းချချင်လို့။ ဒါလဲ တော်တော် အရသာ ရှိမှာ။

ကိုယ့်အတွက်တော့ တစ်လမှာ တစ်ရက်ပဲ အဓိပ္ပါယ် ရှိတယ်။ အိမ်ကို ငွေလွှဲတဲ့ရက်။

စိတ်အချဉ်ပေါက်နေရတာတွေ၊ မျက်စေ့စံပါးမွှေးစူးတာတွေ များနေလို့ comment က မချောမွေ့ဘူး ဖြစ်သွားရင် ခွင့်လွှတ်ပါ ကိုရွာသားရေ။

khin oo may said...

ရွာသားလေးဝိုင်တီယူ said...

ဘလော့ပိတ်မယ့်လူကလည်း ကော့မန့်ပေးထားပါလား။

အမရေ မေ့ကို သတိရသွားပြီ။


သားရှင်။ အဟိ
မေက အဲသလိုဘဲလား.. ..

WWKM said...

ဟဟားးး ဖတ်သွားပြီရွာသားလေးရေ...
ဟုတ်ပနော့ ပြောတာတောင်မယုံကြပါဘူး။ ကိုယ်ကပဲ
ကပ်စီးနှဲသလိုလို .. ဟတ်ဟတ်.
ရွာသားလေးက သူငယ်ချင်းကံကောင်းတာပဲ..
သူငယ်ချင်းတွေက ကူညီကြတယ်နော်...

အမြန်ဆုံးရေးပေးတာ ကျေးဇူး။
ဖတ်လို့ အရမ်းကောင်းတယ်.. သူများငြီးတာကို. အဟတ်.း)))))
အဆင်ပြေပါစေ။

မကြီးဝါ

Unknown said...

:( A hint hint hint, I am going back home on Friday. Don't make me cry. I just come back from Malls. I shalll go to Bangkok tomorrow for shopping at wholesale markets to buy presents for relatives. (read, cry and back).

ကလူသစ် said...

ဟိုပေး ဒီကမ်း အိမ်ပို့နဲ့ တော်တော်ထောပါလားဗျ။ အဲ့ဂလို ပေးချင်ကမ်းချင်တာ မတတ်နိုင်လို့ :(

ကြည်ဖြူပိုင် said...

ဘယ်ဘက်က တစ်ဆုပ်ကြဲပြီး ညာဖက်က တလှည်းဝင်စေသော်ဝ်

:P said...

ဘယ်ဘက်က တစ်ဆုပ်ကြဲပြီး ညာဖက်က တလှည်းဝင်နိုင်ပါစီတော်....။

Anonymous said...

အခုလဲ ဘယ်ဖက်ကတဆုပ်ကြဲလို့ ညာဖက်က တလှည်းဝင်တာပဲ မဟုတ်လား၊
တလှည်းလုံးပြန်ပြန် ကုန်သွားကြောင်း အစအဆုံးလာဖတ်ပါတယ်။

ဝသန်မိုး said...

သြော် လာချင်ဦးဟဲ့
နိုင်ဂံဂျား လို့ သာ
ပြောချင်တော့တယ်နော်

ရင်နဲ့ခံစားရေးထားလို့ လားမသိ
ဖတ်ရတာ နင့်ခနဲပဲ

ခင်မင်စွာဖြင့်
ဝသန်မိုး

puluque said...

ပုလုကွေးတောင် ငိုချင်သလိုလို ဖြစ်သွားပိ ကိုရွားသားရယ် ဟီး ရွှတ်...ဖတ်....။

AMK said...

လေးစားပါတယ် သူငယ်ချင်း မိဘတွေ ကို ပေးသင့် ပါတယ်

Mogok Thar said...

ညီရေ... အဖြစ်တွေ တော်တော် တူနေဘီ။ ဟားဟား။ အပေါ်က နှစ် နှစ်ဆယ်မှာလဲ စိတ်ကူးတွေ တူနေတယ်။ အကိုကတော့ သာဟာလှပတဲ့ အိမ်နဲံ့ ပတ်ဝန်းကျင်လေးတွေ လူတွေ အတွက် ဖန်တီးပေးချင်တယ်။ နောင် နှစ်နှစ်ဆယ် ရှိခဲံ့ရင်ပေါ့။

nyimuyar said...

after reading your post, I feel so tired and appreciated for you as you can support your parents and relatives. Cheers

nyimuyar said...

တလ တလ ကို စလုံး ၅၀၀ နဲ့ လောက်အောင် အလွန်အမင်း ချိုးခြံ နေထိုင် စားသောက် ပြီး ကျန်သမျှ အကုန် မိဘတွေဆီ ပြန်ပို့ တဲ့ ဘော်ဒါတယောက်ကို မျက်စိထဲ ပြေးမြင်မိပါတယ်ဗျာ။

ကိုရုပ်ဆိုး said...

ဟား ... ဟား ... ဟား ....
အခုမှ ဖတ်ဖြစ်လို့ အခုမှ အမှန်သိတယ် ရွာသားရေ .......။ မြန်မာပြည်မှာ အလုပ်လုပ်ပြီး ၀င်ငွေကောင်းရင်တောင်၊ အဲဒီလောက် လက်ဆောင် ၀ယ်ခိုင်းကြမှာ မဟုတ်ဘူး။
ရွာသားရေ ... တော်ပါပြီကွယ် နိုင်ငံခြား။

ကိုရုပ်ဆိုး said...

ကဲ ... ဘယ်ဘက်က မြန်မာငွေကျဲလို့၊ ညာဘက် က စလုံးတွေ များများဝင်ပါစေကွာ .... :)

Unknown said...

မောင်ရွာသားတို့ များ
မှတ်ဉာဏ်ကောင်းယုံတင်မဟုတ်ဘူး ပညာသားလေးကလည်း ပါပေတယ်
အဖွင့်လေးနဲ့  အပိတ်လေးကို ပညာသားပါပါ ရေးထားတာများ အံ့သြမိတယ်

အတွင်းက အရေးအသားလေးကလည်း ပထမပိုင်း လူကို မောသွားတာပဲ (တို့ က ငွေနဲ့ ပတ်သက်ရင် စိတ်ညစ်မခံတတ်လို့ နဲ့ တူတယ်)

နောက်ပိုင်းလေးဖတ်တော့ မောပြုံးလေး ပြုံးမိသွားတယ်
(အမျိုးအဆွေတွေရေ မောင်ရွာသားက မှတ်ဉာဏ်သိပ် ကောင်းတာနော့ သတိသာထားတော့)

တို့ တော့ သာဓုခေါ်မိပါတယ် ပေးကမ်းနေလို့  (ကိုယ့်ကိုယ်ကိုတောင် ရှက်မိပါတယ်)

အောက်ဆုံးက စိမ်း၂လေးနဲ့ ရေးထားတာကို ဖတ်မိတိုင်း သဘောကျလွန်းလို့  ပြုံးမိတာပဲ (ပညာရှိကြီးရယ်လို့ သာ ပြောချင်တော့တာပဲ)